မြန်မာသံအမတ်သစ်ခန့်အပ်လွှာ အိုဘားမား လက်ခံ
![]() |
အမေရိ ကန်ပြည်ထောင် စုဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ဖို့ နှစ်ဘက် သဘော တူထားတဲ့ ဦးသန်းဆွေဟာ ဇူလိုင်လ ၃၀ ရက်နေ့ က အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သူ့ရဲ့ သံအမတ် ခန့်အပ်လွှာ ကို ပေးအပ် ခဲ့ပြီဖြစ် ပါတယ်။ ဒါဟာဖြင့် နှစ်ပေါင်း ၂၅ နှစ်နီးပါးအတွင်း အမေရိကန် နဲ့ မြန်မာ အကြား သံတမန် ဆက် ဆံရေး အဆင့်အတန်းကို အပြည့်အ၀ ပြန်ပြီး ထူထောင် လိုက်ကြတာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) ကို နှုတ်ဆက်နေသည့် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးသန်းဆွေသည် အမရိကန် ပြည်ထောင်စု ဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သံအမတ်ခန့် အပ်လွှာ ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ သံအမတ်ကြီးအဖြစ် Derek Mitchell ဟာလည်း မကြာသေးခင်ကပဲ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
သံအမတ်ကြီး ဦးသန်းဆွေဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူဖြစ် ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီရေးလှုပ်ရှားမှုကို အဲဒီအချိန် အာဏာသိမ်း စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုက သံတမန်ဆက်ဆံရေး အဆင့်အတန်း ကို လျှော့ချခဲ့သလို မြန်မာနိုင်ငံဘက် ကလည်း အလားတူ လုပ်ဆောင်ခဲ့တာပါ။ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးခဲ့တာ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတာတွေကို တုန့််ပြန်တဲ့အနေနဲ့ အမေရိ ကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းခဲ့သလို သံတမန်ဆက်ဆံ ရေးကို အပြည့်အ၀ ပြန်ထူထောင်ခဲ့တာလည်းဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
