ရန်ကုန်နှင့် မန္တလေးလမ်းညွှန်အသစ်ထွက်ရှိ
Android OS နှင့်အတူ Java, Symbian, iOS များတွင်ပါအသုံးနိုင်မည့် ရန်ကုန်နှင့် မန္တလေး လမ်းညွှန်အသစ်ထွက်ရှိ
အတွဲ(၁၃) အမှတ်(၂၈)
Java, symbian, iOS များတွင် ထည့်သွင်းအသုံးပြုနိုင်သည့် ရန်ကုန်လမ်းညွှန်နှင့် မန္တလေးလမ်းညွှန်သစ် ထွက်ရှိကြောင်း Yangon Directory Group မှသိရသည်။ ယခင်က Android OS များတွင်သာ အသုံးပြုနိုင်ခဲ့ပြီး ယခုမိုဘိုင်းဖုန်းအသုံးပြုသူတိုင်း အသုံးပြုနိုင်ရန်အတွက် Java, Symbian, iOS များတွင် ထည့် သွင်းနိုင်သည့်
ရန်ကုန်လမ်းညွှန်နှင့် မန္တလေးလမ်းညွှန်များကို ရေးသားထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ Android OS သုံးဖုန်းအမျိုးအစား၊ Java OS သုံးဖုန်းများနှင့် Symbian OS သုံး Nokia ဖုန်းများ၊ iPhone များတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါလမ်းညွှန်စနစ်ဆော့ဖ်ဝဲတွင် မိမိရှာဖွေလိုသည့် လုပ်ငန်းများကို မိုဘိုင်းဖုန်းများဖြင့် အလွယ်တကူ တိုက်ရိုက်ရှာဖွေနိုင်စေရန်ရည်ရွယ်၍ ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် မိုဘိုင်းဖုန်းအသုံးပြုသူတိုင်း ထည့်သွင်းအသုံးပြုနိုင်ရန်အတွက် မိုဘိုင်းဖုန်း အရောင်းဆိုင်များ၊ ကွန်ပျူတာအရောင်းဆိုင်များတွင် ဖြန့်ချိပေးထားမည်ဖြစ်ပြီး ရန်ကုန်လမ်းညွှန်နှင့် မန္တလေးလမ်းညွှန် Website တွင်လည်း အခမဲ့ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရေးသားသူ -မိုးသူ
