|

Samsung Galaxy S 3 ပြီးနောက် Samsung Galaxy S ကင်မရာ

Samsung Galaxy S 3 ပြီးနောက် Samsung Galaxy S ကင်မရာ

ဒီသတင်းကို GSMArena မှ ဖော်ပြခဲ့တာဖြစ်ပါ တယ်။ သတင်းကတော့ Samsung Galaxy S ကင်မရာ ထုတ်လုပ်ဖြန့်ချိမယ်ဆိုတာပဲ ဖြစ်ပါတယ်။

Rumor အဆင့်ပဲ ရှိသေးသာဆိုတယ်။ ပါဝင်တဲ့ Specification ကိုတောင် အတိအကျ ဖော်ပြထား ကြပါတယ်။ Android 4.0 ခေါ်တဲ့ Ice Cream Sandwich ကိုအသုံးပြုပြီး 16 Megapixel အထိ sensor အားကောင်း တယ်လို့ ဆိုပါတယ်။ စာရင်း အရဆိုရင် -

OS : Android 4.0 (Ice Cream Sandwich)
Screen (ဖန်သားမျက်နှာပြင်) : ၃လက်မ

Optical Zoom        : ၁၀ဆ
Thickness (အထူ)  : 16 mm (Samsung Galaxy S3 ထက် နှစ်ဆဝန်း ကျင်ထူ)
Resolution            : 16 megapixels

Feature : Wi-Fi, Xenon Flash, အင်တာနက် Browser, Social Network များတွင် ဓာတ်ပုံ တင်နိုင်ရန် ထောက်ပံ့ပေးထား (Photography apps များ)

Android OS သုံး ကင်မရာအနေနဲ့ကတော့ Nikon မှလည်း Coolpix S880C ဆိုပြီး ထုတ်လုပ် ထား ပါတယ်။ ဒါကြောင့် Samsung ထုတ် Galaxy S Camera ဟာလည်း Android OS သုံး ကင်မရာ ဖြစ်လာပါအုံးမယ်။ နည်းပညာပြပွဲကြီး IFA 2012 မှာ ဝင်ရောက်မိတ်ဆက်ပြသမယ်လို့လည်း GSM Arena မှ ဖော်ပြထားပါတယ်။ 


Ref: GSMArena

Posted by Unknown on 12:04 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response