ဘူဂေးရီးယား မှ လေယာဉ်သစ်များ ရောက်ရှိ
မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) က လာမည့် အောက်တို ဘာ တွင် နိုင်ငံတ ကာ ခရီးစဉ် များတိုးချဲ့ပျံသန်းရန် အတွက် ဘူဂေး ရီးယားနိုင်ငံမှ ငှားရမ်းလိုက်သော အဲဘတ်စ် လေ ယာဉ် နှစ်စင်း သည် ရန်ကုန် မြို့သို့ ရောက် ရှိနေပြီ ဖြစ် ကြောင်း (MAI) မှ ပြောရေး ဆိုခွင့်ရှိ သူ ဒေါ်အေးမရသာ က The Voice Weekly သို့ ပြောကြားသည်။
အဆိုပါ လေယာဉ်များ နှင့်အတူ ဘူဂေးရီး ယား နိုင်ငံမှ လေယာဉ်မောင် လေယာဉ်မယ်များပါ ပါဝင်လာပြီး မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်း ၏ နိုင်ငံတကာ ခရီးစဉ်များတွင် တာဝန် ထမ်းဆောင်ကြလိမ့်မည် ဖြစ် ကြောင်း ၎င်းက ဆက် လက် ပြော ကြား သည်။
ယခု ရောက်ရှိလာသော လေယာဉ် နှစ်စင်း အပါအဝင် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း တွင် လေယာဉ် ခြောက်စင်း အထိ ရှိလာနေ ပြီဖြစ် ပြီး လာမည့် အောက်တိုဘာတွင် ရန်ကုန် ဘန်ကောက် စင်ကာပူ တစ်ပတ်လည် ခရီးစဉ်နှင့် ဗုဒ္ဓဂါယာ ခရီးစဉ်တို့ကို ပြန်လည်စတင် ရန်ရှိ ကြောင်း ဒေါ်အေး မရသာ က The Voice Weekly သို့ပြောကြားသည်။
မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း သည် လက်ရှိ ဘန်ကောက်၊ ကွာလ်လမ်ပူ၊ စင်ကာပူ၊ ကွမ် ကျိုး မြို့ကြီး လေး မြို့သို့ ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျှက် ရှိ ပြီး အမေရိကန် ဂျိအီး ကုမ္ပဏီ နှင့် ဘိုးရင်း လေယဉ်များ ဝယ်ယူရေးကို ဆွေးနွေးလျှက် ရှိသည်။
သတင်း
The Voice Daily Newsletter
![](http://lh5.googleusercontent.com/_rVtSxdSzBGA/TZK5gu4QTeI/AAAAAAAAAI8/9f5LJHl3QVI/13352642.gif)