|

DDoS attack အား ကာကွယ်ခြင်း

DDoS attack အား ကာကွယ်ခြင်း

DDoS ( Distributed Denial of Service) ဆိုတာ DoS ရဲ့ Advanced Version တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပစ်မှတ် Server တစ်ခုကို flooding packets ပေါင်းများစွားအာ single network တစ်ခုကတင် မဟုတ်ပဲနဲ့ Multiple host or network တွေကနေတိုက်ခိုက်တာပါ။
DDoS က ယနေ့ခေတ်အတွက် ကုရာ နတ္ထိဆေးမရှိသလိုဖြစ်နေပြီး မိမိသုံးတဲ့ Server ရဲ့ Security အားနည်း တာလည်း ဖြစ်နိင်သလို site ရဲ့ security စောင့်ကြည့်မူ့တွေအားနည်းမူ့ကြောင့်လည်း ဖြစ်ပါတယ်။
တိုက်ခိုက်မူ့က နည်းလမ်းမျိုးစုံပါတယ်။

ဟုတ်ပြီး ဒီနေရာမှာ ကျွန်တော်တို့ Master, Slave and Victim ဆိုပြီး သုံးပိုင်းခွဲကြည့်ရအောင်။
Master ဆိုတာ ပထမဦးစွာစတင်တိုက်ခိုက်တဲ့ မူလတပ်ရင်းက ဆရာကြီးပေါ့။
Slave ဆိုတာက Master ရဲ့ ခိုင်းစေချက်အရ ဘယ် Host or ဘယ် Network ပေါ့ဗျာ..
Victim ဆိုတာကတော့ မိမိတိုက်ခိုက်မဲ့ site ပါ။
Master ရဲ့ ခိုင်းစေချက်အရ slaves တွေက victim's site/machine အား တစ်ပြိုင်တည်းတိုက်ခိုက်ကြတာပါ။
ဒီတိုက်ပွဲမျိုးမှာ Master ရဲ့ ပါဝင်မူ့ မရှိသလောက်နဲပါးပါတယ်။
ဒါကို Distributed (or co-ordinated) attack လို့ခေါ်ပါတယ်။

တိုက်ခိုက်မူ့ကို ကဏ္ဍ နှစ်ရပ်ခွဲလို့ရပါတယ်။
Master က တစ်ခြား Network ပေါ်က ကွန်ပျူတာတွေကို vulnerable machines အဖြစ် အသုံးပြုခြင်းပါ။
၎င်း စက်တွေအား Master ရဲ့ အသုံးချခံ slave အဖြစ် DDoS tools တွေ install လုပ်ထားပြီး သတ်မှတ်တဲ့ အချိန်မှာ တစ်ပြိုင်တည်း လုပ်ဆောင်နိုင်အောင်ပါ။
ဒါကို ပထမ ချင်းနင်းခြင်း (Intrusion phase) လို့ခေါ်ပါတယ်
ဒုတိယ အပိုင်းကတော့ Master ဟာ သူနဲ့ အပေးအယူလုပ်ထား၊ သူချမှတ်ထားတဲ့ hosts တွေကို စတင်ရန် အတွက် အချက်ပေးမူ့ကိုလုပ်ဆောင်ပါတယ်။

ပထမအဆင့် ချင်းနင်းဝင်ရောက်ခြင်း နေရာမှာ Masterဟာသူ့ရဲ့ အသုံးချခံ Slave ကိုရဖို့ security အားနည်း တဲ့ network အကာအကွယ်မရှိတဲ့ စက်တွေ တွေကိုရှာပါတယ်။ အရေအတွက် ကန့်သတ်ချက်မရှိပါဘူး
DDoS မှာ slave ဖြစ်သွားစေတဲ့ factors တွေကတော့
၁။ Vulnerable ဖြစ်စေသော software များ application များကို မိမိရဲ့ စက်၊ network မှာ install လုပ် ထားခြင်း။
၂။ Network configuration များ အကာအကွယ်မရှိ ပွင့်နေခြင်း။
၃။ Hosts configured များမှာ seucrity မရှိခြင်း။
၎။ Computer နဲ့ network အား စောင့်ကြည့်မူ့မရှိခြင်း။
၅။ software များကို Update လုပ်ထားခြင်းမရှိခြင်း။ တို့ကြောင့်ဖြစ်သည်။

အကယ်၍ မိမိရဲ့ စက်ဟာ DDoS ရဲ့ အသုံးချခံ Slave တစ်ခု ဖြစ်နေပြီဆိုရင် မိမိဟာ ဒီပြစ်မူ့မှာ ၀င်ရောက် သွား ပါလိမ့်မယ်။ ဒါကြောင့် မိမိရဲ့ network security ကိုစောင့်ကြည့်ဖို့လိုပါတယ်။
DDoS Attack သိဖို့
၁။ မိမိ RUN လိုက်တဲ့ programs တွေက နှေးလာမယ်။
၂။ services တွေ (ဥပမာ http) high rate ကျလာမယ်။
၃။ များပြားလှသော connection requests တွေဟာ ကွဲပြားတဲ့ Networks တွေကနေ ၀င်လာမယ်။
၎။ မိမိရဲ့ site ကိုလာရောက်အသုံးပြုသူတွေက site ကို အသုံးပြုတဲ့ နေရာမှာ နှေးမယ်။
၅။ မိမိရဲ့ စက်ဟာ CPU load မြင့်နေလိမ့်မယ်။

(Following commands are for linux based)
မိမိဟာ ၄င်းတို့ရဲ့ တိုက်ခိုက်မူ့အောက်မှာဆိုရင်
မိမိရဲ့ CPU Load ကို check မယ်။
Check the load using the 'w' or the 'uptime' commands:
Code:

12:00:36 up 1 day, 20:27, 5 users, load average: 0.70, 0.70, 0.57

http ရဲ့ processes ကိုရေမယ်။
Count the number of HTTP processes (it helps to know what your normal count is for comparison):
Code:

root@example.com >ps aux|grep -i HTTP|wc -l
23

ဘယ် Network တွေက ၀င်ရောက်တိုက်ခိုက်တာလဲဆိုတာကိုသိဖို့
server loaded များနေတဲ့အချိန်မှာ the number of connection may be above 100 ဒါမှမဟုတ် DDoS တိုက်ခိုက်နေတဲ့အချိန်မှာ အဲ့ထက်ကိုများနေပါလိမ့်မယ်။
ဒါကြောင့် ဘယ် network တွေက တိုက်ခိုက်နေလဲဆိုတာကိုသိဖို့အတွက် မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့လိုပါတယ်။ ၄င်း Network address ဟာ သေရေးရှင်ရေးလောက် အရေးကြီးပါတယ်။
ဝင်ရောက်နေသော connection ကိုကြည့်ရန်
Code:

root@example.com > netstat -lpn|grep :80|awk '{print $5}'|sort

ပျမ်းမျှခြင်း host တစ်ခု, single IP တစ်ခုဟာ အကြိမ် ၃၀ ထပ်ဝင်ရောက်မူ့များနေရင် ဒါက တိုက်ခိုက်နေ တာပါ။ 'whois' command ကိုသုံးပြီးကြည့်ပါ။
ပြီးရင် တိုက်ခိုက်လာသော Attacking Network အား ပိတ်ပါ။

Code:

root@example.com > iptables -A INPUT -s -j DROP

DDoS ကို ဘယ်လိုကာကွယ်ရမလဲဆိုတာကိုတော့ ရာနူန်းပြည့် ပြီးမြောက်တဲ့ ကာကွယ်ခြင်း Technique မရှိသေးဘူးလို့ ကျွန်တော်ယူဆထားတယ်။
DDoS ရဲ့ အသုံးချခံစက်တွေက vulnerable software/ applications တွေက တစ်ချိန်ချိန်မှာ / အချိန်မရွေး ရန်ပြုလာနိုင်ပါတယ်။
ဒါကြောင့်
၁။ ကောင်းမွန်တဲ့ security policy ကိုဖန်တီးပါ။
၂။ Gateway အ၀င်အထွက် firewall ကို filtering လုပ်ပါ။
၃။ မိမိရဲ့ Gateway / hosts မှာ host-based intrusion detection ကိုသုံးပါ

မိမိစက်အား slave အဖြစ်မှ ကင်းလွတ်အောင်

၁။ DDoS tools and vulnerable applications များ install လုပ်ထားခြင်း ရှိမရှိစစ်ပါ။
၂။ Rkdet, Rootkit Hunter or chkrookit စသည်တို့ဖြင့် မိမိစက်ရဲ့ rootkit ကိုရှာပါ။
၃။ အောက်ပါ general security များအား စစ်ပါ။
* မိမိ systems အား up to date to minimize software vulnerabilities (kernel and software upgrades)
* rootkits များအား ရှာဖွေ စစ်ဆေးပါ
* port sniffing logs တွေကို စစ်ပါ။
* နောက်ကွယ်ကနေ ပုံးအောင်းနေသော process အားစစ်ပါ
* Use auditing tools (i.e., Nessus, SAINT, or SARA)
* Check system binaries with, e.g., Tripwire to see if they've been changed since your last snapshot
* Email ရဲ့ ကြာချိန်ကို စစ်ပါ။
* malicious ၀င်ရောက်မူ့အားစစ်ပါ
* Check /dev /tmp /var directories for odd files (i.e., '...', wrong permissions/ownership on device files, etc.)
* Backup ရဲ့ အခြေအနေကို စစ်ပါ
* မလိုအပ်သော users and group များအား ဖြုတ်ပါ
* မလိုအပ်သော Services များအား ဖြုတ်ပါ
* Check for SUID, SGID, and 'nouser' files on your system with the 'find' command
* မိမိ system ရဲ့ memory and cpu အသုံးပြုမူ့အားစစ်ဆေးပါ။
၎။ DSE (Dedicated Security Expert) အဖွဲ့အား မိမိရဲ့ Company/ အဖွဲ့အစည်းအတွက်ဖွဲ့စည်းထားပါ။
၅။ Host အားလုံးကို DSE မှ အမြဲ စစ်ဆေးမူ့ကိုပြုလုပ်ပါ။
၆။ တိုက်ခိုက် ၀င်ရောက်လာတတ်သော network နဲ့ host data တို့အားစုစည်းထားပါ။
၇။ Install PortSentry to block scanning hosts.
၈။ Create awareness of security issues.

Summary:- ကို TweetyCoaster ရဲ့ PHP DoS Shield ကိုတော့ လက်တစ်လော ကျွန်တော် စမ်းသုံးတဲ့ သဘောနဲ့ ကျွန်တော်ရဲ့ web clients တွေတိုင်းမှာထည့်ထားတယ်.. အဟဲ... (စမ်းသုံးတယ်တာပြောတာ.. တစ်သက်လုံးပဲသုံးဖြစ်တော့မယ်ထင်တယ်)

ပြီးတော့ တစ်ချို့က မြန်မာ website တွေ အတိုက်ခံရတယ်..ဘယ်နိုင်ငံနဲ့ ဘယ်နိုင်ငံက ပူးတွဲပြီးတိုက်တယ်.. ဒီလိုနဲ့ အွန်လိုင်းမှာ ပွနေတာပဲ။ ဒါကြောင့် Distributed ဆိုတဲ့ သဘောကို ကျွန်တော် နားလည် သလောက် ရှင်းပြထားတာပါ... ကောက်ချက်မလွဲစေချင်ဘူး... သူတို့က အသုံးချခံလိုက်ရတာပါ။

နောက်တစ်ချက် တစ်ချို့က အွန်လိုင်းမှာ လှည့်လည်ရင်း အလကားရတဲ့ tools လေးတွေနဲ့ ဟက်ကာလုပ်ပြီး စမ်းသပ်ချင်ကြတာလေ.. ဒါကြောင့် security လုံးဝမရှိတဲ့ site တွေက အနည်းငယ်လောက်နဲ့ Down ကုန်တာပါ။

Posted by Unknown on 5:14 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response