|

အများသုံး ဝိုင်ဖိုင်များတွင် Facebook သုံးသူများ Account Hacking လုပ်ခံရနိုင်

အများသုံး ဝိုင်ဖိုင်များတွင် Facebook သုံးသူများ Account Hacking လုပ်ခံရနိုင်

Facebook ဆိုရှယ် နက်ဝပ်သုံးစွဲသူများ user အနေဖြင့် မိမိတို့၏ Facebook User Account များကို သုံးစွဲရာတွင် အများသုံးဖရီးဝိုင်ဖိုင်နက်ဝပ် ဧရိယာများတွင် သုံးစွဲခြင်းဖြင့် Hack ခံရမှု အန္တရာယ် ပိုမို နီးစပ်ကြောင်း သိရှိရသည်။

အများသုံး ဝိုင်ဖိုင်ဧရိယာများတွင် သုံးစွဲသူများ၏ Facebook အကောင့် များကို Hack ပြုလုပ် ရန်အတွက် ပိုမိုလွယ်ကူပြီး ထိုသို့ Hacking ပြုလုပ် ရန်အတွက် ဆော့ဖ်ဝဲများ လည်းရှိကြောင်း သိရှိ ရသည်။

“အခုဆိုရင် Facebook အကောင့်ကိုHack လုပ် တဲ့ဆော့ဖ်ဝဲတစ်မျိုးရှိပါတယ်။ အဲ့ဒါက မိုဘိုင်းဖုန်း ထဲကနေ အများသုံးဝိုင် ဖိုင်ဧရိယာအတွင်းမှာ သုံးနေတဲ့ Facebook user ရဲ့အကောင့်ကို Hack လိုက်လို့ရပါတယ်။

Hack ခံရတဲ့သူရဲ့အကောင့်ထဲကိုဝင်ပြီး သုံးပြီးစတေးတပ်စ်တွေတင်တာ၊ ပုံတွေတင်တာမျိုး ပြုလုပ် လို့ ရပါတယ်။

Password ကိုပါ ပြောင်း ပစ်လိုက်လို့ရပါတယ်။ ဒါ့ကြောင့် အများသုံး ကော်ဖီဆိုင်တွေလို၊ စူပါမား ကတ်တွေလို ဝိုင်ဖိုင်ဧရိယာ တွေမှာ Facebook သုံးရင် သတိထားပြီးသုံးဖို့လိုပါတယ်။

အဲဒီ နေရာတွေမှာ Facebook သုံးတဲ့ User တွေရဲ့ အကောင့်နာမည်ကိုသိရုံနဲ့ မိမိပရိုဖိုင်းလင့်ခ် ကိုယူပြီး ကိုယ်နဲ့နက်ဝပ်တစ်ခုတည်းမှာ သုံး နေတဲ့သူက ဆော့ဖ်ဝဲသုံးပြီး မိမိ အကောင့်ကို Hacking ပြုလုပ်လို့ ရနိုင်ပါတယ်။

အထူးသဖြင့် မိန်းကလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ အဲဒီ Hacking Software က အလကား ရတဲ့ အပြင် သုံးရတာလွယ်ကူတော့ ကိုယ့်အ ကောင့်ကို Hack ပြီး၊ ကိုယ့်ဝေါလ် ပေါ်မှာ မဟုတ်မဟပ် ပုံတွေ တင် သွားနိုင်တာကြောင့် အဲဒီလိုနေရာ တွေမှာ Facebook သုံးရင် သတိ ထားကြဖို့ လိုပါတယ်” ဟု 1st Myanmar Mobile App Meeting ပွဲတွင် Mobile Developer တစ်ဦးကပြောသည်။

၎င်း Hacking ဆော့ဖ်ဝဲများ မှာAndroid ဖုန်းသုံးHacking Software များဖြစ်ပြီး၊ အများသုံး ဝိုင်ဖိုင် ဧရိယာတစ်ခု (သို့မဟုတ်) ကွန်ရက်တစ်ခုအတွင်း အသုံးပြုနေ သူအား မိုဘိုင်းဖုန်း အသုံးပြုကာ Facebook Account အား Hacking ပြုလုပ်နိုင်သည့် ဆော့ဖ် ဝဲများဖြစ်ပြီး ၄င်းတို့ကို ကာကွယ် နိုင် သည့် ဆော့ဖ်ဝဲများရှိသော် လည်း သာမာန် User များအနေ ဖြင့် Free wi-fi ဧရိယာများတွင် အသုံးပြုပါ က သတိရရန် လိုအပ် ကြောင်း၎င်းက ထပ်မံပြောပြခဲ့ သည်။


ထို့ပြင် အင်တာနက်အသုံးပြု သူuser များနေဖြင့် အများသုံး Public Access Center များ တွင် အင်တာနက်အသုံးပြုရာတွင် လည်း မိမိတို့၏ Password များ ကို ဆော့ဖ်ဝဲခံ၍သိရှိ အောင် ပြုလုပ် ထားတတ်သူများ အန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက်လည်း ကွန်ပျူတာရှိ On Screen Keyboard ကို အသုံးပြုပြီး မိမိတို့၏ ဂျီမေးလ်နှင့် Facebook Account များကို Sing In ပြုလုပ် သင့် ကြောင်း ကို လည်း ပြောပြခဲ့ သည်။

MOBILE GUIDE

Posted by Creator Myanmar on 10:26 AM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response