Android apps အယောင်ဆောင် malware များရှိကြောင်း Symantec သတိပေး
Android apps အယောင်ဆောင် malware များရှိကြောင်း Symantec သတိပေးကြောင်း
တရားဝင် Android apps များသည် malware များကြောင့် ဆော့ဖ်ဝဲအတုအယောင်အဖြစ် ထင်မှတ်မှားခံ နေရကြောင်း Symantec မှ၎င်း၏ blog တွင်ဖော်ပြထားချက်အရ သိရသည်။ အဆိုပါ malware ကို ထိန်း ချုပ်ထားခြင်းမရှိသော third-party Android market များရှာဖွေတွေ့ ရှိခဲ့ ခြင်းဖြစ်ပြီး Steamy Window ကဲ့သို့သော အန္တရာယ်ရှိသည့်အတုအယောင် application များကို ထည့်သွင်းသည့်အခါ permission ကို ပုံမှန် ထက်လွန်ကြူးကာတောင်းခံပြီးနောက် install လုပ်လိုက်သည့်အခါတွင် Android.Pjapps အမည်ရှိ Android malware သစ်တစ်မျိုးကိုပါထည့်သွင်းကြောင်း Symantec မှပြောကြားသည်။ အဆိုပါ application ကိုအသုံးပြုနေစဉ်တွင် user ထံ သတိပေးအကြောင်းကြားမှုများမပြုလုပ်ဘဲ နောက်ကွယ်တွင် Trojan များမှ botnet တစ်ခုတည်ဆောက်ကာ application များထည့်သွင်းခြင်း၊ bookmark များထည့် သွင်းခြင်း၊ spam များပေးပို့ခြင်းနှင့် premium အဆင့်ရှိနံပါတ်များထံ text message များပေးပို့ခြင်း တို့ကို ပြု လုပ်ကြောင်း သိရသည်။ Symantec သည် Android. Pjapps malware အား low အဆင့် သတ်မှတ် ထားပြီး ယင်းကဲ့သို့သတ်မှတ်ရခြင်းမှာ ထိန်းချုပ်မထားသည့် application စတိုးမှ apps များကိုလူအနည်းစု သာ download လုပ်ခြင်း၊ တရားမ၀င် marketplace များမှ apps များ download လုပ်ခြင်းကို တိကျတဲ့ setting ဖြင့် disable လုပ်နိုင်ခြင်း၊ C&C ဆာဗာများမှ လက်ရှိတွင် အလုပ်မလုပ်နိုင်ခြင်းတို့ကြောင့်ဖြစ် ကြောင်း ကုမ္ပဏီမှရှင်းပြခဲ့သည်။ Android များသည် နာမည်ကျော်လာသည်နှင့်အမျှ ဆိုက်ဘာဒုစရိုက် သမားများသည် ပိုမိုပစ်မှတ်ထားလာပြီး ပြီးခဲ့သည့်သြဂုတ်လက Trojan-SMS.AndroidOS. FakePlayer.a အမည်ရှိ malware ထွက်ပေါ်လာခဲ့ဖူးသည်။
source:myanmarinternetjournal.com
Posted by Unknown
on 6:42 PM. Filed under
Phone Tech
.
You can follow any responses to this entry through the RSS 2.0.
Feel free to leave a response