|

ဂျပန်နိုင်ငံဖုကုရှီးမားအနုမြူဓါတ်အားပေးစက်ရုံဝင်းအတွင်းပလူတိုနီယမ်များပြန့်နှံ.

ဂျပန်နိုင်ငံဖုကုရှီးမားအနုမြူဓါတ်အားပေးစက်ရုံဝင်းအတွင်းပလူတိုနီယမ်များပြန့်နှံ.


အနည်းငယ်သောအဆိပ်ပြင်း ပလူတိုနီယမ်များ ဖုကုရှီးမား အနုမြူဓါတ်အားပေးစက်ရုံဝင်းအတွင်းနေရာများ စွာစိမ့်ဝင်ပြန့်နှံနေကြောင်းတွေ့ရအနုမြူလုံခြုံရေးအရာရှိများ ကပြောဆိုရာတွင်လူသားများအတွက်အန္တရာယ်မဖြစ် နိုင်သော်လည်း လောင်စာချောင်းများပျော်ဆင်းရာမှ ရေဒီယိုဓါတ်သင့်ပစ္စည်းယိုစိမ့်မှုမှစက်ရုံ ကို ထိန်းချုပ် နိုင်မည်လားဆိုသောစိုးရိမ်မှုကိုဖြစ်ပေါ်စေသည်။

အခြေအနေမှာအလွန်စိုးရိမ်စရာကောင်းကြောင်း ကက်ဗိနက် အတွင်းဝန် Edano မှပြော၊ ပျက်စီးမှုများကို အတတ် နိုင်ဆုံး ကြိုးစားပြင်ဆင် နေကြောင်းပြော၊ဓါတ်ပေါင်းဖို ၆ လုံးအနက်၃လုံးမှာ တစိတ်တပိုင်း ပျော်ဆင်းသည်ဟုယုံကြည်ကြောင်း၊ စက်ရုံမှ ရေဒီယို ဓါတ်ကြွပစ္စည်းများစိမ့်ထွက်မှုများကနို့၊ ဟင်းသီး ဟင်းရွက်များနှင့်နောက်ဆုံး သောက်သုံးရေများအထိဝင်ရောက်လာကြောင်း၊ အစိုးရမှ စက်ရုံနှင့် ၁၂မိုင်ပတ်လည်မှလူများ ကို နေအီမ်များမှ စွန့်ခွါရန်နှင့် မစွန့်ခွါနိုင်ပါကလည်း တံခါး ပိတ်ပြီးနေကြရန် တိုက်တွန်းထား၊

ဆက်တိုက်မတော်တဆဖြစ်မှုများနှင့် မသေချာမှုများက အစိုးရနှင့် တိုကျိုလျှပ်စစ်အကြားမေးစရာမေးခွန်း များဖြစ်လာပြီး စိတ်အနှောက် အယှက်များကိုဖြစ်စေသည်။စက်ရုံကိုအမြန်ဆုံးတည်ငြိမ်ထိန်းသိမ်း ရေးသည်စိုးရိမ်မှုများနှင့် နောက်ပြန်ဆွဲလျှက်ရှိသည်။

ပြီးခဲ့သည်အပတ်ကအလုပ်သမားများသည်လျှပ်စစ်ဓါတ်အားဆက်သွယ်ပြီး အစိတ်အပိုင်းတချို့ကိုပြန် လည်တပ်ဆင်နိုင်ခဲ့သော်လည်း ဓါတ်ပေါင်းဖိုကိုအအေးပေးရန် ရေ စုပ်စက်များကိုစတင်သောအခါအ ဆောက်အဦအောက်ခြေနှင့် ဓါတ်အားလိုင်းနှင့် ပိုက်များသွားရာမြောင်းများတွင်နေရာတော်တော်များ၌ရေဒီယမ်ဓါတ်သင့်နေသော ရေများဝပ်နေသည်ကိုတွေ့ရသည်။ ရေဒီယမ်ဓါတ်သင့် နေသောရေများသည် လေထုအတွင်းရေဒီယိုဓါတ်ကြွမှုများကိုဖြစ်စေပြီး၊ အလုပ်သမား များအလုပ်ခွင်အတွက် သတ်မှတ်ထားသော အတိုင်းအတာထက် ၄ဆမျှမြင့်မားသည်နေသည်ကိုတွေ့ရ ပြီး ရေများကိုစုပ်ထုတ်နိုင်မှသာ ရေအေးလည်ပတ်မှုစနစ်ကို စတင်နိုင်မည်ဖြစ်သည်။

ယင်းအချက်များကတာဝန်ရှိသူများကိုအချက်၂ချက်အပေါ်အသည်းအသန်စဉ်းစားစေရန်ဖြစ် လာပါသည်။ ရေများကို ဓါတ်ပေါင်းဖို အတွင်းထပ်ထည့်သွင်းပြီးလောင်စာချောင်းများအပူလွန်ကဲမှုကိုထိန်းမည်လား နှင့် ရှိပြီးသားမသန့်သောရေများကိုစုပ်ထုပ်ပြီး ရေသန့်များ ဖြင့်အစားထိုးမည်လားဆိုသော မဝေခွဲနိုင်သောအချက်များကိုဖြစ်စေသည်။

ဓါတ်အားသင့်နေသောရေများကိုဖယ်ရှားရန်မှာယခုအရေးပေါ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နှင့် ရေအေးစီဆင်းမှုကိုလည်း ချိန်ဆနိုင် ရမည်ဖြစ်ကြောင်းနူကလီးယားလုံခြုံရေးအရာရှိ Hidehiko Nishiyama ပြောဆိုသည်။

လောင်စာချောင်းများမှအလွန်မြင့်မားသောအပူချိန်လွင့်ထုတ်နိုင်သောပလူတိုနီယမ်ကိုရှာဖွေ တွေ့ရှိခြင်းက ဆိုးဝါးသောပျက်စီးဆုံးရှုံးမှုများကိုဖြစ်စေသည်ဟု Nishiyama ကဆက်လက် ပြောဆိုသည်။

ပလူတိုနီယမ်သည်အဆိပ်အပြင်းဆုံးသောဓါတ်ပစ္စည်းတမျိုးဖြစ်ပြီး လွင့်ပြယ်မှုနှေးကွေးကာ အန္တရယ်ရှိသော ရေဒီယိုဓါတ်ကြွမှု ကိုနှစ်ပေါင်းများစွာတိုင်တည်စေနိုင်သည်။

ယင်းဓါတ်ငွေ့ကိုရှူရှိုက်မိပါက ရာသက်ပန်မိမိကိုယ်ထဲတွင်ရှိနေမည်ဟု Alan Lockwood, a professor of Neurology and Nuclear Medicine at the University at Buffalo and a member of the board of directors of Physicians for Social Responsibility, an advocacy group ကပြောဆိုသည်။

နူကလီးယားအကျပ်အတည်းကိုထိန်းချုပ်မှုအပေါ်အမြင့်ဆုံးတပ်လှန့်မှုနှင့်ဂျပန်ကြုံတွေ့ခဲ့ရသည်အပေါ် ဂျပန်ဝန်ကြီးချုပ်က ယနေ့ ပါလီမန်တွင်ကာကွယ်ပြောကြားခဲ့သော်လည်း ရေဒီယို ဓါတ်ပြန့်နှံမှုက ကျွမ်းကျင်သူများ၏ထိန်းချုပ်နိုင်မှုစွမ်းရည်ကိုမေးစရာဖြစ်နေသည်။

ဂျပန်ဝန်ကြီးချုပ်က ပါလီမန်တွင်ပြောကြားရာတွင် ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်းအဆိုးဆုံးသော အကျပ်အတည်း နှင့်နပန်းလုံးနေရကြောင်းပြောဆိုလိုက်သည်။

Posted by Unknown on 11:17 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response