မြောင်းမြ NLD တွေ ပါတီ တွင်း ဒီမိုကရေစီ ကင်းမဲ့ မှု ကြောင့် ဆန္ဒပြ ပြီ
ဧရာဝတီ တိုင်း မြောင်းမြမြို့  ရှိ အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ်အဖွဲ့  ၀င်များ သည် NLD ဗဟိုကော်မတီ ၏မြို့နယ်ကော်မရှင် အဖွဲ့နှင့် ခရိုင်ကော်မရှင် အဖွဲ့များဖွဲ့စည်းရာတွင် ဒီမိုကရေစီ နည်း မကျခြင်းနှင့် မြို့နယ် ရုံးပြောင်းရွှေ့မည့် အစီအစဉ်ကို မကျေနပ်ဟု ဆိုကာ ဆန္ဒထုတ်ဖော် သည့်အနေဖြင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒပြ ခြင်းကို တနင်္ဂနွေ နေ့  နေ့  လည် ၁၂ နာရီ ခန့်  ကမြောင်းမြ မြို့ ထဲ တွင် ကျင်းပခဲ့ သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ မြို့ နယ် ရုံး တည် ရှိရာ ဦးဘချိုလမ်းမှသည် ကျွန်းတော တံတားအနီး ရှိ ခရိုင်ကော် မရှင်ရုံးအထိ ဆန္ဒထုတ်ဖော်ကာ လမ်းလျှောက်ခဲ့ကြသည်။
အဆိုပါဆန္ဒပြ မှု တွင် မြောင်းမြ NLD ပါတီ ၀င် နှစ်ရာ ကျော် ပါဝင် ခဲ့ ကြသည် ဟု မြောင်းမြ NLD ပါတီ ၀င် တစ်ဦး က FNG ကို ပြောသည်။
ဆန္ဒထုတ်ဖော်သူတို့က မြို့နယ်ကော်မရှင် ပြန်ဖွဲ့ရေး ၊ ဗဟိုကော်မတီမှ လူကြီးတစ်ဦး နှုတ်ထွက်ရေး ၊ မြို့နယ်ရုံး ခန်း မပြောင်းရွှေ့ရေး စသည် တို့ ကို တောင်းဆိုခဲ့ကြသည်။
ဆန္ဒထုတ်ဖော်မှုတွင် ခေါင်းဆောင်သူ ပါတီဝင် ဦးမြင့်ကျော်မှ ဆန္ဒထုတ်ဖော်မှုသည် ပါတီ ဥက္ကဌ
ဒေါ်အောင်ဆန်း စုကြည်ကို မကျေနပ်၍ ဆန္ဒပြခြင်း မဟုတ်ကြောင်း၊ ပါတီကိုလည်း ဆန္ဒပြခြင်း မဟုတ်ကြောင်း ပါတီဗဟိုကော်မတီရှိ တစ်ချို့ကို မကျေနပ်၍သာ ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်ကြောင်း ပြောကြား
ခဲ့သည် ဟု မြောင်း မြ မြို့ ခံ တစ်ဦး ၏ Facebook စာမျက် နှာ တွင်ဖော်ပြထားသည်။
မြောင်းမြ မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရုံး သည် လွတ်လပ်ရေး ကြိုးပမ်းမှု ခေတ်က သခင်မကြီး တစ်ဦး ၏ အိမ် တွင် ရုံးစိုက်သည်။
မြောင်းမြ မြို့နယ် သည် ၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ် ရွေးကောက် ပွဲ တွင် ပြည်ထောင်စု လွှတ်တော် နေရာ အတွက် ပါဝင်ယှဉ် ပြိုင် ကာ NLDပါတီ ကိုယ်စား ပြု ၀င်ရောက် ယှဉ်ပြိုင် သူ ဦးမန်းဂျော်နီ အနိုင် ရရှိခဲ့ သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အတွင်း တွင် ပါတီ တွင်း ဒီမိုကရေစီ ကင်းမဲ့ မှု နှင့် မျှတမှု မရှိ ဟု ဆိုကာ ယခင် က ပါတီ ၀င်များ နှုတ်ထွက် ခဲ့ ဖူးသည်။
ဆန္ဒပြ ခေါင်းဆောင် တစ်ဦး ဖြစ်သည့် NLD ပါတီ ၀င် ဦးစစ်အောင် က မြောင်းမြ ပါတီ ၀င်များ ၏ ဆန္ဒထုတ် ဖော် မှု ကို NLD ဗဟို မှ ဖြေရှင်း မပေး ပါ က ဆက် လက် ဆန္ဒထုတ် ဖော်မှု များ ပြု လုပ် ရန် အစီအစဉ် ရှိ သည် ဟု FNG ကို ပြောသည်။
မြောင်းမြ ပါတီ များ ၏ ဆန္ဒပြ မှု ကို အာဏာပိုင်များ က တစ်စုံ တစ်ရာ နှောင်ယှက် ခြင်း မရှိ ဟု သိရသည်။
Freedom news
