|

ဟိုတယ်သော့ကတ်များတွင် ဟက်ကာများမှ လုံခြုံရေးစနစ်ရှောင်လွှဲစေနိုင်သည့် အားနည်းချက်ရှိဟုဆို

ဟိုတယ်သော့ကတ်များတွင် ဟက်ကာများမှ လုံခြုံရေး စနစ်ရှောင်လွှဲစေနိုင် သည့် အားနည်းချက်ရှိဟုဆို ကမ္ဘာတစ်ဝန်းရှိ ဟိုတယ် အခန်းပေါင်း ၄ သန်းကျော်တွင် အသုံးပြုလျက်ရှိသည့် Onity ၏ ဟိုတယ် တံခါး သော့ကတ် များတွင် လုံခြုံရေးစနစ်ကိုရှောင်လွှဲစေနိုင်သည့် အားနည်းချက်များရှိကြောင်း Mozilla developer နှင့် လုံခြုံရေး သုတေသီဖြစ်သူ Cody Brocious ၏အဆိုအရ သိရသည်။ ထို့အပြင် အမေရိကန်ဒေါ်လာ ၅၀ အောက် တန်ဖိုးရှိသည့် အရာများကို gadget တစ်ခုအဖြစ်တည်ဆောက်ကာ အဆိုပါ ဟိုတယ်တံခါးများ၏ လုံခြုံရေးစနစ်များကို ရှောင်လွှဲနိုင်ကြောင်း Brocious က ပြောကြားခဲ့သည်။

Brocious ၏ device သည် တံခါးသော့များကို ထိန်းချုပ်ရာတွင် သုံးလေ့ရှိသည့် portable programming device တစ်ခုဖြစ်ကြောင်း၊ အဆိုပါ device ကို တံခါးသော့၏ အောက်ဘက်ရှိ DC power port တစ်ခုတွင် တပ်ဆင်ကာ ပါဝါဖွင့်လိုက်ရုံဖြင့် ဟိုတယ် တံခါးသော့များကို ဖွင့်နိုင်ကြောင်း သိရသည်။

Arduino operating system ကို အခြေခံကာ ပြုလုပ်ထားသည့် အဆိုပါ device ကို ဟိုတယ်အခန်းတံခါး များကို ထိန်းချုပ်ထားသည့် master key များအသွင်ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ ဟိုတယ်သော့ကတ်များရှိ အားနည်းချက်မှာ သော့၏ memory ကို မည်သည့် device နှင့်မဆို ဖတ်နိုင်ရန်အတွက် ခွင့်ပြုထားခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။

မစ္စတာ Brocious သည် အထက်ပါ ဟိုတယ်သော့ကတ် လုံခြုံရေးစနစ်ရှောင်လွှဲမှုကို Forbes သတင်း ဝက်ဘ်ဆိုက်နှင့်အတူ စမ်းသပ်ပြသခဲ့သည်။ သို့ရာတွင် စမ်းသပ်လုပ်ဆောင်မှုမှာ အပြည့် အဝအောင်မြင် ခဲ့ခြင်း မရှိဘဲ နယူးယောက်ခ်မြို့ရှိ ဟိုတယ်သုံးခု၏ တံခါးသုံးခုအနက် တစ်ခုကိုသာ စမ်းသပ်ပြသနိုင် ခဲ့ကြောင်း သိရသည်။

Ref: CNET/BBC

Posted by Unknown on 6:12 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added