Firefox ရဲ့နောက်ဆုံး Web Browser ဖြစ်တဲ့ Firefox Nightly
ကနေအသစ်ထွက်လာတဲ့ Firefox Nightly လေးပါ မသိသေးတဲ့သူတွေအတွက်ပါ Firefox နဲ့ နည်းနည်း ကွာတယ် နည်းနည်းလည်းမြန်သလိုပါဘဲ သုံးကြည်ရင်တော့သိကြမှာပါ အသစ်ထွက်လာ လို့အသိပေး လိုက်တာပါ။ သုံးကြည့်ကြပါ။
ဒီနေရာမှာ ဒေါင်းလိုက်နော် =>>  
10:37 AM | Posted in , | Read More »
ဒီ Software လေးကတော့ အောင်မြင်တဲ့ Technical ပိုင်း ဆိုင်ရာ Web Site တစ်ခုဖြစ်တဲ့ Cnet ရဲ့ Cnet Tech Tracker အကြောင်းဖြစ်ပါတယ်။ Cnet TechTracker ဟာ Freeware တစ်ခုဖြစ်ပြီး www.cnet.com မှတစ်ဆင့် ဒေါင်းလုပ် ရယူနိုင် မှာဖြစ်ပါတယ်။
Downloads
  • Version: 2.1
  • File size: 3.67MB
  • Date added: December 12, 2011
  • Price: Free
  • Operating system: Windows XP/2003/Vista/Server 2008/7
  • 2:02 PM | Posted in | Read More »
    Opera browser မှာ zawgyi font မြင်အောင်လုပ်နည်းလေးပါ
    * , html, body, div, p{font-family:Zawgyi-One !important;}
    အပေါ်က ကုတ်လေးကို ကူးယူပြီး မိမိရဲ့  note pad ထဲမှာ paste လိုက်ပါ။
    ပြီးလျှင် user.css ဆိုပြီး desktop ပေါ်မှာ save ပါ။
    My computer ကိုဖွင့်ပါ။ Program file ကို Local Disk C ကတဆင့်သွားပါ။
    Opera ကိုဖွင့်ပါ။ Style ဆိုတဲ့ folder ကိုဖွင့်ပါ။
    ပြီးလျှင် အစောကသိမ်းထားတဲ့ user.css ဆိုတဲ့ Folder လေးကို ထည့်လိုက်ပါ။
    ( my computer>>>local disk(:C)>>>program file>>> opera >>>styles အထိသွားပြီး Paste လုပ်ပေးလိုက်ပါ....။)
    Opera ကိုဖွင့်ပါ။ ဇော်ဂျီဖောင့်ကို မြင်ရပါပြီ။
    အသုံးဝင်လို့ ပြန်မျှဝေပေးတာပါ။
    Opera Browser မရှိသူများ အောက်မှာ ဒေါင်းလုပ်ဆွဲနိုင်ပါသည်။
    10:18 AM | Posted in , | Read More »
    VZO အကောက်နှစ်ခုဖွင့်မယ်
    ဒီ Sandboxed လေးကို ပထမဆုံး အောက်ကလင့်လေးတွေကနေ အရင်ဒေါင်းလိုက်ပါ။
    2mb ဘဲ ရှိပါတယ်။
    http://www.mediafire.com/?ysv9is7yiw5p5fl
    http://ifile.it/nxb43qe/SandboxieInstall_httpwww_akyinnarnantaw_org...
    http://www.zshare.net/download/94657604dc24265e/
    http://www.ziddu.com/download/16566779/SandboxieInstall_httpwww_aky...
    http://www.4shared.com/file/6kyS-gIJ/SandboxieInstall-httpwwwakyinn...
    http://www.mirrorcreator.com/files/099MCKNY/
    ဒေါင်းပီးပီဆိုရင် install လုပ်လိုက်ပါ။
    အောက်မှာသုံးပုံသုံးနည်းလေးကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။
    သူက ရှော့ကတ်နဲ့ဖွင့်မရတဲ့အတွက် အရင်ဆုံး Start>All programs ကနေ vzochat folder လေးကိုသွားပါမယ်။
    ပြီးရင် ကိုယ်ဖွင့်ချင်တဲ့ vzochat လေးပေါ်မှာ right click ထောက်ပြီး ပုံထဲကအတိုင်း run sandboxed နဲ့ ဖွင့်လိုက်ပါ။
    ဒီလိုဘောက်လေး ပေါ်လာပါမယ်။OK ပေးလိုက်ပါ။
    ကဲ ပုံထဲကအတိုင်း vzoချက် နှစ်ခုဖွင့်လိုက်ပါပီ။
    တခြားဖွင့်ချင်တာလေးတွေကိုလဲ ဒီနည်းအတိုင်းဖွင့်နိုင်ပါတယ်။
    အဲ တကယ်လို့ အခုပြောထားတဲ့နည်းနဲ့ မရဘူးဆိုရင် နောက်တစ်နည်းက
    C:\Program Files> ကိုယ်ဖွင့်ချင်တဲ့ဟာရဲ့ folder ကိုသွားပါ။
    folder ထဲမှာရှိတဲ့ application ကို right click ထောက်ပြီး run sandboxed နဲ့ဖွင့်လိုက်ပါ။
    အားလုံးအဆင်ပြေပါစေ။
    4:49 PM | Posted in | Read More »
    လုံခြုံရေးအတွက် USB Safeguard 6.0
    Here are some key features of "USB Safeguard":
    · Runs with any USB pen drive
    · No installation required
    · On the fly AES 256 bits encryption
    · Secure your data if drive is lost
    · Unecessary admin rights
    · There is no back door
    · 100% portable
    ကဲဒီလောက်ဆိုရင် ဘာတွေ လုပ်ဆောင်နိုင်သလဲဆိုတာ သိလောက်ပါပြီ။ လိုချင်တဲ့သူများ အောက်မှာ Download လုပ်ကြပါ။
    Download USB Safeguard 6.0 (83.00 KB) 
    4:47 PM | Posted in | Read More »
    Folder လေးတွေ အရောင်ပြောင်းမယ်
    Folder လေးတွေ အရောင်ပြောင်းမယ်
    ယခု ကျွန်တော်ပြောပြမဲ့ soft လေး ကတော်တော်ကောင်းတယ်။ သူက Folder icon တွေကို ပြောင်းပေးတဲ့ software လေးပါ
    size ကလေးသေးသေးလေးပဲ ။ အောက်မှာ ဒေါင်းပြီး အသုံးပြုလိုက်ကြဗျာ...
    သူနဲ့အတူ crack file ပါထည့်ပေးထားပါတယ်
    စမ်းကြည့်ပါဗျာ ..
    Downloads
    6:12 PM | Posted in | Read More »
    Virus ထိပြီး နောက်ပိုင်း Disable ဖြစ်သွားတဲ့ ကောင်ကို Enable လုပ်မယ်
    Virus ထိပြီဆိုရင်တော့ မိမိတို့စက်မှာ အားလျော်စွာ စက်က တစ်ခုခုဖြစ်သွားပြီ ။ များသော အားဖြင့်တော့ ထိပြီဆိုရင် Taskmanager ကို Disable လုပ်မယ် ။ Run box , Regedit, Control pen , စသည်ဖြင့် Disable လုပ်ထားမည်ကို တွေ့ရမှာပါ ။ ဒါတွေကို Enable လုပ်ဖို့ ကျွမ်းကျွင်တဲ့ သူတွေက လွယ်ကူပေမယ့် မတတ်တဲ့ သူတွေတော့ တိုင်ပတ်မှာတာ့ သေချာပါတယ် ။ မတော်လို့ ဆိုင်ပို့ရင်လည်း ဆိုင်က ဘော်ဘော် တို့က အားနာတတ်မှာ မဟုတ်ပါဘူး ။ ဒါကြောင့် တတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ လိုလိုမယ်မယ်ဆို သည့် ကိုယ်ဖာသာကိုယ် ဖြေရှင်းလိုရအောင် အောက်က Software ကို ဒေါင်းပြီး လုပ်ကြည့်လိုက်ပါ။
    4:27 PM | Posted in , | Read More »
    Software နဲ့ ပတ်သက်သောနည်းပညာများ
    12:12 PM | Posted in | Read More »
    Drivers တွေ ရှာပေးမယ့် My Driver Program.
    ကွန်ပျူတာထဲမှာ Driver တွေပျောက်နေတယ်။ Driver မရှိလို့ ဂိမ်းကစားမရဘူး။ ၀င်းဒိုးအသစ်တင် လိုက်တာ Driver တွေ ပျောက်သွားတယ်ဆို သူတွေ အတွက်ပါ။ My Driver ဆိုတဲ့ Driver ရှာပေး တဲ့ ဆော့ဝဲလ်လေး တင်ပေးလိုက်ပါတယ်။ မိမိ ကွန်ပျူတာထဲ ဒေါင်းလော့လုပ်ပြီး Install လုပ် Drivers တွေကို ပြန်လည်ရယူနိုင်ပါစေ။ ဒေါင်းလော့ လုပ်မယ့်သူတွေအတွက် ဒီနေရာမှာ နှိပ်ပါ ပြီး ဒေါင်းလော့ လုပ်ယူနိုင်ပါတယ်ခင်ဗျား။ ဒေါင်းလော့လုပ်မယ်ဆိုရင် Read More ကို နှိပ်ပြီးမှ ဒေါင်းလော့လုပ်ယူနိုင်မှာပါ ခင်ဗျား...။
    11:10 PM | Posted in | Read More »
    Folder လေးတွေ ၀ှက်ထားမယ်..
    Computer ထဲက Folder လေးတွေကို Software မလိုဘဲနဲ ဖွက်ထားရအောင်။
    Folder ကိုအရင်းဦးဆုံးလုပ် ပြီးတော့ Right Click ပြီးရင်တော့ အောက်ကပုံလေးလိုမြင်ပါလိမ်မည်။
    ပြီးရင်တော့ Customize လေးကို Click ပေးပါပြီးရင် အောက်ပုံလေးပေါ် ပါလိမ့်မည်။ နောက်ထပ် Change Icon လေးကို Click ပေးလိုက်ပါ။
    ပြီးရင်တော့ အောက်ကပုံလေးပေါလာရင် Icon တွေကိုသေခြာကြည်ပါ။ အကြီးကြီးမြင်ခြင်ရင်တော့ ပုံကို Click လိုက်နော် ပုံတွေရဲအလည်မှာ ဘလာဖြင့် နေတာကိုမြင်တယ်လိုထင်ရပါလိမ့်မယ်။ အဲဒါလေး ကို ရွှေး ပေးပါ ပြီးတော့ OK ပေါ့။
    ပြီးရင် Apply နောက်ပြီးတော့ OKပေါ့။ အဆင်ပြေမှာပါ။
    6:27 PM | Posted in | Read More »
    English မှ မြန်မာသို့  ဘာသာပြန်နိုင်ပြီ
    English မှ မြန်မာသို့  ဘာသာပြန်နိုင်ပြီ
    header.jpg
    အရင်ကကျွန်တ်ာတို. အင်္ဂလိပ်စာကို မြန်မာလို ဘာသာပြန်တဲ့အခါ အဘိဓာန်တွေ အားကိုးပြီး ပြန်ရပါတယ်။ အခုကတော. အင်္ဂလိပ်စာပိုဒ် တစ်ခုလုံးကို Copy ယူပြီး Window Myanmar Translator (Beta Version) မှာ Paste ချပြီး ဘာသာပြန်ပါ နှိပ်ရုံနဲ့ စာပိုဒ် တစ်ခုလုံးကို မြန်မာလို ပြန်ပေးနေပါပြီ။
    အသေးစိတ်ကို ဒီမှာ ဖတ်ပြီး  ဒေါင်းလုပ်လဲယူလို.ရပါတယ်။။ Software ကိုမြန်မာလို ကောင်းစွာ မြင်နိုင်ရန် Myanmar 3 ကို ဒေါင်း လုပ်ပါ။ 
    စမ်းသုံးကြည့်လိုက်နော်သူငယ်ချင်းတို့  (မူရင်းဆိုဒ် = http://www.myanmarnlp.org.mm/ )
    12:00 PM | Posted in | Read More »
    Email ဓါတ်ပုံတွေပို့ရင်များများနဲ့ မြန်မြန်
    Email ဓါတ်ပုံတွေပို့ရင်များများနဲ့ မြန်မြန်
    ဆော့ဝဲလ်လေးတခုဝေငှချင်လို့ပါ သုံးနေကျလေးပါ အလွန်ကောင်းပါတယ်......
    မေးလ်ပို့တဲ့အခါ ဓါတ်ပုံတစ်ပုံကို attach a file လုပ်ရတာအတော်လေးကြာပါတယ်။ ဒီဆော့ဝဲလ်လေးက မေးလ်ပို့တဲ့အခါ ဓါတ်ပုံတစ်ပုံကို attach a file လုပ်နေတဲ့အချိန်အကြာခန့်လောက်မှာ ဓါတ်ပုံနှစ်ဆယ် သုံးဆယ်ကို ခဏလေးနဲ့အရောက်ပို့နိုင်တဲ့ဆော့ဝဲလ်လေးပါ။
    ကဲစလိုက်ရအောင် အောက်ကပေးထားတဲ့လင့်ကလေးကို copy ပြီး Mozilla Firefox မှာ paste လိုက်ပါ ပြီးရင် Enter ပေါ့။
    http://picasa.google.com/
    အဲဒီအခါ Picasa3 ကို download ပြီး run လိုက်ပါ။ ပြီးရင် ဖွင့်လိုက်ပါ ကိုယ်ပို့ချင်တဲ့ပုံတွေကိုကလစ်ပေါ့ (တစ်ပုံထက်ပိုရင် Ctrl ကီးလေးနှိပ်ပြီးလိုသလောက်ကလစ်ပေါ့) ရွေးလို့ပြီးရင်အောက်က စာအိပ်ပုံလေး (Email) မှာနှိပ်လိုက်ပါ
    ဘယ်မေလ်နဲ့မဆို sing in ၀င်နိုင်တယ် ပြီးရင် Gmail အတွက် Google Mail မှာ ကလစ်လိုက်ပါ။ ပြီးရင်ပို့ လိုတဲ့လိပ်စာတပ်ပြီး Send ကိုနှိပ်လိုက်ရင် ရပြီပေါ့။
    Upload to Picasa Web Albums: Upload control plug-in in IE
    To bulk upload photos through the Upload Control plug-in, you'll need to add Picasa Web Albums as a trusted site in Internet Explorer. This will enable you to install the plug-in. To add Picasa Web Albums as a trusted site, follow these steps:
    1. Open Internet Explorer and go to Tools > Internet Options.
    2. In the window that appears, click the Security Tab.
    3. Select Trusted sites as the content zone.
    4. Click the Sites... button.
    5. In the 'Trusted sites' window, deselect 'Require server verification (https:) for all sites in this zone.'
    6. In the field labeled 'Add this Web site to the zone:', type [ http://picasaweb.google.com ] .
    7. Click Add.
    8. Click OK to close the 'Trusted sites' window.
    9. Click OK again to close the 'Internet Options' window.
    You should now be able to install the plug-in and upload your photos.
    2:21 PM | Posted in | Read More »
    PFingo အကြောင်း
    PFingo အကြောင်း
    Pfingo ပီဖင်းဂိုး ဆိုတဲ့ စကားလုံးလေးဟာ ၂၀၀၈လောက်ကစပြီး အင်တာနက် အသုံးပြုသူတွေရဲ့ ပါးစပ်ဖျားမှာ ရေပမ်းစားလာလိုက်တာ ၂၀၀၉ နှစ်လယ် ရောက်တဲ့အထိလည်း ပျောက်ကွယ်မသွားတာကို တွေ့ရပါတယ်။ ပီဖင်းဂိုးလို့ ပြောလိုက်တာနဲ့ အင်တာနက် အသုံးပြုသူတွေ အတော်များများက သူ့ရဲ့ တံဆိပ်ဖြစ်တဲ့ နှုတ်သီးရှည် ငှက်ကလေးကို ပြေးမြင်လိုက်ပြီး နားကျပ်နဲ့ မိုက်ခရိုဖုန်းကို ကောက်ကိုင်ဖို့ သတိရလိုက်ကြတော့တာပါပဲ။
    http://www.pfingo.com/home/index.jsp
    ပီဖင်းဂိုးဆိုတာ ဘာလဲ
    ပီဖင်းဂိုးဆိုတာ စင်္ကာပူအခြေစိုက် Starhub တယ်လီဖုန်း ကုမ္ပဏီကနေ တီထွင်လိုက်တဲ့ VOIP (Voice Over IP) ပရိုဂရမ်တစ်ခုပဲ ဖြစ်ပါတယ်။ အင်တာနက်ကို အသုံးပြုပြီး ကမ္ဘာတစ်ဝှန်းလုံးက လက်ကိုင် ဖုန်းတွေကို ဆက်သွယ်နိုင်တဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။
    ပီဖင်းဂိုးဟာ အခမဲ့လား
    ပီဖင်းဂိုးဟာ အခမဲ့ အသုံးပြုလို့ မရပါဘူး။ သူ့ကို အသုံးပြုချင်ရင် စင်္ကာပူနိုင်ငံမှာ နေထိုင်သူ တစ်ယောက် က Pfingo အကောင့်တစ်ခုကို ဖွင့်ပေးရပါတယ်။ အဲဒီအကောင့်ကနေ တဆင့် ဆက်သွယ်ရတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် VOIP အင်တာနက်ပေါ်က အသုံးပြုတဲ့အတွက် နိုင်ငံတကာတယ်လီဖုန်း ဆက်သွယ် ခ နှုန်းထားတွေဟာ အလွန်ပဲ သက်သာတာကို တွေ့ရပါတယ်။ ဟိုးအရင်ကဆို နိုင်ငံရပ်ခြား ခေါ်ဆိုခဟာ သာမန်တယ်လီဖုန်း လိုင်းတွေနဲ့ဆိုရင် ယေဘုယျ တစ်မိနစ်ကို တစ်ဒေါ်လာ ရှိခဲ့တယ် ဆိုရင်တောင်မှ ပီဖင်းဂိုးကနေ ခေါ်မယ်ဆိုရင် ဥရောပနိုင်ငံတွေကို တစ်မိနစ် စင်္ကာပူဒေါ်လာ သုံးဆင့်၊ အမေရိကကို တစ်မိနစ် လေးဆင့်၊ တရုတ်ပြည်ကို တစ်မိနစ် နှစ်ဆင့်၊ အရှေ့အလယ်ပိုင်း ဒေသတွေကို တစ်မိနစ် ဆင့်ငါးဆယ်အောက်၊ ဂျပန်ကို တစ်မိနစ် ဆင့်သုံးဆယ်၊ ထိုင်ဝမ်ကို ဆယ့်ငါးဆင့်၊ ဘရူနိုင်းကို ခုနစ်ဆင့်ခွဲ၊ မလေးရှားကို ခြောက်ဆင့်၊ ထိုင်းကို လေးဆင့်ခွဲ စသည်ဖြင့် သာမန်ဖုန်းလိုင်းထက် အလွန်တရာ သက်သာတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အခမဲ့ မဟုတ်ပေမယ့် အင်တာနက် အသုံးပြုသူတိုင်းက နိုင်ငံ တကာနဲ့ ဆက်သွယ်ရာမှာ လက်ကိုင်ထားနေကြတာ ဖြစ်ပါတယ်။
    ပီဖင်းဂိုးနဲ့ ဂျီတော့ခ် ဘာကွာခြားသလဲ
    ဂျီတော့(ခ်)ဟာ IM (Instant Messaging Tool) လေးတစ်ခုပဲ ဖြစ်ပါတယ်။ ဂျီတော့(ခ်)ဟာ အင်တာနက် အသုံးပြုနေသူ အချင်းချင်းသာ တိုက်ရိုက် ဆက်သွယ်ပြောဆိုလို့ ရတယ်။ ဂျီတော့(ခ်)ကနေ တယ်လီဖုန်းကို ခေါ်ဆိုလို့ မရသေးပါဘူး။ ဂျီတော့(ခ်) တစ်ခုထဲမှ မဟုတ်ပါဘူး၊ Yahoo Messenger, MSM (Microsoft Messenger) တွေဟာလည်း အင်တာနက် အသုံးပြုသူ အချင်းချင်းသာ ဆက်သွယ်လို့ရတဲ့ IM တွေပဲ ဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံရပ်ခြားက လူတစ်ယောက်ကို စကားပြောချင်ရင် အဲဒီသူကလည်း အင်တာနက်လိုင်းပေါ်မှာ ရှိနေဖို့ လိုအပ်ပါတယ်။ ပီဖင်းဂိုးလို VOIP စနစ်ကတော့ တစ်ယောက်ကသာ အင်တာနက်လိုင်းပေါ်မှာ ရှိနေရင် သူခေါ်ချင်တဲ့သူကို အင်တာနက်ကနေ တိုက်ရိုက် သူ့ရဲ့ဖုန်းကို လှမ်းခေါ်လို့ ရတာမျိုးပါ။ Gtalk လို IM တွေအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ချင်ရင် အသုံးပြုတဲ့ ID တစ်ခုကို သိဖို့ လိုအပ်ပါတယ်။ ပြီးရင် ကိုယ်ခေါ်ချင်တဲ့သူက ကိုယ့်ကို လက်ခံဖို့ (Accept) လည်း လိုအပ်ပါတယ်။ ပီဖင်းဂိုးကတော့ ကိုယ်ပြောချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို တကယ့်ဖုန်းလိုပဲ ရိုက်ထည့်ပြီး ခေါ်ဆိုရုံပါပဲ။ ဒီလို အင်တာနက်ကနေ တယ်လီဖုန်းကို တိုက်ရိုက်ခေါ်ဆိုနိုင်တဲ့အပြင် Gtalk လိုပဲ ပီဖင်းဂိုး အသုံးပြုသူ အချင်းချင်းလည်း Instant Messaging အနေနဲ့လည်း အသုံးပြုလို့ ရပါသေးတယ်။ Internet-Internet စကားပြောလို့လည်း ရတယ်။ Chatting လုပ်လို့လည်း ရတယ်။ ဒီလို ပီဖင်းဂိုးကနေ အခြားပီဖင်းဂိုး အကောင့်ကို တိုက်ရိုက် ခေါ်ဆိုတာမျိုးကျတော့ အခမဲ့ ဖြစ်ပါတယ်။ တယ်လီဖုန်းလိုင်းကို ခေါ်ဆိုမှသာ ပိုက်ဆံပေးရပါတယ်။ အင်တာနက် ချိတ်ဆက်ထားတဲ့ တယ်လီဖုန်းတွေဆိုရင် ကွန်ပျူတာမလိုဘဲ တယ်လီဖုန်းကနေပဲ ပီဖင်းဂိုးကို အသုံးပြုပြီး ဆက်သွယ်တာမျိုးလည်း ရှိပါတယ်။
    VOIP ဆိုတာကရော ဘာလဲ
    VOIP ဆိုတာက အင်တာနက် ဒါမှမဟုတ် ချိတ်ဆက်ထားတဲ့ Packet-Switched Networks တွေမှာ Internet Protocol (IP) ကိုအသုံးပြုတဲ့ အသံလွှဲပြောင်းရယူမှု ဆက်သွယ်ရေးစနစ် တစ်ခုပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ တယ်လီဖုန်းကလာတဲ့ Analog အသံတွေကို Digital စနစ်အဖြစ် ပြောင်းလဲပြီး IP Packet Signal တွေအနေနဲ့ ကွန်ယက်ပေါ်ကတဆင့် အခြားတစ်နေရာကို ပို့ခြင်း၊ ရယူခြင်း စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပါတယ်။
    VoIP စနစ်ရဲ့ အားသာချက်တွေ
    VoIP စနစ်ဟာ အင်တာနက် ကွန်ယက်ကို အဓိက သုံးစွဲတာမို့ သာမန် တယ်လီဖုန်းလိုင်း ဆက်သွယ်ခ နှုန်းထားတွေနဲ့ မတူဘဲ ကုန်ကျစရိတ် သက်သာပါတယ်။ ပီဖင်းဂိုးလို VoIP စနစ်မှာ Softphone လို့ခေါ်တဲ့ ပရိုဂရမ် တစ်ခုကို ကွန်ပျူတာထဲ ထည့်သွင်းပြီး အသုံးပြုရုံနဲ့ သီးခြား တယ်လီဖုန်းတစ်ခု ထပ်ဝယ်စရာ မလိုဘဲ ကွန်ပျူတာကနေ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။ ဒီစနစ်ကို တည်ထောင်သူတွေ ဘက်ကနေ ကြည့်ခဲ့ရင်လည်း Telecommunication စနစ်တစ်ခုအတွက် တပ်ဆင်ရတဲ့ အဖိုးနှုန်းထားတွေထက် ဒီ VoIP စနစ်က အကုန်အကျ သက်သာမှု အများကြီး ရှိပါတယ်။ သုံးစွဲသူတွေအတွက် စက္ကန့်၊ မိနစ်နဲ့ တွက်ချက် ပေးထားပေမယ့် တကယ်တမ်း အင်တာနက်ပေါ်ကနေ ဆက်သွယ်မှု ပြုလုပ်တဲ့အခါ ဒေတာ ပမာဏ ဘယ်ရွေ့ဘယ်မျှ သွားတယ်ဆိုတဲ့ (Bandwidth Usage) နဲ့သာ ကုန်ကျတာမျိုး ဖြစ်တာကြောင့် သာမန် ဖုန်းခေါ်ဆိုခထက် သက်သာတာလည်း ဖြစ်ပါတယ်။
    ပီဖင်းဂိုးကို ဘယ်သူတွေ အသုံးပြုသင့်သလဲ
    နိုင်ငံရပ်ခြားနဲ့ ဖုန်းအမြဲတမ်း ဆက်သွယ်နေရသူတွေ (ဥပမာ- ဟော်တယ်တွေ၊ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတွေ)၊ ကိုယ့်မိဘဆွေမျိုးသားချင်းတွေက နိုင်ငံရပ်ခြားမှာ ရောက်နေသူတွေ၊ အင်တာနက်လိုင်း တစ်ခုထဲကို အသုံးပြုပြီး ဖုန်းအများကြီး ခွဲသုံးချင်သူတွေ စတဲ့သူတွေ အနေနဲ့ ပီဖင်းဂိုးကို စမ်းသုံး သင့်ပါတယ်။ အကျိုးအမြတ်ကတော့ ကိုယ်သာမန်ဖုန်းလိုင်းမှာ ကုန်ကျနေတဲ့ IDD စရိတ်တွေ အများကြီး သက်သာသွားတာကို တွေ့ရပါလိမ့်မယ်။ အသံကြည်လင်မှုကတော့ ကိုယ်ချိတ်ဆက်တဲ့ အင်တာနက်က မြန်ဆန်တယ်ဆိုရင် တကယ့်ဖုန်းနဲ့ ပြောနေရသလိုပါပဲ။
    ပီဖင်းဂိုးပြောလို့ရအောင် ဘယ်လိုလုပ်ရမလဲ
    ကိုယ်က စင်္ကာပူမှာ ဆွေမျိုးသားချင်း ရှိတယ်ဆိုရင်တော့ သူတို့တွေက လုပ်ပြီးသားတောင် ဖြစ်နေ ပါလိမ့်မယ်။ တကယ်လို့ ကိုယ်က အဲဒီလိုလည်း မရှိဘူး နိုင်ငံတကာနဲ့လည်း ဈေးချိုချို ဆက်သွယ်ချင် တယ်ဆိုရင် အခုအခါ မြန်မာပြည် အင်တာနက်ဆိုင်တွေမှာ Pfingo Service မပေးတဲ့ဆိုင် မရှိသလောက်ကို ဖြစ်နေပါပြီ။ ဆိုင်တွေအနေနဲ့ သူတို့ဘာသာ ပီဖင်းဂိုးအကောင့်တွေ ဖွင့်ထားတာမျိုး ရှိပါတယ်။ ဒါကြောင့် ကိုယ်က ပြောချင်ရင် သူတို့အကောင့်ကို သတ်မှတ်ထားတဲ့ ဈေးနှုန်းပေးပြီး ယူသုံးလိုက်ရုံပါပဲ။ ဆိုင်တွေ မှာလည်း သွားမသုံးချင်ဘူး၊ ကိုယ့်ဘာသာ အိမ်မှာ အသုံးပြုချင်တယ် ဆိုရင်တော့ ပီဖင်းဂိုးအကောင့်ကို မိတ်ဆွေသူငယ်ချင်းတွေကနေတဆင့် ဖွင့်ခိုင်းရပါလိမ့်မယ်။ အဲဒီအခါ သူတို့က ကိုယ့်ကို Pfingo Talk No. နဲ့ Pin No. နှစ်ခုကို ပေးပါလိမ့်မယ်။ အဲဒီအခါ ကိုယ့်ရဲ့ ကွန်ပျူတာမှာ PfingoTalk PC Softphone ဆိုတဲ့ ပရိုဂရမ်လေးကို သွင်းပြီး အခုန နံပတ်နှစ်ခုကို ရိုက်ထည့်လိုက်ပြီ ဆိုတာနဲ့ သင်ဟာ ကမ္ဘာတလွှားက မိတ်ဆွေသူငယ်ချင်းတွေဆီကို အဖိုးနှုန်းချိုသာစွာနဲ့ ခေါ်ဆိုနိုင်ပြီ ဖြစ်ပါတယ်။
    သုံးသပ်ချက်
    ဒီ Pfingo လို VoIP စနစ်တွေကို အသုံးပြုပြီး ဖုန်းခေါ်ဆိုတာကြောင့် တယ်လီဖုန်းကုမ္ပဏီကြီးတွေ အနေနဲ့ တယ်လီဖုန်းလိုင်းတွေကနေ ရရှိမယ့် ဝင်ငွေတွေ လျှော့ကျသွားနိုင်တယ်လို့ ယေဘုယျအမြင်နဲ့ ထင်နိုင်စရာ အကြောင်း ရှိပါတယ်။ ဒါပေမယ့် တဖက်က ပြန်လှည့်ကြည့်ရင် ဈေးကြီးတဲ့ နိုင်ငံတကာ ဆက်သွယ်မှု IDD ခေါ်ဆိုရမှုကြောင့် ပြည်တွင်းက နိုင်ငံခြားငွေ အများကြီးထွက်တာ၊ ပြီးတော့ ဒီလိုဈေးကြီးတဲ့အတွက် သုံးစွဲ သူတွေ လျော့နည်းနေတာ၊ Telecommunication Infrastructure တွေအတွက် စရိတ်စက ကြီးမြင့်တာ၊ ကိုယ့်နိုင်ငံသားတွေ ပြည်ပခေါ်ဆိုမှု သက်သက်သာသာနဲ့ မပြုလုပ်နိုင်တာ စတဲ့ အချက်အလက်တွေကို ပြန်ထောက်ကြည့်မယ် ဆိုရင်တော့ အင်တာနက်လိုင်းကို အသုံးပြုပြီး တယ်လီဖုန်း မပိုင်ရင်တောင်မှ ဒီလို ဈေးသက်သက်သာသာနဲ့ ပြောဆိုနိုင်တဲ့ စနစ်ဟာ ပိုအောင်မြင်လာနိုင်တဲ့ စနစ်တစ်ခု ဖြစ်နေတာကို တွေ့ နိုင်ပါတယ်။ ဈေးသက်သာတဲ့အတွက် သုံးစွဲတဲ့သူ များလာမယ်။ ဈေးကြီးတာကို နဲနဲသုံးနေတာထက် ဈေးသက်သာပြီး အရည်အသွေးကောင်းတဲ့ဟာကို လူများများ သုံးလာခြင်းက စားသုံးသူတွေကို စွဲဆောင် နည်း တစ်ခုလည်း ဖြစ်ပါတယ်။ သုံးစွဲသူတွေဘက်က ကြည့်ရင်လည်း အကုန်အကျ နည်းနည်းနဲ့ ကမ္ဘာ တစ်ဝှန်းလုံးက ကိုယ့်ရဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေ၊ အသိအကျွမ်းတွေနဲ့ ပိုမိုထိတွေ့ခွင့် ရလာနိုင်ပြီး ရင်းနှီးနွေးထွေးမှုတွေ ပိုလာနိုင်တာမို့ လက်ခံကြိုဆိုချင်စရာ အသုံးချ နည်းပညာတစ်ခုပဲ ဖြစ်တယ်လို့ ကောက်ချက်ချချင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဒီစာကို ဖတ်မိတဲ့အချိန်မှာ၊ သင့်မှာလည်း နိုင်ငံ ရပ်ခြားရောက် မိသားစုတွေ ရှိနေတယ်ဆိုရင် အင်တာနက်ဆိုင်ကို ပြေးလို့ပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်က အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာနဲ့ဖြစ်ဖြစ် Pfingo ကိုအသုံးပြုပြီး စမ်းသပ်ဆက်သွယ်ကြည့်ကြဖို့ သတင်းစကား လက်ဆောင် ပါးလိုက်ပါတယ်။
    Remark: People မဂ္ဂဇင်း ဇူလိုင်လ အတွက် ရေးဖြစ်တဲ့ ဆောင်းပါးလေးပါ။
    2:13 PM | Posted in | Read More »
    Internet Explorer 9 ကို uninstall လုပ်နည်း
    Internet Explorer 9 ကို uninstall လုပ်နည်း
    Internet Explorer 9 ကို uninstall လုပ်နည်းလေးကို တင်ဆက်လိုက်ပါတယ် ၊ IE 9 ဟာ Zawgyi font နဲ့ အဆင်မပြေဖြစ်တာကတော့ အမှန်ပါပဲ ၊  Zawgyi font လေးတွေ ပြန်မြင်ရဖို့ IE 9 ကို ဖြုတ်ချ လိုက်တာ ကိုပဲ တင်လိုက်ရပါတယ် ၊ အားလုံးအဆင်ပြေစေတဲ့ နည်းလေးဖြစ်နိုင်မယ်ထင်ပါတယ်။
    အဲဒီလိုပဲ Microsoft ကနေ download ယူပြီး install လုပ်တဲ့ program တွေမှန်သမျှဟာ ဘယ်ရောက်သွား လို့ ဘယ်နေရာကနေ uninstall လုပ်ရမယ်ဆိုတာမသိပဲ ဖြစ်နေတတ်ပါတယ် ၊ သိပြီးသွားတော့လဲ လွယ် လွယ်လေးပဲ ဖြစ်သွားမှာပါ ၊ ပြောနေရင်ကြာသွားမယ် ၊ စလိုက်ကြရအောင်…
    IE 9 ဟာ XP အတွက် Support မလုပ်တာကြောင့် Vista နဲ့ Windows 7 အတွက်ပြောတာဖြစ်ပါတယ်
    (၁) Start > Control Panel > Programs and Features ဆိုတဲ့နေရာကို ရောက်အောင်သွားပါ ၊
    မှန်ပါတယ် အဲဒီနေရာက ကျနော်တို့သွားနေကျ တခြား Third party program တွေကို uninstall လုပ်ရင် လာရတဲ့နေရာပေါ့ ၊ ဒီလိုမှ မဟုတ်ပဲ geeky ( geek ဆန်တဲ့) နည်းလေးနဲ့ သွားချင်ရင် windows search bar လေးမှာ appwiz.cpl လို့ရိုက်ပြီး enter ခေါက်လိုက်တာနဲ့ ဒီကိုတန်းရောက်လာလိမ့်မယ် ၊ အဲဒါ က ပိုမြန်သလို ဘာလုပ်လို့ ဘာလုပ်လိုက်မှန်း မသိပဲ ရောက်သွားတာမို့ အသစ်ကလေးတွေအတွက်ကတော့ မိုက်ပါတယ် ၊
    (၂) အဲဒီ uninstall or change a program ဆိုတဲ့ windows ကို ရောက်နေတဲ့အခါ ဘယ်ဘက် အထက်ဒေါင့်နားက View installed updates ဆိုတဲ့ menu စာတန်းလေးပေါ်ကို click လုပ်လိုက်ပါ ၊
    (၃) အဲဒါကို click လုပ်လိုက်တဲ့အခါမှာ install လုပ်ထားတဲ့ update တွေ ထွက်ကျလာမယ် ၊ အချိန် ခဏပေးလိုပ်ပါ ၊ ပြီးသွားတာနဲ့ Windows Internet Explorer 9 ဆိုတာကိုရှာပါ ၊ သူ့အပေါ် right click ထောက်ပြီး uninstall ကို နှိပ်လိုက်ပါ ။ Microsoft ကနေ Windows ရဲ့ component အဖြစ် download ပေးတဲ့ software တွေဟာ update လမ်းကြောင်းကနေပဲလာတဲ့အတွက် ဖျက်ချင်တဲ့အခါ အဲဒီကို သွားပြီး ဖျက်ပေးရတာဖြစ်ပါတယ် ၊
    (၄) computer ကို restart လုပ်ရပါမယ် ၊ restart လုပ်နေတဲ့အချိန်မှာ update configuring လုပ်တာ ကိုတွေ့ရမယ် ၊ ပြီးလို့ Windows ပြန်တက်လာတဲ့အခါ IE 8 icon လေးကိုပြန်မြင်ရပါလိမ့်မယ် ၊ ဒါပေမယ့် သုံးဖို့အသင့်မဖြစ်သေးဘူး ၊ အဲဒီ icon လေးကို click နှိပ်ပြီး ပြီးသည်အထိ setting လုပ်ပေးလိုက်ပါ ၊ ဒါဆိုရင် IE 8 လေးနဲ့ပြန်အဆင်ပြေသွားပါပြီ ။
    IE 9 ဟာ Beta version ဖြစ်တာကြောင့် လောလောဆယ် ပြဿနာတွေ ရှိနေဆဲပါ ၊ Stable version ဖြစ်လာတဲ့အခါမှာတော့ အဆင်ပြေလောက်တယ်လို့ မျှော်လင့်ရပါတယ် ၊ ပြီးတော့ ကျနော်တို့ မြန်မာ တွေ မှာကလည်း font တွေ မငြိမ်သေးတဲ့ အကြောင်းကလည်း ရှိနေတော့ ဒီလိုပဲ အဆင်ပြေသလို စခန်းသွားနေကြပါတယ်...
    11:32 AM | Posted in | Read More »
    Windows 7 - Essential Training (Video Lessons)
    Windows 7 - Essential Training (Video Lessons)
    Windows 7 - Essential Trainin
    Lynda.com ကနေ ထုတ်လုပ်တဲ့ Windows 7 စနစ်တကျ အသုံးပြုပုံ ဗီဒီယို သင်ခန်းစာများ ဖြစ်ပါတယ်။ Windows 7 ကို စတင် အသုံးပြုမည့်သူများ၊ Windows 7 အကြောင်း အသေးစိတ်သိလိုသူများအတွက် လွယ်ကူလျင်မြန်စွာ လေ့လာ သင်ကြားနိုင်တဲ့ ဗီဒီယို သင်ခန်းစာများ ဖြစ်ပါတယ်။ အောက်ပါ Link များမှ တဆင့် Download ရယူနိုင်ပါတယ်။ (File size: 171 MB)
  • 6:28 PM | Posted in | Read More »
    Right Click Image Converter
    Right Click Image Converter
    Image Format ပြောင်းဖို့အတွက် Photoshop တို့ကို သုံးဖို့ မလိုဘဲ Image တွေကို Right Click လုပ်ပြီး တိုက်ရိုက်ပြောင်းပေးနိုင်တဲ့ Right Click Image Converter ပါ။ အောက်မှာပေးထားတဲ့ ဖိုင်လေးကို ဒေါင်းလုတ်ပြီး စက်ထဲ အင်စတော ထည့်သွင်းပြီးရင် ကြိုက်တဲ့ Image တွေကို Right Click လုပ်ရုံနဲ့ ဖော်မတ်ပြောင်းနိုင်ပါပြီ။
    JPGE, BMP, GIF, PNG, ICO (favicon), TIF အပြင် အခြား ဖော်မတ်တွေလည်း ပြောင်းပေးနိုင် ပါသေးတယ်။
    5:10 PM | Posted in | Read More »
    အကောင်းဆုံး Install လုပ်နည်း
    အကောင်းဆုံး Install လုပ်နည်း
    http://ninite.com/
    အင်တာနက်ချိတ်ပြီးတာ နဲ့ အဲဒီဆိုဒ်လေးကို ၀င်လိုက်ပါ...ပြီးရင် မိမိစက်ထဲ ထည့်ချင်တဲ့ ဆော့်ဝဲအမျိုးအစားတွေ ကိုလိုက်ပြီး ကလစ်ပေးလိုက်ပါ...ပြီးရင် အောက်က get installer ဆိုတာကို နှိပ်လိုက်ပါ....EXE ဖိုင်ကို သူကပေးပါလိမ့်မယ်...ပြီးရင် အဲဒီဖိုင်ကို ဒေါင်းလုပ်ချပြီး အင်စတောလုပ်လိုက်ပါ...ခုနက သင် ကလစ်ပေးလိုက်တဲ့ဆော့လ်ဝဲတွေအားလုံးကိုအင်စတော လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်...ဘယ်လောက်မိုက်လဲ ဒီခေတ်ကြီးက နောက်ဆို ကွန်ပျူတာကို ဘယ်လိုများ ခိုင်းစားကြအုန်းမလဲမသိဘူးနော်....အင်တာနက် သုံးရတဲ့ ဘ၀က ဘားဆိုဘားမှ ကိုမလိုတော့ဘူးနော်...
    ပြည့်စုံလိုက်တာဗျာ..အဲဒီ ၀က်ဆိုက် လုပ်ပေးတဲ့လူကို လည်း တကယ်ကို ကျေးဇူးတင် တယ်ဗျာ... လေးစားဖို့လည်းကောင်းတယ်...တခါးမှ အဲလို မတွေးမိဘူး....၀က်ဆိုက် ကတော့ ဒီဝက်ဆိုက် လေးပါ...>>> http://ninite.com/
    10:08 AM | Posted in | Read More »
    wxPyDict
    wxPyDict
    ကိုစိုးမင်း ရေးထားတဲ့ wxPyDict ပါ။ ထွက်တာလဲ ကြာပါပြီ။ အသုံးပြုရတာကတော့ ရှယ်ကောင်းတယ် :) ။ wxPyDict နဲ့ ပတ်သက်ပြီး ကိုစိုးမင်း ဆီမှာလဲ ရေးပြီးသားတွေ အများကြီးရှိပါတယ်။ ဒီ wxPyDict ကို XP သုံးတဲ့ သူများကတော့ Install မယ်ဆိုရင် Double Click ပေးလိုက်တာနဲ့ အဆင်ပြေပါတယ်။ အခက်တွေ့နေတာက Window Vista & Window 7 ကို အသုံးပြုနေတဲ့ သူများပါ။ Window Vista & Window 7 ကို အသုံးပြုနေတဲ့ သူများက ဒီတိုင်း Double Click ပေးပြီး Install လုပ်ရင် အောက်မှာ ပြထားသလို Error တက်လာ တယ်ဆိုပြီး ပြောပြောနေကြတယ်။ { ဒါကလဲ ပထမဆုံး အကြိမ် စက်ထဲမှာ Install လုပ်တဲ့ အခါမှသာ ဒီ Error တက်တာပါ } ။
    Window Vista & Window 7 ကို အသုံးပြုနေတဲ့ သူများက wxPyDict ကို Install မယ်ဆို ရင် Administrator နဲ့ Run မှသာ ရပါမယ်။ Administrator နဲ့ Run ဆိုတာကို ဘာပြောလို့ ပြောမှန်းမသိ ဖြစ်နေတဲ့သူများအတွက် အဆင်ပြေအောင် အောက်မှာ ပုံနဲ့ တကွ ပြထားပါ တယ်။ ဒါဆိုရင်တော့ အားလုံးနားလည်သဘောပေါက် လိမ့်မယ် လို့ထင်ပါတယ်။
    wxPyDict Download
    Ref : http://www.soemin.net/
    9:57 PM | Posted in | Read More »
    Windows Movie Maker For Windows 7 OS
    Windows Movie Maker For Windows 7 OS
    Video Image!
    ဒီ Windows Movie Maker software က Photos & Video Clips တွေကို Create & Edit လုပ်နိုင်တဲ့ Software တစ်ခုပါ။ Professional အတွက်ဆိုရင်တော့ ဒီထက်ကောင်းတဲ့ Software တွေ အများကြီးရှိပါတယ်။ Windows XP & Vista users တွေအတွက်ကတော့ Auto Install ထားပြီးဖြစ်လို့ စက်ထဲမှာ အသင့်ပါပြီးဖြစ်ပါတယ်။ ဒါပေမယ့် Windows 7 users တွေကတော့ Windows Movie Maker ကို စက်ထဲမှာ တွေ့ရမှာ မဟုတ်ပါဘူး။ ဒီ့အတွက် Microsoft က New version အနေနဲ့ Windows Movie Maker software ကို Windows Vista & 7 users များအတွက်ဆိုပြီး ထုတ်ထားပါတယ်။ Windows 7 users များ အောက်မှာ ပေးထားတဲ့ လင့်ခ်ကို သွားပြီး New Movie Maker software ကို Download ချနိုင်ပါတယ်။ ပြီးရင်တော့ ဒီ Windows Movie Maker software နဲ့ Movie-making, Improved editing, Slide show creation နဲ့ web publishing တွေအတွက် အသုံးပြုနိုင်ပါပြီ။ { Only for Windows Vista & 7 users (not for XP users) }
    Download Movie Maker
    မနောသားမှကူးယူဖေါ်ပြထားခြင်း
    9:55 PM | Posted in | Read More »
    Invalid Boot.ini
    I “*Invalid Boot.ini*, *loading from C:\Windows*” ဒီ လို error လေးဖြစ်လာရင်
    *boot.ini* file လေး  C drive ကမသိတာပျောက်သွားတာဆိုရင်ဖြစ်တတ်ပါတယ်...
    ဖြေရှင်းချက်
    1.    Right click  My Computer  ကို   Right click  လုပ်ပြီး   properties  ->Advanced -> Startup and Recovery   ထဲက   Settings ကိုနှိပ်ပါ။
    2.    *Edit  * ခလုတ်လေးကို နှိပ်ပါ။
    3.    ဒီလိုလုပ်ပြိးရင်တော့ the boot.ini file  လေးပွင့်လာမယ်။ မရှိတော.ဘူးဆိုရင်တော့ OK   လုပ်ပြိး  အသစ်ဖန်တီးပါ။
    4.    အောက်မှာပေးထားတဲ့  code  ကော်ပီကူးယူပြိး  paste လုပ်ပါ။
    *[boot loader]
    timeout=30
    default=multi(0)disk(0)rdisk(0)partition(1)\WINDOWS
    [operating systems]
    multi(0)disk(0)rdisk(0)partition(1)\WINDOWS=”Microsoft Windows XP
    Professional” /fastdetect*
    5.    save   လုပ်ပြိး   exit  လုပ်ပါ။
    6.    boot.ini  ဖိုင် အသစ်လေးကို C drive  မှာဖန်တီးပါလိမ်.မယ်။  system attributes တွေကိုတော့ သင်ပြန်လုပ်ရပါလိမ့်မယ်။
    7.   command prompt  ကိုဖွင့်ပါ။(  Run box  ထဲမှာcmd လို့ရိုက်ပါ။)
    8.   ဒီအောက်မှာပေးထားတဲ့ အတိုင်း c:\ ထဲမှာ ရိုက်ထည့်ပါ။
      *attrib C:\boot.ini +s +h* ပြီးနောက် enter ကိုနှိပ်ပါ။
    9.  ဒီပြသနာလေး   အဆင်ပြေသွားရင်တော့  သင်ကွန်ပျူတာလေးအဆင်ပြေပါစေ...
    7:08 PM | Posted in | Read More »