ရခိုင်ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် ပကတိ အခြေအနေ မှန်များကို
နယ်စပ်ရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးသည် အမေရိ ကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့ အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Joseph Yun ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ်ကြီး H.E. Mr. Derek Mitchell တို့ ဦးဆောင်သော အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် အတူ ရခိုင်ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် ပကတိ အခြေအနေ မှန်များကို လေ့လာရန် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက စစ်တွေမြို့ သို့ ရောက် ရှိခဲ့ပြီး စစ်တွေ ဟိုတယ် ဧည့်ခန်းမဆောင်၌ ပြည်ထောင်စု ဝန်ကြီးက ပကတိ ဖြစ်ရပ်မှန် များကို ဇယား ကားချပ်များဖြင့် အသေးစိတ် ရှင်းလင်းခဲ့သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် စစ်တွေမြို့ ကျောင်းကြီးလမ်း ရပ်ကွက် မင်းဘာကြီး လမ်းနေ တိုင်းရင်းသား ပြည်သူများနှင့် လည်းကောင်း၊ မင်းဂံရပ်ကွက် ကယ်ဆယ်ရေး စခန်း၊ သက္ကယ်ပြင် ကယ်ဆယ်ရေး စခန်းနှင့် ဘောဒူဖကျေးရွာ ကယ်ဆယ်ရေး စခန်းတို့မှ ရွှေ့ပြောင်း ဒုက္ခ သည်များနှင့် လည်းကောင်း တွေ့ဆုံ၍ သိရှိလိုသည် များအား မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရှိ ရသည်။
![](http://lh5.googleusercontent.com/_rVtSxdSzBGA/TZK5gu4QTeI/AAAAAAAAAI8/9f5LJHl3QVI/13352642.gif)