ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သင်ကြားရန်
ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သင်ကြားရန် ထိုင်းပညာရေးမှပြဌာန်း၏
ထိုင်းနိုင်ငံ စာသင်ကျောင်း များတွင် မူလတန်း အဆင့် ၄ တန်း ကျောင်းသူ/သားများ၏ လူမှု့ရေး ဆိုင်ရာ ဘာသာရပ်တွင် အရှေ့တောင် အာရှဒေသ နိုင်ငံများ အတွင်းမှ လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှုဖြင့် ထင်ရှားကျော်ကြား သောခေါင်း ဆောင်များ အကြောင်းနေရာ တွင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သင်ကြားရန် ပြဌာန်းလိုက်ပြီး ဖြစ်ပါသည်။
အလားတူ နိုင်ငံတကာမှ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး အလွှာ အသီးသီးနှင့် နိုင်ငံတကာ မီဒီယာ အားလုံး နီးပါးလောက် မှာ ဒေါ်အောင်ဆန်း စုကြည် ရဲဝံ့စွာ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ စနစ်ဖြင့် ခြွတ်ချုံ ကျ ဘုံးဘုံး လဲနေ သောမြန်မာပြည် ကိုတိုးတက်မြုင့်မားဖို့ လုပ်ဆောင် နေတဲ့ အကြောင်း ဂုဏ်ပြုပြော ဆို ဖေါ်ပြနေကြပါသည်။
သို့သော်လည်း နောက်ပြန် မလှည့်ပါဘူး ဆိုတဲ့ အစိုးရ သစ်ပိုင် မီဒီယာတွေမှာ ဖေါ်ပြထားခြင်း မရှိသေး ပါဘူး။ ခုတော့ အိမ်နီးချင်း ထိုင်း နိုင်ငံ ကလေးစား စံပြုထိုက်သူရဲ့ အကြောင်း ကို ကျောင်းသင် ခန်းစာတွေ မှာပြဌာန်း လိုက်တာ ကတော့မြန်မာနိုင်ငံအစိုးရနဲ့ပညာရေး ဌာ နအတွက် အရှက်ရစရာ တခု ဖြစ်လာခဲ့ပါပြီ။
ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတရားပင် ဖြစ်ကြောင်း မြတ်ဗုဒ္ဓကဟောပါသည်။ မင်္ဂလာ မရှိသော သူတွေသည် မင်္ဂလာပြု မည် မဟုတ်သည်ကို ထင်ရှားစေပါသည်။ ကမ္ဘာပေါ်၌လည်း ဆုအများဆုံး ချီးမြုင့် ခံရသူ တဦးဖြစ်သည့် ဒေါ်အောင် ဆန်းစုကြည်သည် မကြာခင် အမေရိကန်နိုင်ငံကို သွားရောက်ပြီး ဆုလက်ခံရရှိဦးမည် ဖြစ်ပါသည်။
