မြန်မာနိုင်ငံမှ လူကုန်ကူး ခံရမှုတွင် အမျိုးသမီးငယ်များ အများဆုံး ပါဝင်
မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ လူကုန်ကူး ခံရမှုတွေ ထဲမှာ ငယ်ရွယ်တဲ့ အမျိုးသမီးငယ်များ လူကုန်ကူး ခံရမှုမှာ အများဆုံး ပါဝင်နေ တယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ ၂၀၁၁ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ် လည် အစီရင်ခံစာမှ သိရပါတယ်။
အခုလို မြန်မာနိုင်ငံရဲ့ လူကုန်ကူး ခံရမှုတွေထဲမှာ ငယ်ရွယ်တဲ့ အမျိုးသမီးငယ် များရဲ့ လူကုန်ကူး ခံရမှုဟာ ၈၅ ရာခိုင်နှုန်းနဲ့ အများဆုံး ပါဝင်နေ တာ ဖြစ်ပါတယ်။
အဲ့ဒီလို ပါဝင်ရာမှာ အဓမ္မထိမ်းမြားမှုနဲ့ လိင်မှုဆိုင်ရာ ကိစ္စရပ်များမှာ အသုံးပြုဖို့ အတွက် လူကုန်ကူးမှု အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က လူကုန်ကူးမှု တရားခံတွေ မှာလည်း အမျိုးသမီး ၂၂၅ ဦး၊ အမျိုးသား ၁၂၆ ဦးရှိကာ အမျိုးသမီးတွေ က အမျိုးသား တွေထက် ပိုမိုပါဝင်မှု ရှိနေပါတယ်။
ဒါ့အပြင် လူကုန်ကူး ခံရသူများထဲ မှာတော့ အမျိုးသား ၄၅ ဦးသာရှိပြီး အမျိုးသမီး ကတော့ ၂၂၀ ဦး ရှိနေတာ ဖြစ်ပါတယ်။ ဒီလို လူကုန်ကူးတဲ့ တရားခံတွေနဲ့ လူကုန်ကူး ခံရသူတွေ ထဲမှာ အမျိုးသမီးတွေ အများဆုံး ပါဝင်နေရခြင်းဟာ အမျိုးသမီး အချင်းချင်း သွေးဆောင် ဖျားယောင်းမှုဟာ လွယ်ကူ တဲ့အတွက် အခုလို အများဆုံး ဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV4
