|

Business လောကအတွက် ကိုးနဝင်း Marketing

Business လောကအတွက် ကိုးနဝင်း Marketing

တစ် - ဧည့်ခံပွဲတစ်ခုမှာ အင်မတန်လှပတဲ့ မိန်းမချောလေးတစ်ဦးကို တွေ့လိုက်ပြီဆိုပါတော့... သူ့ဆီတိုက်ရိုက်ဝင်ပြီး ကျွန်တော်က "အင်မတန်ချမ်းသာတဲ့သူဋ္ဌေးပါ... ကျွန်တော့်ကို လက်ထပ်မလား" လို့မေးရင် အဲဒါ Direct Marketing... တိုက်ရိုက်ဈေးကွက်တင်တာပေါ့။

နှစ် - ပါတီမှာ သူငယ်ချင်းတစ်သိုက်နဲ့ ပျော်နေကြတုန်းမှာ အင်မတန်လှတဲ့ မိန်းကလေးကိုတွေ့တယ်။ သူငယ်ချင်းတစ်ယောက်က အဲဒီကလေးမဆီ လျှောက်သွားပြီး ခင်ဗျားကို လက်ညှိုးထိုးပြတယ်။ "သူက သိပ်ချမ်းသာတာ... သူ့ကိုကြိုက်လိုက်ပါလား" လို့ပြောရင် အဲဒါ Advertisting... ကြော်ငြာသဘောတရား။

သုံး - ပါတီမှာ မိန်းမချောလေးကိုတွေ့လို့ တလ်လီဖုန်းနံပါတ် တောင်းထားလိုက်တယ်။ နောက်နေ့ကျတော့ တယ်လီဖုန်းနဲ့လှမ်းပြီး "ကျွန်တော်က သိပ်ချမ်းသာတဲ့လူပါ... ကျွန်တော့်ကို လက်ထပ်မလား" လို့မေးရင် အဲဒါ Telemarketing...

လေး - ပါတီမှာ ကောင်မလေးကိုတွေ့တယ်။ စကားရောဖောရောတွေလုပ်ပြီး အချိုရည်ယူပေး၊ စားစရာယူပေးတွေ လုပ်တယ်။ ပြန်မယ်ဆိုတော့ ကားအထိလိုက်ပို့ပေးပြီး တံခါးဖွင့်ပေးတယ်။ ပြီးတော့မှ စကားကြီးသုံးခွန်းပြောတယ်။ အဲဒါ Public Relation... ပြန်/ဆက် ပေါ့။

ငါး - ပါတီမှာ ကောင်မလေးက ခင်ဗျားဆီကို တန်းတန်းမတ်မတ် ရောက်လာပြီး "ရှင်က သိပ်ချမ်းသာတယ်ဆို... ကျွန်မကို လက်ထပ်ပါလားဟင်" လို့မေးရင် အဲဒါ Brand Recognition... ဈေးကွက်မှာ ပစ္စည်းပေါက်သွားတာ။

ခြောက် - ပါတီမှာ ကောင်မလေးတွေ့တယ်။ သူ့ဆီသွားပြီး "ကိုယ်က သူဋ္ဌေးလေးပါ... ကိုယ့်ကိုလက်ထပ်ပါလား" လို့ပြောတယ်။ ကောင်မလေးကလှည့်ကြည့်ပြီး ပါးကြီးကို အားရပါးရ ထိထိမိမိ တွယ်ထည့်လိုက်တယ်။ အဲဒါ Customer Feedbeck... စားသုံးသူရဲ့သဘောထား။

ခုနစ် - ပါတီမှာတွေ့တဲ့ ကောင်မလေးကို ခင်ဗျားက ချဉ်းကပ်ပြီး သုံးခွန်းသောစကားပြောတယ်။ သူက "အတော်ပဲ ကျွန်မယောက်ျားနဲ့ မိတ်ဆက်ပေးရဦးမယ်" ဆိုပြီး သူ့ဘေးက ဘဲကြီးနဲ့ မိတ်ဆက်ပေးတယ်။ အဲဒါ Demand and Supply Gap... ဝယ်လိုအားနဲ့ ရောင်းလိုအား ကွာဟမှု။

ရှစ် - ပါတီမှာ ကောင်မလေးတွေ့လို့ ချဉ်းကပ်ဖို့ ခြေလှမ်းပြင်နေတုန်း တစ်ယောက်ကဝင်လာပြီး "ကိုကိုကသူဋ္ဌေး... လက်ထပ်ကြရအောင် နော်" လို့ ဖြတ်ခုတ်သွားရင် အဲဒါ Competition eating into your market share... ဈေးကွက်အလုခံရတာ။

ကိုး - ပါတီမှာ ကောင်မလေးတွေ့လို့ ချဉ်းကပ်လမ်းဖောက်နေတုန်း အိမ်ကဟာမကြီးပေါ်လာပြီး "မောင်ရေ" လို့ အသံပေးလိုက်တယ်။ အဲဒါ Market Restriction... ဈေးကွက်ချုပ်ချယ်မှုဝင်လာတာ။
 
 

Posted by Unknown on 6:35 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response