|

How to unlock Bootloader in Sony Xperia S

ပထမဆုံး Bootloader လုပ်ဖို့အတွက် ဆိုရင် သင့်ဖုန်း dial app ကိုဖွင့်ပြီးတော့ 
 (*#*#7378423#*#* (or *#*#service#*#*) ရိုက်ထည့်ပြီးတော့ Service Info > Configuration > Rooting Status မှာ Yes ဖြစ်မဖြစ်အရင် စစ်ပြီးမှ ဆက်သွားပါ
 အောက်မှ step တွေကို .. No လို့ရေးထားရင် Bootloader Unlock မလုပ်ပါနဲ့ ဘယ်လိုမှမရပါဘူးခင်ဗျာ.
ပြီးရင် သင့်ဖုန်းက IMEI Code ကို Dial *#06# လို့ရိုက်ပြီး ထွက်လာတဲ့ Code ကို Notepad တခုနဲ့ ဖြစ်ဖြစ် သွားမှတ်ပေးထားပါ။

ပြီးရင် သင့်ဖုန်းမှ လိုအပ်တဲ့ Contants တွေ ကို Back Up လုပ်ပေးထားပါ။ Battery ကလည်း 50% နဲ့ အထက် ရှိနေရပါမယ်။ သတိထားပါ. Bootloader Unlock မအောင်မြင်ရင် ဖုန်းတခုလုံး Hard Brick ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့်သေသေချာချာလုပ်ပေးဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။

Fastboot package and USB Driver ကို Download လုပ်ပေးပါ Download As Mediafire :

Instruction တွေကို step by step ရှင်းပြပါမယ်-
  1. ဒေါင်းထားတဲ့ Fastboot package and USB Driver ကို Extract လုပ်ပီးတော့ Desktop ပေါ်မှာ ဖြစ်ဖြစ် Local Disk (D) ထဲမှာဖြစ်ဖြစ်သွားထားထားလိုက်ပါ။
  2. သင့်ဖုန်းကို Power Turn Off လုပ်ထားပေးပါ.
  3. ပြီးရင် PC နဲ့ ဖုန်းကို USB နဲ့ ချိတ်ထားပေးပါ.
  4. ဖုန်းကို Fastboot Mode ထဲကိုရောက်အောင်သွားပေးပါ Volume Up ကိုနိုပ်ပီးတော့... (USB နဲ့ ချိတ်ပြီးပြီးချင်းမှာပဲ Volume Up ကိုနိုပ်ပေးပါ. Fastboot ထဲကိုရောက်သွားပြီးဆိုရင် ဖုန်းထိပ်မှာ အပြာရောင် မီးလေးလင်းလာမှာကိုတွေ့ရမှာဖြစ်ပါတယ်။
  5. အဲ့အချိန်မှာ Window က သူ့ဟာသူ Auto Driver Installation လုပ်ပါလိမ့်မယ်. Auto Driver Installation မလုပ်တဲ့အခါကြရင် extract လုပ်ထားတဲ့ Fastboot Mode ထဲက usb_driver ဆိုတဲ့ folder ပတ်လမ်းကိုရွေးပေးပြီးတော့ driver install လုပ်ပေးပါ။
  6. Installation ပြီးသည်နှင့် တပြိုင်နက် USB Cable ကို unplug လုပ်ပေးပါ။
  7. ပြီးရင် http://unlockbootloader.sonymobile.com/ ထဲကိုဝင်ပြီးတော့ bootloader unlock လုပ်ပေးပါ။ 
  8. ပေါ်မှာပြထားတဲ့ screen shot တွေကို ကြည့်ပြီးတော့ "Create Unlock Request" page ကိုရောက်တဲ့အခါ မှတ်ထားတဲ့ IMEI,Your Name, Your Address ကိုဖြည့်ပေးပါ။ 
  9. Command Prompt ထဲဝင်လိုက်ပါ။ 
  10. Extract လုပ်ထားတဲ့ Fastboot folder ထဲက ပတ်လမ်းရွေးပေးပါ။
  11. ပြီးရင် အပေါ်က ပြထားခဲ့တဲ့ step (3) or (4) အတိုင်း ပြန်သွားပေးပါ Fastboot Mode ထဲကို။ 
  12. ပြီးသွားတဲ့အခါကြရင် "fastboot.exe -i 0x0fce getvar version" ကိုရိုက်ထည့်ပေးပါ။
  13. Command Result က 0.5 ထွက်လာရင် ဆက်သွားပြီးတော့ "fastboot.exe -i 0x0fce oem unlock 0xKEY" ကိုရိုက်ပေးပါ။
  14. ပြီးသွားရင်တော့ သင့် Sony Xperia S LT26i မှာ Bootloader Unlock ဖြစ်သွားပြီးဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ :) 






Ref: mmphonehelpdesk

Posted by Unknown on 5:50 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response