ကချင်ပြည်အရေး လွှတ်တော်တွင် အရေးတကြီးအဆိုတင်သွင်း
ကချင်ပြည်အရေး လွှတ်တော်တွင် အရေးတကြီးအဆိုတင်သွင်း
ကချင်ပြည်နယ်အတွင်း ကေအိုင်အေ/ကေအိုင်အို အဖွဲ့နှင့် တပ်မတော်အကြား လက်နက်ကိုင် ပဋိ ပက္ခများကြောင့် ဆန်စပါး များပြတ်လပ်ပြီး အတိ ဒုက္ခများရောက်ရှိနေသောကြောင့် ကူညီစောင့်
ရှောက်ပေးရန် အရေးကြီးအဆိုကို ကချင်ပြည်နယ် မှ လွှတ်တော်ကိုယ်စားလှယ် ဦးယောဒီဒွေ့ က ပြည်သူ့ လွှတ်တော်သို့ စက်တင်ဘာလ ၃ ရက်နေ့ တွင် အရေးကြီးအဆို အဖြစ် တင်သွင်း လိုက်ကြောင်းသိရသည်။
" ကချင်ပြည်နယ်မှာ ကေအိုင်အေ/ကေအိုင်အို နဲ့ မြန်မာ့တပ် မတော်ကြား လက်နက် ကိုင်ပဋိပက္ခ များဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော် ကြာပြီဖြစ်ပါတယ်၊
အချိန်ကြာလာသည်နှင့်အမျှ ပြည်နယ်အတွင်းမှာနယ်မြေတည်ငြိမ်အေးချမ်းရေးမှု၊ ဥပဒေ စိုးမိုးရေးများ ယုတ်လျော့ကာ ဒေသခံပြည်သူများနဲ့ နိုင်ငံ ၀န်ထမ်းများ အတွက်စိုးရိမ်ပူပန်မှုတွေ ၊သောကတွေ နဲ့ အတူ ဘေးဒုက္ခတွေကြုံတွေ့နေရပါတယ်။
ပူတာအို တစ်ခရိုင်လုံးနဲ့ ချီဖွေဒေသတွေမှာ ဆန်၊ရေ၊စပါး ပြတ်လပ်နေပါတယ်။ အတိဒုက္ခရောက်
နေကြရပါတယ်၊" ဟု ၄င်းက ပြည်သူ့လွှတ်တော်သို့ တင်သွင်းပြောကြားလိုက်သည်။
နေကြရပါတယ်၊" ဟု ၄င်းက ပြည်သူ့လွှတ်တော်သို့ တင်သွင်းပြောကြားလိုက်သည်။
ထိုပဋိပက္ခများကြောင့် ဒေသခံတိုင်းရင်းသားများသည် တဖက်နိုင်ငံတွင် သွားရောက်ခို လုံ နေရသူများ တဖြည်းဖြည်းများပြားလာပြီး ၊ပြည်နယ် အတွင်း ယာယီစောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေးစခန်းများသို့ ခိုလှုံနေကြရသူ-များမှာ တစ်ရက်ထက် တစ်ရက် နေ့စဉ်ကြုံတွေ့နေရကြောင်း ။နိုင်ငံတော်တာဝန် ထမ်းဆောင်ရမည့် ၀န်ထမ်းများသည်လည်း တာဝန်ကြ ဒေသများသို့ သွားရောက်ရန် အခက်အခဲများ ကြုံတွေ့နေရပြီးဆက်သွယ်ထားသော လမ်းများသည် လည်း ပျက်စည်းနေပြီ ဖြစ်ကြောင်းအထက်ပါ ကိုယ်စားလှယ်ကထည့်သွင်းပြောကြားသည်။
" မိမိတို့ ဒေသခံပြည်သူတွေဟာ တည်ငြိမ်အေးချမ်းတိုးတတ်ရေးကို လိုလား အားခဲနေပြီ ဖြစ်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ယမ်းငွေ့တွေ လွှမ်းခြုံနေမဲ့အစား မေတ္တာကို အခြေခံပြီး နှစ်ဦးနှစ် ဘက်နား လည် ယုံကြည်မှု ရှိရှိ နဲ့ ထိန်းညှိကာဖြေရှင်းသင့်ပါတယ်၊ ယခုကဲ့သို့နိုင်ငံရေး ၊စီးပွားရေး စနစ်ပြောင်း ခေတ်ပြောင်းကာလမှာ တည်ငြိမ်အေးချမ်းမှု။
လုံခြုံ စိတ်ချမှုတွေနဲ့အတူ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ခြင်းလျင်မြန်စွာ ရောက်ရှိလာရန် ပူးပေါင်း ကြိုးပမ်းရမဲ့ အချိန်လည်းဖြစ်ပါတယ် " ဟု ၄င်းကဆိုသည်။
လက်ရှိ တွင် ပဋိပက္ခ ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများနှင့် ဒေသခံတိုင်းရင်းသားများ အတွက် ကျန်းမာရေး၊ပညာရေးနှင့် စားသောက်နေထိုင်ရေးကိစ္စများ ကို အဓိက စိုးရိမ်နေ ၇သည့် ပြသာနာ များအဖြစ် ကြုံတွေ့နေရကြောင်း၊ထို့ပြင် ဒေသခံ စီးပွားရေး လုပ်ငန်းများနှင့် အတူ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မည့် သူ များအတွက် စီမံခန့်ခွဲရေး နည်းလမ်းများ အရ အဘက်ဘက်မှ ကူညီပေးနိုင်ရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းလိုက်ကြောင်းသိရသည်။
ယင်းအရေးကြီးအဆို အား ကချင်ပြည်နယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ထောက် ခံပြီး ပြည်သူ့လွှတ်တော် မှ ဆွေးနွေးရန် သဘောတူကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက
ကြေညာလိုက်သည်။
အောင်ထက် (NYK)
