ဟင်္သာတ စည်ပင်ဋ္ဌာနအကြောင်း တိုင်ကြားစာ..
ဟသာင်္တရေကြီးမှု မြင်ကွင်းများနှင့် ဟင်္သာတ စည်ပင်ဋ္ဌာနအကြောင်း တိုင်ကြားစာ..
ကြံ့ဖွံ့အမတ် ဦးဋ္ဌေးဦးရဲ့ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့တွင် ၈-၈-၂၀၁၂ ညတွင် မိုးသည်း ထန်စွာ ရွာသွန်းနေသောကြောင့် ဥယျာဉ်မြောက် ရပ်ကွက် မန်းဘခိုင်လမ်းရှိ ပဒေသာဈေးကြီး၊ ဌေးဝင်းဈေး၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၊ တို့တွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ သဖြင့် ကျောင်း သားကျောင်းသူများ၊ ဈေးသူဈေးသားများ သွားရေးလာရေး ရောင်းရေးဝယ်ရေး အလွန်ဒုက္ခ ရောက် လျှက် ရှိကြပါသည်။
ဟသာင်္တရေကြီးမှုနှင့် စည်ပင်ဗိုလ်ကြီးခင်မောင်မြင့်အကြောင်း အသံဖိုင်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့  ဦးဘရဲဘုရား ကမ်းနဖူးသည် စိုးရိမ်ရေမှတ် အနေအထားသို့ ပုံ တွင်ပြထားသည့် အတိုင်းရောက်ရှိနေပါတယ်..။ အဆိုပါ ကမ်းအနီးမှာ စည်ပင်မှ စားသောက်ဆိုင် များ ကို ဆောက်လုပ်ခွင့် ထားသောကြောင့် နောင်အခါ စားကြွင်းစားကျန်များ စွန့်ပစ်ပါက ကြွက်တွင်းများ ဖြစ်ပြီး တာကျိုးသည့် အထိဖြစ်နိုင်ပါသည်။

ဘုရားဘေးတွင်လည်း ဆည်မြောင်းဌာနက ဦးဋ္ဌေးဦး လက်ထက်ကတည်းက မြို့ပေါ်မှာ အတင်း အလှူငွေကောက်ပြီး ဟင်္သာတတာဘောင် ကို ပြုလုပ်ထားသော်လည်း တာကြီးမှာတစ်ခြမ်း နိမ့်နေတဲ့ အတွက်ကြောင့် ဒေါက်တွေ ထောက် ထားရပါတယ်..။
စည်ပင်ဌာနမှလည်း မိမိတို့ဌာန ဈေးကောက် ရရင်ပြီးရော ကြိုက်တဲ့နေရာမှာ ကြိုက်သလို စည်းကမ်းမဲ့ ဈေးဆိုင်တွေထွက်လို့ ရတယ်ဟု (6.8.12 က ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ လုပ်တဲ့ အစည်းအဝေးတစ်ခုမှာ စည်ပင်အမှူဆောင်အရာရှိ ဗိုလ်ကြီး ခင်မောင်မြင့် ထပြောတဲ့ စကားလေး တစ်ခွန်းကို တင်ပြလိုက်ပါတယ်။ ဒီလိုသာ ကျွန်တော်တို့ ဌာနကို အင်တာနက်များမှာ တင်နေ ရင် ရုံးအလုပ်ကောင်းကောင်း လုပ်ရမှာ မဟုတ်ဘူးတဲ့) အဲဒီစကား ကို သေချာနားထောင်ကြည့်ပါ သူ အလုပ် မလုပ်ပါဘူး ပြောလိုက်တာနဲ့ အတူတူပါပဲ သူအလုပ် လုပ်ရင် ဘယ်ထဲ ပါပါ မှုစရာမလိုပါဘူး။

စည်ပင်ကခင်းထားတဲ့ လမ်းတွေ တစ်နှစ်တစ်ခါ ပြင်ရတယ်။ နိုင်ငံတော်ဘဏ္ဍာငွေတွေကုန်တယ် အဆင့် ဆင့် စားတာ လမ်းတွေလည်း မကောင်း ဘူး ကတ္တရာက ပါးပါးဘဲပါတာ။ ကျန်တာကျောက် စလစ်။ သဲ ဒါတွေအပေါ်က အုပ်တာ ဗိုလ်ချုပ် လမ်းဆို ပျက်နေပြီ လမ်းတွေပျက်တယ် ဆိုတော့ အခုလို တင်တော့ လည်း မိုးရေနဲ့ကတ္တရာက ဘယ်ကပ်မလဲပြောပါတယ်။ နွေထဲက ကောင်းအောင်ပြင်ပေါ့ ဟင်္သာတက လမ်းတွေတော့ မသိဘူး လမ်းခင်းတဲ့ဌာနကလူတွေတော့ ကားတွေ နှစ်စီး၊ သုံးစီး ရန်ကုန်မှာလဲ တိုက်ခန်းတွေ ကားဆို တာ(ရုံး ကပေးတဲ့ ကားမပါဘူးနော်) အထက်က လူကြီးတွေကတော့ မတွေးဝံ့ စရာ ဘဲဗျာ.... ဒီလို ဟသာင်္မှ မြို့နဲ့ မတူအောင် ပျက်ဆီးနေတဲ့ လမ်းတွေနဲ့ ငွေသာယူပြီး အလုပ်မလုပ်တဲ့ စည်ပင်အမှူဆောင်အရာရှိ ဗိုလ်ကြီးခင်မောင်မြင့် အကြောင်းကို သက်ဆိုင်ရာမှ သိစေရန် တင်ပြလိုက် ပါတယ်..။
ဟသာၤတ ဗန္ဒို..