ရေကာတာ ယိုယွင်းပျက်စီးနေမှုကြောင့် ငမိုးရိပ်ချောင်းအနီးရှိ အိမ်များရေနစ်မြုစ်
ငမိုးရိပ်ချောင်းအနီးကြီးပွား ရေး(တောင်) ရပ်ကွက် ၌ နေထိုင် ကြသော ပြည်သူများအနေဖြင့် ငမိုး ရိပ်ချောင်း အား ကာရံထား သည့်ရေကာတာ ရေ ထိန်းတံခါး စနစ်မကျ ယိုယွင်းပျက်စီး လျက် ရှိ နေသည့် အတွက် ချောင်းရေတက် သည့် အခါများ ၌ လူနေရပ်ကွက် များရှိ နေအိမ်များ အတွင်းထို ရေ များစီးဝင်ကာ ပြည်သူများအနေ ဖြင့် ဒုက္ခရောက် ကြကြောင်း သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေး (တောင်)ရပ်ကွက်နေ ပြည်သူ တစ်ဦး ၏ ပြောကြား ချက်အရ စုံ စမ်းသိရှိရသည်။
““ခုဆိုရင် ကျွန်မတို့ပြည်သူ တွေကပဲ ကိုယ်ထူကိုယ်ထနဲ့ ရေ တွေမ၀င်လာစေဖို့ ယာယီကာရံ ထားတာပဲ ရှိပါတယ်။ ဒီလိုမျိုး ရေထိန်းတံခါး ဒီရေကာတာကြီး ပျက်စီးနေတာနှစ်(၂၀)ရှိပြီ၊လုံးဝ လာမပြင်ဘူး။ ယာယီသဘောမျိုး လည်း လာမပြင်ဘူး။ ယာယီဆို ရင်လည်း ရေတွေမ၀င်အောင် ကျွန်မတို့ ပြည်သူတွေကပဲ ပိတ် ဟဲ့ ဆို့ဟဲ့နဲ့ လုပ်ရတာ။ ဒါက ကြီး ပွားရေးရပ်ကွက်ရဲ့ ရေကာတာ ကြီးပါ။ ရပ်ကွက်ထဲကနေ ငမိုး ရိပ်ချောင်းထဲကို စီးဝင်လာတော့ အိမ်တွေထဲထိရေ၀င်တာ ပေါင်ထိ လောက်ရှိတယ်။ အဲ့သလို ရေ တွေ အိမ်တွေထဲထိဝင်လာတော့ ရွှေ့ပြောင်းဖို့မလွယ်တဲ့ မီးစက် ကြီးတွေဆို ပျက်စီးသွားပါရော၊ ဒါတွေကို စည်ပင်ကနေပြီးတော့ လာကြည့်တယ်။ ပြီးတော့အထက် ကိုတင်ပြမယ်လို့ပြောတယ်””ဟု ကြီးပွားရေး ရပ်ကွက်နေ ပြည်သူ တစ်ဦးဖြစ်သူ ဒေါ်ဥမ္မာမှ ပြော ကြားသွားခဲ့သည်။
အဆိုပါ ငမိုးရိပ်ချောင်းသို့ စီးဝင်သော ကြီးပွားရေး ရေကာ တာကြီး ပျက်စီးယိုယွင်း မှုကြောင့် ချောင်းရေ တက်သည့် အခါများ မိုးသည်းထန်စွာ ရွာသွန်းသည့် အချိန်များ၌မူ အနီးရှိ လူနေအိမ် များမှာ ရေထဲ နစ်မြုပ်ကြပြီး အချို့ မြေနိမ့်ပိုင်းအိမ်များဆိုလျှင် လူ တစ်ရပ်ထိ ရေ၀င်ကြောင်း ဒေသခံ များကပြောကြား ကြသည်။ သက် ဆိုင်ရာ မြို့နယ်စည်ပင်မှလည်း အထက်ဌာနများသို့ တင်ပြပေး မည်ဟု သာ ပြောကြားခဲ့ပြီး ယခု အချိန်ထိမူ မည်သို့မျှ ဆောင်ရွက် ပေးခြင်းမရှိကြောင်းသိရသည်။ ဒေသခံများ၏ ဆက်လက်ပြော ကြားချက်အရ ရေတက်ပြီးသည့် နောက်တွင်လည်း ရေမှာအချိန် အတော်ကြာကျ သွားခြင်းမရှိကြောင်း သိရသည်။
လေလှိုင်းစစ်သည်
