|

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ ဆာဖာရီဥယျာဉ်နှင့် နက္ခတ်တာရာပြခန်းများကို ထူးဖောင်ဒေးရှင်းက လွှဲပြောင်းရယူလုပ်ကိုင်

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ ဆာဖာရီဥယျာဉ်နှင့် နက္ခတ်တာရာပြခန်းများကို ထူးဖောင်ဒေးရှင်းက လွှဲပြောင်း ရယူလုပ်ကိုင်

 ရန်ကုန်၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ ဆာဖာရီဥယျာဉ်နှင့် နက္ခတ်တာရာ ပြခန်း များကို ထူးဖောင်ဒေးရှင်းက လွှဲပြောင်းရယူ လုပ်ကိုင်ပြီဖြစ်ကြောင်း သိရသည်။

“တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ ဆာဖာရီ ဥယျာဉ်နှင့် နက္ခတာရာပြခန်းတွေကို ထူးဖောင် ဒေးရှင်းက ၁၀ နှစ်စာချုပ်နဲ့ ငှားရမ်းလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။


ဒီအပန်းဖြေ တိရစ္ဆာန် ဥယျာဉ်တွေကို ပိုမိုလှပပြီး အများပြည်သူများ စိတ်ဝင်စား လာရောက် ကြည့်ရှုအပန်းဖြေနိုင်ဖို့အတွက် ငွေကျပ်သိန်း ၅၀၀၀၀ ထည့်ဝင်ပြီး ဆောင်ရွက် သွားမှာပါ” ဟု ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထူးဖောင်ဒေးရှင်းသည် ပြင်ဦးလွင် ကန်တော်ကြီး အမျိုးသားသဘာဝဥယျာဉ်နှင့် ရန်ကုန်လှော် ကားသဘာဝ အပန်းဖြေ ဥယျာဉ်များကို သစ်တောရေးရာဝန်ကြီး ဌာနမှ ငှားရမ်းဆောင်ရွက် လျက်ရှိပြီး ယခုအစီအစဉ်သည် တတိယမြောက် အစီအစဉ်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့တော့ ဒီအပန်းဖြေ ဥယျာဉ်တွေထဲကို တိရစ္ဆာန်တွေ၊ ကစားကွင်းတွေနဲ့ ကျန်တဲ့အပိုင်းတွေ ဖြည့်ဆည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆာဖာရီကိုလည်း ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ ပုံစံနဲ့ ဆောင်ရွက်သွားပါမယ်”ဟု ယင်းက ထပ်မံဖြည့်စွက်ပြောသည်။
တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)နှင့် နက္ခတ်တာရာပြခန်းများကို ၂၀၀၆ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် မတ် ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ဆာဖာရီဥယျာဉ်ကို ၂၀၁၀ စက်တင်ဘာ ၁၄ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၀ ဖေဖော်ဝါရီ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ ၂၉၁ ဒဿမ ၅၂ ဧက အကျယ်တွင် အာရှ၊ သြစတြေးလျနှင့် အာဖရိက ဆာဖာရီပြကွက်သုံးမျိုး ခွဲခြားပြသထားသည်။

“တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ကတော့ တော်တော်လေးလှပါတယ်။ နောက်ဆာဖာရီ က လည်း နေရာကျယ်ပါတယ်။ အခုအတိုင်းအပြင် ထပ်မံဖြည့်စွက်လို့ရတဲ့ မြေဧကတွေက သုံးပုံနှစ် ပုံလောက် ကျန်နေသေးတာတွေ့ရပါတယ်။

ဆာဖာရီနဲ့ သဘောက တကယ့်တောတစ်ခုလို သဘာဝကို ဖန်တီးပြီး လုပ်ရတာဖြစ်တဲ့ အတွက် သစ်ပင်တွေကို တော်တော်ပျိုးထောင်ရမယ့် အချိန်ရှိသေးတယ်”ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အဆိုပါ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ နက္ခတ်တာရာပြခန်း (နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ် (နေပြည်တော်)တို့ကို MRT Co., Ltd. က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

Ref: The Yangon Times

Posted by Unknown on 12:32 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response