|

PIC အကြောင်း မြန်မာပြည်

PIC ဆိုတာ ဆိုတာက peripheral interface controller ခေါ်ပါတယ် တနည်းအားဖြင့် microcontroller လို့လည်းခေါ်ပါတယ်။micoprocessor လောက်မကြီးမားပေမယ် control လုပ်တဲ့နေရာမှာ power စားသုံး မှု့များသော CPU များနေရာမှာ အစားထိုးရန် ရည်ရွယ်၍ ထုတ်လုပ်ထားသည်။ တနည်း အားဖြင့် အောက်ပါ အချက်အလက်များနှင့် နိုင်းယှဉ်ကြည့်နိုင်ပါသည်။

Micro Processor
၁- External ROM,External RAM,External peripheral အသုံးပြုရသည်( ဥပမာ 8085,8086, 80186)

Micro Controller
၁-built-in ROM,RAM,Peripheral ပါဝင်ပြီး program ကို တိုက်ရိုက်ထည့်သွင်းနိုင်သည်။

Micro Processor
၂-Program ရေးရာတွင် instruction များ ခြင်း

Micro Controller
Program ရေးရာတွင် instruction နည်းခြင်း (eg-PIC16F84A = 35 instructions)

Micro Processor
Power ပေးရာတွင် ကန့်သတ်ချက်ရှိသည်(eg-8086 = 5 volt dc)

Micro Controller
2.5 to 5.5 volt အတွင်းအသုံးပြုနိုင်သည်

Micro Processor
program example source code နှင့် application များ supporting နည်းပါးခြင်း
Micro Controller
microchip.com မှ application and source code များရနိုင်ခြင်း
Micro Processor
စမ်းသပ်ရန် development board ရှားပါးခြင်း
Micro Controller
စမ်းသပ်ရန် development board ပေါများသည် မိမိကိုယ်တိုင် circuit ရေးဆွဲ၍ စမ်းသပ်နိုင်သည်
အကျဉ်းအားဖြင့် ထိုအချက်များအား သုံးသပ်ခြင်းဖြင့်  လွယ်ကူစွာလေ့လာနိုင်ပါသည်။

Microcontroller များကို 
  1. စက်ရုံများ 
  2. ကား 
  3. မီရထားစက်ခေါင်းနှင့်တွဲများ  
  4. အိမ်သုံးလျှပ်စစ်ပစ္စည်းများ  
  5. သင်္ဘောများ စသည့် အထွေထွေလုပ်ငန်းများတွင်  ထုတ်လုပ်ကြသည်။
မြန်မာနိုင်ငံတွင် ၂၀၀၀ ခုနှစ်ဝန်းကျင်တွင် စတင်ရောက်ရှိလာခဲ့သည်။ နောက်ပိုင်းကျယ်ပြန့်လာခဲ့ပြီး မာစတာ thesis များတွင် ပရောဂျက် များထွက်ပေါ်လာခဲ့သည်။သို့သော်လည်း PIC အသုံးပြု၍ ထုတ် လုပ်သော လုပ်ငန်းများနည်းပါးနေသေးသည်။ ဒါတင် မဟုတ်သေးပါ သင်ကြားပြသနိုင်သော ဆရာများ နည်းပါးနေသည်။အောက်မြန်မာပြည်တွင် ဦးခင်ငြိမ်း ဦးမောင်မောင်မြတ် စသောဆရာများ ရှိပါသော် လည်း ကျောင်းသားများမှာ တက်ကျွမ်းသောအဆင့်ထိ မ ရောက်ရှိခဲ့ကြ။


PIC ကိုအသုံးပြုပြီး မီးအားမြင့်စက်များ ဆေ့ဂါတ်များ အင်ဗာတာများ  ရေတင်စက်များ နာရီ မီးပြေး ဆိုင်း ဘုတ် မီးစက်ကွန်ထရိုး ကားပါကင် ရီမုကွန်ထရိုး စသည့်လုပ်ငန်းများ စက်ရုံသုံး ကွန်ထရိုး ယူနှစ်များ မီးရထားစက်ခေါင်းကွန်ထရိုးယူနှစ်များ သင်္ဘော များ မောင်းသူမဲ့လေယဉ် ရိုဘော့ အချိန် မှတ်ဒေ တာလော့ဂါ များ တွင်လည်းအသုံးပြုနိုင် သည်။

အချုပ်အားဖြင့် ဆိုသော် PIC micro controller သည် ဈေးနှုန်သက်သာခြင်း ပရိုဂရမ်ရေးသားရာတွင် လွယ်ကူခြင်း အသုံးပြုရာတွင်ရိုးရှင်းခြင်းတို့ကြောင့် အနာဂတ်တွင် အသုံးများလာပါမည်။ ယခုအခါ PIC 64bit ပင်ထွက်ပေါ်နေပါပြီ။ ကဲမြန်မာပြည်မှ PIC လေ့လာသူများနောက်မကျပါစေနှင့်။

မြန်မာနိုင်ငံတွင် ယခုအချိန်ထိ 8 bit microcontroller များသာရှိနေသေးသည် (eg-pic16f84 မှ 18f4550 ထိသာဝယ်၍ရသေးသည်။

မှတ်ချက်။ ။ပရိုဂရမ်ရေးသားရာတွင် assembler , CCS.C, HI-TECH.C,C18.C များအသုံးပြုလေ့လာနိုင် သည်။

Ref: မျိုးကျော်သူ - PIC

Posted by Unknown on 2:22 PM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added