သုဝဏ္ဏ ရေနံ့သာလမ်းထဲသို့ ၁၆ ဘီးကား ၀င်ရောက်
သုဝဏ္ဏ ရေနံ့သာလမ်းထဲသို့ ၁၆ ဘီးကား ၀င်ရောက်ရာမှ ရပ်ကွက်တွင်း နေထိုင်သူများ ၀ိုင်းဝန်းကန့်ကွက်
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့ သာလမ်းထဲသို့ ဘူဒိုဇာ တင်ဆောင် လာသော ၁၆ ဘီး ကားကြီး တစ်စီး ၀င်ရောက်လာရာမှ ရပ် ကွက်နေပြည်သူများ ၀ိုင်းဝန်းကန့်ကွက်မှုတစ်ခု ဒီဇင်ဘာ ၁၀ ရက်နေ့ ညပိုင်းက ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။
သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့သာလမ်းထိပ်တွင် '၆ တန်အထက် မ၀င်ရ'ဟူသော ဆိုင်းဘုတ်ထားရှိပြီး အဆို ပါ ၁၆ ဘီးယာဉ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီခန့်တွင် လမ်းထဲသို့ ၀င်ရောက်လာခြင်းဖြစ်သည်။
၎င်းယာဉ်မှာ အေးရိပ်ငြိမ်း ကုမ္ပဏီမှဖြစ်ကြောင်း သိရပြီး ယင်းကုမ္ပဏီမှ အင်ဂျင်နီယာဦးထိန်ဝင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ခေါ်ယူမေးမြန်းခဲ့ရာ ၄င်းက အေးရိပ်ငြိမ်းဆောက်လုပ်ရေးမှ ဖြစ်ကြောင်း၊ အိုးအိမ်၏ ညွှန်ကြားချက်အရ လာ ရောက်ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်ဟု သိရသည်။
''ဒီနေ့နံနက်ပိုင်းကတောင် အ. မ.က(၁၇) ကျောင်းဘေးက မြေကွက်လပ်ကို မြက်လာရှင်းသွားသေးတယ်။ ည ၉ နာရီလောက်မှာ အဲဒီ ၁၆ ဘီးကားက ဘူဒိုဇာကိုတင်ပြီး လမ်း ထဲဝင်လာတယ်။ လမ်းထိပ်မှာ ၆ တန်အထက်မ၀င်ရဆိုတဲ့ ဆိုင်းဘုတ်လည်းရှိတယ်။ အဲဒီကားကြောင့် လမ်းဘေးက ရေပိုက်ကိုကြိတ်မိပြီး ပျက်စီးသွားတယ်။
အဲဒီကားက ရေနံ့သာလမ်းကနေတစ်ဆင့် လမ်းကြားထဲဝင်ဖို့ လုပ်သေးတယ်။ မူလ တန်းကျောင်းဘေး က မြေကွက်လပ်ကို ရှင်းဖို့အတွက်လို့ဆိုတယ်။ အဲဒီကားကြီး ၀င်လာတာကနေစပြီး ရပ်ကွက်ထဲမှာနေတဲ့ သူတွေနဲ့ ပြဿနာစဖြစ်တာပါ။ ရပ်ကွက်ရုံးကို ခွင့်ပြုချက်တောင်းထားတာမျိုးလည်း မရှိပါဘူး''ဟု ရေနံ့သာ လမ်းတွင် နေထိုင် သူတစ်ဦးက ပြောပြသည်။
Eleven Media Group
3:43 PM | Posted in , | Read More »
နောက်ဆုံးထား ဖြေရှင်းခြင်း မပြု ပါ က အထွေထွေ သပိတ် စတင် မည်
၁၂ ရက်နေ့  ၁၂ နာရီ နောက်ဆုံးထား ဖြေရှင်းခြင်း မပြု ပါ က အထွေထွေ သပိတ် စတင် မည်
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီကြေညာချက်အမှတ် ၁/၂၀၁၂
၁။ အောက်မြန်မာနိုင်ငံသံဃာတော်များနှင့် အထက်မြန်မာနိုင်ငံသံဃာတော်များ ပူးပေါင်းပြီးမြန်မာနိုင်ငံလုံး ဆိုင်ရာသံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီ ကို ၁၀.၁၂.၂၀၁၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။
၂။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အမျိုးဘာသာ သာသနာနှင့် ပြည်သူပြည်သားတို့၏ အကျိုးကိုမျှော်ကိုးပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော သံဃာတော်များနှင့်ပြည်သူများကို လူမဆန် စွာအကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရခဲ့ကြပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီမှ အထက်ပါ လူမဆန်သော  လုပ်ရပ်များ ကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်။
ထို့ပြင် သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူလူထုအပေါင်းမှ မိမိတို့နိုင်ငံတွင် အထွဋ်အမြတ်ထား ကိုးကွယ် လျက်ရှိသော သံဃာတော်များကို မီးလောင်ဗုန်းများဖြင့် လူမဆန်စွာ မီးလောင် တိုက်သွင်းချေ မှုန်းမှုကိုရှုတ်ချ သောအားဖြင့် တစ်ညီတစ်ညွတ်တည်း ပူးပေါင်းပါဝင်ကြပါရန် အလေးအနက် တိုက်တွန်း လိုက်သည်။
၃။ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီမှ အောက်ပါအချက်များကို တောင်းဆိုလိုက် သည်-
(က) နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရခဲ့ကြသူများနှင့် သံဃာထုတစ်ရပ်လုံးကို ၀န်ချ တောင်းပန်ရန်၊
(ခ) အကြမ်းဖက်ဖြိုခွင်းမှုတွင် တာဝန်ရှိသောသူများကို ဖော်ထုတ်အရေးယူပေးရန်၊
(ဂ) ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊
အထက်ပါတောင်းဆိုချက် (၃) ချက်ကို ၁၂.၁၂.၂၀၁၂ ရက်နေ့ နေ့လယ် (၁၂း၀၀)နာရီ တွင် နောက်ဆုံး ထား လိုက်လျောခြင်းမရှိပါက မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သံဃာတော်များနှင့် ပြည်သူလူထုများ ပူးပေါင်းပြီး အထွေထွေသပိတ်ကြီးကို စတင်ဆင်နွှဲသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီ
3:28 PM | Posted in , | Read More »
ဦးရွှေမောင်နှင့် ရခိုင်ပညာတတ်အမျိုးသမီးတစ်ဦးတို့  ပြောဆိုချေပမှု
ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာတတ်အမျိုးသမီး တစ်ဦးတို့  ပြော ဆိုချေပမှု 
နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အတွက် စေ့စပ်ဆွေးနွေးပွဲမှာ ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာတတ် အမျိုးသမီးတစ်ဦးတို့ မီဒီယာများရှေ့၊ တူရကီသံအမတ်ကြီးရှေ့၊ မြန်မာအစိုးရခေါင်းဆောင်များရှေ့တွင် အပြန် အလှန်ပြောဆိုဖြစ်ခဲ့သော စကား များထဲမှ တစ်ခုသော ပြောဆိုချေပမှု တစ်ခုကိုရွှေမြန်မာမီဒီယာဂရုမှ တင်ပြလိုက်ပါတယ်။ 
ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်။ ။အစပိုင်းတုန်းက အမေရိကတိုက် ဆိုတာ ရက်အင် ဒီးယန်းတွေပဲရှိနေခဲ့ တာ။ နောက်ပိုင်း ကျမှ အင်္ဂလိပ်တွေ အမေရိကတိုက်ကို သိမ်းပိုက်နိုင်ခဲ့တာပဲ။ ဘယ် သူတွေက အင်္ဂလိပ်တွေကို ကျူးကျော်သူတွေလို့ ပြောကြလဲ။ အခုလည်း ဒီအတိုင်းပေါ့။ ရခိုင်ပြည်ရဲ့ ဘူးသီးတောင်၊ မောင်တောနယ်မှာ အရင်က ရခိုင်တွေရှိနေခဲ့တယ် ဆိုပေမယ့် အခု ကျုပ်တို့ မူဆလင်တွေ ရှိနေပြီ။ ကဲ- အဲဒီတော့ အဲဒီမြို့နယ်တွေကို အခုဘယ်သူပိုင်သင့်ပြီလဲ။ ခင်ဗျားတို့တွေ စဉ်းစားတော့။ 
ရခိုင်ပညာတတ်အမျိုးသမီးတစ်ဦး။ ။အမေရိကန်အခြေအနေနဲ့ အခုရခိုင်ပြည်အခြေ အနေနဲ့ လုံးဝ မတူပါဘူး။ အမေရိကန်နိုင်ငံမှာ အဲဒီခေတ်အခါက ရှိနေခဲ့တဲ့ ရက်အင်ဒီးယန်း တွေဟာ ခိုင်မာတဲ့ ယဉ်ကျေး မှုတွေ မရှိခဲ့ပါဘူး။ ခိုင်မာတဲ့ ဘာသာတရားမရှိခဲ့ပါဘူး။ ခိုင်မာတဲ့ အုပ်ချုပ်မှုအဖွဲ့ အစည်းတစ်ခု မရှိခဲ့ပါဘူး။ လုံလောက်တဲ့အသိဥာဏ်ပညာဆိုတာ မရှိခဲ့ပါဘူး။ အဲဒီတော့ အင်္ဂလိပ်တွေ အမေရိကန်နိုင်ငံကို သိမ်းပိုက် လိုက်တာဟာ သူတို့ ရက်အင်ဒီးယန်းလူရိုင်းတွေကို လူယဉ်ကျေးဖြစ်အောင်လုပ်ပေးတဲ့အတွက် သူတို့တွေ ရဲ့ ကျေးဇူးရှင်တွေလို့တောင်ပြောလို့ရပါတယ်။ 
အခုရခိုင်ပြည်မှာက ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ အုပ်ချုပ်မှုတွေ၊ အုပ်ချုပ်သူတွေ ခိုင်ခိုင် မာမာရှိနေ တယ်။ ဘင်္ဂါလီမူဆလင်တွေဆိုတာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်မှ ရခိုင်ပြည်ထဲသို့ ခိုးဝင်လာ သူတွေဖြစ်ကြောင်း ကျွန်မတို့မှာ အထောက်အထား အပြည့်အစုံ ရှိပါတယ်။ သူတို့တွေကို ကြည့်လိုက် ရင်လည်း အလိမ်အညာတွေဗရပွနဲ့ ကမ္ဘာကို ပရိယာယ်ကြွယ်ကြွယ်နဲ့ ငိုပြကြတယ်။ ရက်စက်ကြမ်း တမ်း စွာ ဒေသခံတွေကို သတ်ဖြတ်ခဲ့ကြတာ ငြင်းမရနိုင်တဲ့အချက်ပါ။ အဲဒီလိုအန္တရာယ်တွေ၊ ခြိမ်းခြောက် မှုတွေ ကို ကြိမ်ဖန်များစွာ ပြုလာကြတဲ့အခါ ဒေသခံ ရခိုင်တွေကလည်း အသက်ဘေးစိုးရိမ်ကြတဲ့အတွက် ဘူးသီးတောင်၊ မောင်တောနယ်တွေ က ထွက်ပြေးကြတယ်။ 
အဲဒီလို သူတို့တွေကို ကြောက်ပြီးထွက်ပြေးသွားအောင် အကွက်ချပြီးလုပ်ကြတာကို။ အဲဒီတော့ ဘင်္ဂါလီတွေ ကို ဘူးသီးတောင်၊မောင်တောနယ်တွေကို ပေးဖို့ ဆိုတာ ကတော့ လုံးဝကို မဖြစ်နိုင်တဲ့ အိပ်မက် တစ်ခုလို ပါပဲ။ ကျွန်မပြောချင်တာ ဒါပါပဲ။ 
မျိုးရန်နိုင် ပို့ ပေးသည်။
12:34 PM | Posted in , | Read More »
ရခိုင်အရေးဆွေးနွေးရန်တိုက် တွန်းခြင်း
သမ္မတဦးသိန်းစိန်နှင့်အဖွဲ့  အမေရိကပြည်ထောင်စုသို့  ရောက်လာချိန် ရခိုင်အရေးဆွေးနွေးရန်တိုက် တွန်းခြင်း
 ပြီးတော့ဝန်ကြီးဦးအောင်မင်းကလဲဘဲ ဆုယူပွဲကို တက်ရောက်ခဲ့ သူမို့  အထူးကျေးဇူးတင်ရှိပါကြောင်း အသိအမှတ်ပြု တလေးတစားနဲ့  ပြောဆိုသွားတာ တွေ့ ရပါတယ် ။
တချိန်တည်းမှာဘဲ ၀န်ကြီးဦးအောင်မင်းက ၀ါရှင်တန်ဒီစီမှာရှိနေတဲ့  မြန်မာ့ကွန်မြူ နီတီတွေနဲ့  တရင်းတနှီး တွေ့ ဆုံခြင်းများပြုလုပ်ခဲ့ တော့ ဒီလို တွေ့ ဆုံခြင်းများဟာ နိုင်ငံတော်အတွက်ရေစီးကြောင်းတခုကို အတူတူ ဖြတ်သန်းကြခြင်းဖြစ် သွားစေပါတယ် ။
 တချိန်က မျှဉ်းပြိုင်များအဖြစ် သွားနေခဲ့ ကြရာက ဒေါ်အောင်ဆန်းစုကြည်ပြောသလို တဖက်စောင်း နင်းဖြစ်စေခြင်းများကို ပြုလုပ်စရာ အခြေအနေတွေကဆုတ်ယုတ်လာနေပြီမို့  ဒီအချိန်မှာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရမဲ့အချိန်ဖြစ်တယ်လို့  ထင်မှတ်ပါတယ် ။
ဒါကြောင့်မို့ လို့  သမ္မတကြီး ဦးသိန်းစိန်နဲ့ ဝန်ကြီးများက နယူးယောက်မြို့ ကို ရောက် လာချိန်မှာ တွေ့ ဆုံဖို့   အချိန်ဇယားများနဲ့  ပြုလုပ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )
4:37 PM | Posted in , | Read More »
Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ
စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။
ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ 
တကယ်လည်း မြန်မာပြည်အတွက် ထူးဆန်း တဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေ ရှာတာတော့ နိုင်ငံတကာ မှာ တော်တော်လေး ရေ ပန်းစားပါတယ်။ ဒီတော့ မြန် မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။
Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်ခုခုလုပ် လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာမှာ ကြော်ငြာထည့် လာတာမျိုး ဖြစ်ပါ တယ်။ ရေပန်း အစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ Application ကိုလူတိုင်း လုပ်နိုင်ပါတယ်။
သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။ သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီ အတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့် နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းတွေ မြန်မာပြည်မှာ မရှိ လို့ပဲ ဖြစ်ပါတယ်။ ယင်း နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းစနစ်တစ်ခု သာ မြန်မာပြည်မှာ ရှိလာပြီ ဆိုရင် အွန်လိုင်းမှာ ရုန်းကန်နေတဲ့ မြန်မာ့ အင်တာနက်ကွန်ရက်ပေါ်က စီးပွားရေးလုပ်ငန်း များ၊ ဆော့ဖ် ဝဲ၊ Developer သမားများ ဒီထက်မက လမ်းပွင့်သွားနိုင်ပါတယ်။
ဥပမာ- စာဖတ်သူတို့ Facebok မှာသုံးနေတဲ့ “ဘယ်သူ့ကိုပိုချစ်လဲ၊ သင့်ချစ်သူဟာ ဘယ်လိုလူစားလဲ” အစရှိသဖြင့် Application အများစု ဟာ ပြည်ပရောက် မြန်မာ Developer များက ဖန်တီး ထားခြင်း ဖြစ် ပါတယ်။ ဒီတော့ ပြည်ပရောက် မြန်မာ များအတွက်တော့ ငွေဒီနည်းနဲ့ ရှာနိုင်ပါတယ်။ မြန်မာပြည်နေ Facebook အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းနဲ့ လက်ရှိတော့ မရနိုင်သေးပါဘူး။ ကြားမှ တစ်ဆင့်ခံပေး မယ့် အေဂျင်ဆီတွေရှိတဲ့အတွက် ရတယ်ဆိုရင်တော့ တော်တော်လေး ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။
နောက်ထပ်ဝင်ငွေရှာနည်းကတော့ Fan Page ပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာ Fan Page မှာ ဘယ်လိုငွေရှာသလဲဆိုတာကို အရင်လေ့လာရ ပါအုံးမယ်။ စာဖတ်သူအချို့ မြင်ဖူးပါလိမ့်မယ်။ နိုင်ငံတကာ Fan Page တွေမှာ အော်ဒါမှာဝယ်ယူလို့ရတာမျိုးတွေ ဖြစ်ပါတယ်။ မစ်စတာ ဘင်း- Official Fan Page မှာဆိုရင် သူ့ ရဲ့ ရုပ်ရှင်ခွေတွေ မှာလို့ရပါတယ်။ ဟမ်ဘာဂါဆိုင် Page တစ်ခုဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်မှာယူနိုင် ပါတယ်။ သီချင်းအယ်လ်ဘမ်တွေလည်း သက်ဆိုင်ရာမှာ ဝယ်ရရနိုင်ပတယ်။ အစရှိသဖြင့် Application ကိုတွဲပြီး Fan Page ကို ကြားခံ ဈေးဆိုင်အဖြစ် အသုံးပြုပါတယ်။ ဒီတော့ ကိုယ့်မှာ စီးပွားရေး လုပ်ငန်း တစ်ခုခုရှိမှသာ ဒီလို လုပ်နိုင်တဲ့အပြင် အွန်လိုင်းအိတ်ချိန်းလည်း ရှိနေရပါအုံးမယ်။ မြန်မာပြည်နေ user များ အတွက် Facebook မှာငွေရှာဖို့ အတော်ခက်ခဲသွားပါပြီ။
ဒါဆို ဘယ်လိုလုပ်ရတော့မလဲ။ ကျောင်း ဆက်တက်ဖို့ ရန်ကုန်မှာ ရုန်းကန်နေသူများ ရှိပါတယ်။ မည်မည်ရရ ဘွဲ့ရှိမထားလို့ ကြုံရာ အလုပ်ဝင်လုပ်ပြီး ရန်ကုန်မှာ သောင်တင်နေသူများ ရှိပါတယ်။ ရန်ကုန်ရယ်လို့ မဟုတ်ပဲ မြို့ ကြီး၊ မြို့ ငယ်အသီးသီးမှာ ပညာတတ်ထားပေ မယ့် အံကိုက်မဖြစ်လို့ ဘဝရှုံးနေသူများ ရှိနေပါသေးတယ်။ ဦးနှောက်ယိုစီး မှုကိုသာ အပြစ်တင်ပြီး Facebook မှာ Like, Share, Comment လောက်နဲ့ပဲ ဘဝကို သာမန် အလုပ်လေး တစ်ခုနဲ့ အချိန်ကုန်ခံနေကြရပါတယ်။
ဘာမှမလုပ်တတ် မကိုင်တတ်လို့ Facebook မှာပဲ ခံစားချက်တွေ ထုတ်ဖော်နေသူများ ရှိပါတယ်။ Social Network မှာ သာမန်လူတွေထဲက လူလိုပဲ အချိန်ကုန်ခံဖို့ ဆုံးဖြတ်သူများလည် ရှိပါတယ်။ အခြားသူ များက အလုပ်ခိုင်ခိုင်မာမာ၊ စီးပွားရေး ခိုင်ခိုင်မာမာ၊ ငွေကြေး ခိုင်ခိုင်မာမာရှိလို့ Facebook ကို အပျင်းပြေ အသုံးပြုကြတာ။ ပျော်စရာ အဖြစ် အသုံးပြုကြ တာ။ ဒီတော့ စားဝတ်နေရေး အဆင်မပြေသော၊ အလုပ်ထပ်လုပ်ရန်လို အပ်နေသော စာဖတ်သူများအနေဖြင့် Facebook မှာ ငွေရှာရန် စိတ်ကူးကြည့်ဖူး ပါသလား။ တကယ် ငွေရှာလို့ ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ငွေတိုက်ရိုက်ဝင်တာမျိုးမဟုတ်ပေမယ့် Facebook မှာတင်မဟုတ်ပဲ ပြင်ပမှာပါ ငွေဝင်လာမယ့် နည်းလမ်း ဖြစ်ပါတယ်။
Page တစ်ခုပြုလုပ်ခြင်း
စာဖတ်သူ ဘာကိုစိတ်ဝင်စားသလဲ။ စာဖတ်သူက ဘယ်ပညာနဲ့ ကျောင်းပြီး ထားသလဲ။ အင်ဂျင်နေ ယာလား၊ ဆရာဝန်လား၊ ရိုးရိုး ဘွဲ့ရသူလား၊ ဂိမ်း စိတ်ဝင်စားသူလား၊ သတင်းတွေ စပ်စုတက်သူလား။ အစရှိသဖြင့် မိမိကိုယ်ကိုယ် သုံးသပ်ပြီး အမည်တစ်ခုခုနဲ့ Page လုပ်ရပါမယ်။ ဥပမာ- အင်္ဂလိပ်လို သတင်းတွေကို ဖတ်ပြီး မြန်မာလိုပြန်ရေးကျင့်ရင်း သဘောကျတာတို့၊ ကဗျာရေးရတာ သဘောကျတာ၊ ရုပ်ရှင်အကြောင်း သဘောကျတာတို့၊ ဆောင်းပါးရေးတာတို့ အစရှိသဖြင့် ဝါသနာ အမျိုးမျိုး ရှိကြပါမယ်။
၂။ Page တွင် မိမိတတ်သမျှ၊ သိသမျှ၊ စိတ်ဝင်စားသမျှ မျှဝေတင်ပြခြင်း
သတင်းတွေ ဖတ်ပြီး ဘာသာပြန်ထားတယ်ဆိုပါစို့။ ပုံလေးတွေပါ Download ဆွဲရင်း တွဲတွဲတင်သွား လိုက်မယ်ဆို တဖြည်းဖြည်းနဲ့ သတင်းတွေ ပြည့်လာ ပါမယ်။ ကဗျာဆိုရင် ကဗျာတွေ ရေးလာ လိုက်တာ တော်တော်လေး စုံလာပါမယ်။ ဟင်းချက်ဝါသနာပါသူဆိုရင် ဟင်းချက်နည်းအဆင့် ဆင့်တွေ ရေးရင်း ဟင်းအမယ်လေးတွေ မျှဝေရင်း Post တွေများလာပါ မယ်။ ဆောက်လုပ်ရေး အင်ဂျင်နေယာဆိုရင်လည်း အင်ဂျင်နေယာတို့ အတွက် အကျိုးရှိမယ့် စာတွေ၊ သတင်းတွေ၊ အဆောက် အအုံပုံတွေ၊ ဒီဇိုင်းတွေ မျှဝေမယ်။ Graphic ဒီဇိုင်နာသမားဆိုရင်လည်း မိမိရဲ့ ဖန်တီးချက်များကို Page မှာ မျှဝေရပါမယ်။
ရုပ်ရှင် နှစ်သက်သူကလည်း ရုပ်ရှင်ဆိုင်ရာ ဆောင်းပါးလေးတွေ၊ review လေးတွေကို မိမိသိသ လိုလေးရေးတင်ပါမယ်။ သို့ပေမယ့် အားလုံးကို အမှန်အတိုင်းပဲ တင်ပြဖို့လိုအပ်လာပါတယ်။ ဒီလိုရေးသား တင်ဆက်တယ် ဆိုတာ မီဒီယာအလုပ်တစ်ခုကို လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ ကိုယ်က မှန်မှန်ကန်ကန်နဲ့ မိမိစိတ်ထဲရှိတာ၊ ဝါသနာပါရာ၊ စပ်စုမိရာကို မျှဝေရာဖြစ်ပေမယ့် အများဖတ်ဖို့ ဖြစ်တဲ့အတွက် မှန်ကန်နေ ဖို့ တော့ လိုအပ်ပါတယ်။ ဒါမှသာ အများက သိလာပြီး စိတ်ဝင်တစား လာကြည့်ကြမှာ ဖြစ်ပါတယ်။
မိမိရဲ့ Personal အကောင့်မှာလဲ အရင်အတိုင်း Like, Share လုပ်နေရင်း၊ တစ်ဖက်ကလည်း မိမိရဲ့ Page ကို အမြဲစောင့်ကြည့် ပြီး Post လေးတွေ တင်ပေးရပါမယ်။ ဒီမှာ စာဖတ်သူက အခြား ပညာရေး လမ်းကြောင်းပေါ် မှာ လျှောက်နေသူဆိုရင် အချိန်ပေးမှုကို ကိုယ်တိုင် စီမံထားစေချင်ပါတယ်။ Page ကိုလည်း အမြဲ Active ဖြစ်အောင်လုပ်ရင်း၊ သာမန် လုပ်ငန်းဆောင် တာများလည်း မလစ်ဟင်းရပါဘူး။
ဒီလိုလုပ်လာတာ ၃ လလောက်ဆိုရင် တော်တော်လေး ထူးခြားလာပါပြီ။ ကိုယ့်မျှဝေသမျှသာ လာဖတ် သူများနဲ့ ထပ်တူကျရင် ၃လ တောင်မကြာပဲ ၁ လတည်းနဲ့တောင် လူသိများ ရပန်းစားလာနိုင်ပါတယ်။
ဒီမှာ စပြီးအကျိုးအမြတ်ရပါပြီ။ စာဖတ်သူက ကဗျာ Page လုပ်ထားတယ်ဆိုပါစို့။ တကယ်လည်း ခံစား ချက်အပြည့်နဲ့ရေးထားတဲ့ ကဗျာတွေဆိုတော့ တော်တော်ကို ပေါက်နေပြီ ဆိုပါစို့။ ကဗျာစာအုပ်တိုက်များ၊ စာနယ်ဇင်းတိုက်များကို သိအောင် လုပ်ပါ။ စာမျက်နှာကို Print ထုတ်၍ ပြခြင်းသော် လည်းကောင်း၊ စာနယ်ဇင်းများ အီးမေးလ်သို့ မိမိဖန်တီးထားသောPage ရဲ့  Link ကိုပေးပို့ခြင်းဖြင့်သော် လည်းကောင်း သိအောင်လုပ်ရပါမယ်။ မိတ်ဆက်ရပါ မယ်။ တောင်းဆိုရ ပါမယ်။ တောင်းဆိုရမယ်ဆိုတာက မိမိတတ်ထားတဲ့၊ ဖန်တီးထားတဲ ပညာရပ်အတွက် သက်ဆိုင်ရာနယ်ပယ်မှာ ဝင်ရောက် လိုကြောင်း တောင်းဆိုနိုင်ပါတယ်။ ဥပမာ- သတင်းတွေ ဘာသာပြန်ပြီး Page လုပ်ထားတယ်ဆိုပါဆို့။ သတင်းမီဒီယာ တစ်ခုခုနဲ့ ချိတ်မိအောင် ကြိုးစားပြီး မိမိဖန်တီချက်များကို သိအောင် ပြရပါမယ်။ ပြီးတော့ မီဒီယာလောကမှာ ဘယ်လိုရပ်တည်ဖို့အခွင့်အရေး ရှိတယ်ဆို တာ တောင်း ဆိုနိုင်ပါတယ်။ အင်ဂျင်နေယာ ဆိုင်ရည် နည်းပညာများ မျှဝေရင်း၊ ရေးသား ထားတယ်ဆိုပါစို့ အင်ဂျင်နေယာဆိုင်ရာ သတင်းအချက်အလက်များ ပေးဖို့ ကြိုးစားနေတဲ့ မီဒီယာများကို ချိတ်ဆက်ပြီး မိမိဖန်တီးချက် များကို ပြရပါ မယ်။ ပြီတော့ မိမိအတွက် နေရာတစ်ခုခု ရရှိနိုင်ပါတယ်။
သို့ပေမယ့် စာဖတ်သူရဲ့ ဖန်တီးချက်ဟာလည်း ကောင်းမွန်နေ ဖို့လိုအပ်ပါ တယ်။ အများအမြင်မှာ အထင်ကြီးနေစေဖို့ လိုအပ်လာပါတယ်။ ယခုနောက်ပိုင်း မီဒီယာလုပ်ငန်းစုများ၊ စီးပွားရေး လုပ်ငန်းရှင် များဟာ Facebook ကိုတော်တော် အလေးထားလာပါပြီ။ Facebook ကိုအခြေခံပြီး အောင်မြင်နေတဲ့ သူတွေ၊ fan page တွေကို စောင့်ကြည့်နေ ပါတယ်။ မအောင်မြင်သေးတဲ့ မိမိစီးပွားရေးလုပ်ငန်း၊ မီဒီယာများ ကို အောင်မြင်လာအောင် ဖန်တီးပေးမယ် သူ လိုအပ်နေပါ တယ်။ အောင်မြင်ပြီး သားများ ကလည်း အင်အားပိုမိုတောင့်တင်းလာအောင် တကယ် အရည်အချင်းရှိတဲ့ Facebook ပေါ် က မြန်မာပြည်သားများကို ရှာဖွေနေကြပါတယ်။ Facebook ဟာ တကယ်ပဲ အားကိုးရတဲ့ Advertising နည်းလမ်းတစ်ခုပဲ ဆိုတာ သိလာကြပါပြီ။ ပရိုမိုးရှင်းတွေကို Facebook မှာပြုလုပ်နေကြပါပြီ။
အွန်လိုင်းမှာ စာဖတ်ပရိတ်သတ်အခိုင်အမာရ သွားတဲ့ ဆောင်းပါးရှင် တစ်ယောက်ဆိုရင် စာအုပ်ထုပ်ရတဲ့ အထိ အောင်မြင်သွားပါပြီ။ အခြား Professinal လုပ်ငန်း ရှိနေသည့်တိုင် Facebook ကြောင့် တစ်ဖက်ကလည်း ဝင်ငွေရပြီး၊ အောင်မြင်ပါတော့မယ်။ သတင်းတွေ၊ ဆောင်းပါးတွေ ကိုယ်တိုင်ဖန်တီးသူ ကလည်း မီဒီယာလုပ်ငန်းတော်တော်များများမှာ ဝင်ရောက်လုပ်ကိုင်နေရပါပြီ။ အပျော်တမ်း ရေးသား ရကနေ မီဒီယာကျင့် ဝတ်နဲ့ ညီညီ ရေးသားတင်ဆက်ပေး သူများ ဖြစ်လာကြပါတယ်။ အချို့ ကျ Facebook မှာအောင်မြင်ပြီး ဝဘ်ဆိုဒ်တွေ ပိုင်ဆိုင်ရရှိလာပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ဖို့ လမ်းစတွေ ပေါ်ပေါက်လာပါတယ်။ အချို့ ကျတော့ မိမိဖန်တီးထားတဲ့ ဒီဇိုင်းတွေကြောင့် ဒီဇိုင်းကုမ္မဏီ များက ဖိတ်ခေါ်ပြီး အလုပ်ဆိုတာ ရှာစရာမလိုပဲ အလုပ်က လာရှာတာမျိုး အထိ ဖြစ်လာပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှာ မိမိ ဖန်တီချက်များကို အလွယ်တကူ ချပြလို့ရတဲ့ Facebook မှ မှတ်ကျောက်တင်ထားခြင်းဖြင့် ကြိမ်းသေ အသုံးဝင်ပါတယ်။ မိမိက အလုပ်တစ်ခုခုကို လျှောက်ရင် မိမိဖန်တီးထားမှု များကို ဘွဲ့လက်မှတ်နဲ့ ပြလို့ မလုံလောက်တော့ပါဘူး။ ဒီတော့ မိမိဖန်တီးထား တာတွေ ကို ပြရတောမှာ ဖြစ်ပါတယ်။ ဒီမှာ Facebook က တော်တော်လေး အသုံးဝင်ပါတယ်။ သို့တည်း မဟုတ် အခြားအလုပ်များ လုပ်နေရင်း ကိုယ်ဝါသနာပါရာကို Facebook မှာရေးနေရင်း အခြား အလွတ်တန်း အလုပ်တစ်ခုခုလည်း အလွယ်တကူ ရနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အခြား အကျိုး ထူးမြောက် များစွာလည်း ရှိနေပါသေးတယ်။ သို့ပေမယ့် ကောင်းကျိုးရသွားတဲ့ အရေအတွက်ဟာ အင်မတန် နည်းနေပါသေးတယ်။
Facebook page ကို မိမိရဲ့ ပညာရပ် အထောက်အပံ့ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ အလုပ်အတော် များများက အတွေ့အကြုံရှိသူများကို ပိုမိုနှစ်သက်ကြပါတယ်။ ဘာမှအတွေ့ အကြုံမရှိသူများအနေနဲ့ မိမိတို့ ဘယ်လောက်ထိ တတ်တယ်ဆိုတာကို Page မှာတင်ပြထားခြင်းဖြင့် သက်သေပြနိုင်ပါတယ်။ ဘွဲ့လက်မှတ်မှာတင်မဟုတ်ပဲ မိမိဟာ တကယ်ပဲ တတ်မြောက်ပြီး ဒီလိုအကျိုးရှိရာတွေ ကို ပြန်လည်မျှဝေပေးနေပါတယ် ဆိုတာကို တင်ပြနိုင်ရင် အလုပ်ရှာရခက်တဲ့ အဖြစ်ဖို့မျိုးက အနည်းနဲ့ အများတော့ ကင်းဝေးမှာ ဖြစ်ပါတယ်။ မိမိက ဆော့ဖ်ဝဲနည်း ပညာရှင် တစ်ယောက် ဖြစ်တယ်ဆိုတာကို စာရွက်နဲ့တင်မဟုတ်ပဲ မိမိတင်ဆက်ပြ သထားတာတွေနဲ့ သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ Facebook ရယ်လို့မှ မဟုတ်ပဲ Blogspot လုပ်ပြီးလည်း ထိုနည်းတူစွာ တင်ပြနိုင်မှာ ဖြစ်ပါတယ်။
ဒီအတွက် စာဖတ်သူတို့ ဘယ်လောက်အချိန်ပေးသင့်သလဲ။ ရည်ရွယ်ချက်ကို Facebook မှာ ရေရေ ရာရာမရှိ ဟိုဟိုဒီဒီ ကြည့်ရှုနေရသူများ အတွက် ဖြစ်ပါ တယ်။ ဒီလို မိမိခံစားချက်တွေ၊ ဖန်တီးချက်တွေကို ဖန်တီးဖို့အတွက် ထူးထူးခြားခြား အချိန်ပေးစရာ မလိုပါဘူး။ တစ်ရက်မှာ မိမိအားတဲ့ တစ်နာရီသော် လည်းကောင်း၊ နှစ်နာရီသော်လည်းကောင်း အချိန်အခိုက် အတန့်အတွင်း ရေးသားတင်ပြရင်း ဆက်သွားနိုင်ပါတယ်။ ဒီတာ့ Facebook နဲ့ ဘယ်လိုငွေရှာမလဲ၊ ခေါင်းစဉ် Facebook ပေါ်မှာ ဘယ်လို အလုပ်ရှာမလဲ လို့တောင် ဖြစ်သင့်ပါသေးတယ်။ စာဖတ်သူတို့ သံသယဖြစ်နေပြီလို့ ယူဆပါတယ်။ ဒီလိုလုပ်လို့ တကယ်ဖြစ်နိုင်ပါ့မလားလို့ သံသယတွေ ဝင်နေလောက်ပါပြီ။
ယခုစာရေးသူဟာလည်း Facebook မှာ မိမိဝါသနာ ပါရာ သတင်း၊ ဆောင်း ပါးများအား ဘာသာပြန် တင်ပြရင်း အခြား လုပ်ငန်းဆောင်တာ များမပျက် ယွင်းပဲ ရန်ကုန်တွင် နေထိုင်စားသောက်ရန် လုံလောက်သော ဝင်ငွေတစ်ခု ရရှိနေပြီ ဖြစ်ပါတယ်။ အပျော်တမ်းရေးရာကနေ မီဒီယာ လုပ်ငန်းကြီး များရဲ့  လက်တွဲခေါ်ဆိုမှုကြောင့် အခြေအနေကောင်း တစ်ခုရရှိနေပါပြီ။ မီဒီယာ လုပ်ငန်းတော်တော် များများမှာလည်း ဝင်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းမှု များ ရရှိခဲ့ဖူးပြီး လက်တွဲလည်း လုပ်ကိုင်ခဲ့ပါတယ်။ စာရေးသူပိုင် ဆိုင်သော Page တစ်ခုမှာ တင်ဆက်ပြသ ချက် ကောင်း မွန်မှုကြောင့် ကုမ္မဏီတစ်ခုက ဝဘ်ဆိုဒ်တစ်ခု ထောက်ပံ့ပြီး လက်တွဲလုပ်ကိုင်ရန် ကမ်းလှမ်းချက်များ ရရှိခဲ့ပါတယ်။ ကိုယ်ပိုင် အွန်လိုင်း မီဒီယာ လုပ်ငန်းတစ်ခု ဖန်တီးလို့ရတဲ့ အနေအထား ထိတောင် ဖြစ် သွားပါတယ်။ ၆ လကျော်အတွင်း ထူးခြားလာ မှုများက တစ်နှစ်ပြည့်နီးနီးမှာ ပို၍ အောင်မြင်သွားပါတယ်။ စာရေးသူက မီဒီယာကျောင်း ဆင်းလည်း မဟုတ်ရပါ။ စာနယ်ဇင်းကလည်း မဟုတ်ရပါ။ တစ်ဖက်ကလည်း ဘာသာရပ်တစ်ခု အထူးပြု ကာ ကျောင်းပြီး ထားပြီး လုပ်ငန်းခွင်ဝင်ရန် သင်ယူလေ့လာနေဆဲသာ ဖြစ်ပါတယ်။ ကိုယ်ရည်သွေးခြင်း မဟုတ်ရပါ။ စာဖတ်သူ တို့ ဖြစ်ကောဖြစ်နိုင်ပါ့မလား ဟူသော သံသယ ကင်းဝေး စေရန် ဖြစ်ပါတယ်။
စာရေးသူထက် အဆပေါင်းများစွာ အကျိုးထူး ချွန်ပြီး အောင်မြင် နေသော မြန်မာပြည် မှ Facebook user များလည်း အမြောက်အများရှိပါတယ်။ မီဒီယာ လုပ်ငန်းကိုသာ မဆိုလို။ အခြား မိမိကျွမ်းကျင်ရာ နယ်ပယ်အလျောက် တင်ပြချက်ကို အခြေခံပြီး ပြင်ပလော ကမှာ ကောင်းကောင်းကြီး ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။
ယခုစာက Facebook ကိုအပျော်တန်း၊ အပျင်းပြေသုံးနေသော အခြား Profesional များအတွက် မဟုတ် ရပါ။ တကယ်ပဲ အလုပ်ရှာရခက်ပြီး၊ အွန်လိုင်းမှာ မရေမရာ ဖြစ်နေသူများအတွက် ရည်ရွယ်ခြင်း ဖြစ် ပါတယ်။ ပညာအရည်အချင်း ရှိသောလည်း ရွံ့ နွံတွင်းမှ ပတ္တပြားကဲ့ သို့ မြှုပ်နေ သူများ အတွက် ဖြစ်ပါ တယ်။ တတ်စွမ်း သလောက်ကြိုး စားသော်လည်း အရာမရောက်သေးသူများ အတွက် လည်း ဖြစ်ပါ တယ်။ တကယ်ပဲ Facebook ကိုအကျိုးရှိရှိ အသုံးချ လို့ ကျောင်းကျိုးပေါင်း များစွာ ဖြစ် ထွန်းလာဖို့ ဆန္ဒပြု ရေးသားလိုက်ရပါ တယ်။
လေးစားစွာဖြင့်
အောင်ခမ်း (TSJ team)
http://techspacejournal.blogspot.com/2012/09/facebook_12.html
6:44 PM | Posted in , | Read More »
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန် သို့ သမိုင်းဝင်ခရီး သွားရောက်မည်
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန် သို့ သမိုင်းဝင်ခရီး သွားရောက်မည်
နိုင်ငံတော် သမ္မတ ဦးသိန်စိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ အမေရိ ကန် ပြည်ထောင်စုသို့ သမိုင်းဝင် ခရီး သွားရောက် မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထံမှ စုံစမ်း သိရသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ မှာ နယူးယောက်မြို့မှာကျင်းပမယ့် ကုလ သမဂ္ဂ ညီလာခံအမီ သွား ရောက်ပါမယ်။ သုံးရက်လောက် ကြာပါမယ်။ အသေးစိတ် ထုတ်ပြန် ပေး ဖို့လည်း ရှိပါတယ်”ဟု နိုင်ငံ တော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။
အမေရိကန် ပြည်ထောင်စု ဘက်မှ ဒုလက်ထောက်နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ယွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ် တို့က သမ္မတကြီး၏ အမေရိကန် ခရီးစဉ်အတွက် လိုအပ်သောကိစ္စ ရပ်များကို မြန်မာနိုင်ငံခြားရေးဝန် ကြီးဌာနနှင့် တိုင်ပင်လျက် ရှိကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ စုံစမ်းသိ ရသည်။
“သမ္မတကိုလည်း သံတမန် တွေ သွားလို့မရတာကို သွားလို့ ရအောင် အမေရိကန်ပြည်ထောင်စု က ဖွင့်ပေးခဲ့တယ်။ သမ္မတကြီးအနေနဲ့ လည်းမြန်မာပြည်အကြောင်း ကို နိုင်ငံတကာကိုရှင်းပြခွင့်ရမယ်။ သူ့အစိုးရ အဖွဲ့ရဲ့ လုပ်ဆောင်ချက် ကိုလည်း ရှင်းပြခွင့်ရမယ်။ သူ့ဂုဏ် သိက္ခာတွေ လည်း မြင့် လာမယ်။ ကောင်းတဲ့ရလဒ်တွေ ဖြစ်လာလိမ့် မယ်လို့မျှော်လင့်ပါတယ်”ဟုမြန်မာ့ နိုင်ငံရေးလေ့လာသူ ဦးလှမောင်ရွှေ က ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ် အောင် ဆန်းစုကြည်သည်လည်း အမေရိကန် ပြည်ထောင်စု၊ ကွန်က ရက်လွှတ်တော်၏ အမြင့်မားဆုံး ဆု ဖြစ်သော Congressional Golden Award ကို သွားရောက်လက်ခံယူ မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်ထံမှ စုံစမ်းသိရသည်။
“စက်တင်ဘာလ ၁၆ ရက်နေ့ မြန်မာပြည်က ထွက်မယ်။ အောက် တိုဘာလ ၅ ရက်နေ့ မြန်မာနိုင်ငံ ကို ပြန်ရောက်မယ်။ ဒီထက်ပိုပြီးတော့ အသေးစိတ်ကတော့ မပြော နိုင်သေးဘူး”ဟုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။
သမ္မတဦးသိန်းစိန်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့မှာ အမေရိ ကန်ပြည်ထောင်စုသို့ သွားရောက် ချိန် တိုက်ဆိုင်နေသောကြောင့် အမေရိကန်ပြည်ထောင်စု၌ ဆုံတွေ့ နိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး အကဲ ခတ်များက ပြောသည်။
ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် များကြောင့် အမေရိကန်ပြည်ထောင် စု၌ကျင်းပမည့် ကုလသမဂ္ဂ အထွေ ထွေညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရသော သမ္မတ ဦးသိန်းစိန်အတွက် အမေရိကန် အစိုးရကပြည်ဝင်ခွင့်ဗီဇာကန့်သတ် ချက်အချို့ လျှော့ချပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးမှ သိရသည်။
“သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းအား ဖြင့် ကျွန်တော်တို့ အနေနဲ့ ပြုပြင်ပြောင်း လဲရေးကို ထပ်မံဖိအားပေး နိုင်ဖို့ ယုံကြည်မှုတည်ဆောက်နိုင် တယ်။ ပြီးတော့ ဒီမိုကရေစီနဲ့ အမေ ရိကန်မူဝါဒတွေအပေါ် ကောင်း ကောင်းနားလည်နိုင်မယ့် အရေးပါ တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖိတ် ခေါ်ပါတယ်”ဟု အိမ်ဖြူတော် ပြော ရေးဆိုခွင့်ရှိသူ Caitlin Hayden က ထုတ်ဖော်ပြောဆိုခဲ့သည်။
နိုင်ငံတကာမှ ဒီမိုကရေစီခေါင်း ဆောင်ဟု သတ်မှတ်သော ဒေါ် အောင်ဆန်းစုကြည်သည် သူမ၏ အမေရိကန်ခရီးစဉ်အတွင်း ဝါရှင် တန်အခြေစိုက် NED ဖောင်ဒေးရှင်း က ဒီမိုကရေစီဆုရရှိသည့် ကိုမင်းကို နိုင်၊ ဦးခွန်ထွန်းဦး၊ ဦးကျော်သူ(ရုပ်ရှင်သရုပ်ဆောင်)၊ ဒေါက်တာ စင်သီယာမောင်၊ ဦးအောင် ခန့် စသည့် နိုင်ငံရေး၊ လူမှုရေးခေါင်း ဆောင် မြန်မာနိုင်ငံသား ငါးဦးကို ပေးအပ်မည့် ဆုပေးပွဲကို တက် ရောက် မိန့်ခွန်းပြောကြားမည်ဟု အင်တာနက်သတင်းများအရ သိရ သည်။
“ဒေါ်အောင်ဆန်းစုကြည် ဒီမို ကရေစီနိုင်ငံ အမေရိကန်ပြည် ထောင်စုကိုသွားတာဟာပြည်တွင်း က အတိုက်အခံခေါင်းဆောင်ဟာ လွတ်လွတ်လပ်လပ်သွားလို့ ရတာ ကို ပြတာ။
တိုင်းပြည်ရဲ့ ပေါ်လစီ ဘယ်လောက်ပြောင်းသွားတယ်ဆို တာ ပေါ်လွင်တယ်။ သူမကိုယ်တိုင်လည်း လွှတ်တော်ထဲမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နေတယ်။ အမေရိကန်မှာရှိနေတဲ့ မြန်မာတွေနဲ့ အမေရိကန် ဆီနိတ်တာတွေကို လည်းSanction ကိစ္စနဲ့ပတ်သက် ပြီး ရှင်းပြနိုင်လိမ့်မယ်လို့မြင်တယ်” ဟု ဦးလှမောင်ရွှေက သုံးသပ်ပြော ကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်အခြေစိုက်မြန်မာ့အရေး လှုပ်ရှားသူ မြန်မာမိသားစုဝင်များ က တွေ့ဆုံနိုင်ရန် ပြင်ဆင်လျက်ရှိ ကြောင်းလည်းအင်တာနက်သတင်း များအရသိရသည်။
Venus News
6:09 PM | Posted in , | Read More »
ကျောင်းမီးရှို့ခံရတဲ့ မောရ၀တီ ဆရာတော် စုံစမ်းရေး ကော်မရှင်ကို ဘာတွေ ပြောလိုက်သလဲ
၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၁၀ ရက်နေ့မှာ ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေ ဟာ မောင်တောမြို့နယ်တောင်ပိုင်းမှာ တည်ရှိတဲ့ တစ်ရွာလုံး မီးရှို့ခံလိုက်ရတဲ့ မောင်တောမြို့နယ် အလယ်သံကျော် အပိုင် မောရ၀တီ ကျေးရွာကို ရောက်ရှိခဲ့ပါတယ်။
စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေဟာ မောရ၀တီ ဗဟိုသာသနာပြု ဆရာ တော် အသျှင်ဝိဇယ ကို တွေ့ဆုံခဲ့ပြီး မေးမြန်း စုံစမ်း တာတွေ ပြု လုပ်ခဲ့ပါတယ်။ ဆရာတော်ကို ဆက် သွယ်ပြီး ဘာတွေ ကို ဖြေကြား ပြောဆိုခဲ့ ပါသလဲ လို့ မောင်ရမ္မာက ဆက်သွယ် မေးမြန်းတဲ့ အခါ နိရဉ္စရာ သတင်းဌာန ကို အောက်ပါ အတိုင်းပြန် လည် ဖြေကြားပေးခဲ့ပါတယ်။
မေး။ ။ ဦးဇင်းနဲ့ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့နဲ့ ဘယ်နေ့ ဘယ်အချိန်မှာတွေ့ပါလဲဘုရား။
ဖြေ။ ။ စက်တင်္ဘာလ ၁၀ ရက်နေ့ ၈ နာရီ မထိုးခင်က သူတို့ ကျောင်းကို ရောက်ပါတယ်။ ပထမ ကျောင်းကို လာလို့ ဦးဇင်းနဲ့ လာတွေ့ပါတယ်။ ဦးဇင်းနဲ့ အင်တာဗျူးလုပ်ပါတယ်။
ပြီးမှ ဦးဇင်းနဲ့ အတူ ဒုက္ခသည်စခန်းကို သွားပါတယ်။ ဒုက္ခသည်စခန်းမှာ လဲ ကျေးရွာသူ ကျေးရွာ သားတွေကို မေးမြန်းပြီးတော့ အင်တာဗျူးလုပ်သွားပါတယ်။
မေး။ ဦးဇင်းနဲ့ လာတွေ့တဲ့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှာ ဘယ်သူတွေ ပါပါသလဲဘုရား။
ဖြေ။ ဒေါက်တာမျိုးညွန့်တို့ တခြား ပုဂ္ဂိုလ်တွေ အကုန်လုံး ပါဝင်ပါတယ်။ ဦးဇင်းက ဦးအေး သာအောင်၊ ဒေါက်တာ အေးမောင် တို့လောက်ဘဲ သိတာပါ။ ဘာသာပေါင်းစုံ၊ အဖွဲ့စည်းပေါင်းစုံ က ကော်မရှင် အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
မေး။ ။ အရှင်ဘုရားနဲ့ ရွာသားတွေကို သူတို့က ဘာတွေကို မေးမြန်းသွားခဲ့ပါသလဲ အရှင်ဘုရား။
ဖြေ။ ။ မေးမြန်း သွားတာကတော့ ရွာသားတွေကိုပါ။ အခြေအနေ စုံစမ်းပြီးတော့ ဒီမှာ ဖြစ်သွား တဲ့ ဖြစ်စဉ်တွေကို ဘယ် လိုပုံစံ ဖြစ်သွားသလဲဆိုတာကို မေးမြန်းသွားပါတယ်။ ဒီမှာ ၆လပိုင်း ၈ ရက်နေ့ က မီးတိုက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ဘက်ကလွန်တယ်၊ ဘယ်သူ့ဘက်က များတယ် ဆိုတာကို ချိန်ဆပြီးတော့ မေးမြန်းသွားပါတယ်။ ဒီက လူတွေကတော့ ဘယ်လိုဖြစ်တယ်ဆိုတဲ့ အကြောင်းစုံကို အသေးစိတ် ရှင်းပြ လိုက်ကြပါတယ်။
မေး။ ။ အသေးစိတ် ရှင်းပြလိုက်ပုံနဲ့ ပတ်သက်ပြီး နည်းနည်း မိန်းကြားပေးပါလားဘုရား။
ဖြေ။ ။ ဒီမှာ ဇွန်လ ၈ ရက်နေ့က ဘယ်က စတင်ပြီးတော့ ဘယ်လို သတင်းတွေ ရရှိလဲ၊ သတင်းမရဘဲ ဘယ်လို စဖြစ်တာလဲလို့ မေးပါတယ်။ မေးတဲ့အခါမှာ ရွာသားတွေက တနာရီလောက်က ဘင်္ဂလီလူ အုပ်စုက မောင်တောမြို့မှာ ဆန္ဒပြ တယ်ဆိုတဲ့ သတင်းကိုကြားသိရတယ်။
နောက်ပိုင်းမှာ ကျွန်တော်တို့ ရွာသူ ရွာသားတွေ ဒီသတင်းလောက်ဘဲ ကြားသိရပြီးတော့နေကြတယ်။
ရွာမှာအစည်းအဝေးတခု လုပ်ပြီးတော့ ကျွန်တော်တို့ သတိထားပြီး နေကြရ မယ် ဆိုပြီး နေကြတဲ့အခါမှာ ညနေ ၃ နာရီခန့်မှာ သရီကုန်ဘောင်ရွာကို မီးတိုက်တာကို ရွာသူရွာသားတွေ မြင်ပါ တယ်။ မြင်သော် လည်းဘဲ ရွာသူရွာသားတွေက မီးတိုက်တာ ဟုတ်မှဟုတ်ရဲ့လား၊ ကောက်ရိုးပုံကို မီးလောင်တာလား ဆိုပြီး တွေဝေနေကြတဲ့ အချိန် ည ၆ နာရီလောက်မှာ ကိုင်းကြီးရွာကို ဆက်တိုက်ပါတယ်။ ရွာက လူတွေ ကတော့ ကိုင်းကြီးရွာကို မီးတိုက်တာလား၊ ကောက်ရိုးပုံကို မီးတိုက်တာလား အဲဒီလိုဘဲ နေကြတဲ့အချိန် ညနေ ၇ နာရီလောက်မှာ ကုလားရွာအနီးက ရခိုင်အိမ် တစ်အိမ်ကို မီးစ တိုက်ပါတယ်။
နောက်ပြီး ချိန်ခါလီ အုန်းတောကျေးရွာက ရခိုင် အိမ်တအိမ်ကို ၇နာရီခွဲလောက်မှာ မီးတိုက်ပါတယ်။ အဲဒီအခါမှာ ငါတို့ ရွာကို မီးတိုက် လာပြီဆိုပြီး သိကြတယ်။ ညနေ ၉ နာရီလောက်မှာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတလျှောက် မီးတိုက်ခံရတာကို အသေးစိတ် ရှင်းပြကြပါတယ်။
ဒီလို ရှင်းပြတဲ့အခါ ဘင်္ဂလီ မူဆလင်ကုလားတွေ ဘယ် လောက် ရှိလဲလို့ ထပ်မေးပါတယ်။ ရွာသူရွာ သားတွေက လူဦးရေ ၅၀၀၀ ခန့်ရှိတယ်လို့ ဖြေကြပါတယ်။ ဒီလို ညဥ့်ကာလမှ လူဦးရေ ၅၀၀၀ လောက် လို့ ဘယ်လို သိနိုင်သလဲလို့ ထပ်မေးပါတယ်။
ရွာသားတွေက ဒီ ၅၀၀၀ ခန့်မှာ ဓါတ်မီး (လက်နှိပ်ဓါတ်မီး) ကိုယ်စီ ပါလာကြတဲ့ အတွက်ကြောင့် အဲဒီ ဓါတ်မီးကို ကြည့်ခြင်းအားဖြင့် သိနိုင်သလို ဓါတ်မီးမပါဘဲ နောက်ကွယ်မှာ ဘယ်လောက် ရှိနိုင် မလဲ ဆိုတာကို မသိနိုင်ပါ။
အဲဒီ ဘင်္ဂလီ လူအုပ်စုကြီးဟာ လိုအပ်တဲ့ ပစ္စည်းတွေကို အကုန် ယူပြီးတော့ အိမ်တွေကို လောင်စာဆီ ပက်ဖျန်းပြီး တတန်းပြီး တတန်း မီးတိုက်သွားတယ်ဆိုတာကို ရှင်းပြ ကြပါတယ်။
မေး။ နောက်ထပ် ဘာများ မေးမြန်းသွားပါသေးလဲ ဘုရား။
ဖြေ။ နောက်ပြီး ဒီဒေသမှာ ရေရှည်နေထိုင်ဖို့ ဆန္ဒရှိသလား။ ရှေ့ကိုဆက်ပြီး နေနိုင် လိုသေး သလား လို့ မေးပါတယ်။ ရွာသူရွာသားတွေက နိုင်ငံတော် အစိုးရအပေါ်မှာ မူတည် တယ်။ နိုင်ငံတော် အစိုးရက ဘယ်လောက်ထိ လုံခြုံရေး ပေးနိုင်မလဲ။
ဘယ်အတိုင်းအတာထိ ချထားနိုင်မလဲ။ ဘာဖြစ်လို့လဲဆိုတော့ အယင်တုန်းကလဲ ၁၉၉၄ ခု နှစ် မေလ ၁ ရက်နေ့မှာလဲ အိမ်ခြေ ၁၄ ဆောင်၊ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးရှို့တာကို ခံခဲ့ရတယ်။ လူတယောက် သေဆုံးပြီးတော့ တယောက် ဒဏ်ရာ ရရှိခဲ့တယ်။
ဒါတွေကိုတော့ မြန်မာနိုင်ငံက လူတွေ မသိရှိကြပါဘူး။ အဲဒီအချိန်ကလည်း လုံခြုံရေးပေးမယ် ဆိုပြီး အစိုးရ တာဝန်ရှိသူတွေက အာမခံ ပြောခဲ့ပါတယ်။ အခုအချိန်မှာလည်းဘဲ လုံခြုံရေးပေးမယ်။
စိတ်ချပါဆိုပြီး နိုင်ငံတော် အစိုးရက ကတိပေးထားပါတယ်။ သို့သော်လည်း နိုင်ငံတော် အစိုးရက ဘယ်အတိုင်းအတာထိ လုံခြုံရေး ပေးနိုင် မလဲ။ တကယ်လက်တွေ့မှာ မြန်မာ တိုင်းရင်းသားတွေကို ကာကွယ်ပေးသလား ဆိုတာကို ကျေးရွာသူ ကျေးရွာသားတွေက စောင့်ကြည့်နေကြပါတယ်။ လုံခြုံရေး ရှိရင် နေထိုင်သွားဖို့ကတော့ ဖြစ်နိုင်ပါတယ်လို့ ပြောကြပါတယ်။
မေး။ ။အရှင်ဘုရားကိုကော တစ်ဦးချင်း တွေ့ဆုံတဲ့ခါ ဘာတွေများ မေးမြန်းလျှောက်ထားတာ ရှိပါလဲ ဘုရား။
ဖြေ။ ။ ဒီနေရာမှာ ခုလို ဖြစ်မယ်ဆိုတဲ့ ကိစ္စကို ကြိုတင်ပြီး သိလား၊ ဖြစ်ပြီးမှ သိသလားလို့ ဦးဇင်းကို ကိုယ်တိုင် သူတို့ မေးပါတယ်။ ဦးဇင်းက ကြိုတင်ဖြစ်ဖို့ဆိုတာကို ဦးဇင်းတို့ သိထားပါတယ်။
သို့သော် ဘယ်နေ့ ဘယ်ရက် ဖြစ်လာမလဲ ဆိုတာကိုတော့ နှစ်အကန့်အသတ်နှင့် ရက်အကန့် အသတ် နဲ့ မသိပါဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ဦးဇင်းတို့ ၁၉၄၂ ခုနှစ် မေလ ၁၃ ရက်နေ့ မှာ ဖြစ် သွားခဲ့တဲ့ တကြိမ်၊ နောက် ၁၉၈၈ မှာ တကြိမ်၊ ၁၉၉၄ ခုနှစ်ကတကြိမ် စသည်အားဖြင့် အဲဒါတွေ ကို အခြေခံပြီး ကြည့်လိုက်တဲ့အခါမှာ အခုလဲ ဒီအတိုင်း ဖြစ်လာမယ် ဆိုတာကို ဦးဇင်းတို့ သိထားတယ် လို့ ဖြေကြား လိုက်ပါတယ်။
နောက်ထပ်မံပြီးတော့ ဖြစ်နိုင်တဲ့ အလားအလာ ရှိသလား စသဖြင့်တော့ မေးပါတယ်။ နိုင်ငံတော် အစိုးရက လုံခြုံရေးချပေးမယ်လို့ တော့ ပြောပါတယ်။ ဦးဇင်းက ပြည်သူ့စစ်တွေကိုလည်း အခါ အားလျော်စွာ ချပေးတာရှိတယ်။ သို့သော် ဤနေရာ ဤဒေသမှာ ပြည်သူ့စစ်တွေ ဘယ်လောက် ဘဲ ချထားစေကာမူ လက်နက် အပ်နှံမှု မရှိခဲ့ရင် ဘာမှ လုံခြုံရေးကို ယူလို့မရဘူး။
ပြည်သူတွေမှာလည်း လုံခြုံမူ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မောရ၀တီ ကျေးရွာသည် အနီးကပ်ဆုံး ဘင်္ဂလီကျေးရွာတွေက ၀ိုင်းရံပြီးနေရသော ကျေးရွာ ဖြစ်တဲ့အတွက်ကြောင့် ၅ မိနစ် ၁၀ မိနစ် အတွင်းမှာ ဘင်္ဂလီ မွတ်ဆလင်တွေက ပြာကျအောင် လုပ်နိုင်တဲ့ အတွက် ဖြစ်ပါတယ်။
အဲဒီ အတွက်ကြောင့် ပြည်သူ့စစ် ဖွဲ့ထားရုံမျှနဲ့ မဖြစ်နိုင်ပါဘူး။ ဒီမှာ ပြဿနာ ဖြစ်တာနဲ့ အထက် လူကြီးတွေက အစည်းအဝေး ထိုင်ဖို့တမျိုး၊ အောက်က ငယ်သားတွေက အထက်က လူကြီးတွေရဲ့ အမိန့်အာဏာ စောင့်ဆိုင်း ရတာက တမျိုးနဲ့၊ အဲဒီ စောင့်ဆိုင်း နေချိန် အတွင်းမှာဘဲ ဒီကျေးရွာတွေဟာ ၅ မိနစ် ၁၀ မိနစ်နဲ့ ပြာကျသွားရပြီ။
ဒါကြောင့် သူတို့မှာ (ဘင်္ဂလီ) ခုလို ပြုလုပ်မယ့် စီမံကိန်းတွေကို ရေးဆွဲပြီးသား ဖြစ်နေတဲ့ အတွက်ကြောင့် နောင် လာလတ္တံ့သော ကာလမျိုးမှာလည်း ခုလို မီးရှို့မူတွေ၊ လူသတ်တာတွေ ဆက် လက်ပြီး ဖြစ်နိုင်တယ် ဆိုတာကို ဦးဇင်း ပြောပြလိုက်ပါတယ်။
မေး။ ။ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ တစ်ခြား ဘယ်နေရာတွေကို သွားရောက် မေးမြန်းခဲ့တယ်လို့ ကြားရပါလဲ ဘုရား။
ဖြေ။ ။ နှစ်နေရာကိုဘဲ ရောက်ခဲ့တယ်လို့ ဦးဇင်းတို့ ကြားပါတယ်။ ပထမဆုံး စစ်တွေက လာတာနဲ့ ဦးဇင်းတို့ မောရ၀တီကို ၀င်ပါတယ်။ အဲဒီကနေ ခရေမြိုင်ကို ၀င်ခဲ့တယ်လို့ သိရပါတယ်။
မေး။ ။ ကော်မရှင်အဖွဲ့ဟာ ဘင်္ဂလီမူဆလင် ဒုက္ခသည်စခန်းတွေကို သွားရောက် မေးမြန်းခဲ့ပါသေးလား ဘုရား။
ဖြေ။ ။ ဒီမှာက မူဆလင်ဒုက္ခသည်စခန်းဆိုတာ မရှိဘူး ။ ဘာဖြစ်လို့လဲဆိုတော့ မောင်တော မြို့နယ် မှာက သူတို့ ဘင်္ဂလီတွေကို ဘယ်တိုင်းရင်းသားတွေက လုပ်ကြံခဲ့တာ၊ တိုက်ခိုက်ခဲတာ မရှိခဲ့ပါဘူး။
သူတို့ကဘဲ တိုင်းရင်းသားရွာတွေကို မီးရှို့ပြီး လူတွေကို သတ်သွားတာပါ။ ဒါကြောင် မောင်တောမြို့ နယ်မှာ ဘင်္ဂလီ ဒုက္ခသည် စခန်းဆိုပြီး မရှိပါ။
( မှတ်ချက်။ ဦးဝိဇယ အရှင်ဘုရားသည် မောရ၀တီ ကျေးရွာသို့ သာသနာပြုရန်အတွက် ၁၉၉၃ ခုနှစ်တွင် ရောက်ရှိလာပြီး ၁၉၉၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ပထမအကြိမ် ကျောင်းကို ဘင်္ဂလီများက မီးရှို့ခဲ့သည်။ ယခု တစ် ကြိမ် ၂၀၁၂ ခု ဇွန်လ ၈ ရက်နေ့တွင် တကြိမ် ကျောင်းကို မီးရှို့ခံခဲ့ရသည်။ )
နိရဉ္စရာ
1:52 PM | Posted in , | Read More »
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ မကြာမီသွားမည်
ပြီးခဲ့သည့် စနေနေ့က ရန်ကုန်မြို့၌ ဥပဒေ ပညာရှင်များနှင့် တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောနေသော တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်ရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters)
အမေရိကန် နိုင်ငံ၏ အမြင့်ဆုံးနိုင်ငံသား ရွှေတံ ဆိပ်ဆု လက်ခံရန်အတွက် မြန်မာ့ဒီမို ကရေ စီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ဆယ်စုနှစ် ၂ ခုကျော်ကာလအတွင်း ပထမ ဆုံး အမေရိကန် ခရီးစဉ်ကို လာမည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် စတင်မည်ဖြစ် သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို သူ့ အမိမြေ မြန် မာနိုင်ငံ မှာ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ဒီမိုကရေစီအရေးတွေ မြင့်မားအောင် လုပ်ဆောင်တာနဲ့ လူ့အခွင့် အရေး ကိစ္စတွေကို တစိုက်မတ်မတ် ခိုင်မြဲစွာ ကြိုးစားမှု၊ ခေါင်းဆောင်မှုတွေအတွက် ဂုဏ်ပြုကြ မှာဖြစ်ပါတယ်”ဟု အမေရိကန် အောက်လွှတ်တော် ပြောခွင့်ရသူ ဂျွန် ဘိုးနား က ပြောသည်။
အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က ကက်ပီတယ်လ် လွှတ်တော် အဆောက်အအုံတွင် ယင်းဆုကို ဒေါ်အောင်ဆန်းစုကြည်အား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ချီးမြှင့်မည်ဖြစ်သည်။
အမေရိကန် ကွန်ဂရက် လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်အား ထိုဆု ချီးမြှင့်ရန် ၂၀၀၈ ခုနှစ် မေလ ၆ ရက်နေ့က ဥပဒေ ပြဌာန်း၍ ဆုံးဖြတ်ခဲ့သည်။
ဆုပေးပွဲ အခမ်းအနားကို အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အအုံတွင် ပါတီ ၂ ခု ခေါင်းဆောင်များ ဖြစ်ကြ သည့် ဂျွန် ဘိုနား၊ အထက်လွှတ်တော် လူများစု ခေါင်းဆောင် ဟယ်ရီ ရိတ်ဒ် ၊ အထက်လွှတ်တော် ရီပတ်ဘလီကန် ပါတီ ခေါင်းဆောင် မစ်ခ်ျ မက်ကောနဲ နှင့် အောက်လွှတ်တော် ဒီမိုကရက်ပါတီ ခေါင်းဆောင် နန်စီ ပီလိုစီ တို့က ဦးဆောင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထိုဆုလက်ခံယူရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ် ထွက်ခွာမည့်ရက်ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ က အတည်ပြုထားသည်။
“ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၆ ရက်နေ့ ထွက်မယ်”ဟု ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ဆိုသည်။
သို့သော် ခရီးစဉ် အသေးစိပ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ သတင်းများအဆိုအရ အမေရိကန် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် အထက်လွှတ်တော် နှင့် အောက် လွတ်တော် ၂ ရပ်ပေါင်းတွင် မိန့်ခွန်းပြောရန် ရှိပြီး ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင်လည်း မိန့်ခွန်းပြောရန် ရှိကြောင်း သိရသည်။ ထို့အပြင် အမေရိကန် နိုင်ငံ နယူးယောက်မြို့ စတော့ အိပ်ချိန်း ကိုလည်း ဖွင့်လှစ် ပေး မည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် သမ္မတ အိမ်ဖြူတော်ရှိ သမ္မတဟောင်း Franklin D. Roosevelt အမည်ရှိ ခန်းမ ဆောင် တွင် အထူး ဧည့်သည်တော်အဖြစ် တည လာရောက်တည်းခိုရန် အမေရိကန် သမ္မတကတော် မစ္စ မီရှဲ အိုဘားမား က ဖိတ်ကြားထားကြောင်း၊ သမ္မတအိမ်တော်၏ အထူးညစာ စားပွဲသို့ တက်ရောက်ရန် နှင့် အဆိုပါ ညစာစားပွဲတွင် အမေရိကန် သမ္မတဟောင်း များဖြစ်ကြသည့် မစ္စတာ ဂျော့ခ်ျ ဒဗလျူ ဘွတ်ရှ်နှင့် ဇနီး၊ မစ္စတာ ကလင်တန်နှင့် ဇနီး၊ အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီးဟောင်း မစ္စ မက်ဒရင်းအောလ် ဘရိုက်၊ မိုက်ခရိုဆော့ဖ် သူဌေးကြီး မစ္စတာ ဘီလ်ဂိတ်နှင့် ဇနီး စသူတို့ကလည်း တွေ့ ဆုံမည်ဖြစ်ကြောင်း သတင်းများ အဆိုအရ သိရသည်။
အမေရိကန် သမ္မတ အိမ်ဖြူတော်၏ အထူး ညစာစားပွဲတွင် သမ္မတ ဦးသိန်းစိန်လည်း တက်ရောက် ဖွယ်ရှိကြောင်း သိရသော် လည်း ဧရာဝတီက သီးခြား အတည်မပြုနိုင်သေးပေ။
ဒေါ်အောင်ဆန်းစုကြည်သည် ၀ါရှင်တန်အခြေစိုက် Asia Society and US Institute of Peace တွင် စက်တင်ဘာလ ၁၈ ရက်နေ့၌ အခြား ဆုများကို လက်ခံရန် ရှိကြောင်းလည်း သိရသည်။
အလားတူ အတ္တလန်တိတ် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသား (Atlantic Global Citizen Award) ဆုကိုလည်း နယူးယောက် မြို့၌ စက်တင်ဘာလ ၂၁ ရက်နေ့တွင် လက်ခံရန် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ရရှိခဲ့သည့် ဆုများကို ကိုယ်တိုင်သွားရောက် မယူနိုင်ခဲ့ပေ။
ဒုတိယမြောက် ပြည်ပခရီးစဉ်အတွင်း နော်ဝေနိုင်ငံ၌ ၁၉၉၁ ခုနှစ်က နိုဘဲလ် ငြိမ်းချမ်းရေးဆုအတွက် ကိုယ်တိုင် သွားရောက် ၍ ဆုလက်ခံ ရရှိသည့် မိန့်ခွန်းပြောကြားခဲ့သည်။ ယခင်နှစ် ဒီဇင်ဘာလ က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် က လည်း ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်သို့ လာရောက်ရန် ဖိတ်ကြားခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလက ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး လွှတ်တော် အမတ် တဦးဖြစ် လာခဲ့ရာ မြန်မာ့ နိုင်ငံရေးတွင် ပြုပြင်ပြောင်းလဲရေး ၏ ထင်ရှားသည့် အမှတ်အသားတခု ဖြစ်ခဲ့သည်။
သမ္မတ ဦးသိန်းစိန်သည်လည်း အမေရိကန်ပြည်ထောင်စုရှိ ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံ တက်ရောက်ရန် ရှိသကဲ့သို့ အမေရိကန် ကလည်း ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုသည့် အနေဖြင့် ဖိတ်ခေါ်ထားရာ တချိန်တည်းမှာပင် ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့သည် အမေရိကန်တွင် ဆုံဆည်း ရန်ရှိနေကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ၀ါရှင်တန်အခြေစိုက် ဒီမို ကရေစီနှင့် လူ့ အခွင့်အရေး အဖွဲ့တခုဖြစ်သည့် (National Endowment for Democracy –NED) က မြန်မာ့အရေး လှုပ်ရှားသူ ၅ ဦးကို ပေးအပ်သည့် ဒီမိုကရေစီ ဆုပေးပွဲကိုလည်း တက်ရောက် မိန့်ခွန်းပြောရန် ရှိသည်။
NED က ပေးသည့် ဒီမိုကရေစီ ဆုရရှိသူများမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ဥက္ကဌ ဦးခွန်ထွန်းဦး၊ နာရေး ကူညီမှု အသင်း (ရန်ကုန်) ဦးဆောင်သူ တဦးဖြစ်သည် ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ၊ ထိုင်း-မြန်မာနယ်စပ် ကျန်းမာရေး ၀န်ဆောင်မှုများ ပေးနေသည့် မယ်တော် ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်၊ ၀ါရှင်တန် အခြေစိုက် ၈၈ ကျောင်းသား ခေါင်းဆောင်တဦးလည်းဖြစ် US campaign for Burma ၏ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင် တို့ ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလှုပ်ရှားမှုကြီးရဲ့ တကယ့်မီးရှူးတန်ဆောင် ခေါင်းဆောင်တဦးဖြစ်တယ်။ သူ့အပြင် များစွာသော သူရဲကောင်းတွေ အနေနဲ့ကလည်း မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံတခုဖြစ်ဖို့ ရည်မှန်းချက်ပန်းတိုင်တွေ ထားရှိ ပြီး ယုံယုံကြည်ကြည်နဲ့ အားလုံးကို ပေးဆပ်စွန့်လွှတ်ကြတယ်။ ဒါကြောင့် ဒီဆုနဲ့ သူတို့ အားလုံးကို ဂုဏ်ပြု တာပါ”ဟု NED ဥက္ကဌ Carl Gershman က ဆိုသည်။
ထို့အပြင် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအများစုရှိကြသည့် Bay Area ၊ ၀ါရှင်တန် ဒီစီ၊ နယူး ယောက်၊ ဖို့ဝိန်း၊ လော့စ် အိန်ဂျလိစ် စသည့်တို့တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံရန် ရှိလည်း ရှိသည်။
From -ဧရာဝတီ
8:59 PM | Posted in , | Read More »
ဝန်ကြီးအသစ်များ ကျမ်းသစ္စာကျိန်
ကာကွယ်ရေး ၀န်ကြီးအသစ် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် အပါအ၀င် တခြားသောလစ်လပ်နေသည့် ၀န်ကြီးဌာန ၀န်ကြီး ၁၁ ဦး နှင့် အသစ်ခန့်အပ်သည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်တို့ ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်မှာ အငြိမ်းစားယူ သွားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူသိများပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ လွန်ခဲ့ သည့် ၂၀၁၀ ပြည့်နှစ်က ပြုလုပ်ခဲ့သည့် စစ်တပ် ရာထူး အပြောင်းအလဲ တွင် စစ်ထောက် ချုပ် ဖြစ် လာခဲ့သူ ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လက ရန်ကုန်တိုင်းဒေသကြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီးနောက် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီး ချုပ် ဖြစ်လာနိုင်သူဟု တစ်ပေးခြင်းခံရသူလည်း ဖြစ်သည်။
ယခုအခါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခင် ကာကွယ်ရေး ၀န်ကြီး တာဝန်ယူနေသူ ဒု ဗိုလ်ချုပ်ကြီး လှမင်း အား စစ်ဘက်ဆိုင်ရာတွင် ပြန်လည် တာဝန်ထမ်းစေ မည်ဟု သမ္မတ ဦးသိန်းစိန် ထံ ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာ ကံဇော်၊ သတ္တု တွင်း ၀န်ကြီးဌာန ၀န်ကြီး ဒေါက် တာ မြင့်အောင်၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ၀န်ကြီး ဒေါက် တာ ကိုကိုဦး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းရှိန်၊ ယဉ်ကျေးမှုဝန်ကြီး ဦးအေးမြင့်ကြူ ၊ အလုပ်သမားဝန်ကြီး ဦးမောင်မြင့် ၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင် ၊ စက်မှုဝန်ကြီး ဦးအေးမြင့် ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီး ဦးဌေးအောင် တို့ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်လာခဲ့သည်။
ထူးခြားသည်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး အဖြစ် ဒေါက် တာ ဒေါ်မြတ်မြတ်အုန်းခင် အား တာဝန်ပေးခဲ့ရာ ပထမဆုံး အမျိုးသမီး ၀န်ကြီး ဖြစ် လာခြင်းဖြစ် သည်။
ရန်ကုန်တိုင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ယခု အစိုးရသစ် တွင် ပညာရှင်များနှင့် လုပ်ငန်း အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များအား တာဝန်ပေးခြင်းသည် ကောင်းမွန်သော လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။
မကြာသေးခင်ကမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန်ယူခဲ့သူ ဗိုလ်ချုပ်ဇေယျာအောင် သည် လည်း မီးရထား ၀န်ကြီး အဖြစ် တာဝန်ယူမည် ဖြစ်သည်။
အလားတူ ယနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ယခင် သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက် အား နုတ်ထွက်သွားသည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဟောင်း ဦးလွန်းမောင်၏ နေရာတွင် အစားထိုး ခန့်အပ်ခြင်းခံရသည်။
အစိုးရအဖွဲ့ အတွင်း အပြောင်းအလဲကို ပြီးခဲ့သည့် ရက်သတ္တပတ်က စတင်ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် ၀န်ကြီးအသစ်များ ခန့်အပ် အတည်ပြုခြင်းဖြစ်သည်။
ရန်ပိုင်
5:08 PM | Posted in , | Read More »
ဘန်ကောက်တွင် စိတ်ကြွဆေးပြား ၃ သန်းကျော် ဖမ်းဆီး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၂၂ နှစ်အရွယ် လူငယ် တစ်ဦးအား စိတ်ကြွဆေးပြား သုံးသန်း သုံးသိန်းနှင့် အတူရဲက ဖမ်းဆီးလိုက် သည်ဟု အေပီ သတင်း တစ်ပုဒ်တွင်ဖေါ်ပြထားသည်။
ဘန်ကောက်မြို့ အနောက်ဘက် အစွန်း အဖျား နေ အိမ် တလုံးအား ရဲတပ်ဖွဲ့က ၀င်ရောက် ရှာဖွေစဉ်  အဆိုပါ ဆေးပြားများကို လူငယ် တစ်ဦးနှင့်အတူ စက်တင်ဘာ ၅ရက် နေ့က ဖမ်းဆီ ရမိခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံမှထုတ်လုပ်သော စိတ်ကြွ  ဆေးပြားများ ၀င်ရောက် လမ်းကြောင်းနှင့် အရှေ့ တောင် အာရှ၏ ဈေးကွက် တစ်ခု ဖြစ်နေ သည် ဟု ဆိုသည်။
ယခုနှစ်အတွင်း စိတ်ကြွဆေးပြား အမျိုးမျိုး ၄ သန်းခန့် ထိုင်းနိုင်ငံ အတွင်း တင်သွင်းလာခြင်းကို ထိုင်းရဲအဖွဲ့က တားဆီး နိုင်ခဲ့ပြီး ယခု ဖမ်းဆီးရရှိမူသည် အရေအတွက် အားဖြင့် ဒုတိယ အကြိမ် အများဆုံးဖြစ်သည်ဟု ပြောသည်။
အဖမ်းခံရသူ Sophon Sawaengsuk က ၎င်းမှာ အဆိုပါ အိမ်အား စောင့်ရှောက်သူ ဟု ပြောဆိုသော် လည်း သူ့မှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်း ခရိုင်မှ မူးယစ်ဂိုဏ်း အဖွဲ့ဝင် တစ်ဦး ဖြစ်နိုင်သည်ဟု ရဲအရာရှိက ပြောသည်။
နိရဉ္စရာ
11:15 AM | Posted in , | Read More »
ဖွဲ့စည်းပုံခုံရုံး ဥက္ကဌနဲ့အဖွဲ့ဝင်များ နုတ်ထွက်
အငြင်းပွား ဖွယ်ရာ ဖြစ်နေတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံးရဲ့ ဥက္ကဌနဲ့ ခုံရုံး အဖွဲ့ဝင် တွေကို တာဝန်တွေ ကနေ နူတ်ထွက် ခွင့်ပြုတယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ အခုညမှာပဲ သမ္မတ ရုံးကနေ ထုတ်ပြန်ကြေညာ သွားပါတယ်။ ဖွဲ့စည်းပုံ ခုံရုံးဥက္ကဌနဲ့ ခုံရုံး အဖွဲ့ဝင်တွေကို ရာထူးကနေ ဖယ်ရှားဖို့ လွှတ်တော် နှစ်ရပ်ကနေ ဆုံးဖြတ် လိုက် တဲ့ ဒီကနေ့မှာပဲ အချိန်မဆိုင်းဘဲ သမ္မတရဲ့ ခွင့်ပြု မိန့် ကြေညာချက် ဒီညပိုင်းမှာ ထွက်လာတာဖြစ်ပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက တင်ပြပေး ထားပါတယ်။
ဖွဲ့စည်းပုံဆိုင်ရာခုံရုံး တာဝန်ရှိသူတွေကို ရာထူးကနေ အနားပေး ဖယ်ရှားဖို့ဆိုတဲ့ အဆိုကို လွှတ်တော် တွင်း သတ်မှတ်ထားတဲ့ မဲအရေအတွက် သုံးပုံနှစ်ပုံ ထောက်ခံမှုရပြီး ဆုံးဖြတ်လိုက်ပြီး၊ ညပိုင်းမှာပဲ ခုံရုံး တာဝန်ရှိသူအားလုံးကို ရာထူးကနေ အနားပေးလိုက်ပြီလို့ သမ္မတ ဦးသိန်းစိန် အမိန့်ထွက်လာတာပါ။ ခုံရုံးတာဝန်ရှိသူတွေက နုတ်ထွက်ခွင့်တင်တာကြောင့် သမတက ခွင့်ပြုလိုက်တာဖြစ်တယ် လို့ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှုး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။
“နူတ်ထွက်ခွင့်ပြုလိုက်တာပါ။ နူတ်ထွက်ခွင့်တင်လို့ နူတ်ထွက်ခွင့်ပြုလိုက်တာပါ။ နေရာလစ်လပ် သွားတော့ ပြန်ပြီးတော့ ရွေးချယ်တင်မြှောက်ရမှာပေါ့။ ဟုတ်ကဲ့။ ပြည်သူ့လွှတ်တော်က သုံးယောက်၊ အမျိုးသားလွှတ်တော်က သုံးယောက်။ သမ္မတက သုံးယောက်၊ ကိုးယောက် ရွေးချယ် တင်မြှောက် ရမှာပါ။”
လွှတ်တော် ကော်မတီတွေနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ ဖွဲ့စည်ုးံ့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်လိုက်ပြီးနောက်၊ ဒါဟာ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှု ရှိမရှိ စုံစမ်းဖို့ လွှတ်တော်ကနေ လွှတ်တော်ရဲ့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့ခဲ့ပါတယ်။
အဲဒီ့ ကော်မရှင်က ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေ အနေနဲ့ ကော်မရှင်ရှေ့မှောက် လာရောက် အစစ်ဆေးခံ ရှင်းလင်းဖို့ ၃ သုံးကြိမ်တိတိ အသိပေး အကြောင်းကြားခဲ့ပေမယ့် လာရောက်ဖြေရှင်းမှုမရှိ တာကြောင့်၊ ကော်မရှင်အနေနဲ့ သူတို့ရထားတဲ့ အချက်အလက်တွေနဲ့ပဲ အစီရင်ခံစာရေးပြီး လွှတ်တော် အတွင်း ဒီကနေ့ တင်ပြခဲ့တယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း က ပြောပါတယ်။
“အဲ့ဒီ့အစီရင်ခံစာကတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါ်တာကို ခုံရုံးက မလာတဲ့အတွက်ကြောင့်မို့လို့ သူတို့ မျက်ကွယ်မှာပဲ အစီရင်ခံစာကို ရေးပြီးတော့ လွှတ်တော်ကို တင်ပြတာပေါ့။ တင်ပြတဲ့အခါမှာ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးတာ မလုပ်တော့ဘဲနဲ့ ကျနော်တို့ မဲဆန္ဒရယူ တာပေါ့။ မဲဆန္ဒရယူတဲ့အခါမှာလည်း နဂိုက လက်မှတ်ထိုးပြီးတော့ တောင်းဆိုထားတဲ့ မဲဆန္ဒလက်မှတ် ၃၀၇မဲ ရှိတယ်။ နောက်ခွင့်တင်လို့ မတက်တဲ့သူတွေလည်းရှိတယ်။
တပ်မတော်သားကိုယ်စားလှယ်တွေကတော့ အရင်ဆန္ဒပြုတုန်းကလည်း မပါတဲ့အတွက် သူတို့ကို ဖယ် လိုက်ရင်တောင်မှ ၃၀၇ ကျနော်တို့ ဥက္ကဌ နူတ်လိုက်လို့ရှိရင် ၃၀၆မဲပေါ့။ ၃၀၆မဲရှိတဲ့ အတွက်ကြောင့် လိုအပ်တဲ့ ၂၈၆မဲကျော်တဲ့အတွက် သုံးပုံနှစ်ပုံကျော်တဲ့အတွက် အဲ့ဒီ့စုံစမ်းစစ်ဆေးရေး အစီရင်ခံစာဟာ အတည်ဖြစ်တယ်ဆိုပြီးတော့ ခုံရုံးကို အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တယ်။”
အလားတူလိုပဲ ဖွဲ့စည်းပုံခုံရုံးပြဿနာကို အမျိုးသားလွှတ်တော်ထဲမှာလည်း ဒီနေ့ ဆွေးနွေး မဲခွဲ ဆုံးဖြတ် ခဲ့တယ်လို့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
“ဦးဇော်မြင့်ဖေက စွတ်စွဲချက်နှစ်ခု တင်ပြပါတယ်။ သူက ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်တာပေါ့နော်။ စွတ်စွဲချက် ဖွဲ့စည်းပုံအခြေခံဥပဒေ အချက်နှစ်ချက်နဲ့ ညီတဲ့အတွက် ခုံရုံးအဖွဲ့ကို စွတ်စွဲပြစ်တင်ပါတယ်ဆိုပြီး သူက အဆိုတင်ပါတယ်။ ဒီအဆိုကို တပ်မတော် သားကိုယ်စားလှယ် ခြောက်ယောက်နဲ့ ကျနော်တို့အရပ်ဖက်က လွှတ်တော်ကိုယ်စားလှယ် ဆယ်ယောက် စုစုပေါင်း ၁၆ယောက် ဆွေးနွေးပြီးတော့ ဆုံးဖြတ်တာပါ။ ကျနော်တို့ ဒီစွတ်စွဲပြစ်တင်တာ အဆိုအောင်မြင် တယ်ဆိုရင်သူက ထွက်ရတာပါ။
လုပ်ထုံးအရတော့ လွှတ်တော်နှစ်ရပ်စလုံးက အခု ဆုံးဖြတ်ချက်ကို ပြည်ထောင်စု လွှတ်တော်ဥက္ကဌ အနေနဲ့ နိုင်ငံတော်သမ္မတထံကို တရားဝင် အသိပေး အကြောင်းကြားရမှာဖြစ်ပေမယ့်၊ နေ့တွင်းချင်းမှာပဲ ခုံရုံးအဖွဲ့ဝင်တွေရဲ့ နုတ်ထွက်လွှာကို လက်ခံပြီးတော့ နုတ်ထွက်ခွင့်ပေးလိုက်တယ်ဆိုပြီး သမ္မတဦး သိန်းစိန်က ကြေညာသွားတာပါ။
လွှတ်တော်နဲ့ ခုံရုံးအကြား လအတန်ကြာ တင်းမာမှုကိစ္စဟာ လွှတ်တော်နဲ့ အစိုးရအကြား အာဏာပြိုင် မှုဖြစ်တယ်လို့လည်း အတော်များများက တွက်ဆကြသလို၊ အချို့ကတော့ ဒါဟာ ဖွဲ့စည်းပုံဆိုင်ရာ အကြပ် အတည်းဖြစ်တယ်လို့ ယူဆကြပါတယ်။
လွှတ်တော်ဖက်က ကော်မတီတွေက ခေါ်ယူကြားနာစစ်ဆေးတာမျိုး အစိုးရအဖွဲ့ဖက်က မလုပ်လို တာ ကြောင့်၊ လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးဆိုပြီး အစိုးရဖက်က စွဲဆိုခဲ့ တာလို့ ဆိုကြပါတယ်။ ခုံရုံးနဲ့ လွှတ်တော်အကြား တင်းမာမှုဖြစ်လာတော့ ဒီကိစ္စနဲ့ ဆက်နွယ်လို့ ဖွဲ့စည်း ပုံပြင်ဖို့ သမ္မတဖက်က အဆိုပြုခဲ့ပါတယ်။
ဒါပေမယ့် အရင် စစ်အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ တည်ဆဲဥပဒေအရ လွှတ်တော်ကော်မတီ နဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်ဖြစ်တာမို့လို့ ဖွဲ့စည်းပုံပြင်စရာမလိုဘူးလို့ လွှတ်တော် အမတ်တွေဘက်ကလည်း ယူဆပါတယ်။
အခုတော့ သမ္မတရုံး ကြေညာချက်ထွက်လာတာကြောင့် ခုံရုံးကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားမှုဟာ ပြီးဆုံး သွားပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အခု ခုံရုံးအဖွဲ့ဝင်သစ်တွေကို ရွေးချယ်ရဦးမှာဖြစ်ပြီး၊ အဓိက အငြင်းပွားမှုအကြောင်းရင်းဖြစ်တဲ့ လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ဟုတ်မဟုတ် ဆိုတာကတော့ ယတိပြတ် အဖြေမရှိသေးဘူး။
ကိုသားညွန့် ဦး (ဗွီအိုအေ မြန်မာဌာန)
11:07 AM | Posted in , | Read More »
လွှတ်တော်ကော်မရှင်ဖိတ်ခေါ်မှု ဖွဲ့စည်းပုံခုံရုံးဖီဆန်
လွှတ်တော်ကော်မရှင်ဖိတ်ခေါ်မှု ဖွဲ့စည်းပုံခုံရုံးဖီဆန် 
လွှတ်တော်ကော်မီတီနဲ့ ကော်မရှင်တွေဟာ
ပြည်ထောင်စု အဆင့်မဟုတ်ဘူးလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့ပြီး တဲ့နောက် ဒါဟာ တည်ဆဲဥပဒေတွေနဲ့ ကိုက် ညီခြင်း ရှိမရှိ စုံစမ်း စစ်ဆေးဖို့အတွက် လွှတ်တော် စုံစမ်းရေးကော်မရှင်က ခုံရုံးအဖွဲ့ဝင်တွေ ကို ဗုဒ္ဓဟူးနေ့ တုန်းက ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ခုံရုံး ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်တွေ မလာခဲ့ကြပါဘူး။
 ဒါဟာ ဘာသဘောပါလဲ။ ဘန်ကောက်ရုံးကနေ ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေး ထား ပါတယ်။ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ခုံရုံးက လွှတ်တော်ကော်မီတီ၊ ကော်မရှင်တွေ ဟာ ပြည်ထောင်စု အဆင့် မဟုတ်ဘူးလို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်ပိုင်း လွှတ်တော်နဲ့ ဖွဲ့စည်းပုံခုံရုံးအကြား သဘောထား ကွဲပြား မှုတွေ ဖြစ်လာခဲ့တာ အခုဆို လနဲ့ချီ ကြာလာပြီဖြစ်ပါတယ်။နောက်ဆုံးမှာတော့ ဒီကိစ္စဟာ လုပ်ပိုင်ခွင့် မူဝဒါတွေနဲ့ ဆက်နွယ် ပတ်သက်နေတာကြောင့် လွှတ်တော် နှစ်ရပ်စလုံးက ခုံရုံးအဖွဲ့အနေနဲ့ သူတို့ ဆုံးဖြတ်ချက် ပြန်ပြင်ပေးဖို့ တိုက်တွန်း လုပ်ဆောင်လာခဲ့တာမှာ မူအားဖြင့် လွှတ်တော် အမတ်အများစု က ထောက်ခံခဲ့တဲ့အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး တာဝန်ပေးအပ်ခဲ့ တာပါ။ သူတို့ရဲ့ လုပ်ဆောင် ချက်နဲ့ပတ်သက်လို့ ကော်မရှင်ထံမှာ လာရောက် ရှင်းလင်းတင်ပြဖို့ အကြိမ် ကြိမ် အကြောင်းကြား ခဲ့ပေမယ့် ခုံရုံးဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်တွေက လာရောက် ထွက် ဆိုပေးခြင်း မရှိဘူးလို့ လွှတ်တော် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်လည်းဖြစ်၊ ကျောက်ဖြူမဲ ဆန္ဒနယ် ကိုယ်စားပြု ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီက ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးဘရှင် က ပြောပါတယ်။
“ကျနော်တို့က သုံးရက်နေ့ကပဲ ဒီလူတွေကို စစ်ဖို့ ချိန်းထားပါတယ်။ ၃ ရက်၊ ၄ ရက်၊ ၅ ရက်- တယောက်မှ မလာပါဘူး။ သူတို့က စာနဲ့ရေးပြီးပို့တာ။ ကျနော်တို့က စာနဲ့ရေးပို့နေတာတော့ ကြာပါပြီ။ သူတို့ဆီက စာကတော့ လှမ်း လှမ်းပြီးပို့တယ်။ သူတို့မှာ အဲဒီလို စာပို့ဖို့ အခွင့်အရေးရှိသလို ကျနော်တို့ ကလည်း စုံစမ်းစစ်ဆေးရေး အဖွဲ့မှာ ပေးအပ်ထားတဲ့ ဥပဒေနဲ့အညီ၊ ညွှန်ကြားချက်နဲ့အညီ၊ စည်းမျဉ်း စည်းကမ်းနဲ့အညီ တာဝန်ပေး အပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး ဆက်ပြီး အလုပ်လုပ်မှာပါ။”တဘက်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ မပြေလည်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့အချိန်မှာ ပဲ စစ်တပ်က တရားဝင်ထုတ်ဝေ တဲ့ မြဝတီ နေ့ စဉ်သတင်းစာ ထဲမှာ နောက်ဆက်တွဲ ဆန်းစစ် ချက် ဆောင်းပါး တစောင် ရေးလာပြန်တဲ့အတွက် ဩဂုတ်လ ၅ ရက်နေ့ လွှတ်တော်စည်းဝေးပွဲအတွင်း လွှတ်တော် ကိုယ်စားလှယ်တွေ ဘက်က မေးခွန်း ထုတ်စရာ ဖြစ်ပေါ်လာပြန်တာပါ။ 
ဒီဆောင်းပါအကြောင်းအရာနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်း ဆွေးနွေးဖြစ်ကြ ပုံတွေကိုတော့ သီပေါမြို့ မဲဆန္ဒနယ်ကိုယ်စားပြု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက ရှင်းပြပါတယ်။“ဦးသိန်းထွန်းဦး အမရပူရ မဲဆန္ဒနယ်က မေးတဲ့ Union Level --- သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆိုတဲ့ ဒီဆောင်းပါးနဲ့စပ်လျှဉ်း ပြီး မေးခွန်း-ဆိုတာ။ အဲဒါက ၄ ရက်နေ့ ကမှ မြဝတီသတင်းစာ မှာပါလာတဲ့ ဒေါက်တာ မာလာအောင် ရဲ့ ဆောင်းပါး။ အဲဒီ ဆောင်းပါး ကတော့ အခု လွှတ်တော်နဲ့ ခုံရုံးနဲ့ မှာ ဖြစ်နေတဲ့ကိစ္စကို သူကနေပြီးတော့ ဥပဒေကြောင်းဆိုင်ရာ အရ ဆောင်းပါးရေးထားတာ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စား လှယ် တော်တော်များများက မကျေမနပ်ဖြစ်နေကြတယ်။ ဆောင်းပါးရေးတဲ့ ပုဂ္ဂိုလ်ကလည်း ဘက်လိုက်မှု ရှိပြီးတော့ သူရေးတဲ့ အရေးအသားတွေကလည်း သိပ် ကျိုးကြောင်းဆီလျှော်မှု မရှိဘူးပေါ့။ မျှတမှု မရှိဘူးဆိုတဲ့ ဟာကို ဦးသိန်းထွန်းဦး က မေးတာ။ မေးတော့ ပြန်ကြားရေးဝန်ကြီးဌာနကိုလည်း ဘာကြောင့် ဒီဟာ ကို နိုင်ငံပိုင် သတင်းစာမှာ ထည့်ရ သလဲ-ပေါ့။ အဲသလိုလည်း မေးတယ်။”ဒီမေးခွန်းနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က လွှတ်တော်အတွင်း လာရောက် ဖြေကြားခဲ့ပေမယ့်လည်း သူ့အနေနဲ့ ဒီကိစ္စကို အနားကပ်ပြီးမှ သိရတဲ့အတွက် ရှေ့တပတ် တနင်္လာနေ့မှ ဖြေကြားခွင့်ပြုဖို့ ရက်တိုးတောင်းခဲ့တယ်လို့ သိရပါတယ် ။မြန်မာနိုင်ငံ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်လို့ လွှတ်တော် စုံစမ်းရေးကော်မရှင် ကိုတော့ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာ ဖွဲ့စည်းပေးလိုက်တာပါ။ 
လွှတ်တော်အတွင်း ဩဂုတ်လ ၅ ရက်နေ့မှာ တခြား ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေကတော့ ကိုယ့်ဒေသအခြေ အနေတွေနဲ့ ပတ်သက်လို့ ဆောင်ရွက်ပေးရမယ့် လုပ်ငန်းများကိစ္စအပါအဝင် သင်္ဃန်းကျွန်းမြို့ မဲဆန္ဒနယ်ကိုယ်စားပြု အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွှန့်ရဲ့ အဂတိလိုက်စားမှု တားမြစ်ရေးဆိုင်ရာ ဥပဒေမူကြမ်းကိစ္စကို ဆွေးနွေးဖို့ ရှိပေမယ့် လည်း အမျိုးသား လွှတ်တော်ဘက်ကလည်း အလားတူ ဥပဒေကြမ်းကို တင်သွင်းလာတာ ရှိတဲ့အတွက် သူ့ဥပဒေကြမ်းကို ရုပ်သိမ်းကြောင်း ဦးသိန်းညွှန့်က အဆိုတင်သွင်းခဲ့တာတွေ ဖြစ်တယ်လို့ သိရပါ တယ်ခင်ဗျား။
4:45 PM | Posted in , | Read More »
ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဖျက်သိမ်းခြင်း
ယနေ့ထုတ် ကြေးမုံသတင်းစာ မှ ထုတ်ပြန်ကြေငြာချက်
ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဖျက်သိမ်းခြင်း
3:20 PM | Posted in , | Read More »
အများသုံး ဝိုင်ဖိုင်များတွင် Facebook သုံးသူများ Account Hacking လုပ်ခံရနိုင်
အများသုံး ဝိုင်ဖိုင်များတွင် Facebook သုံးသူများ Account Hacking လုပ်ခံရနိုင်
Facebook ဆိုရှယ် နက်ဝပ်သုံးစွဲသူများ user အနေဖြင့် မိမိတို့၏ Facebook User Account များကို သုံးစွဲရာတွင် အများသုံးဖရီးဝိုင်ဖိုင်နက်ဝပ် ဧရိယာများတွင် သုံးစွဲခြင်းဖြင့် Hack ခံရမှု အန္တရာယ် ပိုမို နီးစပ်ကြောင်း သိရှိရသည်။
အများသုံး ဝိုင်ဖိုင်ဧရိယာများတွင် သုံးစွဲသူများ၏ Facebook အကောင့် များကို Hack ပြုလုပ် ရန်အတွက် ပိုမိုလွယ်ကူပြီး ထိုသို့ Hacking ပြုလုပ် ရန်အတွက် ဆော့ဖ်ဝဲများ လည်းရှိကြောင်း သိရှိ ရသည်။
“အခုဆိုရင် Facebook အကောင့်ကိုHack လုပ် တဲ့ဆော့ဖ်ဝဲတစ်မျိုးရှိပါတယ်။ အဲ့ဒါက မိုဘိုင်းဖုန်း ထဲကနေ အများသုံးဝိုင် ဖိုင်ဧရိယာအတွင်းမှာ သုံးနေတဲ့ Facebook user ရဲ့အကောင့်ကို Hack လိုက်လို့ရပါတယ်။
Hack ခံရတဲ့သူရဲ့အကောင့်ထဲကိုဝင်ပြီး သုံးပြီးစတေးတပ်စ်တွေတင်တာ၊ ပုံတွေတင်တာမျိုး ပြုလုပ် လို့ ရပါတယ်။
Password ကိုပါ ပြောင်း ပစ်လိုက်လို့ရပါတယ်။ ဒါ့ကြောင့် အများသုံး ကော်ဖီဆိုင်တွေလို၊ စူပါမား ကတ်တွေလို ဝိုင်ဖိုင်ဧရိယာ တွေမှာ Facebook သုံးရင် သတိထားပြီးသုံးဖို့လိုပါတယ်။
အဲဒီ နေရာတွေမှာ Facebook သုံးတဲ့ User တွေရဲ့ အကောင့်နာမည်ကိုသိရုံနဲ့ မိမိပရိုဖိုင်းလင့်ခ် ကိုယူပြီး ကိုယ်နဲ့နက်ဝပ်တစ်ခုတည်းမှာ သုံး နေတဲ့သူက ဆော့ဖ်ဝဲသုံးပြီး မိမိ အကောင့်ကို Hacking ပြုလုပ်လို့ ရနိုင်ပါတယ်။
အထူးသဖြင့် မိန်းကလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ အဲဒီ Hacking Software က အလကား ရတဲ့ အပြင် သုံးရတာလွယ်ကူတော့ ကိုယ့်အ ကောင့်ကို Hack ပြီး၊ ကိုယ့်ဝေါလ် ပေါ်မှာ မဟုတ်မဟပ် ပုံတွေ တင် သွားနိုင်တာကြောင့် အဲဒီလိုနေရာ တွေမှာ Facebook သုံးရင် သတိ ထားကြဖို့ လိုပါတယ်” ဟု 1st Myanmar Mobile App Meeting ပွဲတွင် Mobile Developer တစ်ဦးကပြောသည်။
၎င်း Hacking ဆော့ဖ်ဝဲများ မှာAndroid ဖုန်းသုံးHacking Software များဖြစ်ပြီး၊ အများသုံး ဝိုင်ဖိုင် ဧရိယာတစ်ခု (သို့မဟုတ်) ကွန်ရက်တစ်ခုအတွင်း အသုံးပြုနေ သူအား မိုဘိုင်းဖုန်း အသုံးပြုကာ Facebook Account အား Hacking ပြုလုပ်နိုင်သည့် ဆော့ဖ် ဝဲများဖြစ်ပြီး ၄င်းတို့ကို ကာကွယ် နိုင် သည့် ဆော့ဖ်ဝဲများရှိသော် လည်း သာမာန် User များအနေ ဖြင့် Free wi-fi ဧရိယာများတွင် အသုံးပြုပါ က သတိရရန် လိုအပ် ကြောင်း၎င်းက ထပ်မံပြောပြခဲ့ သည်။
ထို့ပြင် အင်တာနက်အသုံးပြု သူuser များနေဖြင့် အများသုံး Public Access Center များ တွင် အင်တာနက်အသုံးပြုရာတွင် လည်း မိမိတို့၏ Password များ ကို ဆော့ဖ်ဝဲခံ၍သိရှိ အောင် ပြုလုပ် ထားတတ်သူများ အန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက်လည်း ကွန်ပျူတာရှိ On Screen Keyboard ကို အသုံးပြုပြီး မိမိတို့၏ ဂျီမေးလ်နှင့် Facebook Account များကို Sing In ပြုလုပ် သင့် ကြောင်း ကို လည်း ပြောပြခဲ့ သည်။
MOBILE GUIDE
10:26 AM | Posted in , | Read More »
သမ္မတထောက်ခံပွဲ ပထမနေ့ အောင်မြင်စွာပြီးဆုံး
ရခိုင်အရေးအခင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ရပ်တည်ချက်ကိုထောက်ခံပြီး မစ္စတာကင်တားနားကို ကန့်ကွက်ရှုတ်ချ သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (၂.၉.၂၀၁၂) တနင်္ဂနွေနေ့တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာဇံမြို့နယ်တို့၌ စည် ကားသိုက်မြိုက်စွာ ကျင်းပနိုင် ခဲ့ကြောင်း သိရပါတယ်။
မနက် ၉း ၃၀ တွင် ၃၅ လမ်း၊ ၈၄ လမ်းထောင့် ဒဟတ္တောကျောင်းတိုက်မှာ စုဝေးကြပြီး၊ မနက် (၁၀) မှ ၃၅ လမ်းအတိုင်း ၈၄ လမ်းမှ စတင်ချီ တက်ခဲ့ကြရာ ၈၄ × ၈၃ × ၈၂-တို့ ကို ကျော် လွန်ပြီး ၈၁ လမ်းရောက်သော အခါ တောင်ဘက် သို့ကွေ့ပြီး ၃၆၊ ၃၇၊ ၃၈၊ ၃၉၊ ၄၀ လမ်း တို့ကိုကျော်လွန်ပြီး ၄၁ လမ်း အရောက် မှာ အောင်မြင်စွာပြီးဆုံးသွားခြင်းဖြစ်ပါတယ်။
အစပထမတွင် သံဃာတော်များက ဆန္ဒပြသူတို့၏ ဝဲယာလေးပေ အကွာမှ လိုက်ပါစောင့်ရှောက် ဖို့ ပြင် ဆင်ခဲ့သော်လည်း "သံဃာတွေမပါ ပါနဲ့။လုံခြုံရေး အတွက်ဆိုရင် သံဃာတွေမလိုပါဘူး။ တပည့်တော် တို့အသက်ပေးပြီး စောင့်ရှောက်ကာကွယ်ပေး ပါ့မယ်"ဟု မြို့နယ်မှူးက ဆရာတော်ဦးဝီရသူကိုလျှောက် ထားသောကြောင့် သံဃာတော်များ ဝန်းရံခြင်း မပြုတော့ဘဲ ဆန္ဒပြအဖွဲ့၏ နောက်ဆယ်ပေအကွာမှ လိုက်လံ အားပေးကြတာ တွေ့ရပါတယ်။
သံဃာတစ်ဖွဲ့၊ လူတစ်ဖွဲ့၊ သံဃာတစ်ဖွဲ့ဖြင့် သံဃာတန်း လူတန်းကြီးဖြစ်သွားက ရှေ့ဆုံးတန်း မှ နောက် ဆုံး တန်းအထိ အကွာအဝေးမှာ မန္တ လေးအခေါ် သုံးပြ (သုံးလမ်း) အပြည့်ဖြစ်နေတာ ကို တွေ့ ရပါ တယ်။ သံဃာအင်အားချည်း ငါးထောင်ကျော်ရှိပြီး၊ လိုက်ပါအားပေးသူ လူထု မှာ သံဃာထက် ပင် များပြားနေတာကို တွေ့ရပါတယ်။
၃၅ × ၈၄ လမ်းမှ စထွက်ထွက်ချင်း ကမ္ဘာမကြေသီချင်းသီဆိုပြီးထွက်ဖို့စီစဉ်ပေမယ့် မြိ့နယ်မှူး ကတား လို့် အဆုံးထိမဆိုရဘဲ ရပ်ပစ်လိုက်ကြရ ပါတယ်။
လမ်းတစ်လျှောက်မှာတော့ "နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ။ အမိမြန်မာပြည် ကို ကာ ကွယ်ပါ"သမ္မတကြီးကို ထောက်ခံတယ် ဆိုရင် လက်ခုပ်သြဘာပေးကြပါ” လို့ လက်ကိုင်ဟွန်းတိုလေး နဲ့ တိုင်ပေးကြပြီး၊ လက်ဘေးဝဲယာမှ ပရိသတ်ကြီးက မေတ္တာပို့ကြ၊ လက်ခုပ်တီး ကြ၊ ဟစ်အော်ကြွေးကြော် အားပေးကြတာကို တွေ့ရပါတယ်။
သတ်မှတ်လမ်းက တိုတောင်းတာကြောင့် လမ်းဆုံးရောက်တဲ့အခါ (၁) နာရီ မပြည့်သေးပါဘူး။ (၁၀) မိနစ်လိုသေးလို့ ရပ်ပြီး ဆန္ဒပြကြပေမယ့် မြို့နယ်မှူးကရုပ်သိမ်းခိုင်းတာကြောင့် (၅၅) မိနစ်မှာ ရုပ် သိမ်းပေးတာ တွေ့ရပါတယ်။
ဆန္ဒပြအင်အား တစ်ရာအဖွဲ့ဟာ “သမ္မတကြီးကိုထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကိုကာကွယ်ပါ” စာ တန်းနှင့် အမှန်ခြစ် အမှတ်အသားပါ သမ္မတကြီးပုံနှင့် ကြက်ခြေခတ်အမှတ်အသားပါ မစ္စတာကင်တား နားပုံ ဗီနိုင်းနှင့် သမ္မတကြီးနှင့် မစ္စတာအန်တိုနီယိုတို့ပြောဆိုနေပုံကို နောက်ခံထားပြီး သမ္မတကြီး၏ စကားသုံးခွန်းကို အစဉ်အတိုင်းရေးထားတဲ့ဗီနိုင်းတို့ကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။
သမ္မတကြီး၏ စကားသုံးခွန်းကတော့ ....
၁။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာ။
၂။ ဘင်္ဂလီတွေကို UNHCR အကူအညီဖြင့် ဒုက္ခသည်စခန်းအဖြစ် ထားရှိမည်။
၃။ တတိယနိုင်ငံများလက်ခံလိုက ပို့ပေးမည် .. ဆိုတာပဲဖြစ်ပါတယ်။
အခုလို သံဃာထုရော လူထုပါ တစ်ခဲနက်ထောက်ခံအားပေးကြတာနဲ့ပတ်သက်လို့ အရှင်ဝီရသူက အခု လိုပြောပါတယ်။
“ဦးဇင်းတို့သံဃာထု လူထုဟာ ဂိုဏ်းစွဲ ဝါဒစွဲ ပါတီစွဲ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ စစ်သားရယ် အရပ်သားရယ်လို့ ခွဲခြားတာမျိုးလည်း မရှိပါဘူး။ ပြည် သူ့ဘက်မှာရပ်တည်တယ်ဆိုရင် မည်သူမဆိုကို ထောက်ခံတယ်၊ ကြည်ညိုတယ်၊ လေးစားတယ်၊ ချစ်မြတ်နိုးကြတယ်ဆိုတာ ဒီပွဲက သက် သေပြသွားတာပဲ ဖြစ်တယ်”
သံဃာများပါဝင်ပတ်သက်မှုမရှိစေရဆိုတဲ့ သံဃနာယက အမိန့်စာနဲ့ပတ်သက်ပြီး အရှင်ဝီရသူ ပြောပြ တာကတော့ ....
“အစိုးရကိုဆန့်ကျင်မယ်ထင်လို့၊ ဆူပူအကြမ်းဖက်မယ်ထင်လို့၊ တားမြစ်ပုံရတယ်။ အခုလို ကြည်ညို ဖွယ်ဆောင်တဲ့ အမှုအရာမျိုးနှင့် ဝန်းရံ အားပေးတာမျိုးဆို လက်ခံမှာပါ” ဖြစ်ပါတယ်။
ဆန္ဒပြပွဲမသွားမီ ခရိုင်သာသနာရေးမှူးရောက်လာကြောင်း သံဃာတွေ မလိုက်ဖို့ မေတ္တာ ရပ်ခံ ပြောကြား လာကြောင်း၊ “မတရားတဲ့အမိန့်ကို မနာခံနိုင်ကြောင်း၊ တော်လှန်ရမှာဖြစ်ကြောင်း” အရှင်ဝီရသူ က ပြန်ပြောလိုက်ကြောင်းလည်း သိရပါတယ်။
မွန်းလွဲ (၁) နာရီမှာ အောင်မြေသာဇံမြို့နယ်မှ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
လမ်း ၈၀ နှင့် ၁၂ လမ်း ကျုံးအနောက်မြောက်ထောင့်မှ စတင်ကာ လမ်း ၈၀ အတိုင်း တောင်ဘက်ကို ချီတက်ပြီး ၁၉ လမ်းရောက်တဲ့အခါ အနောက်ဘက်ချိုး ညောင်ပင်ဈေးမှ ၈၆ လမ်းအတိုင်း မြောက်ဘက် ၁၂ လမ်း ထိုမှလမ်း ၈၀ စုရပ်ပြန်ရောက်မှ ပြီးဆုံးကြပါတယ်။
သမ္မတထောက်ခံကြောင်း ဗီနိုင်းများနှင့် တီရှပ်များကိုင်ဆောင်ဝတ်ဆင်ပြီး ဆန္ဒပြကြတာဖြစ်ပါတယ်။
သံဃာအင်အားက မနက်ကလိုမများပေးမယ့် ဒိုင်နာနှင့် လိုက်ထရပ်အမျိုးအစား ကားဆယ်စင်း ကြိုပို့ လုပ်ရတာဖြစ်ပါတယ်။
လူအင်အားက မနက်ကထက် အဆမတန် များပြားလာပြီး၊ ကိုယ်စီကိုယ်ငှ ဆိုင်းဘုတ်များ ကိုင်ဆောင်ခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်း၊ ကမ္ဘာမကြေ နိုင်ငံတော်သီချင်းနှင့် ဇာတိမာန်သီချင်း သီဆိုခြင်းများ ပြုလုပ်လာကြပါတယ်။
“ဗိုလ်ချုပ်ထဲက ဒို့ဗိုလ်ချုပ် သမ္မတကြီး ဦးသိန်းစိန် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ။ အမိမြန်မာပြည်ကို ကာကွယ်ပါ။ သမ္မတ ကြီးကိုထောက်ခံရင် လက်ခုပ်တီးပါ” စတဲ့ ကြွေးကြော် သံတွေ ကြွေးကြော်ကြတာဖြစ်ပါတယ်။
လမ်းတစ်လျှောက် လက်ခုပ်တီးပြီး အားပေးထောက်ခံကြတဲ့ ပြည်သူလူထုကြီးကလည်း သမ္မတကြီး ဦးသိန်းစိန်ကို မေတ္တာပို့ကြ ဝမ်းသာအားရ ထောက်ခံကြတာကို တွေ့ရပါတယ်။
အင်အားတစ်ရာသာ တရားဝင် ဆန္ဒပြခွင့်ရခဲ့ပေမယ့် နောက်မှလိုက်လံအားပေးခြင်း၊ လမ်းဘေးဝဲယာမှ ရပ်ကြည့်အားပေးကြခြင်းများ ပြု လုပ်ကြသောကြောင့် ရဟန်းသံဃာများ၊ ပြည်သူလူထုများဖြင့် စည်ကား သိုက်မြိုက်သွားခြင်းဖြစ်ပါတယ်။
ယနေ့ သံဃာထုလှုပ်ရှားမှုကို ဒုတိယရွှေဝါရောင်အခမ်းအနားဟု ကင်ပွန်းတပ်နေကြကြောင်းပါခင်ဗျာ။
မိုးမခမိတ်ဆွေ
စက်တင်ဘာ ၃၊ ၂၀၁၂
4:25 PM | Posted in , | Read More »
အနက်ရောင်လမ်းမများပေါ်က လူတိုင်းနဲ့မကင်းတဲ့အရာ (VA)
01 အဖွင့်
02 အခါတော်မင်းသမီး – မျိုးကျော့မြိုင်
03 ကျန်ရစ်ချိန် – Rဇာနည်
04 နောက်ဆုံးရဲ့နောက်ဆက်တွဲ – စုချစ်ဇော်
05 အဆက်အစပ်မရှိ – နောနော်
06 ရိုစီမှုံရွှေရည် – ကီဗင်
07 ခါးသီး – ချမ်းချမ်း
08 သေမှာပဲ – လွှမ်းပိုင်
09 မေ့မရနုတ်ခမ်းပါး – ဇော်ပိုင်
10 ရှေ့ဆက်မိုက်ချင်တယ် – ဆုန်သင်းပါရ်
11 နင်မသိတဲ့အချစ် – Lလွန်းဝါ
12 ပျော်စရာတွေ – ဂျေမီ
13 ပြန်လာမယ်ဆို – ရေဗက္ကာဝင်း
14 ပြော – အောင်လ
15 အဖြည့်ခံသက်သက် – စန္ဒီမြင့်လွင်
16 စည်းကမ်းရှိဖို့ပဲ – ထွန်းထွန်း (Examplez) {feat . စုချစ်ဇော်}
Download  -  ( Password - axlerose )
Credit - www.myanmarhiphopchannel.com
Thanks
4:18 PM | Posted in , | Read More »
စက်တင်ဘာ ၁ရက်နေ့တွင် မိုးသီးဇွန် မြန်မာပြည် ရောက်မည်
လေးစားအပ်ပါသော ရဲဘော်များ မိတ်ဆွေများ ခင်ဗျားနှုတ်ခွန်းဆက်ပါတယ်။
စက်တင်ဘာ ၁ရက် ၊ နံနက် ၈ နာရီမှာ ကျနော် မင်္ဂလာဒုံလေဆိပ်ကိုရောက်ပါမယ်။
သမတဦးသိန်းစိန်အစိုးရတာဝန်ရှိသူများရဲ့ဖိတ်ခေါ် ချက် အရမြန်မာ နိင်ငံငြိမ်ချမ်းရေး နဲပြန်လည် ထူထောင်ရေးတွေအတွက် ကျနော် မြန်မာ ပြည်ကို သွားပါမယ်။
ကျနော်နဲ့ အတူ ကိုထွန်းအောင်ကျော်၊ကိုကိုလေး၊ကိုမူးသာ၊ ကိုရင်အေး၊ကိုရွှေစင်၊ ကိုကိုအောင် ကိုအေးမင်းတို့ ပါဝင်မှာဖြစ်ပါတယ်။
ကျနော်တို့ အဓိက ဆွေးနွေးမဲ့ အကြောင်းအရာတွေကတော့ ငြိမ်းချမ်းရေး၊ နိင်ငံရေးအအရ အခြေခံ ကျသော ပြုပြင်ပြောင်းလဲရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေး ၊ ဆင်းရဲမှုတွေမှု၊ အလုပ်လက် မဲ ပြသနာ၊ မြန်မာနိင်ငံသားတိုင်း မိမိနိင်ငံကို ပြန်လည် ထူထောင်ရေးမှာပါဝင်နိင်ရေး လုံခြုံစိတ်ချ စွာ ပြန်နိင်ရေး စ တာ တွေ ပါဝင်မှာဖြစ်ပါတယ်။
ဒီလိုဆွေးနွေးမှုတွေဟာ ကျနော်တို့ တိုင်းပြည်ကောင်းစားရေးအတွက်ဖြစ်ပါတယ်။ ကျနော်တို့ အစွမ်းကုန် ကြိးပန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မိတ်ဆွေ တို့ ရဲ့အားပေးကူညီမှုများ အထူးလိုအပ်ပါတယ်။မိတ်ဆွေတို့ ရဲ့ အကြံဥာဏ်တွေ ကိုလိုပါတယ်။ ဒီမှာကွန်မင့်တွေရေးနိင်ပါတယ်။
ကျနော်တို့ အီးမေးလ်တွေက တဆင့်လည်း ဆက်သွယ်နိင်ပါတယ်။
မိုးသီးဇွန်
1:53 PM | Posted in , | Read More »
မြန်မာသဘာဝ ဘေးအန္တရာယ်ကြောင့် စီးပွားရေးတိုးတက်မှု ထိခိုက်နိုင်ကြောင်း သတိပေး
မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောသဘာဝ
 ဘေးအန္တရာယ်များကြောင့် တိုင်းပြည်၏ ဘဏ္ဍာရေးကို ထိခိုက်လာ နိုင်ကြောင်း ADB နှင့် သဘာဝ ဘေး အန္တရာယ် လေ့လာရေးအဖွဲ့ Maplecroft အဖွဲ့က၂၂-၈-၂၀၁၂ ရက်တွင် သုံး သပ် ပြောကြားလိုက်သည်။
တောင်အာရှ ဒေသတစ်ဝန်းတွင် မိုးများနေသော 
ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေရာ မြန် မာနိုင်ငံ အပါအဝင် ဒေသတွင်း ဖွံ့ဖြိုးမှု အားကောင်း စ ပြုနေသော နိုင်ငံ ၁၀ နိုင်ငံ အနေဖြင့် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အရှိန်ကောင်းစ ပြုလာပြီဆိုပေမယ့် သဘာဝဘေး အန္တရာယ် မျိုးစုံကြောင့် ထိခိုက်မှုတွေ၊ ဘဏ္ဍာရေး ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်။ ဒါက ကိစ္စသေးသေးလေး လို့ ထင်ရပေမယ့် တကယ်တော့ ပြဿနာ အကြီးကြီးပါပဲ” ဟု ADB မှ အဆင့်မြင့် အရာရှိများက ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ်တွင် ကျင်းပမည့် စာနယ်ဇင်း ပွဲတစ်ခုတွင် ပြောကြားလိုက်သည်။
Maplecroft အဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံ အပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အစရှိသော နိုင်ငံများ အနေဖြင့် သဘာဝ ဘေးအန္တရာယ်များကို ထိခိုက်စွာခံစားရနိုင်ပြီး ပြန်လည် နာလန် ထူရေးတွက် ဆောင်ရွက်နိုင်စွမ်းတွင် နိမ့်ကျမှုများ ဖြစ်ပေါ်နိုင်လိမ့်မည်ဟု ကြိုတင်ခန့်မှန်း အကြံပေး ထားသည်။
“မြန်မာနိုင်ငံက အာရှဒေသရဲ့ သဘာဝ ပတ်ဝန်းကျင် ဘေးအန္တရာယ် အရှိနိုင်ဆုံး နိုင်ငံတွေထဲမှာ ပါနေ တယ်လို့ ဂျာမနီက ပညာရှင် အဖွဲ့တစ်ဖွဲ့က ခန့်မှန်းထားတာ ရှိပါတယ်” ဟု ADB မှ လက်ထောက် စီးပွားရေး အကြီးအကဲ ဖြစ်သူ မစ္စပါ့စ်ဆိုင်ယွန်းက ပြောကြားသည်။
အေဝိုင်အီး (ပြည်မြန်မာ)
1:41 PM | Posted in , | Read More »
ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၅ / ၂၀၁၂ )
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်
(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်)
ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၃၄၊ ပုဒ်မခွဲ (က)နှင့်ပုဒ်မခွဲ (ဃ)၊ 
ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉) တို့အရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးဝင်း အား သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်သည်။
(ပုံ)သိန်းစိန် 
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
12:51 PM | Posted in , | Read More »
Firefox ရဲ့နောက်ဆုံး Web Browser ဖြစ်တဲ့ Firefox Nightly
ကနေအသစ်ထွက်လာတဲ့ Firefox Nightly လေးပါ မသိသေးတဲ့သူတွေအတွက်ပါ Firefox နဲ့ နည်းနည်း ကွာတယ် နည်းနည်းလည်းမြန်သလိုပါဘဲ သုံးကြည်ရင်တော့သိကြမှာပါ အသစ်ထွက်လာ လို့အသိပေး လိုက်တာပါ။ သုံးကြည့်ကြပါ။
ဒီနေရာမှာ ဒေါင်းလိုက်နော် =>>  
10:37 AM | Posted in , | Read More »