|

အိမ်ထောင်ပြုပြီး အရက်သောက်သုံးမှုနှုန်း အမျိုးသမီးများပို များလာ

အမေရိကန် နိုင်ငံရှိ အမျိုးသားများဟာ အိမ်ထောင်ပြုလိုက်သည်နှင့် အရက် သေစာ   သောက် သုံးမှု လျော့ နည်းသွားပြီးအမျိုးသမီး များကတော့ အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ အရက် ပိုသောက်လာကြပါတယ်လို့ အမေ ရိကန် သုတေသီများက တွေ့ရှိခဲ့ပါ တယ်။

ပြည်နယ်တက္ကသိုလ်များမှ ခေါင်း ဆောင်သုတေသီများ စုပေါင်းကာလေ့လာသုတေသနပြုချက်အရ အိမ် ထောင်ရှင်အမျိုးသားများဟာ တစ်ခု လတ်အမျိုးသား၊ မုဆိုးဖိုတို့နှင့် နှိုင်းယှဉ်လျှင် အရက်သေ စာ သောက် သုံးမှု အနည်းဆုံးပမာဏရှိကြောင်း သိရှိခဲ့ရတယ်။

သုတေသီများဟာ အိမ်ထောင်ပြုခြင်းနှင့် အရက်သေစာ သောက်သုံးမှုဆိုင်ရာ စစ်တမ်းကောက် ချက်များ၊ အိမ်ထောင်ရေး အရည် အသွေး၊ ကျန်းမာရေးနှင့်ညီညွတ်သောအလေ့အထများနှင့် ပတ်သက်ပြီး ပြုလုပ် ခဲ့သော မေးမြန်းဖြေဆိုချက်များ ကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။

မကြာသေးမီကမှ ကွာရှင်းထား သော အမျိုးသားများဟာ သက်တမ်း ရှည်ကြာသော အိမ်ထောင်ရှင်အမျိုး သားများထက် အရက်သောက်သုံးမှု အတော့်ကိုများကြောင်း၊ ကွာရှင်းထား သော အမျိုးသမီးများသည် အရက် သောက်သုံးမှုဆိုင်ရာ ပြဿနာများကို ပို၍အဖြစ်များကြောင်း သိရပါတယ်။

လူတစ်ယောက်ချင်းစီ၏ တစ်လတာ အရက်သောက်သုံးမှု ပမာဏကို ဆန်းစစ်ချက်များအရ အိမ်ထောင် ရှင် အမျိုးသမီးများမှာ ယင်းတို့၏ အမျိုး သားနှင့်အတူ အရက်သောက်သုံးမှုကြောင့် အပျိုတုန်းက ထက် စာလျှင် အရက်ပိုသောက်မိကြောင်း သိရှိရပါ တယ်။


ဇင်မာမြင့် Ref : UPI.com

Posted by Creator Myanmar on 4:08 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response