|

iPhone & iPod Touch, Ipad တို့ battery အား

iPhone & iPod Touch, Ipad တို့ battery အား


iPhone & iPod Touch Battery တွေသုံးရတာ တစ်ခါ တစ်လေမှာ သိပ်ကြာကြာမခံပါဘူး။ သာမာန် သတ်မှတ်ချက်ထက် လျော့နည်းနေတဲ့ ဘက်ထရီ သုံးစွဲမှုကိုပဲ ရရှိမည်ဖြစ်ပါတယ်...
ဒီအတွက် ဆောင်ရန်  ရှောင်ရန်လေးတွေကို ကြည့်ရ အောင်.........

Equilizer အားပိတ်ထားလိုက်ပါ. How? Go to Setting-Music-EQ-OFF.Audio filtering (EQ) အားပိတ်ထားခြင်းဖြင့် ပါဝါ စားသုံးမှုလျော့နည်းစေသည်။ ကောင်းမွန်သော Earphone များကိုသာအသုံးပြုပါ။

အသုံးမပြုသော Email Account များအား ပိတ်ထားခြင်းသော်လည်းကောင်း၊ ဖျက်ထားခြင်းသော် လည်း ကောင်း ပြုလုပ်သင့်သည်။ သို့မဟုတ်ပါက မိမိရဲ့ iPhone, iPod Touch တွေက WiFi နဲ့ Internet Access point နေရာတွေကိုရောက်ခဲ့ပါက Mail Refresh ကိုအမြဲပြုလုပ်နေသောကြောင့် ပါဝါသုံးစွဲမှုများပြား သွား စေနိုင်သည်။

iPhone/iPod Touch အားမပိတ်ပါနဲ့ Sleep Mode သာအသုံးပြုပါ။
၎င်းတို့အား ဖွင့်၊ ပိတ်ခြင်းဖြင့် ဘက်ထရီသုံးစွဲမှုပိုမိုများပြားစေပါသည်။ သီချင်းနားထောင်နေစဉ် Screen အားပိတ်ထားပါ။

Auto Brightness အသုံးပြုခြင်းအားရှောင်၍ အနိမ့်ဆုံး Brightness အားထားပါ။

BlueTooth အားပိတ်ထားပါ။ BlueTooth ဖွင့်ထားခြင်းသည် Battery သုံးစွဲမှုအများဆုံးဖြစ်သည်။

Wifi/Edge/3G/SSH တို့အားပိတ်ထားပါ။ လိုအပ်မှသာအသုံးပြုပါ။

ဘယ်ထရီအား အကောင်းဆုံးဖြစ်အောင် ဘယ်လိုအားသွင်းမလဲ?
ပထမဦးစွာ မိမိရဲ့ ဖုန်းအား 0% ဖြစ်အောင် ဘက်ထရီကိုမထားပါနဲ့... ၂၀% သို့မဟုတ် ၁၀% ကျန်ပြီဆို တာနဲ့ အားသွင်းပါ။ တစ်လတစ်ကြိမ် သို့မဟုတ် အကြိမ် ၃၀ လောက် အားသွင်းမှုပြုလုပ်ပြီးတိုင်း Battery အား 0% ဖြစ်အောင်အသုံးပြုပြီးမှ အားထပ်မံသွင်းခြင်းဖြင့် အသုံးပြုပါ။

Posted by Unknown on 9:51 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response