|

EVDO သိသမျှ

EVDO သိသမျှ

ယနေ့လူပြောများနေတဲ့ CDMA ( 800 ) တယ်လီဖုန်းမှာ EVDO တပ်ဆင်သုံးစွဲမှုကို ဖော်ပြလိုက်ပါတယ်။ မန္တလေးမှာသုံးနေတဲ့ 02 910 ဖုန်းတွေကို EVDO လျှောက်ထားပြီး အင်တာနက် သုံးစွဲလို့ရသလို၊ EVDO တပ်ဆင်ပြီးသာ 02 910 ဖုန်းတွေကိုလည်း ၀ယ်ယူလို့ရပါတယ်။

ရတနာပုံ မြို့သစ်ကြီးရဲ့ Myanmar ICT 9th week 2011 မှာ Mc will ဖုန်းတွေကို မှတ်ပုံတင်မူရင်းနှင့်အတူ လျှောက်ထားလို့ရပါတယ် ။ ပွဲတော်ရဲ့ ၂ ရက်လောက်သာ လျှောက်လို့ရပါတယ်။

ကျွန်တော်လို့ပဲ အင်တာနက်လိုချင်တဲ့သူတွေက အင်တာနက်ရတဲ့ဖုန်းကို စိတ်ဝင်စားရင်နဲ့ CDMA 20001X 800MHz တယ်လီဖုန်းမှာ EVDO လျောက်ထားလို့ရတဲ့ viny ကြီးတွေကို တွေ့တော့ သွား လျှောက် ရတယ်။ ထုံးစံအတိုင်းပဲ မရပါဘူးတဲ့၊ လျှောက်လွှာ ၃၀၀ ပဲလက်ခံတယ်လို့ပြောပါတယ်။

EVDO ဖုန်းကို ဘယ်လိုအသုံးပြုရမယ်ဆိုတာပါ-


  1.    အင်တာနက်သုံးလို့ရတဲ့ဖုန်းကို ၀ယ်ပြီးရင်၊
  2.    HUAWEI C5900 3G ဖုန်းနဲ့အင်တာနက် ချိတ်ဆက်မယ်နော်
  3.    Prepaid Top-up Card ကို တစ်သောင်း(သို့)သုံးသောင်းတန် ကဒ်ကိုဝယ်ပြီး ကုတ်ထည့်လိုက်ပါ။
  4.    18.1.2011 ရက်နေ့တော့ ဖုန်းရောင်းတဲ့ဆိုင်ကို သွားပြီးဖုန်းကို ပြန်ပြီး restart ပြန်လုပ်ရတယ်။     ဒါမှ 3G ပြန်တက်လာတယ်။
  5.    မိမိလက်တော့(သို့) PC ထဲကို HUAWEI CDMA Handset - Modem DeviceDriver ပထမဆုံး Instrall လုပ်ပါ၊
  6.  DialUp HUAWEI programs ကို Instrall လုပ်ပါ။ ၄င်းထဲကို Access point (Profile ) တစ်ခုကို တည်ဆောက်ပါ   Dial-Up Select Modem HUAWEI CDMA Hanset - Moden ကိုရွေးချယ်ပါ။   Profile Name တစ်ခုဖြည့်သွင်းပါ။   
  7. Access number #xxx စသည်ဖြင့် ထည့်သွင်းပါ။
  8. User name xxx@c800.mm ဖြည့်ပါ။ Password ဖြည့်ပါ ဒါဆိုရင် Profile Name တစ်ခုရရှိပြီ ဖြစ်ပါတယ်။
  9. ပြီးရင် Phone Setting - Internet connection - Access point ကို Set လုပ်ပါ။
  10. Dial Up program ကို ဖွင့်ပြီး Access Point connet လုပ်လိုက်ပါ၊ connet အဆင်ပြေတယ်ဆိုရင် မိမိနှစ်သက်ရာ Web-browser တစ်ခုကို ဖွင့်ပြီး No proxy လုပ်ပြီး အင်တာနက်ကို ကောင်းစွာ သုံးစွဲနိုင်ပါတယ်။

Speed ကတော့ မပြောမရှိနဲ့    Phone နဲ့ အင်တာနက်သုံးစွဲရင် နေ့ဘက်ဆိုရင် 150KBps လောက်နဲ့ ညဆို ရင် 200KBps ရပါတယ်။   Phone နဲ့ မသုံးခြင်းဘူးဆိုရင် USB strick moden ကို သီးသန့်သုံးစွဲ နိုင်ပါတယ်။

USB strick သုံးစွဲရင် ပိုကောင်းမွန်ပါတယ်။ တစ်မိနစ်ကို ၄ကျပ်နှုန်းဆိုပေမဲ့ ၊download ကုန်ကျ စရိတ်ကိုတော့ အသေးစိတ်ပြောကြားခြင်းမရှိပါ။    တစ်ခြား အင်တာနက် လိုင်းတွေထပ် ဈေးနှုန်း နည်းပြီး သုံးစွဲရတာ ကောင်းပါတယ်။
proxy, CGI, News, ဖတ်ရှု့လို့ မရတာတော့ အရမ်းထူးခြားနေပါတယ်။ Phone Modem dirver ကတော့ မကြာခဏ ပျောက်လျက်ရှိတယ်။ Driver install မကြာခဏ လုပ်ရပါတယ်။ အားလုံး ကောင်းမွန်စွာ အခက်အခဲမရှိသုံးစွဲနိုင်ပါစေ။ ။ ။ 

CDMA 800 MHz ဖုန်းနဲ့ အင်တာနက် ကြည့်နိုင်ဖို့ PCM 100 DVDO CDMA Modem


CDMA 800 MHz နဲ့ အင်တာနက် ကြည့်နိုင်ဖို့အတွက် လိုအပ်တဲ့ Modem ပဲ ဖြစ်ပါတယ်။ Prolink က ထုတ်လုပ်ထားတဲ့ Modem လေးပဲ ဖြစ်ပါတယ်။ ရေဒီယို ကြိမ်နှုန်းခွင်နှစ်ခု အသုံးပြုနိုင်တဲ့ Dualband ဖြစ်ပြီး Window 2000, XP, Visual, window 7 တွေကို Support လုပ်ပေးပါတယ်။ ဒါ့ပြင် CDMA 2000 XEVDO Rev A-IS-856-A Standard ကို Support လုပ်တာကြောင့် အင်တာနက် အသုံးပြုစဉ်မှာ down load speed 3.1 Mbps နဲ့ Upload speed 1.8 Mbps အထိ အမြင့်ဆုံး ရရှိစေပါတယ်။ 

Laptop ရဲ့ USB 2.0 Interface မှာ ထိုးသုံးလို့ရပြီး အရွယ်အစားအားဖြင့် 85.5(1) x 26 (w) x 10 (h) mm ရှိပါတယ်။ Internal Dual Antenna ဖုန်းကတ် ထိုးသုံးဖို့ PIN SIM Card Interface နဲ့ Micro SD Card Slot တစ်ခုစီ ပါဝင်ပါတယ်။ 8GB Micro SD Card ထိုးသုံးလို့ ရပါတယ်။ CDMA 800 MHz ဖုန်းလိုင်းနဲ့ အင်တာနက် ချိတ်ဆက်လိုသူတိုင်း မဖြစ်မနေ အသုံးပြုရမယ့် ပစ္စည်းလေးပါ။



Posted by Unknown on 10:33 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added