မပုပ်မသိုး စွန်းလွန်းဆရာတော်ဘုရားကြီး
ဘ၀နတ်ထံပျံလွန်သွားသည်မှာ နှစ်ပေါင်း(၆၀ )ကျော် ခဲ့ပြီဖြစ် သော်လည်းယနေ့တိုင်မည် သည့် ဆေးဝါး အကူအညီမျှမပါ မပုပ် မသိုးဘဲ ပကတိအတိုင်းရှိနေသည့် စွန်းလွန်းဆရာတော် ဘုရားကြီး ဦးက၀ိ ရုပ်ကလာပ်တော်နှင့်ပတ် သက်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည် များ အထူး ကြည်ညိုစိတ် ၀င်စားကြသကဲ့သို့ ပြည်ပနိုင်ငံများမှ ဧည့်သည်များ ကလည်း ဆရာတော်ကြီး၏ မပုပ် မသိုးရုပ်ကလပ်တော် အား အထူး စိတ်ဝင်စားကြောင်း စွန်းလွန်းဂူ ကျောင်း တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။
““ဆရာတော်ကြီးက သက် တော်(၇၅) ၀ါတော်(၂၈)မှာ ပျံ လွန်တော်မူခဲ့တာပါ။လက်ရှိဒီမှာ ထားရှိ ပူဇော်တာကတော့ နှစ် (၆၀)ကျော်ပါပြီ။အနယ်နယ်အရပ် ရပ်က လူတွေ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို လာရောက်ဖူးမျှော် ကြည်ညိုကြသလို ပြည်တွင်းက ခရီးသွားကုမ္ပဏီတွေရဲ့အစီအစဉ် နဲ့မြင်းခြံကိုရောက် လာတဲ့ နိုင်ငံခြား ဧည့်သည်တွေကလည်း ဆရာ တော်ကြီးရဲ့မပုပ်မသိုးတဲ့ ရုပ်က လာပ်တော်ကို အံဖွယ်တစ်ခုလို အရမ်းစိတ်ဝင်စားကြပါတယ်””ဟု စွန်းလွန်းကျောင်းတာဝန်ရှိ သူ ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြော ကြားသွားသည်။
ဆရာတော်ကြီး၏ ရုပ်က လာပ်တော်အား လာရောက်လေ့ လာသည့် UK နိုင်ငံသား မစ္စတာ ဘင်းဒရစ် အားHot News သတင်းထောက်က ဆရာတော် ကြီးရုပ်ကလပ်နှင့်ပတ်သက်၍မေး မြန်းကြည့်ရာ ““ထူးခြားတဲ့အံ့သြ ဖွယ်ရာတွေ ကမ္ဘာမှာအများကြီး ရှိပါတယ်။အဲဒီထဲကမှ မြန်မာပြည် မှာက သဘာဝနဲ့ ဆန့်ကျင်တဲ့ သူ တော်စင်၊သူတော်မြတ်တွေရဲ့ဆေး အကူအညီမပါတဲ့၊မြွပုပ်တဲ့ရုပ်က လာပ်တွေ အံ့သြဖွယ် ရာ တွေ့ရ ပါတယ်။ ဒီလိုမျိုးတွေကိုကျွန်တော် တို့အနေနဲ့မှတ်တမ်းယူပြီး ကမ္ဘာ မှာပြန် Share မှာပါ”” ဟု ပြော ကြားသွားသည်။
စွန်းလွန်းဆရာတော်ဘုရား ကြီးအား အဘဦးသန့်၊အမိဒေါ် တုတ်တို့မှ မြန်မာသက်္ကရာဇ် ၁၂၃၉ ခုနှစ် တပေါင်းလဆန်း(၂)ရက်၊ တနင်္လာနေ့နံနက်(၃)နာရီတွင် ဖွားမြင်ခဲ့ပြီး သာသနာ့ဘောင်သို့ ၀င်ပြီးနောက် ၁၂၈၂ခုနှစ် ၀ါဆို လပြည့်ကျော် (၁၃)ရက်၌ ပထမ တရားထူး၊၁၂၈၂ခုနှစ် ၀ါခေါင်လ ပြည့်ကျော်(၁၃)ရက်၌ ဒုတိယ တရားထူး၊၁၂၈၂ခုနှစ် တော်သလင်း လပြည့်ကျော် (၁၃)ရက်၌ တတိ ယ တရားထူးနှင့် ၁၂၈၂ခုနှစ် သီတင်းကျွတ်လပြည့် (၁၃)ရက်၌ စတုတ်္ထတရားထူးများကို ရရှိတော် မူခဲ့ပြီး ၁၃၁၄ခုနှစ် ကဆုန် လပြည့် ကျော်(၉)ရက် စနေနေ့ ညနေ (၄း၄၅)အချိန်၌ ပရိနိဗ္ဗာန်ပြု တော်မူခဲ့သည်။
ခန့်ခန့်(ဒဿနိက)
4:48 PM | Posted in Local News | Read More »
အစိုးရမှ အချက်(၃)ချက် မလိုက်လျောခြင်းကြောင့် တစ်တိုင်းပြည်လုံးရှိ သံဃာများ ဆန္ဒပြမည်
“ဦးဇင်းတို့တောင်းဆိုထားတဲ့ အချက်(၃)ချက် ရှိတယ်၊ ဒဏ်ရာရ သံဃာတွေကိုဝန်ချတောင်းပန်ဖို့ ၊ ပစ် မိန့်ပေးခဲ့တဲ့ တာဝန်ရှိသူကို အရေးယူပေးဖို့ နဲ့ဆန္ဒပြရာမှာ ဖမ်းဆီးထားသူတွေကို အကုန် ပြန် လွှတ်ပေး ဖို့ အဲ့ဒါတွေကိုသတ်မှတ်ရက်အတွင်း တစ်ခုမှ မလုပ်ပေးရင် တစ်တိုင်းပြည်လုံး ဆန္ဒပြမှာ ဆိုပြီးကြိုပြော ထားပါတယ်” ဟု ကျန်းမာရေးပြု စုစောင့်ရှောက်မှုကော်မတီမှ ဦးဥတ္တမကမိန့်ကြားသည်။
သံဃာများ ဆန္ဒပြတောင်းဆိုရာတွင် သက်ဆိုင်ရာ မြို့နယ်များသို့ခွင့်ပြုမိန့်မတောင်း ဘဲ ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရှိရသည်။
“ခွင့်ပြုမိန့်မတောင်းတာက ခွင့်ပြုမယ် ၊ မပြုမယ် ဆိုတာ မသေချာဘူးအဲ့ဒါတွေကို မစောင့်နိုင်ဘူး “ ဟု မန္တလေးအခြေစိုက် ဘ၀အလင်းဆေးခန်းမှဦးသောပိတက မိန့်သည်။
နိုင်ငံတော်အစိုးရမှ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပေးထားပြီး အဆိုပါကော်မတီကို အားကိုး၍ မရနိုင်ကြောင်း ဦးသောပိတကဆက်လက်မိန့်ကြားခဲ့သည်။
“စုံစမ်းစစ်ဆေးရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါပေမဲ့ သူက စုံစမ်းလို့ပဲရနိုင်တယ် ဖမ်းဆီးထားတာ က ကော်မရှင်နဲ့မဆိုင် ဘူးလေ အဲ့အပိုင်းကို အားကိုးလို့မရနိုင်ဘူး တစ်ချို့လူတွေကို အာမခံ နဲ့ပြန် လွှတ်ပေးပြီးပေမဲ့ တစ်ချို့လူတွေကျန်နေသေး တယ် အကုန်မလွှတ်ပေးသေးဘူး၊အဲ့ဒါတွေကြောင့် ဆန္ဒပြ မှာပါ” ဟု ဦးသောပိတက မိန့်ကြားခဲ့သည်။
ဒီဇင်ဘာ (၁၂)ရက်နေ့ နေ့လည်(၁)နာရီအချိန်ခန့်တွင်တိုင်းနှင့်ပြည်နယ်များမှ သံဃာများအားလုံးဆန္ဒပြ
တောင်းဆိုသွား မည်ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးတွင်မည်သည့်နေရာ၌ စတင်မည်ကို မသိရှိ ရသေးကြောင်း ၊ မန္တလေးတိုင်းဒေသကြီးတွင်၄၁လမ်းရှိ ဦးဘဘုရားရှေ့မှ စတင်ကာ လမ်းလျှောက်ဆန္ဒပြ မည်ဖြစ်ကြောင်းသိရှိရသည်။
ဒီဇင်ဘာ(၁၁)ရက်နေ့တွင် ဗဟန်းမြို့နယ် ရဲစခန်းမှ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခြင်းကို အရေးယူပေးရန်ဆန္ဒပြတောင်းဆိုခဲ့သူ ကိုမိုးသွေးအား အယူခံဝင်စေကြောင်း GWမှ တာဝန်ရှိသူကိုဝင်းထွဋ်ထံမှ သိရှိရသည်။
“တခြားလူလွှတ်မလွှတ်တော့ မသိသေးဘူး ကျွန်တော်တို့အဖွဲ့က ကိုမိုးသွေးကတော့ဒီနေ့ ဗဟန်းမြို့နယ် ရဲစခန်းမှာ အယူခံဝင်ရတယ်” ဟုမျိုးဆက်သစ်လူငယ်များအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဝင်းထွဋ်က ပြော သည်။
နိုဝင်ဘာလအတွင်းတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေး နှင့် သပိတ်စခန်း အကြမ်း ဖက် ဖြိုခွင်း ခဲ့သူများကို အရေးယူပေးရေးအတွက်ဆန္ဒပြခဲ့သူများမှ ခေါင်းဆောင် (၈)ဦးခန့်ကို သက်ဆိုင် ရာ အာဏာပိုင်များမှဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ယနေ့အချိန်ထိ မည်သူတစ်ဦးမှလွှတ်ပေးခြင်းမရှိသေး
ကြောင်း သိရှိရသည်။
4:24 PM | Posted in Local News | Read More »
၁၂ နှစ်သက်တမ်းရှိ ထားဝယ်တက္ကသိုလ် အဓိပတိလမ်း ပြင်ဆင်မှုစတင်
3:58 PM | Posted in Local News | Read More »
သုဝဏ္ဏ ရေနံ့သာလမ်းထဲသို့ ၁၆ ဘီးကား ၀င်ရောက်
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့ သာလမ်းထဲသို့ ဘူဒိုဇာ တင်ဆောင် လာသော ၁၆ ဘီး ကားကြီး တစ်စီး ၀င်ရောက်လာရာမှ ရပ် ကွက်နေပြည်သူများ ၀ိုင်းဝန်းကန့်ကွက်မှုတစ်ခု ဒီဇင်ဘာ ၁၀ ရက်နေ့ ညပိုင်းက ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။
သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့သာလမ်းထိပ်တွင် '၆ တန်အထက် မ၀င်ရ'ဟူသော ဆိုင်းဘုတ်ထားရှိပြီး အဆို ပါ ၁၆ ဘီးယာဉ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီခန့်တွင် လမ်းထဲသို့ ၀င်ရောက်လာခြင်းဖြစ်သည်။
၎င်းယာဉ်မှာ အေးရိပ်ငြိမ်း ကုမ္ပဏီမှဖြစ်ကြောင်း သိရပြီး ယင်းကုမ္ပဏီမှ အင်ဂျင်နီယာဦးထိန်ဝင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ခေါ်ယူမေးမြန်းခဲ့ရာ ၄င်းက အေးရိပ်ငြိမ်းဆောက်လုပ်ရေးမှ ဖြစ်ကြောင်း၊ အိုးအိမ်၏ ညွှန်ကြားချက်အရ လာ ရောက်ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်ဟု သိရသည်။
''ဒီနေ့နံနက်ပိုင်းကတောင် အ. မ.က(၁၇) ကျောင်းဘေးက မြေကွက်လပ်ကို မြက်လာရှင်းသွားသေးတယ်။ ည ၉ နာရီလောက်မှာ အဲဒီ ၁၆ ဘီးကားက ဘူဒိုဇာကိုတင်ပြီး လမ်း ထဲဝင်လာတယ်။ လမ်းထိပ်မှာ ၆ တန်အထက်မ၀င်ရဆိုတဲ့ ဆိုင်းဘုတ်လည်းရှိတယ်။ အဲဒီကားကြောင့် လမ်းဘေးက ရေပိုက်ကိုကြိတ်မိပြီး ပျက်စီးသွားတယ်။
အဲဒီကားက ရေနံ့သာလမ်းကနေတစ်ဆင့် လမ်းကြားထဲဝင်ဖို့ လုပ်သေးတယ်။ မူလ တန်းကျောင်းဘေး က မြေကွက်လပ်ကို ရှင်းဖို့အတွက်လို့ဆိုတယ်။ အဲဒီကားကြီး ၀င်လာတာကနေစပြီး ရပ်ကွက်ထဲမှာနေတဲ့ သူတွေနဲ့ ပြဿနာစဖြစ်တာပါ။ ရပ်ကွက်ရုံးကို ခွင့်ပြုချက်တောင်းထားတာမျိုးလည်း မရှိပါဘူး''ဟု ရေနံ့သာ လမ်းတွင် နေထိုင် သူတစ်ဦးက ပြောပြသည်။
Eleven Media Group
3:43 PM | Posted in feature, Local News | Read More »
နောက်ဆုံးထား ဖြေရှင်းခြင်း မပြု ပါ က အထွေထွေ သပိတ် စတင် မည်
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီကြေညာချက်အမှတ် ၁/၂၀၁၂
၁။ အောက်မြန်မာနိုင်ငံသံဃာတော်များနှင့် အထက်မြန်မာနိုင်ငံသံဃာတော်များ ပူးပေါင်းပြီးမြန်မာနိုင်ငံလုံး ဆိုင်ရာသံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီ ကို ၁၀.၁၂.၂၀၁၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။
၂။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အမျိုးဘာသာ သာသနာနှင့် ပြည်သူပြည်သားတို့၏ အကျိုးကိုမျှော်ကိုးပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော သံဃာတော်များနှင့်ပြည်သူများကို လူမဆန် စွာအကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရခဲ့ကြပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီမှ အထက်ပါ လူမဆန်သော လုပ်ရပ်များ ကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်။
ထို့ပြင် သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူလူထုအပေါင်းမှ မိမိတို့နိုင်ငံတွင် အထွဋ်အမြတ်ထား ကိုးကွယ် လျက်ရှိသော သံဃာတော်များကို မီးလောင်ဗုန်းများဖြင့် လူမဆန်စွာ မီးလောင် တိုက်သွင်းချေ မှုန်းမှုကိုရှုတ်ချ သောအားဖြင့် တစ်ညီတစ်ညွတ်တည်း ပူးပေါင်းပါဝင်ကြပါရန် အလေးအနက် တိုက်တွန်း လိုက်သည်။
၃။ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီမှ အောက်ပါအချက်များကို တောင်းဆိုလိုက် သည်-
(က) နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရခဲ့ကြသူများနှင့် သံဃာထုတစ်ရပ်လုံးကို ၀န်ချ တောင်းပန်ရန်၊
(ခ) အကြမ်းဖက်ဖြိုခွင်းမှုတွင် တာဝန်ရှိသောသူများကို ဖော်ထုတ်အရေးယူပေးရန်၊
(ဂ) ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊
အထက်ပါတောင်းဆိုချက် (၃) ချက်ကို ၁၂.၁၂.၂၀၁၂ ရက်နေ့ နေ့လယ် (၁၂း၀၀)နာရီ တွင် နောက်ဆုံး ထား လိုက်လျောခြင်းမရှိပါက မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သံဃာတော်များနှင့် ပြည်သူလူထုများ ပူးပေါင်းပြီး အထွေထွေသပိတ်ကြီးကို စတင်ဆင်နွှဲသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီ
3:28 PM | Posted in feature, Local News | Read More »
မာဃ နာကူအသင်း
2:38 PM | Posted in Local News | Read More »
ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီနှင့် CNF တို့ တွေ့ဆုံ
ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ပြော ကြားခဲ့ပြီး ချင်းအမျိုးသားတပ်ဦး အထွေထွေ အတွင်းရေးမှူး Pu Zing Cung က ၂၀၀၇ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲရန် စစ်အစိုး ရနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်းခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် မရှေးမနှောင်း လွတ် လပ်ရေးအတူ ရခဲ့သော်လည်း အိန္ဒိယနိုင်ငံမှာ ကမ္ဘာအဆင့် နိုင်ငံများသို့ တက်လှမ်းနေ ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အရေးအရှိ အတိုင်း တွေ့ဆုံဖြေရှင်းရန် လိုအပ်ကြောင်း ပြောခဲ့သည်။ အဆိုပါ အစည်းအဝေးကို ဒီဇင်ဘာလ (၇)ရက်နှင့် (၈) ရက် နှစ်ရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
2:26 PM | Posted in Local News | Read More »
လူအသေအပျောက်ရှိသည့် ရခိုင် ပြည်နယ် မငြိမ်သက်မှု ဖြစ်ပွား
2:23 AM | Posted in Local News | Read More »
ဦးရွှေမောင်နှင့် ရခိုင်ပညာတတ်အမျိုးသမီးတစ်ဦးတို့  ပြောဆိုချေပမှု
12:34 PM | Posted in feature, Local News | Read More »
ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်ကို နာခံမည်
ယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်နေ့ ရွှေလီမြို့
ရှိJING CHENG ဟိုတယ် ၌ ဒေသ စံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်တွင် စတင်
ကျင်းပခဲ့ပြီးနောက် အထက်ပါ အတိုင်းပြောဆို လိုက်ခြင်း ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် စစ် ဘက်ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ကိစ္စရပ် များ
ဆွေးနွေးမည်ဟု ဆိုသော် လည်း ကေအိုင်အေ (ကချင်လွတ်လပ်ရေး တပ်မတော်)
ဒုတိယ စစ်ဦး စီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား
တက်ရောက်လာမည့် ဒုတိယ ဗိုလ်ချုပ် ကြီး မြင့်စိုးတို့ တက်ရောက် လာခြင်း
မရှိကြောင်း တွေ့ရသည်။ 2:57 PM | Posted in Local News | Read More »
ကျောက်နီမော်ကျေးရွာတွင် ဒုရဲအုပ် သေနပ်ဖြင့် ပစ်သတ်ခတ်ခဲ့ရာ တစ်ဦးသေ
၃၀.၁၀.၂၀၁၂ ရက် နံနက် (၈) နာရီလောက်က စတင်ပြီး ရခိုင်ပြည် နယ် ရမ်းဗြဲမြို့နယ်၊ ကျောက် နီမော်ကျေးရွာတွင် ရုန်းရင် ဆန်ခတ်မှု များဖြစ်ပွါးခဲ့ပြီး အခြေအနေကို သွားရောက် ကြည့်ရှု ခဲ့သော သူများကို လုံခြုံရေးတာဝန်ကျ ဒုရဲအုပ် ကျော်လွင် မှာ သေနပ်ဖြင့် ပစ်သတ်ခတ်ခဲ့ရာ ရမ်းဗြဲမြို့နယ် ၊ ရေမျက်ဝကျေးရွာမှ မောင်ဟန်ရွှေ၊ အသက် (၅၅) နှစ် ကျဆုံးသွားကြောင်းသိရှိရပြီး သန့်တင်ဆိုသူများ ဒဏ်ရာ ပြင်ထန်းစွာရရှိပြီး ကျောက်နီမော် ပြည့်သူဆေး ရုံးသို့ သယ်ယူ သွားရကြောင်းကို RSV သတင်းထောက်မှ သတင်းပေးပို့လာပါသည်။
2:37 PM | Posted in Local News | Read More »
သရုပ် ဆောင်မေဇွန်၏ အမူ သေဆုံးသူ၏ ကလီစာ စစ်ဆေးနေဆဲ ဟုဆို
4:19 PM | Posted in Local News | Read More »
Bugatti Veyron ကား ကို ရန်ကုန်မြို့တွင် တွေ့ရှိ
11:13 AM | Posted in Local News | Read More »
ဦးမောင်ဦး စည်းရုံးရေးခရီးစဉ်တွင် ပြည်သူများကို ရိုင်းပြစွာ ဆက်ဆံ
12:42 PM | Posted in Local News | Read More »
စက်တင်ဘာလ၂၂ရက်နေ့တွင် ကျပ် ၅၀၀၀ တန်ငွေဖြည့်ကတ် စတင်ရောင်းချမည်
11:04 AM | Posted in Local News | Read More »
မဇ္ဈိမ သတင်း လွဲမှားဖေါ်ပြမှု ရခိုင်လူမျိုးများ အကြား မကျေနပ်မှု တိုးပွား
2:28 PM | Posted in Local News | Read More »
အလှကုန်ပစ္စည်းစက်ရုံ(သုဝဏ္ဏ)ကျပ်သန်း ၁၄၀၀၀ ကျော်ဖြင့် အပြီးအပြတ် ရောင်းချ
![]() |
| ရောင်းချခဲ့သည့် အလှကုန်ပစ္စည်းစက်ရုံ(သုဝဏ္ဏ)ကို တွေ့ရစဉ် ဓာတ်ပုံ - ကျော်ဇင်ဝင်း |
2:11 PM | Posted in Local News | Read More »












.jpg)
.jpg)
.jpg)
.jpg)
.jpg)









