Outlook.com အီးမေးလ်ဝန်ဆောင်မှုသစ်ကို Microsoft စတင်မိတ်ဆက်
ရိုးရှင်းသော user interface နှင့်အတူ Facebook နှင့် Twitter လူမှုကွန် ရက်များ ပေါင်းစပ် ထည့်သွင်းပေး ထားသော ၀က်ဘ်အခြေခံ ကိုယ်ပိုင်အီးမေးလ် ၀န်ဆောင်မှုသစ် Outlook.com ကို Microsoft မှ မကြာသေး မီက စတင် မိတ် ဆက်လိုက်ကြောင်း သိရသည်။ အဆိုပါOutlook.com မေးလ် ၀န်ဆောင်မှုသစ်ကို အခမဲ့ အသုံးပြုနိုင် မည်ဖြစ်ပြီး
၎င်း၏ inbox ထဲရှိ message များကို လူသုံးအများဆုံး အခြား ၀က်ဘ်အခြေခံ အီးမေးလ် ၀န်ဆောင်မှု များထက် ၃၀ ရာ ခိုင်နှုန်း ပိုမိုမြင်တွေ့နိုင်မည်ဖြစ်ကြောင်း Microsoft မှပြော ကြားခဲ့ သည်။ ထို့ပြင် အဆိုပါ ၀န်ဆောင်မှုသစ်ကို Windows နှင့် Office စနစ်များတွင် ပေါင်းစပ်ထည့် သွင်းပေး ထားပြီး အသုံးပြုသူများအနေဖြင့် Facebook, Twitter, LinkedIn နှင့် အခြားအွန်လိုင်း လူမှု ကွန်ရက်များဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည့်အပြင် မိတ်ဆွေအပေါင်း အသင်း များဖြင့် စကား စမြည်ပြောခြင်းနှင့် ဗီဒီယိုခေါ် ဆိုမှုများလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ Microsoft မှ၎င်း၏ Outlook.com အသုံးပြုသူများအတွက် SkyDrive တွင် 7GB အခမဲ့သိုလှောင်ပေးထားပြီး cloud တွင် ဖိုင်များ၊ ဓာတ်ပုံများနှင့် အခြား အချက် အလက်များကို သိမ်းဆည်းနိုင်စေရန် ရည်ရွယ်ထားကြောင်းသိရသည်။ Outlook.com ၀န်ဆောင်မှုတွင် အသုံးပြုသူများ၏ မေးလ်အကြောင်းအရာများနှင့် attachment များကို စစ်ဆေးကြည့်ရှုမည် မဟုတ်ကြောင်းနှင့် အသုံးပြုသူများ၏ အချက်အလက်များ ကိုလည်း ကြော်ငြာရှင်များ ထံ ရောင်းချ မည် မဟုတ်ကြောင်း၊ ထို့ကြောင့် အသုံးပြုသူများ၏ ကိုယ်ပိုင်စကားစမြည်ပြော ဆိုမှုများ တွင် ကြော်ငြာများ ကို တွေ့မြင်ရမည်မဟုတ်ကြောင်း Microsoft မှပြောကြားခဲ့သည်။ အဆိုပါ Outlook.com ၀န်ဆောင်မှု သစ်ကို လက်ရှိ Hotmail ၀က်ဘ်အခြေခံ အီးမေးလ်ဝန်ဆောင်မှုနေရာတွင် အစားထိုးအသုံးပြုနိုင်ရန် လည်း မျှော်လင့်နေကြောင်း သိရသည်။ Hotmail တွင်ဇွန်လအတွင်း အသုံးပြုသူဦးရေ ၃၂၄ သန်းကျော်ရှိပြီး Yahoo မေးလ်ဝန်ဆောင်မှုကို အသုံးပြုသူဦးရေ သန်း ၂၉၀ ခန့်ရှိကာ Google ၏ Gmail ၀န်ဆောင်မှုကို အသုံးပြုသူဦးရေသည် ၂၇ သန်းရှိကြောင်း comScore ၏စစ်တမ်းတွင် ဖော်ပြထားသည်။
