ဈေးရောင်း ဈေးဝယ်များ၏ အသံများ၊ သီချင်းသံ၊ ကားဟွန်းသံများ၊ သွားလာ လှုပ်ရှားသူများနှင့် ဦးဝိစာရ အိမ်ရာဝင်း၏ ညနေခင်းက ပုံမှန်အတိုင်း သက်ဝင် လှုပ်ရှားနေသည်။
ရုံးမှ ပြန်လာသည့် အေးချမ်းမြတ်ဖြိုးက လွယ်အိတ်ကို ချအပြီးတွင် ညစာအတွက် ခေါက်ဆွဲခြောက်ထုပ် ဝယ်ခဲ့ဖို့ ညီမဖြစ်သူ မော်ဒယ်လ် အေးချမ်းမြတ်မိုးကို ဖုန်းဆက်မှာလိုက်သည်။ အေးချမ်းမြတ်မိုးက သူရိုက် ကူးခဲ့သည့် Sunsilk ခေါင်းလျှော်ရည် ကြော်ငြာ အခွေကို သူငယ်ချင်းများထံ သွားကြည့်နေခြင်း ဖြစ်သည်။
နာရီကို သူ ကြည့်မိလိုက်တော့ ည ၇ နာရီခန့်ရှိပြီဖြစ်သည်။ အေးချမ်းမြတ် မိုးကို ဖုန်းဆက်ပြီး အချိန် ၁၅ မိနစ်ခန့် အကြာတွင် အေးချမ်းမြတ်ဖြိုး လုံးဝ ထင်မှတ်မထားသော ထိတ်လန့်တကြား အသံများကို ကြားလိုက်ရ၏။
“အမေရေ ကယ်ပါဦး၊ သမီးကို ဓားနဲ့ထိုးသွားပြီ” ဆိုသည့် ညီမဖြစ်သူ၏ အော်သံကို ကြားလိုက်ရပြီး အိမ်ရှေ့ သံပန်းတံခါး ရှေ့ရောက်လာသော သွေးများစိုရွှဲနေသည့် ညီမဖြစ်သူကိုပါ တွေ့လိုက်ရသည်။
အမေနှင့် အတူ အိမ်ရှေ့သံပန်းတံခါးကို ဖွင့်ဖို့ကြိုးစားသော်လည်း ညီမဖြစ်သူ၏ ဖြစ်အင်ကို ကြည့်ပြီး ဇောကပ် နေသောကြောင့် သံပန်းတံခါးက ချက်ခြင်းဖွင့်၍မရ၊ မောင်ဖြစ်သူ ဝဏ္ဏ ကတော့ တံခါးပွင့်လာ သည်ကို စောင့်မနေတော့ဘဲ အိမ်ရှေ့ ဝရန်တာကို ခုန်ကျော်၍ ပြတင်းပေါက်မှ ပြန်ခုန်ဆင်းကာ ညီမဖြစ်သူ အေးချမ်းမြတ်မိုးကို ပွေ့လိုက်သည်။
အထက်ပါ အခြေအနေများက သြဂုတ် ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သော အသက် ၂၀ အရွယ်ရှိ တက် သစ်စ မော်ဒယ်လ် အေးချမ်းမြတ်မိုး၏ အစ်မဖြစ်သူ အေးချမ်းမြတ်ဖြိုးက ဧရာဝတီသို့ ပြန်လည် ပြောပြချက် များ ဖြစ်သည်။
“ဝုန်းကနဲ အသံတချက် ကြားလိုက်တယ်၊ ညီမလေးရဲ့ အမေရေ ကယ်ပါဦးဆိုတဲ့ အသံ ထပ်ထွက် လာတယ်။ ကျမနဲ့ မောင်လေးလည်း ကြားကြားချင်း အိမ်တံခါးကို ဖွင့်ဖို့ ကြိုးစားပြီး ညီမလေးကို ကယ်တယ်။ ညီမလေးမှာ သွေးတွေရွှဲနေပြီ၊ ဆေးရုံကို အမြန်ပို့ပေမယ့်လည်း သွေးလွန်ပြီး ဆုံးသွားတယ်” ဟု ညီမဖြစ်သူ အသက်ရှင်ခဲ့စဉ် နောက်ဆုံးမြင်ကွင်းကို မျက်မြင် တွေ့ကြုံလိုက်ရသည့် အေးချမ်းမြတ်ဖြိုးက ပြောပြသည်။
သြဂုတ် ၂၆ ရက်၊ ည ၇ နာရီဝန်းကျင်ခန့်တွင် အေးချမ်းမြတ်မိုးကို တဖက်သတ် ချစ်ကြိုက်နေသူ ကိုအံ့ဖြိုးပိုင် က မိန်းကလေး၏ ဝဲဘက်လည်ပင်းကို ဓားဖြင့် တချက်ထိုးကာ သတ်လိုက်ခြင်း ဖြစ်သည်ဟု မိသားစုဝင်များ ၏ အဆိုအရ သိရသည်။
မည်သည့် အကြောင်းပြချက်များကြောင့် ယခုကဲ့သို့ ဓားဖြင့် ထိုးခဲ့သည်အထိ ဖြစ်ပွားခဲ့ရသည် ကိုတော့ ကာယကံရှင် ၂ ဦးသာ သိနိုင်မည့် ကိစ္စဖြစ်သည်။
“အဖြစ်အပျက်တွေကို ဘယ်လိုမေ့ရမလဲ၊ ဒါတွေ အိပ်မက်ဖြစ်ရင် ကောင်းမယ်၊ ညီမလေးက အိမ်ကနေ ဘယ်ကို ထွက်ထွက် ကျမနဲ့ အတူတူသွားနေကြ။ မဟုတ်လည်း အဖော်ပါတယ်။ အဲဒီနေ့ ကမှ သူတယောက်တည်း ဖြစ်သွားရှာတာ” ဟု အေးချမ်းမြတ်ဖြိုးက ဆိုသည်။
အနုပညာလောကမှ မော်ဒယ်လ် တချို့၊ မီဒီယာတချို့နှင့် လူမှုကွန်ရက် facebook စာမျက်နှာများ ထက်တွင်တော့ ကွယ်လွန်သူ အေးချမ်းမြတ်မိုးနှင့် ကိုအံ့ဖြိုးပိုင်တို့မှာ ချစ်သူရည်းစားများ ဖြစ်သည်ဟု ပြောဆို ရေးသားထားကြသည်။
စကားများရန်ဖြစ်ရာမှ လက်လွန်သွားခြင်း ဖြစ်သည်ဟုလည်း တချို့ကလည်းပြောကြသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှုခင်းဌာနက စစ်ချက်တွင်လည်း သေဆုံးသူ အေးချမ်းမြတ်မိုးနှင့် သူ့ကို သတ်လိုက်သည့် ကိုအံ့ဖြိုးပိုင် တို့မှာ သမီးရည်းစားများ ဖြစ်ကြသည်ဟု ဖော်ပြပါရှိနေသည်။
“ဒီကောင်လေးရဲ့ စာရိတ္တကို မကြိုက်လို့ အိမ်ကို အလာမခံတော့တာ ကြာပြီ။ ညီမလေးနဲ့ အရင်တုန်းက ပတ်သက်မှု ရှိရင်ရှိခဲ့နိုင်တယ်၊ ဒါပေမယ့် အခုအချိန်မှာ ဘာပတ်သက်မှုမှ မရှိဘူး၊ သူက တဖက် သတ်ဖြစ်နေတာ” ဟု သေဆုံးသူ၏ အစ်မ ဖြစ်သူ အေးချမ်းမြတ်ဖြိုးက ရှင်းပြသည်။
အေးချမ်းမြတ်မိုးသည် ဒဂုံအဝေးသင် တက္ကသိုလ်တွင် ဒုတိယနှစ် အင်္ဂလိပ်စာ ဘာသာရပ် တက်ရောက် သင်ယူနေသူ ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လက Parkson ကုန်တိုက်မှ ပြုလုပ်သည့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရင်းအနုပညာ လောကထဲသို့ ရောက်လာသူဖြစ်သည်။ Laurel Art Academy အနုပညာ သင်တန်းကျောင်းတွင် ပညာဒါန သင်တန်း တက်ရောက်နေသည်မှာ ၅ လခန့် ရှိပြီဟု သိရသည်။
သူ၏ အနုပညာသက်တမ်း မကြာမြင့်သေးသော်လည်း “သစ္စာ မယွင်း ချစ်ခြင်းမေတ္တာ” အမည်ရ ရုပ်ရှင် ဇာတ်လမ်းတိုတွင် ခေါင်းဆောင်မင်းသမီး အဖြစ်လည်းကောင်း၊ နာမည်ရ မဂ္ဂဇင်းတချို့တွင် မျက်နှာဖုံးရှင် အဖြစ်လည်းကောင်း၊ ကြော်ငြာနှင့်အလှဓာတ်ပုံများကို လည်းကောင်း ရိုက်ကူးခဲ့ရသူ ဖြစ်သည်။
“ရုပ်ရည်လည်း Perfect ဖြစ်တယ်၊ စိတ်ထားလည်း ဖြုစင်တယ်၊ အလားအလာရှိတဲ့ ကျောင်းသူ တယောက်ပါ။ ပညာဒါန သင်တန်းကို အမှတ်စဉ်နံပတ် ၁ အနေနဲ့ ဝင်ခဲ့တဲ့သူပါ။ ကိုယ်ပိုင် Talent လည်း ရှိတဲ့အတွက် ရုပ်ရှင်၊ ဇာတ်လမ်း လေးတွေ ရိုက်ရင် သူ့ကို ထည့်ရိုက်ဖြစ်ခဲ့တယ်” ဟု အေးချမ်းမြတ်မိုး တက်ရောက်ခဲ့သည့် Laurel Art Academy အနုပညာ သင်တန်းကျောင်းမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။
“စိတ်ထားဖြူစင်တဲ့ သူငယ်ချင်းကို ရက်ရက်စက်စက် လုပ်ရက်လိုက်တာ”
“လူမရှိတော့ပေမယ့် နာမည်က ရှင်သန်နေမှာပါ”
“ကိုယ်ချင်းစာတရား မရှိလိုက်တာနော်” စသည့် ဆုတောင်းစကား၊ ဝမ်းနည်းစကားများနှင့် နှုတ်ဆက် စကားပေါင်း များစွာကလည်း မော်ဒယ်လ် အေးချမ်းမြတ်မိုး၏ ကိုယ်ပိုင် facebook စာမျက်နှာ ထက်တွင် အများအပြား တွေ့ရသည်။
“စိတ်သဘောထား ဖြူစင်ပြီး အနုပညာလောကမှာ နေရာတခု ရအောင် ကြိုးစားနေတဲ့ ကျမ သူငယ် ချင်းလေး ကောင်းရာမွန်ရာ ရောက်ပါစေ” ဟု သူ၏ သူငယ်ချင်းတဦးဖြစ်သူ ရွှေဝန်းရံက သေဆုံးသွားသူ အေးချမ်းမြတ်မိုး၏ facebook စာမျက်နှာထက်တွင် ဆုတောင်းစကား ဆိုထားသည်။
သူ၏ သူငယ်ချင်းကို သတ်သွားသူ ကိုအံ့ဖြိုးပိုင်၏ ပုံကို လူအများအပြားအား သိစေချင်သည့်အတွက် ကွယ်လွန်သူ အေးချမ်းမြတ်မိုး၏ ဖုန်းထဲမှ ဓာတ်ပုံကို facebook စာမျက်နှာမှ တဆင့် တင်ပေးလိုက် သည်ဟု ရွှေဝန်းရံက သူ၏facebook တွင် ရေးသားထားသည်။
မော်ဒယ်လ် အေးချမ်းမြတ်မိုးကို ဓားဖြင့်ထိုး၍ သတ်ခဲ့သူဟု ဆိုကြသည့် ကိုအံ့ဖြိုးပိုင်မှာ အသက် ၂၂ နှစ် ရှိပြီဖြစ်ပြီး ဦးဝိစာရ အိမ်ရာ တိုက်အမှတ် ၂ တွင် နေထိုင်သူဖြစ်သည်။ သူသည် ဆေးတက္ကသိုလ် ပထမနှစ်မှ နားထားသူ ဖြစ်ကြောင်း၊ လက်ရှိတွင် သိပံ္ပဘွဲ့ ဂုဏ်ထူးတန်း တက်ရောက်နေသူ ဖြစ်ကြောင်း သိရသည်။
“ကောင်လေးက အေးအေးဆေးဆေး နေတတ်တဲ့ စရိုက်ပါ၊ စာလည်း တော်တယ်။ သူ့မှာ အရမ်းကို မခံမရပ်နိုင်တဲ့ သဘောရှိလို့ အခုလို လုပ်လိုက်တယ်ထင်တယ်။ တကယ်တော့ သူလည်း သနားဖို့ကောင်းတယ်” ဟု ဦးဝိစာရအိမ်ရာဝင်းအတွင်း နေထိုင်သူ အမျိုးသမီးတဦးက ပြောပြသည်။
လက်ရှိတွင် ကိုအံ့ဖြိုးပိုင်ကို ဒဂုံမြို့မ ရဲစခန်းက ပ/၁၈၄/၁၄/ (ပြစ်မှုပုဒ်မ ၃၀၂) ဖြင့် အမှုဖွင့်ပြီး စခန်းမှူး ရဲအုပ်ဇာနည်ထွဋ် က အမှုအသွားအလာများ စစ်ဆေးလျှက် ရှိကြောင်း သိရသည်။
“တရားခံ ကတော့ ဒေါသထွက်လာတဲ့ အလျောက် ဓားနဲ့ထိုး လိုက်တယ်လို့ ပြောတယ်။ အဲဒီအချိန်က သူ့မှာ မူးယစ်ဆေးဝါး သုံးစွဲထားတာ မရှိဘူး” ဟု ရဲအုပ်ဇာနည်ထွဋ်က ဧရာဝတီသို့ ပြောသည်။
အခင်းဖြစ်ပွားခဲ့ရာ အိမ်ရာအနီးအဝိုက်တွင် နေထိုင်သူ တချို့ကမူ ကိုအံ့ဖြိုးပိုင်သည် အေးချမ်းမြတ်မိုး နေထိုင်ရာ တိုက်အောက်တွင် အချိန်ကြာမြင့်စွာ စောင့်နေခဲ့ကြောင်း၊ နောက်ပိုင်း ဆူညံသည့် အသံများကြားရပြီး ဓားကိုင်လျှက် ပြေးထွက်လာသည့် ကိုအံ့ဖြိုးပိုင်ကို တွေ့ကြရာ ရပ်ကွက်မှ လူတချို့က ကိုအံ့ဖြိုးပိုင် ကိုဖမ်းဆီး၍ သက်ဆိုင်ရာသို့ အပ်နှံလိုက်ခြင်း ဖြစ်ကြောင်း အေးချမ်းမြတ်မိုး၏ မိသားစု ဝင်များက ပြောပြသည်။
“ဘယ်သူ့ကို မဆို ခင်ခင်မင်မင် ဆက်ဆံတတ်တဲ့သူကို ဘာလို့ အငြိုးတကြီး လုပ်လဲမသိဘူး။ ညီမလေး ဖုန်းထဲက မက်ဆေ့ခ်ျ အသွားအလာတွေ အရဆိုရင် အံ့ဖြိုးပိုင်က တဖက်သတ်ကြီး ဖြစ်နေတယ်။ ညီမလေးက မကောင်းတတ်လို့စကားတချို့ ပြန်ပြောတာပဲရှိတယ်” ဟု ကွယ်လွန်သူ၏ အစ်မဖြစ်သူ အေးချမ်းမြတ်ဖြိုးက ဆိုသည်။
၂၀၁၄ ခုနှစ်အတွင်း သမီးရည်စားအချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခြင်း၊ ရည်းစားဟောင်း သို့မဟုတ် ပတ်သက်ခဲ့ဖူးသူက အကြောင်းကိစ္စတခုခု ပေါ်မူတည်၍ မကျေမနပ်ဖြစ်ကာ သတ်လိုက်ခြင်း စသည့် မှုခင်း အများအပြား ဖြစ်ပွားခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အသက် ၂၆ နှစ်ဝန်းကျင် အမျိုးသမီးကို သူ၏ ချစ်သူက နေအိမ် တွင်ပင် ဓားဖြင့်ထိုး သတ်ပစ်လိုက်သည့်အမှု၊ နယ်မြို့တခုတွင်လည်း ချစ်သူ ကောင်မလေးက လက်မထပ်ဟု ဆိုသဖြင့် ကောင်လေးက ဓားနှင့် ထိုးသတ်လိုက်ပြီး သူ့ကိုသူလည်း သတ်သေသည့် အမှုများအပါအဝင် မှုခင်းအများအပြား ဖြစ်ပွားခဲ့သည်။
လတ်တလော နောက်ဆုံးဖြစ်သွားသည့် အမှုမှာ စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် အင်းစိန်လမ်းမပေါ်ရှိ ပုဂ္ဂလိက ငွေချေးလုပ်ငန်းမှ ဝန်ထမ်း အမျိုးသမီးကို သူ၏ ရည်းစားဖြစ်သူက ကုမ္ပဏီရေချိုးခန်း၌ပင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ကာ သူကိုယ်တိုင်ကလည်း သေကြောင်း ကြံစည်မှု ဖြစ်သည်။ သို့သော်လည်း သေကြောင်းကြံမှု အထမမြောက်ခဲ့ပေ။ ထို ဓားထိုးမှုသည်လည်း ချစ်သူမိန်းကလေးက နောက်တယောက် တွေ့နေသည်ဟု သံသယအပေါ် မူတည်သည့် ရည်းစားသနာ ကိစ္စတွင် အခြေခံနေကြောင်း သိရသည်။
မေစစ်ပိုင်
Credit To :ဧရာဝတီ >> မှ ပြန်လည် မျဝေခြင်း ဖြစ်ပါသည်။
သရုပ်ပျက်ဝတ်စားဆင်ယင်မှုအတွက် ကိုယ့်တာဝန် ကိုယ်ယူကြရန် လူမင်းပြောပြီ
သရုပ်ပျက်ဝတ်စားဆင်ယင်မှုအတွက် ကိုယ့်တာဝန် ကိုယ်ယူကြရန် လူမင်းပြောပြီ
သရုပ်ပျက်လာသည့် မြန်မာသရုပ်ဆောင်များ၏ ၀တ်စား ဆင်ယင်မှုအား လက်ရှိအချိန်အထိ စည်းကမ်း သတ်မှတ် ချက် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက သိရှိရသည်။
သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနများက သရုပ်ပျက်ဝတ်စား ဆင် ယင်မှုများနှင့် ပတ်သက်၍ သတိပေးတားမြစ်ချက် များရှိ လာပါက ဖန်တီးသူ ကိုယ်တိုင်ဖြေရှင်းရ မည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌက ဆိုသည်။
“အနုပညာဆိုတာ လွတ်လပ်စွာတွေးခေါ် ဖန်တီးခွင့်ရှိရမယ်ဆိုတာ အခြေခံအချက်ရှိတယ်။ ဘယ်လို မပြောရဘူး ၊ ဘယ်လိုမဆိုရဘူး ၊ ဘယ်လို မ၀တ်ရဘူး မစားရဘူးဆိုတာ ကျွန်တော်တို့အစည်းအရုံး အနေနဲ့ စည်းကမ်းချက်တွေသတ်မှတ်ပြီး ပြဌာန်းပြီး သတ်မှတ်ဖို့ မရှိဘူး။
လွတ်လပ်ပွင့်လင်းလာတာနဲ့အမျှ လူတိုင်းက ကိုယ့်တာဝန် ကိုယ်ယူ ရမှာဘဲ ဥပမာလွတ်လွတ် လပ် လပ်ပြောဆို ရိုက်ကူးရင်းနဲ့ ဌာနဆိုင် ရာ တစ်ဦးဦးပဲဖြစ်ဖြစ် ပုဂ္ဂိုလ်တစ်ဦးဦးပဲဖြစ်ဖြစ် ထိခိုက်တာမျိုးဖြစ် လာခဲ့ရင် အဲ့ဒီလူကို ဌာနဆိုင်ရာက တရားစွဲခဲ့မယ်ဆိုရင်ပေါ့ ဖန်တီးတဲ့ လူကပဲ တာဝန်ယူပြီး ဖြေရှင်းရမယ်။ “ ဟု ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌ လူမင်းက ပြောသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ပွင့်လင်းလာခြင်းနှင့်အတူ လွတ်လပ်စွာ ၀တ်စားဆင်ယင်ခြင်းအား လက် ခံနိုင်သော်လည်း မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှုကို ပျောက်ကွယ် မသွားစေရန် ထိန်းသိမ်းရန် လို အပ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
“၀တ်တာကတော့ ခေတ်နဲ့အမြင်ဝတ်တာပါ။ လူငယ်တွေအတုခိုးတယ် မခိုးဘူးဆိုတာကတော့ တခြားနိုင် ငံခြားကားတွေမှာလည်း ၀တ်နေကြတာပဲ။ ဇာတ်လမ်းဇာတ်ကွက်အရ ၀တ်စားဆင်ယင်တာကတော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှုဆိုတာကတော့ အရှေ့မှာ cover လေး တစ်ခုရှိတယ်။ စကတ် တိုဝတ်သင့်တဲ့နေရာမျိုးဆိုရင်လည်း ၀တ်ရမှာပေါ့နော်။
ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ၀တ်ရမယ်၊ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုကိုလည်း မပပျောက်စေချင် ဘူး။ မြန်မာဆိုတဲ့ဂုဏ်လေးနဲ့ သရုပ်ဆောင်တွေက ထိန်းထိန်း သိမ်းသိမ်းလေး လုပ်သင့်တယ်“ ဟု ရုပ်ရှင်သရုပ်ဆောင် မြင့်မြင့်ခိုင်က ၄င်းအမြင်ကို ပြောသည်။
ရုပ်ရှင်သရုပ်ဆောင်များအနေဖြင့် ဇာတ်လမ်းဇာတ်ကွက်အရ စကတ်တိုများ ၀တ်ရသည်မှာ မှန်သော် လည်း မြန်မာ့ယဉ်ကျေးမှု ပျောက်ကွယ်သွားသည် အထိ မ၀တ်သင့်ကြောင်းနှင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်ကြောင်း ၀ါရင့်ရုပ်ရှင်အနုပညာရှင်အချို့က အကြံပြုပြောဆိုသည်။
လူငယ်များအနေဖြင့် စကတ်တိုနှင့် ဂျင်းဘောင်းဘီများ ၀တ်ဆင်ခြင်းသည် ဖက်ရှင်ကျပြီး လွတ် လပ်ခြင်း တို့ကို ခံစားရသောကြောင့် ၀တ်ဆင်လာခြင်းဖြစ်ကြောင်း ဆယ်ကျော်သက်လူငယ်များထံက သိရှိရ သည်။
“ပြောမယ်ဆိုရင် အဆင့်အတန်းမြင့်လာတာပေါ့။ အဲ့လိုဝတ်တာကတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ မြန်မာ ကားတွေမှာတော့ သိပ် မ၀တ်စေလိုဘူး။ လူမြင်ရင် ဟိုဒင်းဖြစ်မှာ ကြောက်လို့။ ဒါပေမဲ့လည်း အပြင်မှာ လူတိုင်းက ၀တ်နေကြတာပဲလေ ၀တ်ချင်စားချင် ကြတာပဲ” ဟု လှည်းတန်း DJ Jean ဘောင်းဘီဆိုင်သို့ လာရောက်ဈေးဝယ်သူတစ်ဦးက ပြောသည်။
လူငယ်အချို့မှာ ခေတ်မီစွာဝတ်စားဆင်ယင်ခြင်းနှင့်ပတ်သက်၍ ဖက်ရှင်ကျသည်ကို ကြိုက်နှစ် သက်သော်လည်း မြန်မာ့ရုပ်ရှင်ကားများတွင် မသင့်လျော်သည့် ပုံစံများဖြင့် မရိုက်ကူးသင့်ကြောင်း အသက်အရွယ်ကြီးမားသူများက အကြုံပြုပြောဆိုကြသည်။
မြစ်မခမီဒီယာ
4:21 PM | Posted in အနုပညာကဏ္ဍ | Read More »
ဝတ်မှုံ ရွှေရည် ဆိုတဲ့ နာမည်နဲ့ ရပ်တည်မှု အကြောင်း
တချို့သော အနုပညာ ရှင်တွေက သူတို့ရဲ့ နာမည် အရင်းနဲ့ အနုပညာ အလုပ်တွေ ကို လုပ်ကိုင်ကြသလို တချို့ အနုပညာရှင်တွေကလည်း အနုပညာ နာမည် တစ်ခုနဲ့ ပြောင်းလဲ လုပ်ကိုင်ကြတာ တွေ့ရပါတယ်။ အနုပညာ လောကမှာ နာမည်တစ်ခု ရပြီး အောင်မြင် ဖို့ဆိုတာက လွယ်ကူတာ မဟုတ်သလို ရရှိပြီးသား နာမည်ကိုလည်း ထိန်းသိမ်းဖို့ မလွယ်ကူပါဘူး။
လက်ရှိ အနုပညာလောကထဲမှာ နာမည်ရရှိပြီး သား ဖြစ်တဲ့ ဝတ်မှုံရွှေရည်ဟာဆိုရင် သူ့ရဲ့ နာမည် အရင်းဖြစ်တဲ့ ဝတ်မှုံရွှေရည်ဆိုတဲ့ နာမည်နဲ့သာ အနုပညာအလုပ်ကို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဒီနာမည်နဲ့ပဲ အောင်မြင်မှုရရှိပြီး ဝတ်မှုံရွှေရည်ဆိုတဲ့ နာမည်နဲ့အတူ သူ့ကို ပရိသတ်တွေ တွဲသိကြတာကတော့ ချစ်စရာကောင်းတဲ့ သူမရဲ့ အိမ်နာမည်ဖြစ်တဲ့ ကစ်ကစ်ဆိုတဲ့ နာမည်လေးပဲ ဖြစ်ပါတယ်။
စကားပြောတိုင်းမှာ သူ့ကိုယ်သူ "ကစ်ကလေ၊ ကစ်ကလေ" ဆိုပြီး ချစ်စဖွယ် ပြောလေ့ရှိတဲ့ ဝတ်မှုံရွှေရည်ကို သူ့ရဲ့နာမည်နဲ့ ရပ်တည်မှု အကြောင်းလေးတွေနဲ့အတူ သူ့ကို ချစ်စနိုး ခေါ်လေ့ရှိတဲ့ နာမည်လေးတွေ အကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
"ဝတ်မှုံရွှေရည်ဆိုတဲ့ နာမည်လေးက ဘွားဘွားနဲ့ အမေ ပေးထားတဲ့ နာမည်လေးပါ။ လူကြီးတွေကလည်း ဒီနာမည်ကို ကြိုက်တယ်။ ကစ်က လည်း အနုပညာနာမည် သတ်သတ် မလုပ်ချင်တာနဲ့ ဒီနာမည်အတိုင်းပဲ အနုပညာအလုပ်ကို လုပ်ဖြစ်တာပါ။ ဝတ်မှုံရွှေရည်နဲ့ လုပ်တော့ ပရိသတ် လည်း သိသွားတယ်လေ။ ဒါကြောင့် ဒီနာမည်နဲ့ပဲ ဆက်လုပ်ဖြစ်တာ။ ကစ်ကစ်ဆိုတာကတော့ အိမ်နာမည်ပါ။ ကစ်ကစ်ဆိုတဲ့ နာမည်ကိုတော့ လူနဲ့ တွဲမိမှာ မဟုတ်ဘူး။ နာမည်နဲ့ လူနဲ့ သတ်သတ်စီ ဖြစ်နေတာ။ ငယ်ငယ်တုန်းကတော့ ဝဝလုံးလုံးလေးမို့လို့ ချစ်စနိုးနဲ့ ပေးထားတဲ့ နာမည်။ ကြီးလာတော့လည်း ရင်းနှီးတဲ့ သူငယ်ချင်းတွေကအစ ကစ်ကစ်လို့ ပဲ ခေါ်ကြတယ်။ အမျိုးတွေရောပေါ့။ ကစ်အင်တာဗျူးဖြေရင်လည်း ကစ်ကလေ၊ ကစ်ကလေလို့ ဖြေရင်းနဲ့ အပြင်ပရိသတ်တွေကလည်း လိုက်ခေါ်ကြတယ်။ နယ်သွားရင်လည်း ကစ်ကစ်လို့ ခေါ်ကြတယ်။ တချို့ ကျတော့ မှုံမှုံလို့ ခေါ်တယ်။ မအူဝဲ (အိန္ဒြာကျော်ဇင်) ဆို ရွှေမှုံလို့ ခေါ်တယ်။ ကိုခန့် (ခန့်စည်သူ) ကျတော့ မှုံကြီးလို့ ခေါ်တယ်။ အမျိုးမျိုး ခေါ်ကြတယ်။ နာမည်တစ်လုံး ရဖို့ဆိုတာလည်း တကယ် ကြိုးစားခဲ့ရတယ်။ လူရော၊ စိတ်ရော၊ အချိန်တွေရော အကုန်လုံး ပေးဆပ်ခဲ့ရတယ်။ ဘေးကပြောတဲ့ ဒဏ်တွေကို ခံပြီးမှ ဒီနာမည်တစ်လုံး ရတာပါ။ ရလာတဲ့ နာမည်တစ်လုံးကို ထိန်းသိမ်းဖို့ဆိုတာလည်း မလွယ်ဘူး။ ဒီနာမည်တစ်လုံးကို ကစ်ကတော့ ဂုဏ်သိက္ခာနဲ့ပဲ ထိန်းသိမ်းပါတယ်။ မင်းသမီးတစ်ယောက် အနေနဲ့ ဂုဏ်သိက္ခာရှိရှိ နေပြီး ကစ်ရဲ့နာမည်ကို ထိန်းသိမ်းထားပါတယ်။
Popular news journal
7:35 PM | Posted in အနုပညာကဏ္ဍ | Read More »
နန်းဆုကေဆွမ်၏ စိတ်ပိုင်း၊ ရုပ်ပိုင်း တိုးတက်ပြောင်းလဲသွားခြင်းအကြောင်းအရာများ
Facebook မှ မိတ်ဆွေသူငယ်ချင်း များတွေ၏ အများဆုံး Messages များ မှ မေးခွန်းနှင့်ပက်သက်ပြီး အဓိ က ရေး သားခြင်းဖြစ်ပါတယ်။ စာရေးသူ၏ Facebook Account အဟောင်း Nan Su Kay Swan သည် လူ 5000 ကျော် သွားပါသဖြင့် Account သစ် Nansu Kayswan ဖွင့်လိုက်ပြီးနောက် ယခု Account သစ်မှာလည်း 5000 နီးပါး ပြည့်နေပြီး အများပိုင်း Messages များကို မပြန်နိုင်တာကြောင့် နား လည်ပေး ပါ လို့ တောင်းဆိုချင်ပါတယ်။ အများပိုင် Messages များမှ မေးခွန်း များ၏ အကြောင်းရင်းမှာ စာရေးသူ ၏ နေထိုင်စားသောက် နည်းကို သိချင်သောမေးခွန်းနှင့် စာရေးသူသည် 1997 မှ Model လုပ်စဉ် ရုပ်နှင့် ယခု 2012 ၏ ရုပ် သိပ်မပြောင်းလဲပါလို့ ဝေဖန်ကြတဲ့ Messages များကို အဓိက ရေးသားသွားမှာ ဖြစ်ပါတယ်။ လူတိုင်း၏ ဘ၀လျောက်လမ်းမှာ ပန်းခင်းလမ်းတော့ မဟုတ်ကြပါ။ ဘ၀၏ အခက် အခဲ၊ လောကဒဏ် ၈ ပါးနှင့် လူတိုင်း ရင်ဆိုင်ကြရမှာ မလွဲပေ။ ကောင်းတဲ့လောကဒဏ်နှင့် ဆုံတွေ့သလို ဆိုးသောလောကဒဏ်ကိုလည်း ကြုံတွေ့နေသောအချိန်မှာ တဦးနှင့် တဦးထိုလောကဒဏ်ပေါ် ဘယ်လောက် တုန်လှုပ်မှာလဲပဲကွာခြားပါတယ်။ စာရေးသူ၏ Facebook Notes ထဲမှ “နေမကောင်း ဘူးဆိုရင်”၊ “အစာစားနည်း” နှင့် “မိမိကိုယ်ကိုယုံကြည်မှုရှိလာအောင် ပြုပြင်နေထိုင်နည်း” စာများ ဖတ်ရှုခြင်းနှင့် စာရေးသူ၏ ဘ၀အကြောင်းတစိတ်တပိုင်းကိုသိရမှာပါ။ စာရေးသူ၏ ဘ၀အကြောင်းကိုလည်း စာအုပ်အဖြစ် ရေးသားသွားမှာဖြစ်ပါတယ်။ လူ့ဘ၀မှာ လူတိုင်းသည် အခက်အခဲနှင့်ကြုံတွေ့ပြီးမှ ထိုအခက် အခဲထဲက သင်ခန်းစာများကို သင်ယူပြီးမှ အောင်မြင်မှုကို ပိုင်ဆိုင်သွားကြတယ်ဆိုတာ လူတိုင်း လက်ခံကြမှာပါ။
စာရေးသူသည် 2011 တွင်ဘ၀မှာ အဆိုးဆုံးလောကဒဏ်အခက်အခဲမျိုးစုံကို ကြုံတွေ့ခဲ့တဲ့ အမှတ်တရနှစ် တစ်နှစ်ပဲဖြစ်ပါတယ်။ တချိန်ထဲမှာပဲ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအားလုံး ထိခိုက်စေခဲ့တယ်။ စီးပွားရေးပိုင်းမှာ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အပြင် လူမှုရေးကြောင်းစုဆောင်းထားတဲ့ ငွေကြေးတွေပါ ဆုံးရှုံးခြင်းကြုံတွေ့ခဲ့ရတယ်။ ဒီဘ၀မှာ ဘယ်သူ့ဆီမှ ငွေကြေး၊ ပစ္စည်း အလကားမရခဲ့ပေမယ့် လည်းကိုယ် သံယောဇဉ်ထားရှိတဲ့ သူတွေနဲ့ပဲ အချိန်ကုန်၊ ငွေကြေးဆုံးရှုံးခြင်းများနှင့် ၀ဋ်ကြွေးပေးဆပ်ခဲ့ရပါတယ်။ လူမှုရေးပိုင်းမှာ အကြိမကြိမ် စိတ်ဆင်းရဲခဲ့ရတယ်။
စာရေးသူတွင် တစ်ဦးနှင့်တစ်ဦး မေတ္တာရှိပြီး ချစ်ကြိုက်ခဲ့တဲ့သူနှင့် 7.7.2007 တွင် မိဘဆွေမျိုး ဂုဏ်သရေရှိတဲ့ လူကြီးမင်းမိတ်ဆွေများရှေ့တွင် ဘ၀လက်တွဲဖော်အဖြစ် တရားဝင်လက်ထပ်ပွဲ အခမ်း အနားပြုလုပ်ခဲ့တယ်။ လက်ထပ်ပြီး 2 နှစ်လောက်ပဲ အတူတူနေထိုင်ကြပြီး 2009 တွင် စာရေးသူသည် မြန်မာပြည်တွင် အခြေချနေထိုင်ခဲ့ပြီး အမျိုးသားနေထိုင်သော ထိုင်းနှင့် တရုတ်ပြည်ကို လိုက်မနေနိုင်သောေ ကြာင့် အနေဝေးသွားခဲ့ကြတယ်။ အချိန်ပြောင်းလဲသွားမှုကြောင့် လူတွေရဲ့စိတ်ကို ပြောင်းလဲသွားစေတာ လည်း အမှန်တရားတရပ်ပဲဆိုတာ လက်ခံသိရှိခဲ့တယ်။ တစ်ဦးနှင့်တစ်ဦး တခါမှ အကြီးအကျယ်ရန် မဖြစ်ခဲ့ဖူးကြပေမယ့်လည်း ( = ) ညီမျှခြင်းလက္ခဏာမှာ ရပ်တန့်နေသောကြောင့် ဘယ်လိုမှ ပြန်လည် ( + ) ပေါင်းစပ်၍မရခဲ့တော့သောကြောင့် 2နှစ်လမ်းခွဲခဲ့ကြပြီးနောက်ပိုင်း 14.2.2011မှာတရားဝင် ကွာရှင်း ခဲ့ကြတယ်။ ယနေ့အထိတစ်ဦးနှင့်တစ်ဦး နှစ်ဘက်မိဘများနှင့်လည်း မိတ်ဆွေကောင်းများအဖြစ် ရပ်တည်နေထိုင်ခဲ့ကြပါတယ်။ဒီ 4 နှစ်၏ ဘ၀သင်ခန်းစာကိုသုံးသပ်လိုက်တဲ့အချိန်မှာ အမျိုးသားသည် စာရေးသူအပေါ်မှာ ယုတ်မာရိုင်းစိုင်းသော အပြုအမူများကို မပြုလုပ်ခဲ့သောကြောင့် တစ်ဦးနှင့်တစ်ဦး စိတ်နာကျင်မုန်းတီးခြင်းမရှိခဲ့ပေမယ့်လည်း လက်ထပ်စဉ်မှာ အိမ်ထောင်ရေး ကို အကောင်းဆုံး တည်ဆောက် သွားမယ်လို့ မျှော်မှန်းထားခဲ့ကြတာပါပဲ။ တည်ဆောက်ချင်ခဲ့ကြသလို ဖြစ်မလာတော့ စိတ်ဓာတ်ကျခြင်း၊ ၀မ်းနည်းခြင်း၊ အားငယ်ခြင်းတွေ ခံစားကြတာ အမှန်တရားတစ်ခုပါ။
လူတိုင်းမှာ အားငယ်နေတဲ့အချိန်မှာ ကိုယ့်ဘ၀ကို နွေးထွေးအောင် မျှော်လင့်ချက်၊ ယုံကြည်ချက်ပေးပြီးဝ င်လာတဲ့သူကို စိတ်ပိုင်းဆိုင်ရာ အားကိုးမှီခိုလို့ရမယ်ထင်ပြီး ယုံကြည်ကြမှာပါပဲ။ ကိုယ့်ကို နားလည်သူ လို့ထင်ခဲ့ပြီး ဘ၀မှာ ကံကောင်းခြင်းများနှင့် ပြည့်စုံနေပြီလို့ ယုံကြည်မိပြီး ထိုသူနှင့် စေ့စပ်ကြောင်း လမ်းခြင်းကိုသြဂုတ်လ 2011 တွင် သတင်းစာ၊ဂျာနယ်စာမျက်နှာတွင်ပါဝင်ဖြေကြားခဲ့ဖူးပါတယ်။ တကယ် လက်တွေ့ ဘ၀မှာ ယုံကြည်တဲ့အတိုင်း ဖြစ်မလာခဲ့ကြခြင်းကြောင.် ဇန်န၀ါရီ 2012 မှာ စေ့စပ်ကြောင်း လမ်းဖျက်သိမ်းခဲ့ကြပါတယ်။ ဘ၀မှာ အမှားဆုံး သင်ခန်းစာတစ်ခုဖြစ်ပြီး သိက္ခာနှင့်ရင်းပြီး ခါးသီးတဲ့ ဘ၀ သင်ခန်းစာကို သင်ယူရရှိစေခဲ့ပါတယ်။ အားငယ်တဲ့အချိန်မှာ တခြားသူကို ယုံကြည်ပြီး စိတ်ပိုင်းမှီခိုခြင်းသည် ဘ၀မှာအမှားဆုံးသင်ခန်းစာတရပ်ပဲဖြစ်ပါတယ်။
2011 တနှစ်လုံးလောကဒဏ်ကြုံတွေ့နေချိန်တွင် စိတ်ဆင်းရဲခြင်း၊ ပူလောင်ခြင်း၊ စိတ်ဓာတ်ကျခြင်း များကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်း သိသိသာသာကျဆင်းစေပါတယ်။ စိတ်ထောင်းကိုယ်ကြေဆိုတဲ့ စကားသည် အရမ်းမှန်ပါတယ်။ စာရေးသူ၏ 2011 ဓါတ်ပုံများကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
2012 မှစ၍ စိတ်သစ်လူသစ်နှင့် ကံကောင်းခြင်းနှင့်ပြည့်စုံစေတဲ့နှစ်တစ်နှစ် ပဲဖြစ်ပါတယ်။ 2012မှာ အတွေး အခေါ်၊ အနေအထိုင်၊ အစားအသောက်သစ်ဖြင့် စိတ်နှင့်ရုပ်ကို ပြုပြင်နေထိုင်ခဲ့သောနည်းလမ်းများမှာ-
၁။ ။ စာရေးသူသည် ယောဂကျင့်စဉ်ကို စတင်လေ့ကျင့်ပြီးနောက်ပိုင်း စိတ်နှင့် ရုပ်အကြောင်းများကို ပိုမိုနားလည်လာနိုင်ခဲ့တာ ယောဂကျင့်စဉ်၏ အကျိုးတရားတရပ်ပင်ဖြစ်သည်။ စာရေးသူမှာ အမြဲတမ်းပြု လုပ်နည်း သည်သတိရတိုင်း ၀င်လေ၊ ထွက်လေကို ရှုတဲ့အကျင့်ပြုလုပ်ခြင်း၊ ခန္ဓာမှာ တင်းနေ တဲ့ကြွက်သားများကို တစ်ခုချင်းစီလျော့ပေးတဲ့အကျင့်လေးကို သတိရတိုင်း လုပ်ဖြစ်အောင် အမြဲတမ်းပြု လုပ်ပေးခြင်းသည် ယောဂသင်တန်းမှာလည်း အမြဲထည့်သုံးနေသော ကျင့်နည်းတစ်ရပ်ဖြစ်ပါတယ်။
၂။ ။ ယခုကြုံတွေ့နေတဲ့ လောကဒဏ်ကိုဖြစ်နေတဲ့ အချိန်မှာ အရမ်းခံစားကြရမှာပါပဲ။ အချိန်နှင့် ဘ၀ကံကို လက်ခံနိုင်မှုပေါ်မှာပဲ မူတည်သည်။ ဖြစ်ကြောရှည်လို၊ မရှည်လိုခြင်းပေါ်မှာပဲ မူတည်ပါတယ်။ ၁ လ၊ ၂ လ၊ ၆ လ၊ ၁ နှစ်၊ တသက်လုံး ဝေဒနာအပေါ်စွဲထားခြင်း ဖြစ်ကြောရှည်လို၊ မရှည်လိုပေါ်မှာပဲ မူတည်ပါတယ်။ ဘ၀သင်ခန်းစာတွေကြောင့် ကိုယ့်စိတ်ကို စစ်တဲ့အကျင့်လေး နားလည်အောင် လေ့ကျင့်လုပ်ပေးလာသည်။ မသိတာတွေ သိလာတယ်။ ဒေါသဖြစ်နေတဲ့အချိန်မှာ လူတွေဟာ မိမိခန္ဓာကို နှိပ်စက်နေကြတယ်။ အသက်တွေအောင့်ထားခြင်း၊ တကိုယ်လုံးတင်းထားခြင်းကြောင့် သွေး၊ လေ မမှန်တော့ပါ။ ခန္ဓာအကြောင်း၊ စိတ်အကြောင်းနားလည်လာတော့၊ သိလိုက်တော့ အဖြစ်မခံတော့ဘူး။
၃။ ။ အထီးကျန်တဲ့အချိန်၊ အားငယ်တဲ့အချိန်မှာ တခြားသူကိုမှီခိုခြင်းသည် အရမ်းမှားတဲ့ အတွေး အခေါ် ဆိုတာကိုနားလည်သင်ယူလိုက်တော့ ဒီအမှားထဲက အကျိုးအမြတ်သင်ခန်းစာသည် ဘ၀တွင် ကြုံတွေ့ ရမယ့်လောကဒဏ်ကို ခံနိုင်ရည်ရှိစေရန် ကံတရားက ဖန်တီးပေးခဲ့တယ်လို့ ယူဆပြီး ထိုသင်ခန်းစာ ကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
၎။ ။ တစ်စုံတစ်ယောက်က မိမိဘ၀ထဲကို ကံတရားကြောင့် ၀င်ရောက်လာခဲ့ခြင်းသည် ဘ၀၏ သင်ခန်းစာ ကိုသင်ယူနိုင်စေရန် လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကံကုန်လို့ ထွက်သွားချိန်မှာလည်း မိမိကိုယ်ကို တစ်ဦး တည်းခံနိုင်ရည်ရှိရှိနှင့် ရပ်တည်နေနိုင်အောင် အမြဲကြိုးစားနေကြရမယ်။
၅။ ။ စိတ်ဆင်းရဲဒုက္ခရောက်နေတဲ့ အချိန်မှာ တကယ်ပြုလုပ်ရမှာက မိမိကိုယ်ကို အချိန်ပေးခြင်း၊ ချစ်ခြင်း၊ ဂရုစိုက်ခြင်းသည် အမှန်ဆုံးလုပ်ရပ်ပင်ဖြစ်သည်။ တခြားသူလာဂရုစိုက်မှ အထီးကျန်ခြင်း၊ အားငယ်ခြင်းမှ လွတ်မြောက်မည်မဟုတ်ပါ။ မိမိကိုယ်ကို ဂရုစိုက်မှ အထီးကျန်ခြင်းမှ လွတ်မြောက်နို င်ပါတယ်။
၆။ ။ မိမိဝါသနာပါတဲ့ အလုပ်ကို စိတ်ပါဝင်စားစွာလုပ်ခြင်း၊ ၀ါသနာပါတဲ့အလုပ်မလုပ်ရဘဲ တာဝန်အရ အလုပ်လုပ်နေရင်လည်း အခက်အခဲကြောင့် ကိုယ်ရေးကိုယ်တာကြောင့် အလုပ်မပျက်စေအောင် သတိ ထားနေထိုင်ရင်း စိတ်ကို မလေစေအောင်၊ စိတ်နှင့် ကိုယ်ကို အကျိုးရှိအောင် အလုပ်လုပ်နေခြင်း ဖြစ်ပါတယ်။
၇။ ။ကိုယ့်ကို မေတ္တာစစ်ပေးနိုင်တဲ့သူ ဥပမာ - မိမိ မိသားစုနှင့် အချိန်ဖြုန်းခြင်း၊ ချစ်ခြင်းများကို ထိုသူများ တို့နှင့်ကုန်ဆုံးစေခြင်း၊ ဥပမာ - စာရေးသူမှာ အဖွားရှိတယ်။ အဖွားသည် စာရေးသူ၏ကျေးဇူးရှင် တကယ့်မေတ္တာစစ်ချစ်ခြင်းနှင့် ပေးဆပ်နေတဲ့သူပါ။ အမေဆုံးပြီး ၁ နှစ်ခွဲ ကလေးဘ၀ကတည်းက အဖွား၏ ပြုစုပျိုးထောင်မှုနဲ့ကြီးလာခဲ့တယ်။ အဖွားကိုယ့်ကို ပြုစုခဲ့သလို ယနေ့အဖွားအရမ်းအသက်ကြီးနေပြီ။ ကိုယ်က တတ်နိုင်သလောက် ပြန်လည် ပြုစုခြင်း၊ ကိုယ်စိတ်ဆင်းရဲနေတာကို တကယ်ကိုယ့်ကိုချစ်တဲ့သူသည် မမြင် ချင်ကြပါ။ ကိုယ့်ကိုတကယ်မချစ်တဲ့သူသည် စိတ်ဆင်းရဲနေလျှင် သူတို့ပို၍ ၀မ်းသာသည်။ စိတ်ချမ်း သာနေလျှင် ၀မ်းမသာကြပါ။
၈။ ။ စိတ်ဆင်းရဲခြင်းနှင့် ကြုံလိုက်တော့ စိတ်ချမ်းသာမှုကို ပို၍ လိုလားတာတော့ အမှန်ပါပဲ။ စာရေးသူ သည်တရားအားထုတ်ခြင်းကို အရင်က သိပ်မလုပ်ဖြစ်ပေမယ့် ယနေ့ နေ့တိုင်း တနေ့ကို ၁ ကြိမ်၊ ၂ ကြိမ် တရားအားထုတ်ခြင်း၊ အဓိဋ္ဌာန်နှင့် ၁ ကြိမ်ကို ၁ နာရီ အားထုတ်ခြင်း၊ တရားအားထုတ်နေတဲ့အချိန်သည် အကုသိုလ်စိတ်ကြားခိုခြင်းနည်းသောကြောင့် စိတ်သည် ကြည်လင်စေခြင်း၊ စိတ်ပိုင်းကို သိသိသာသာ အထောက်အကူဖြစ်စေပြီး ကောင်းတဲ့ဘက်ကို တိုးတက်စေပါသည်။
၉။ ။ခန္ဓာကိုယ်အတွင်းပိုင်း၊ အပြင်ပိုင်း ကြည်လင်အောင် ဓါတ်စာများကို မှီဝဲလာတာကြာခဲ့ပါပြီ။
ယောဂကျင့်ပြီးနောက်ပိုင်း ခန္ဓာအစိတ်အပိုင်းသဘောတရားကို နားလည်လာစေသောကြောင့် ကိုယ့်ရုပ် ကိုပြုပြင်နည်းကို အချိန်ပေးဂရုစိုက်ပေးခဲ့သည်။ဒီအချက်သည် စာရေးသူ၏ ရုပ်ပိုင်းဆိုင်ရာကို သိသိသာသာ တိုးတက်စေခဲ့တဲ့ နည်းလမ်းတရပ်ပဲ ဖြစ်ပါတယ်။ ဓါတ်စာ ( Dietary Supplement ) နှင့် အသား အရေကြည်လင်ကျန်းမာအောင် နည်းမှန်လမ်းမှန် ဂရုစိုက်ပေးခြင်းသည် ရုပ်ပိုင်းကို သိသာစွာ ထိရောက်စေ ပါသည်။ မြန်မာပြည်မှာလည်း ရေပန်းစားလာခဲ့ပါပြီ။ ဆေးလိုအာနိသင်ရှိတဲ့ Herbal ကို ဆေးဘက် ၀င်သောက်သုံးခြင်းသည် ကျန်းမာရေးအတွက် အန္တရာယ်အကင်းဆုံးနည်းလမ်း တရပ်ပင်ဖြစ်ပါတယ်။ နည်းလမ်းမှန်ကန်စွာ ပြုလုပ်နည်းသည် သောက်သုံးရမည့် ဓါတ်စာကို ရွေးချယ်မှု သုံးစွဲနည်း နားလည် ရပါမည်။
အရင်ဆုံး ထိုဓါတ်စာသည် သွေးစစ်ခြင်း၊ ဆေးစစ်ခြင်းတွင် တိုးတက်မှုကို အာမခံနိုင်တဲ့ ဓါတ်စာဖြစ်ရပါမယ်။ မသောက်ခင် သွေးစစ်ခြင်း၊ LAB ဖြင့် HbA1C နှင့် Lipid Profile စစ်ဆေးပြုလုပ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းရှိ အူလမ်းကြောင်း၊ အသည်း၊ ကျောက်ကပ်၊ သွေးသန့်စင်အောင် ( Cleaning Detox ) အဆင့်ဆင့်ကို ၁ နှစ် ၁ ခါပြုလုပ်ပေးခြင်း၊ HbA1C နှင့် Lipid Profile စစ်ဆေးပြီးနောက် ဓါတ်စာကို ၃ လ အတွင်း သောက်သုံးပြီး ( ပိန်စေသူအတွက် ဓါတ်စာနှင့် ၀စေသူအတွက် ဓါတ်စာ ) ရွေးချယ်သောက်သုံးပြီး ၃ လ လောက်သုံး စွဲပြီးလျှင် သွေးနောက်တကြိမ်စစ်ဆေးပေးခြင်း၊ ကောင်းမွန်သော ဓါတ်စာဆိုလျှင် ၃ လ အတွင်းသွေးထဲမှ LDL ကျဆင်းစေပြီး HDL တိုးတက်စေပါသည်။ သွေးထဲမှ အဆီဓါတ်နှင့် သကြားဓါတ်ကို မျှတကောင်းမွန် လာစေပါသည်။ သကြားဓါတ်သည်လူကိုအိုပြီးရင့်ရော်စေပါသည်။ ထိုနည်းအတိုင်း စာရေးသူသည် 2012 ဇန်န၀ါရီလမှ သေသေချာချာ ဂရုတစိုက် ပြုလုပ်ပေးခြင်းကြောင့် ၃ လအတွင်း ရုပ်ပိုင်း ကြည်လင်တိုး တက်ပြောင်းလဲသွားသော နည်းလမ်းကောင်းပဲ ဖြစ်သည်။ စာရေးသူ၏ 2012 ဓါတ်ပုံများမှာ နှိုင်း ယှဉ်ကြည့်နိုင်ပါသည်။ နည်းလမ်းမှန် ဂရုတစိုက်ပြုလုပ်ပေးခြင်းကြောင့် ရုပ်ပိုင်းကြည်လင်သန့်ရှင်းလာတော့ မိမိကိုယ်ကို ယုံကြည်မှုပိုရှိစေခဲ့ပါတယ်။ ၃ လအတွင်း ဓါတ်စာ အကုန်အကျသည် 550000 မှ 600000 ကျပ်လောက် ကုန်ကျပါသည်။ စိတ်ဝင်စားသူများစာရေးသူထံမှမှာယူနိုင်ပါတယ်။ စာရေးသူ၏ ကျန်းမာရေး ခံယူချက်သည် ရောဂါဝေဒနာဖြစ်လာမှ ကုသခြင်းသည် ငွေကုန်ခြင်းနှင့် ယခုလို မဖြစ်ခင် ဆေးလို အာနိသင် ရှိတဲ့ Herbal ( Dietary Supplement ) သည် အန္တရာယ်ကင်းတဲ့ ဓါတ်စာဖြင့် ကြိုတင်ကာကွယ်ခြင်းသည် ပို၍ကောင်းမွန်စေပါသည်။ ဥပမာ - ၁ လကိုမိမိဝင်ငွေပေါ်မှာ မူတည်ပြီး 100000 အောက်သို့ သိသာထိရောက်ချင်လျှင် 100000 အထက်သတ်မှတ်ထားပြီး သုံးခြင်း၊ လူတိုင်းမှာ ကိုယ်ဝါသနာပါတဲ့ အရာပေါ်မှာ ငွေကို သုံးကြတာပါပဲ။ ရုပ်ပိုင်းကို ကုစားနည်းသည် မိမိဝါသနာပါတဲ.နည်းတွေနှင့် ကုစားကြ သည်။ အ၀တ်အစား၊ အလှအပ၊ အသုံးအဆောင်၊ အစားအသောက်စသည်ဖြင့် မိမိရုပ်လှပကြည့်ကောင်းေ အာင် ပြုပြင်ကြသည်။ စာရေးသူလည်းပဲ အလှအပကြိုက်တာပါပဲ။ယောဂကျင့်စဉ် ကျင့်ပြီးနောက်ပိုင်း ခန္ဓာကိုယ်အတွက် ကြည့်ကောင်းအောင် အတွင်းပိုင်းကို အဓိက ပြုပြင်ပေးခြင်းကြောင့် အပြင်ပိုင်းလည်း ကြည်လင်စေခြင်း၊ဖြစ်ပါသည်။
မမှန်ကန်သောနေထိုင်စားသောက်မှုကြောင့် ခန္ဓာကိုယ် ချို့ယွင်း ပျက်စီးမှုဖြစ်စေပြီး စိတ်ဖိစီးမှုဖြစ်စေပြီး စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုများပျက်ပြားခြင်းသည် ဝေဒနာများဖြစ်စေနိုင်ပါသည်။
အထူးသဖြင့် သွေးတိုး ဆီးချို ၊နှလုံး ၊အ၀လွန်သူ ၊ကိုယ်ခံအားကျဆင်းသူ ကင်ဆာရောဂါ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်းဝေဒနာ၊ အရေပြားပြဿနာ အမျိုးမျိုးရှိသူ၊ သတို့သမီးလောင်းနှင့်ခန္ဓာကိုယ် အလှမထိန်း သိမ်းသူတို့အတွက် ဓာတ်စာမှီဝဲခြင်းသည် ကျန်းမာရေးအတွက်အန္တာရာယ် အကင်းဆုံးနည်းလမ်း တရပ်ပင်ဖြစ်ပါတယ်။ ဓာတ်စာမှီဝဲခြင်းရှောင်ရမည့်သူများမှာ ကိုယ်ဝန်ဆောင်မိခင် နို့တိုက်မိခင်များဖြစ် သည်။
၁o။ ။ငွေကိုစနစ်တကျဝေခွဲသုံးစွဲခြင်း ဥပမာ - 30% ကိုစုဆောင်းထားခြင်း၊ 30% ကိုမိမိကြိုက်နှစ် သက်သောပစ္စည်းအသုံးအဆောင်၊ အစားအသောက်အတွက်သုံးခြင်း၊ 30% ကိုအိမ်မှုကိုစ္စ၊ လူမှုရေးအတွက်သုံးခြင်း၊ ရတဲ့ငွေ 10% ကိုစုဗူးထဲထည့်ထားပြီး အလှူကျင်းပပြုလုပ်လုပ်လိုသော အချိန်တွင် အကုန်လှူခြင်း 30% မစုဆောင်းနိုင်ရင်တောင်မှ မိမိကိုယ်ကို မပျက်ဆီးအောင်ထိန်းပြီး ငွေတန်ဖိုး ကိုသိ၍သုံးခြင်း ရှာခြင်းသည် စိတ်ချမ်းသာ ကိုယ်ချမ်းသာ စေမည့်နည်းလမ်းတရပ်ပင်ဖြစ်သည်။
1 မှ 10 အတိုင်းနည်းလမ်းဖြင့် နေထိုင်မှုစနစ်ကို ပြုပြင်နေထိုင်ခြင်းကြောင့်စိတ်ဆင်းရဲခြင်း၊အထီးကျန်ခြင်း စိတ်ဓာတ်ကျခြင်း ဝေဒနာအပေါ်တွင် ဖြစ်ကြောမရှည်စေသောကြောင့် မိမိ၏တန်ဖိုးကိုသိမြင်လာခြင်း္စ၊ ယုံကြည်မှုရှိလာစေခြင်း စိတ်ပိုင်းရုပ်ပိုင်းကို သိသိသာသာကြည်လင်အေးချမ်းလာပြီး၊ စိတ်ပိုင်းရုပ်ပိုင်း တိုးတတ်ပြောင်းခြင်း အကြောင်းအရင်းပင်ဖြစ်ပါသည်။ စိတ်ထောင်းကိုယ်ကြေ၊ စိတ်ပျိုကိုယ်နု ဆိုသည် စကားသည်လက်တွေ့ အသုံးဝင်ခြင်း အကြိုးတရားတရပ်ပင်ဖြစ်သည်။ စာရေးသူအောင်မြင်ခြင်း ခံယူချက် သည် ငွေကြေးချမ်းသာတစ်ခုတည်းနှင့် အောင်မြင်တယ်လို့မဆိုလိုပါ။ ပုံမှန် အလယ်ရှိအခြေအနေနှင့် လူမှုရေး စီးပွားရေး ကျန်းမာရေး အောင်မြင်တိုးတတ်နေခြင်းသည် ကံကောင်းခြင်းနှင့်ပြည့်စုံခြင်းကို ပိုင်ဆိုင်နေပါပြီ။ ဒီနည်းလမ်းသည်စိတ်ပိုင်ရုပ်ပိုင်း တိုးတတ်ပြောင်းလဲလိုသူများ အတွက် အထောက် အကူပြုနိုင်မည့် နည်းလမ်းတစ်ရပ်ဖြစ်နိုင်မည်လို့ မျှော်လင့်မိပါတယ်။
စာရေးသူ = နန်းဆုကေဆွမ်
12:18 PM | Posted in အနုပညာကဏ္ဍ | Read More »
နေပြည်တော် vs ဧရာဝတီ ယူနိုက်တက် ပွဲစဉ်
နေပြည်တော် FC ဘောလုံး အသင်းကို အားပေးသူ နာမည်ကြီး အနုပညာရှင် များသည် နေပြည်တော် FC ဘောလုံးအသင်း၏ Fan Club အဖွဲ့ဝင် အဖြစ် ပါဝင်ပြီး နေပြည်တော် အသင်း ယှဉ်ပြိုင်မည့် အိမ်ကွင်းပွဲစဉ်များတွင် ပရိသတ်များကို ဖျော်ဖြေမှုများ ပြုလုပ်ပေး
2012 MNL ဒုတိယ အကျော့မှ နေပြည်တော် အသင်း၏ အိမ်ကွင်း ပွဲစဉ်များတွင် ADMA Media Co.,Ltd. ၏ စီစဉ်မှုဖြင့် အနုပညာရှင်များက ဖျော်ဖြေမှုများ ပြုလုပ်ပေးခဲ့ပြီး လက်ရှိအချိန်တွင် နေပြည်တော် အသင်း Fan Club အဖွဲ့ဝင်အဖြစ် တရားဝင် ပါဝင်ကာ ဖျော်ဖြေမှုများအား ဆက်လက် ဆောင်ရွက်သွားရန် သဘော တူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။ နေပြည်တော် အသင်း ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီ ယူနိုက်တက်၊ ရတနာပုံ၊ ချင်းယူနိုက်တက်၊ ရက္ခပူရ ယူနိုက်တက် တို့နှင့် ပွဲစဉ်များတွင် အနုပညာရှင်များက နေပြည်တော် အသင်း၏ အိမ်ကွင်းဖြစ်သော ပေါင်းလောင်းကွင်းတွင် ဖျော်ဖြေတင်ဆက်မှု များ ပြုလုပ်ပေးခဲ့ကြ သည်။ နေပြည်တော် အသင်း၏ Fan Club ကို အသစ်ပြန်လည် ဖွဲ့စည်းထားပြီး နာမည်ကြီး အနုပညာရှင် များ ဖြစ်သည့် သူထူးစံ၊ မြင့်မြတ်၊ နေမင်း၊ ဖိုးချစ်၊ ဇာနည်၊ ကျော်ကျော်ဗို၊ ဟန်ထူးလွင်၊ အောင်လ စသူတို့ ပါဝင်နေပြီး နေပြည်တော် FC Fan Club ၀င် အနုပညာ ရှင်များ စာရင်းကို ဖေါ်ပြအပ် ပါသည်။
နေပြည်တော် အသင်း၏ Fan Club အဖွဲ့ဝင် အနုပညာရှင်များ -
(၁) မြင့်မြတ်
(၂) သူထူးစံ
(၃) နေမင်း
(၄) ဇာနည်
(၅) ဒါရိုက်တာ ၀င်းထွန်းထွန်း
(၆) ဖိုးချစ်
(၇) ဆိုတေး
(၈) ကျော်ကျော်ဗို
(၉) ထွန်းထွန်း
(၁၀) အိချောပို
(၁၁) မင်းသွေး
(၁၂) မိုးယံဇွန်
(၁၃) ဝေမင်းမောင်
(၁၄) သင်ဇာဝင့်ကျော်
(၁၅) ခရစ္စတီးနား
(၁၆) ရွှေစင်
(၁၇) စန္ဒီ (၁၅၀၀)
(၁၈) M ဆိုင်းလူ
(၁၉) နွယ်နွယ်ထွန်း
(၂၀) မိုးမြင့်သဇင်
(၂၁) ဆုထက်ကုဋေ
(၂၂) အိဖြိုးချယ်ရီ
(၂၃) နန်းမြတ်ဖြိုးသင်း
(၂၄) သီရိရှင်းသန့်
(၂၅) ခေမာ (Behop Music)
(၂၆) ပန်းအိ (Behop Music)
(၂၇) စုနန္ဒာ (Behop Music)
(၂၈) နောနော်
(၂၉) Jenny
(၃၀) ဟက်ကက်
(၃၁) L လွန်းဝါ
(၃၂) အောင်လ
(၃၃) ဟန်ထူးလွင် (Big Bag)
(၃၄) ထူးအယ်လင်း
(၃၅) M ဆိုင်း
11:14 AM | Posted in Sport News, အနုပညာကဏ္ဍ | Read More »
၂၀၁၃ မှာ ထင်ရှားလား မယ့် ပြက္ခဒိန် ကြော်ငြာ မော်ဒယ်များ
သင်္ကြန် ကာလ နှောင် ပိုင်း မှ စပြီး သြဂုတ် လနှောင်းပိုင်း ထိသည် အင်္ဂလိပ် နှစ် သစ် အတွက် ပြက္ခဒိန် ဓာတ်ပုံ ရိုက် ကူး သော ကာ လ ဖြစ်သည်။ ဓာတ်ပုံ ဆရာ နှင့် မော်ဒယ် များ သည် ပြက္ခ ဒိန် ဓာတ်ပုံ များ ထုတ် ဝေ နိုင် ရေး အတွက် Indoor / Outdoor ဖြင့် ပျားပန်း ခတ် မျှ ရိုက်ကူး ရသည်။
ပြက္ဒဒိန် စီးပွား ရေး လုပ်ငန်း ပေါ်ဦး စ ကတည်း ကရှိ ခဲ့ သော်လည်း ၂၀၀၀ ပြည့် နှစ် နောက် ပိုင်းတွင် ကြီးထွား လာသည့် စီးပွား ရေး လုပ်ငန်း ကြီး တစ်ခု ဖြစ်လာ ခဲ့ သည့် ၂၀၁၁ ခုနှစ် တွင် ကြွေ ချော ၊ လေးရောင် ဖြင့် နာမည် ကျော် ဓာတ်ပုံ ဆရာ ၊ နာမည် ကျော် မော်ဒယ် သရုပ်ဆောင်တို့ ပါ ၀င်သည့် ပြက္ခဒိန် ဈေး များ မှာ ၃၀၀၀ မှ သည် ၇၀၀၀ ကျော် အထိ ရှိသည်။
မော်တော် ကား ဖြင့် တွဲဖက် ရိုက် ကူး သည့် မော်ဒယ်(လ) များ ၏ ပြက္ဒ ဒိန် များ ကို လူငယ်များက နှစ် သက် ကြ ပြီး ၊ မြန်မာ ဆန်ဆန် ၀တ်စား ဆင် ယဉ်ကာ ရိုက် ကူးထားသည့် ပိုစတာ ၊ ပြက္ခဒိန် များ ကို မူ နိုင်ငံ ခြား သို့  ပို့ ရန် နှင့် လက်ဆောင် ပေး ရန် အတွက် ၀ယ်ယူ ကြသည် ဟု ရွှေမြန်မာ ပြက္ဒဒိန် လုပ်ငန်း မှ တာဝန် ရှိသူ တစ်ဦး က FNG ကို ပြောသည်။
နာမည် ရ စ မော်ဒယ်(လ) နှင့် သရုပ်ဆောင် အချို့ မှာ လည်း ပြက္ခဒိန် ကြော် ငြာ ဓာတ် ပုံ များဖြင့် ပင် လူ ကြိုက်များ သည့် အဆင့် ကို ရောက် ရှိ လာ ခြင်း ဖြစ်သည် ဟု ရူဘီ ကြော်ငြာ နှင့်ဓာတ်ပုံ လုပ်ငန်း မှ ကိုအောင်ထွန်းဦး က FNG ကို ပြောသည်။
နယ်မြို့  နှင့် ဘုရား ပွဲ များ တွင် တွေ့ ရတတ်သည့် ကာဗာ ကြော်ငြာ တစ်ခု တည်း အတွက် ဓာတ်ပုံ တစ်ပုံ ပါ ကြော် ငြာ များ အတွက် နာမည် ကြီး သရုပ်ဆောင် များ ကို ငှား ရာ တွင် တစ် ပုံ ရိုက်ကူးခ ဈေးဖြင့် ငှား ရမ်း ၍ မရ နိုင် ပဲ ပုံ ၅၀ ၊ ၁၀၀ စသည်ဖြင့် စာချုပ် ဓာတ် ပုံ ရိုက် ကူး ပြီး နောက်အခြား ပြက္ခဒိန် ၊ ပိုစတာ ထုတ် သူများ နှင့် အစိုး ရ အဖွဲ့  ၀န်ကြီးဌာန စသည့် ပြက္ခဒိန် များ အတွက်ပါ ပြန်လည် သုံး ရသည် ။
နေတိုး ၊ ဟိန်းဝေယံ ၊ ပြေတီဦး စသည့် အမျိုး သား သရုပ်ဆောင် များ မှာ လည်း ပြက္ခဒိန် ဈေးကွက် တွင် ပရိသတ် နှစ်ခြိုက် ကြ သည်။
သရုပ်ဆောင် ၊ မော်ဒယ်(လ) မင်းသား ၊ မင်းသမီး များ ၏ ဓာတ်ပုံ ပြက္ခ ဒိန် များ ကဲ့ သို့  ပင် ပုဂံ ၊ ညောင်းဦး ၊ အင်းလေး ၊ ကျိုက်ထီးရိုး စသည့် သဘာဝ အလှ အပ များကို ပုံဖော် ရိုက် ကူးထား သည့် ပြက္ခ ဒိန် များ အတွက် လည်း ယခင် က ညောင်ဦးသန်းဌေး ၊ စိန်မျိုးမြင့် ၊ထိန်ဝင်း တို့ မှာ နာ မည် ကျော်ကြား သည်။
ပြက္ခဒိန် နှင့် ပိုစတာ ထုတ်ဝေ ဖြန့် ချိရေး အတွက် စာအုပ် ၊ သတင်း ဂျာနယ် များ ကဲ့ သို့  ပင်စာပေ စီစစ်ရေး ၏ ခွင့် ပြု ချက် လို အပ် သော် လည်း ယခင် က လောက် တင်း ကျပ် ခြင်း မရှိတော့ ဟု သိရသည်။
၂၀၀၅ ခုနှစ် မတိုင် ခင် အထိ ပြက္ခဒိန် နှင့် ပိုစတာ ဓာတ်ပုံ များ ရိုက် ကူး ရာ တွင် တင်သား အလှကို ဦးစားပေး ဖော်ပြသည့် ဓာတ်ပုံ များ လူကြိုက်များ ခဲ့ သော် လည်း နောက် ပိုင်း တွင် ရင်သားအလှ နှင့် ဆက်ဆီ ဖြစ်သည့် ပုံများ ပို ရေပန်းစားလာ သည် ဟု ပြက္ခဒိန် ဓာတ်ပုံ ဆရာ တစ်ဦးက FNG ကို ပြော သည်။
ပြက္ခဒိန် နှင့် ပိုစတာ ထုတ်ဝေ ဖြန့် ချိရေး အတွက် စာအုပ် ၊ သတင်း ဂျာနယ် များ ကဲ့ သို့  ပင်စာပေ စီစစ်ရေး ၏ ခွင့် ပြု ချက် လို အပ် သော် လည်း ယခင် က လောက် တင်း ကျပ် ခြင်း မရှိတော့ ဟု သိရသည်။
၂၀၀၅ ခုနှစ် မတိုင် ခင် အထိ ပြက္ခဒိန် နှင့် ပိုစတာ ဓာတ်ပုံ များ ရိုက် ကူး ရာ တွင် တင်သား အလှကို ဦးစားပေး ဖော်ပြသည့် ဓာတ်ပုံ များ လူကြိုက်များ ခဲ့ သော် လည်း နောက် ပိုင်း တွင် ရင်သားအလှ နှင့် ဆက်ဆီ ဖြစ်သည့် ပုံများ ပို ရေပန်းစားလာ သည် ဟု ပြက္ခဒိန် ဓာတ်ပုံ ဆရာ တစ်ဦးက FNG ကို ပြော သည်။
ပြက္ခဒိန် နှင့် ပိုစတာ စတား ၀တ်မှုန်ရွှေရည်
ဓာတ်ပုံ – လင်းထွန်း (Leopard Photo)
မော်တော်ကား တွေ နဲ့  တွဲ ဖက်ရိုက်ကူး ထား တဲ့ မော်ဒယ် တွေ နဲ့  ပြက္ခဒိန် ဓာတ်ပုံ တွေ လည်း ဈေးကွက် မှာ ၂၀၀၈ ခုနှစ် က စလို့  လူ ကြိုက် များ လာ
ယခု နှစ် ပြက္ခဒိန် စတား ဖြစ်လာ နိုင်သည့် ၀ါဆိုမိုးဦး ဓာတ်ပုံ – အေးဇော်မိုး (စက်မှု)
မြန်မာ့ အလှ နဲ့  သဘာဝ ပုံ တွေ ကို နိုင်ငံခြား သား ကမ္ဘာ လှည့် တွေ က ၀ယ်တယ် ဓာတ် ပုံ - Rahta
ငါး နှစ် ဆက် တိုက် ပြက္ခဒိန် စတား ဖြစ်နေသေး တဲ့ ၀တ်မှုန် ရွှေရည် ဓာတ်ပုံ - လင်းထွန်း (Leopard Photo)
တော ရော ၊ မြို့  ပါ မကျန် ကြို က် သည့် ပြက္ခဒိန် စတား သရုပ်ဆောင် မိုးဟေကို
11:07 PM | Posted in အနုပညာကဏ္ဍ | Read More »
သက်မွန်မြင့် ရဲ့ MIG 29 တိုက်လေယာဉ်မှူး ဘဝ
သက်မွန်မြင့်နဲ့ MIG 29 တိုက်လေယာဉ် ၊ ဓာတ်ပုံများ- Thet Mon Myint's facebook
အမေရိကန်မှာတော့ အပါချီတိုက် ရဟတ်ယာဉ်နဲ့ တချို့ တိုက်လေယာဉ်တွေဟာ အမျိုးသမီး လေ သူရဲတွေ မောင်းကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အမျိုးသမီးလေသူရဲဆိုတာ အိပ်မက်တောင် မက်ခဲ့ ကြတာမဟုတ်ပါဘူး။
ဒါပေမယ့် အခုတော့ မြန်မာနိုင်ငံမှာလည်း အမျိုး သမီးလေသူရဲ အသွင်နဲ့ မော်ဒယ်၊ သရုပ်ဆောင် ကြော်ငြာ မင်းသမီး သက်မွန်မြင့်ကို အခုလို တိုက်လေယာဉ်မှူးကြီးအဖြစ် မြင်တွေ့ရပါတယ်။
ဓာတ်ပုံထဲမှာကတော့ Mig 29 တိုက်လေ ယာဉ် မောင်းဖို့ ပြင်နေပါတယ်။ ဒါဆို ရင်တော့ သူဟာ ပထမဆုံး တိုက်လေယာဉ် မယ်ဖြစ် လာမယ့်ပုံပါဘဲ။ သူ့ရဲ့ ပရိတ်သတ်တွေ ကတော့ သက်မွန်မြင့် အနေနဲ့ MIG 29 တိုက်လေယာဉ်ကို မမောင်းစေချင်ကြပါဘူး။ ခဏ ခဏ ပျက်ကျလေ့ ရှိတဲ့အတွက် အခုလိုပဲ ဓာတ်ပုံ တွဲရိုက်တာ ပဲ ကောင်း ပါတယ်တဲ့။
ဒီပုံထဲမှာတော့ မော်ဒယ်၊ သရုပ်ဆောင်ဘ၀ကနေ တိုက်လေယာဉ် မှူးကြီးဖြစ်သွားတဲ့ပုံကတော့ တကယ် ပီပြင်ပါတယ်။ သက်မွန်မြင့်လည်း အခုလို MIG 29 တိုက်လေယာဉ်မှူးကြီးဘ၀ တခဏတော့ ရလိုက် တယ်။
10:57 AM | Posted in feature, အနုပညာကဏ္ဍ | Read More »
ရခိုင်ခရီးစဉ်မှာ ငိုခဲ့ရတဲ့ ရတနာမိုင်
ရခိုင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ အနုပညာရှင် ရတနာမိုင်က တခြား အနုပညာရှင်မောင်နှ မများနဲ့ အတူ ဇူလိုင်လ၁ရက်နေ့က ရခိုင်ပြည်နယ်ကို ကိုယ်တိုင် သွား ရောက် လှူဒါန်းခဲ့ပါတယ်။ ကိုယ်တိုင် သွား ရောက်လှူ ဒါန်းရတဲ့အတွက်တအားလည်း ပီတိဖြစ်ခဲ့ရပြီး ဝမ်းနည်း မျက်ရည်ပါ ကျခဲ့ရတဲ့ ရတနာမိုင်က”မိုင်လေးတို့ရခိုင်ပြည်နယ် ကိုရောက် သွားတော့ သူတို့က တအား လည်း နွေးထွေး ကြတယ်။သူတို့တကယ်ကိုလိုအပ်နေတဲ့ အချိန်မှာ ကိုယ် တွေ က သွားရောက်အားပေးနှစ်သိမ့်တဲ့ အတွက် သူတို့က တအားကျေးဇူး လည်း တင်ကြတယ်။ကိုယ်ကိုယ်တိုင်က လည်း သူတို့ကိုတွေ့ပြီးတော့ စိတ် မကောင်း တအား ဖြစ် မိတယ်။ မျက်ရည်ပါကျခဲ့ ရတယ်။ ကိုယ်တိုင် မြင်တွေ့ ရတဲ့အခါ ကျတော့ စိတ်လည်မထိန်းနိုင်တော့ဘူး။ သူတို့ကလည်း မျက်ရည်ဝဲပြီးတော့ ကိုယ့်ရဲ့လက်ကိုကိုင်ပြီး ကျေးဇူတင်တယ်လို့ငိုပြီးပြောတဲ့ သူကလည်း ပြော ဆိုတော့ မိုင်လေးလည်း စိတ်ထဲမကောင်းဖြစ်သွားပြီး စိတ်မထိန်းနိုင်ဘဲ ကိုယ်ပါငိုမိသွားတယ်။ ပြီးတော့ ကိုယ်ကလည်း ရခိုင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့အတွက် စိတ်ထဲမှာ ပိုပြီး ခံစားရတယ်။ ကိုယ်တိုင်လည်း သူတို့ကို လိုက်ပြီးတော့ အားပေးစကားတွေပြော တယ်။ နှစ် သိမ့် ပေးတယ်။ သူတို့တွေ အားလုံးကိုလည်း လက်ဆွဲနှုတ်ဆက် ခဲ့တယ်။တအားလည်းဝမ်းနည်း ဝမ်းသာ ဖြစ်မိတယ်”လို့ပြောပါတယ်။ ရတနာမိုင်က အခုလို မျိုးအနုပညာမောင်နှမတွေနဲ့ သွား ရောက် လှူဒါန်းရတဲ့အတွက်လည်း ဝမ်းသာ ပီတိ ဖြစ်မိပြီးတော့ ကိုယ်တိုင်လည်း ငွေသား ၁၈သိန်းကျော်နဲ့ အဝတ်အထည်တွေကို ရခိုင်ပြည် သူ၊ ပြည်သားတွေအတွက် လှူ ဒါန်းခဲ့တယ်လို့ ထပ်မံပြောပါတယ်။
10:16 PM | Posted in feature, အနုပညာကဏ္ဍ | Read More »
















































