စစ် တစ်ခါထွက်ရန် ဘယ်လောက်များ ကုန်ကျသလဲ
"" စစ် တစ်ခါထွက်ရန် ဘယ်လောက်များ ကုန်ကျသလဲ""
ကျည်ဆံတထောင့်ဟာ မြန်မာကျပ်ငွေ တစ်ထောင် ၀န်းကျင် စစ်သား တယောက်မှာ ကျည် ၃၀၀ လောက် ပါသွားတယ်ဆိုရင် သုံးသိန်းဖိုး.တခါ တိုက်ပွဲဖြစ်ရင် အားလုံးကုန် တဲ့ အပြင် ထပ်ဖြည့် ရတယ်.သေနတ် တလက်၁၀သိန်းတန် တယ်ဗုံး ဆန်တလုံး အနဲဆုံး သိန်းကဏန်းရှိတယ်။
တပ်ရင်းတရင်း လူ ၂၀၀ လောက် ခရီးထွက်ရင်.. သွားလာ စရိတ်၊စားစရိတ်၊ ထောက်ပို့ ၊လစာ ၊ ဆေးဝါး၊သယ်ယူပို့ဆောင်ရေးယဉ်၊ဆက်သွယ်ရေးစက်ကိရိယာ၊စက်ဆီကအစစစ် အ၀တ်အစား အရာရှိ များအသုံးစရိတ်... အားလုံးပေါင်း .. တပတ်အတွင်း သိန်းထောင်ကြီးပိုင်း ကုန်တယ်။ အခု KIA ကိုထိုးစစ် ဆင်နေတဲ့ တပ်ရင်း တစ်ရာကျော်တယ်။
စစ်လေယဉ်တခါထွက်ရင် သိန်းထောင်ပိုင်းကုန်တယ်။ လေယဉ်ပေါ် တပ်ဆင်တဲ့ ဗုံးဆန်တလုံးဟာ အနဲဆုံး သိန်းနှစ်ရာကျော်တန်များ ဖြစ်တယ်။
KIA ဖက်ကတွက်တာတော့ စစ်သားတစ်ယောက်အတွက် စစ်တန်ဆာ တန်ဖိုးက သိန်း ၇၀ ခန့်ရှိတယ်။
အခု KIA နဲ့ အစိုးရ စစ်တပ် တိုက်ခိုက်နေတဲ့ တစ်နှစ်ကျော်ကာလ စုစုပေါင်း ကုန်ကျစရိတ်ဟာမြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေး ၀န်ကြီးဌာန နှစ်ခုပေါင်း ရဲ့ ငါးနှစ်စာ အသုံးစရိတ်ဖြစ်ပါတယ်။
ကချင် စစ်ပြေးများရဲ့ အသက်အိုးအိမ်နဲ့ သူတို့ဆုံးရှုံးခဲ့တဲ့ အချိန်သူတို့ကို ကျွေးမွေးစရိတ် မပါသေး ဘူး။ နိုင်ငံတကာလို သူတို့ကိုလဲ မြန်မာနိုင်ငံသားအနေနဲ့ မြန်မာနိုင်ငံရဲ့ GDP ထဲထည့်တွက်ရင်တော့။
လက်နက်အားကိုး လူမိုက်စိတ်နဲ့ ငြိမ်းချမ်းရေးမရနိုင်ပါ
နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှ အစစ်အမှန် ငြိမ်းချမ်းရေး ရမည်။
မဟုတ်ရင်တော့ ထာဝရ ငမွဲစာရင်းမှာ ဆက်ရှိနေမယ်။
(Duwa Kachin)
 Posted by Creator Myanmar 
										 on 10:12 AM. Filed under 
										 
Local News
.
										 You can follow any responses to this entry through the RSS 2.0.
										 Feel free to leave a response
		
										 Posted by Creator Myanmar 
										 on 10:12 AM. Filed under 
										 
Local News
.
										 You can follow any responses to this entry through the RSS 2.0.
										 Feel free to leave a response
										 
 
