ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီနှင့် CNF တို့ တွေ့ဆုံ
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင် မှုကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့ ဒီဇင်ဘာ (၇)ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်း မြို့ နယ် ရွှေလီ လမ်းရှိ Myanmar Peace Center ၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ပြော ကြားခဲ့ပြီး ချင်းအမျိုးသားတပ်ဦး အထွေထွေ အတွင်းရေးမှူး Pu Zing Cung က ၂၀၀၇ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲရန် စစ်အစိုး ရနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်းခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် မရှေးမနှောင်း လွတ် လပ်ရေးအတူ ရခဲ့သော်လည်း အိန္ဒိယနိုင်ငံမှာ ကမ္ဘာအဆင့် နိုင်ငံများသို့ တက်လှမ်းနေ ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အရေးအရှိ အတိုင်း တွေ့ဆုံဖြေရှင်းရန် လိုအပ်ကြောင်း ပြောခဲ့သည်။ အဆိုပါ အစည်းအဝေးကို ဒီဇင်ဘာလ (၇)ရက်နှင့် (၈) ရက် နှစ်ရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

( မှတ်တမ်း-ဓာတ်ပုံများ)