ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဒုသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
ဒီမနက် လွှတ်တော်မှာ စစ်တပ်က သူ့ကို အဆိုတင် သွင်းခဲ့ပြီး ပြည်ထောင်စုနာယကက သူ့ကို ဒုသမ္မတ အဖြစ် ကြေညာ တယ်၊ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းက ကျမ်းသစ္စာ ကျိန်ဆိုတယ် လို့ ရန်ကုန်အခြေစိုက် သတင်းဂျာနယ်များက အွန်လိုင်းမှာ အခုလေး တင် ရေးသားထားကြတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့လဆန်းပိုင်းမှာ စစ်တပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဒု ဗိုလ်ချုပ်ကြီးဟောင်း) ကို လွှတ်တော် မှာ အဆိုပြုခဲ့ပါတယ်။ သို့သော်လည်း ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်ကြီးတို့ အချိန်ယူရေးဆွဲထားတဲ့ အခြေခံဥပဒေ ပါပြဋ္ဌာန်းချက်တခုနဲ့ ငြိစွန်းနေတဲ့အတွက် အခုလို ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ထပ်မံ အဆိုပြုခဲ့တာ ဖြစ် ပါတယ်။
သီဟသူရ ဦးတင်အောင်မြင့်ဦး နဲ့ ဒေါက်တာစိုင်းမောက်ခမ်း ဆိုပြီး ဒုသမ္မတ ၂ ယောက် ရှိခဲ့ပါတယ်။
သူတို့၂ယောက်စလုံး ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရ ခဲ့သူပါ။
သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ မကြာသေးခင်ကပဲ ကျန်းမာရေးအခြေအနေအရ နုတ်ထွက်သွားတဲ့ အတွက် လစ်လပ်သွားတဲ့ ဒုသမ္မတ တနေရာအတွက် စစ်တပ်ကိုယ်စားလှယ်များက ရွေးချယ်ခဲ့ ရတာ ဖြစ် ပါတယ်။
ဒီလို ရွေးချယ်နေတဲ့ ကာလမှာ ဒုသမ္မတလောင်းအဖြစ် ထင်ကြေးပေးခံရသူများကတော့ -
- ဦးမြင့်ဆွေ
- သူရဦးရွှေမန်း
- ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်း၊
- ဒုဗိုလ်ချုပ်ကြီး ကိုကို၊
- ဒုဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း၊ဦးဌေးဦး၊ဦးတင်အေး စသူတို့ ဖြစ်ပါတယ်။
![]() |
ပြည်ထောင်စုလွှတ်တော် တတ်ရောက်လာသည့် ဒုသမ္မတ ဦးဥာဏ်ထွန်း |
![]() |
DSA အပတ်စဉ် ၁၆ မှ အသက် ၅၉ နှစ် အရွယ်ရှိ တပ်မတော်ရေ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း ဒုသမ္မတအဖြစ် ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုစဉ်။ |
