|

Hacking လူငယ် နှင့် အနာဂတ်တွင် အရေးပါလာမည့် Security

Hacking လူငယ် နှင့် အနာဂတ်တွင် အရေးပါလာမည့် Security

မနေ့က ကျွန်တော့် အကောင့် အခိုးခံလိုက်ရပါတယ် သိပ်ထူးထူးခြားခြား နည်းပညာတော့ မဟုတ်ပါဘူး Phishing နဲ့ပါပဲ ဒါပေမယ့် ကျွန်တော့်အကောင့်ကို Crack သွားတဲ့ လူက အဲ့ဒီ့ နည်းကို Phishing မှန်းတောင် မသိပါဘူး Webpage အတု တစ်ခုသုံးပြီး Crack တဲ့နည်းကို သူ့အတွက်တော့ ဘယ်လိုနာမည် ပေးထားလဲ မသိဘူး ပြီးတော့ ကျွန်တော့်ကို မေးသွားသေးပါတယ် Phishing ဆိုတာ ဘာလဲ သိလား ဟေ့ကောင် တဲ့ Hacking ကို မတောက်တစ်ခေါက်တတ်ပြီး ဘလော့မရေးနဲ့ တဲ့ ခက်တော့တာပဲဗျာ ကျွန်တော့် ဘလော့ဂ်ကို Hacking Blog များမှတ်နေလားမသိဘူး ဒီနေ့ ထပ်ကြိမ်းသွားပါတယ် ကျွန်တော့်အကောင့်တွေ အားလုံးကို Crack မယ် တဲ့ ပြီးတော့ ပြောပါသေးတယ် မင်းဆိုဒ်ကို DDOS စာ ကျွေးမယ်ဆိုပဲ (DDOS ရဲ့ အရှည်ကောက် DDOS ဘယ် နှစ်မျိုးရှိသလဲ ဆိုတာ သိလားလို့ မေးလိုက်ချင်တယ် ဒါဆို ကျွန်တော်သဘောပေါက်ပြီး BHG ကပေးတဲ့ Logic tool ကိုသုံးတော့မယ် Logic ဟာ ၀င်းဒိုးအတွက် အဆင်ပြေတယ်ဆိုပေမယ့် Open Source တွေအတွက်ဆို ဒီ့ထက် ကောင်းတဲ့ Tool တွေ တွေ့ ဖူးပါတယ် BHG ကိုလည်း ဘာမှတော့ မပြောလိုတော့ ဘူး ဒီလို BHG ချပေးလိုက်တဲ့ Tool လေးတစ်ခုကိုသိတာနဲ့တင် ကျွန်တော်တို့ နိုင်ငံက လူတွေက ရမ်းချင် နေပြီ ဒါဆို ဒီထက်ဆိုးတဲ့ Tool တွေ တွေ့ သွားရင် ဘာဖြစ်မလဲ ကျွန်တော်တို့ နိုင်ငံ က လူတွေနဲ့ ရော တန်လား BHG ကိုစဉ်းစားစေချင်တယ် ) ဒီလောက်ဆို ကျွန်တော် သဘောပေါက်ပြီ ကျွန်တော့်ကို Crack တဲ့ လူ Programming တစ်ခုမှ မတတ်ဘူး ဒီလိုပြောရင် ကျွန်တော်က သူ့ကို မုန်းလို့ လို့ ပြောကြမယ် ကျွန်တော် ပြောချင်တာ သူ့ကို မဟုတ်ဘူး ကျွန်တော့် ဘလော့ဂ်ကိစ္စ….။

မနေ့က အကိုတစ်ယောက်ရဲ့ ဘလော့မှာ စာတစ်ကြောင်းတွေ့ လိုက်ပါတယ် I’m neither a hacker nor cracker,I’m Blogger !!!! အဲ့ဒီလို ပါပဲ ကျွန်တော့်ကို ကျွန်တော် Hacker ပါလို့ ဘလော့မှာ တစ်ခါမှ မရေးဖူးဘူး ဒါပေမယ့် Hacking ကို ရူးသွပ်တယ်လို့တော့ ရေးထားတယ် Cracking မဟုတ်ဖူးနော် Hacking ……!! Security ကို ဖြစ်စေချင်တာ ဒါပေမယ့် Blog မှာ Black Hacking တွေပါလာတယ် ကျွန်တော့် ဘလော့ကို လာတဲ့လူတွေက Hacking ကို ဖတ်ချင်တဲ့ လူငယ်တွေပဲဖြစ်နေတယ် Hacker နဲ့ Cracker ဆိုတာ နည်းပညာပိုင်းဆိုင်ရာမှာ အတူတူပါပဲ Cracker ရဲ့ နည်းတွေကိုလည်းHacker တွေသုံးရတာပဲ ဒါပေမယ့် စည်းလေး တစ်ခုပဲ ခြားထားတယ် အဲ့ဒီ့ စည်းက ကိုယ်ချင်းစာတရားးးး ဟုတ်ပါတယ် ဒီစည်းရဲ့  အတွင်းမှာ ရှိတဲ့လူတွေက Hacker ဒီစည်း အပြင်မှာရှိရင် Cracker ဒါလေးပဲ ရှင်းရှင်းလေး ဒါပေမယ့် လူငယ်တွေက Black ပဲ သူတို့ကိုယ်သူတို့ Black ဆိုပြီး ဂုဏ်ယူတဲ့ လူတွေက တစ်ပုံကြီး……။ကျွန်တော် ဦးတည်တာက Security လူငယ်တွေ ကျွန်တော့်ဘလော့ကို လာတဲ့အကြောင်းက Crack ဖို့ ..။ BHG က အကို တစ်ယောက်က ညဉ်းရှာတယ်ဗျ Gtalk ဖွင့်တိုင်း ဘယ်လို Hack ရမလဲပဲ လာအမေးခံရတယ်တဲ့ သူကလည်း အဲ့လို မေးရင် ကျွန်တော့် ဘလော့ကို လမ်းညွှန်လိုက်ဟန်တူပါတယ် လူတစ်ယောက်က ကျွန်တော့် အကောင့်ကို လာအပ်တယ် ဘလော့ဂ်ကို ကြိုက်တယ်တဲ့ ဒါပေမယ့် BHG က ဘဲကြီးတွေ နဲ့ သိလားတဲ့ ကျွန်တော်ကလည်း Gtalk မှာ တွေ့ ဖူးလို့ ဟုတ် လို့ ဖြေလိုက်တယ် အဲ့ဒီမှာပဲ ကိုယ်တော်ချောက ခင်ဗျားက အဆက်အသွယ်ကောင်းတယ်နော် တဲ့ ပထမတော့ ကျွန်တော် ကြောင်သွားတယ်ဗျ ပြီးတော့ ဆက်သေးတယ် သူက တစ်ကိုယ်တော် တဲ့ ဟောဗျာ သူပြောမှပဲ Hacking အတွက် ကျွန်တော့်ကို BHG က သင်ပေး သလို လို….။ BHG က အကိုတွေကတော့ အားပေးတယ် ကျွန်တော့်ဘလော့ဂ်ကို ကြိုက်တယ်တဲ့ Hacking ကို ဗမာလို ဖတ်ရလို့ အရသာ ရှိပါတယ်တဲ့ အဲ့ဒီလိုပြောတော့ အားရှိတာပေါ့ တကယ်ပါ ခုခေတ်မှာ အဘိုးကြီးလည်းဟက် အဘွားကြီးလည်း ဟက်ပဲ ဟက်ဆိုတာလည်း ဘာမှန်းမသိ Programming ဘာမှန်းမသိ Script ဘာမှန်းမသိဘဲ Hack မယ် တကဲကဲ ဆိုတဲ့ လူတွေက များနေတော့ စိတ်ပျက်လာပါတယ် နောက်ပိုင်းမှာ Hacking တင်ပေးဖို့ကို အတော်ကြီးစဉ်းစားရတော့မယ် ပြဿနာတွေအများကြီှးရှိနေပြီ သတိ တစ်ချက်လွတ်သွားတာနဲ့ Crack တာခံလိုက်ရတယ် သိပ်မကြာခင်က တစ်နေရာမှာ ဖတ်လိုက်ရတယ် အင်တာနက်ပေါ်မှာ ဖုန်းခပေးဆောင်နိုင်တော့မယ်တဲ့ ဒါ အစပါ နောက်ဆို ဘဏ်အကောင့်တွေနဲ့ပဲ ဇာတ်လမ်းသွားတော့မယ် ပိုက်ဆံအများကြီး မကိုင်ရတော့ဘူး ဒီလို တိုးတက်လာတာနဲ့ အမျှ Securityက ပိုပို လို လာပြီ Without you,Anyone cannot Crack ပါ ဒီတော့ပိုပြီးအရေးပါလာတဲ့ Security အတွက် Hacking ကိုပိုပြီးနားလည်တဲ့လူတွေ လိုလာပြီ Security admin တွေဖြစ်ဖို့ လူငယ်တွေလိုလာတော့မယ် ဒါကို ကျွန်တော်တို့ နိုင်ငံက လူငယ်တွေ စိတ်မ၀င်စားဘူး သူတို့စိတ်ဝင်စားတာ ရုပ်ရှင်ထဲကလို ဟက်ကာတွေ ဘာကြောင့်လဲဆိုတာတော့ တွေးလို့ကို မရဘူး တကယ်လို့ နောက်ဆိုရင် ကျွန်တော့်အကောင့်က ပက်စ်ဝက်တွေလိုချင်ရင် Crack မနေနဲ့  ကျွန်တော်ပေးမယ် ပြီးတော့ ထပ်ပြောမယ် I’m a blogger ဘာကောင်ကြီးမှ မဟုတ်ဘူး သိပ်အထင်မကြီးကြနဲ့ နောက်ပိုင်းကို Hacking Post တွေ ဆက်တင်နေဦးမှာပဲ Security အတွက် ပဲနော် ဘာအတွက်မှမဟုတ်ဘူး ပြီးတော့ ကျွန်တော့်ဆိုဒ်ကို တိုက်မယ်ဆိုတဲ့ လူကို မေးချင်တယ် ကျွန်တော့်လို ဆိုဒ်မျိုး မြန်မာဘလော့တွေမှာ တွေ့ ဖူးလားလို့ Hacking စစ်စစ်ကို စိတ်ဝင်စားတဲ့လူငယ်တွေ Ethical Hacker ဖြစ်ချင်တဲ့လူတွေအတွက် မြန်မာလိုရေးတဲ့ Hacking ကိုဘယ်မှာဖတ်ရလဲ ကျွန်တော် မေးချင်တယ် ကျွန်တော့်ဘလော့က ဒါဆို လူတစ်ယောက်အတွက်မှ အကျိုးမရှိတော့ဘူးလား နည်းနည်း လောက်အကြံပေးကြပါဦး ကျွန်တော့်ဘလော့ကို ခင်ဗျားတို့ မြင်တဲ့ အမြင်လေးလည်း လုပ်ကြပါဦး ဗျာ……….။

Credit: Posted by Kaung Khant Min Tun

Posted by Unknown on 10:25 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added