ကမ္ဘာ့ အံ့သြဖွယ် ဖြစ်ရပ် (၁၀) ခု
ကမ္ဘာ့ အံ့သြဖွယ် ဖြစ်ရပ် (၁၀) ခု
(၁) စင်္ကာပူ ကမ်းလွန်ပင်လယ်တွင်းမှ တစ္ဆေသင်္ဘောအုပ်စုကြီး
အမေရိကန်နှင့် ဗြိတိသျှ ရေတပ်နှစ်ခု၏ ရေငုပ်သင်္ဘောများပေါင်းသည်ထက်ပင် တစ္ဆေသင်္ဘော အရေ အတွက်က များပြားနေပေသည်။ သင်္ဘောများပေါ်တွင် လူလည်းမပါ၊ ကုန်လည်းမပါ။ ကမ္ဘာ့စီးပွားပျက်ကပ် ကာလအတွင်းက သင်္ဘောလုပ်ငန်းအေဂျင်စီ အချို့ကစွန့်ပစ်ခဲ့သော သင်္ဘောများဟု တချို့က သုံးသပ် ပြောဆိုကြသည်။

(၂) ဂျေရုဆလင် Wailing Wall နံရံတံတိုင်းကြီးမှ မျက်ရည်များ ကျဆင်းခြင်း
၂၀၀၂ ခုနှစ် ဇူလိုင်လအတွင်းက ဂျေရုဆလင် Wailing Wall နံရံတံတိုင်းကြီးမှ မျက်ရည်ကဲ့သို့သော အရည်များ ကျဆင်းလာကာ လေးထောင့်ပုံ ဖြစ်ထွန်းကျန်ခဲ့သည်။

(၃) ဆဲလ်ဖုန်း ဖြင့်ရိုက်ထားသော ဓာတ်ပုံတွင် သေဆုံးပြီးဖြစ်သူအဖွား၏ တစ္ဆေပုံရိပ် ထင်နေခြင်း
အဖွားဖြစ်သူမှာ ၁၉၉၀ ခုနှစ်က ကွယ်လွန်ခဲ့သည်။ ၂၀၀၉ ခု သြဂုတ်လတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံတွင် အဖွားဖြစ်သူ၏ မျက်နှာပုံရိပ်ထင်နေခဲ့သည်။

(၄) မြွေနဂါးကြီးလော
အရှေ့ တောင်အာရှ ဘော်နီယို ကျွန်းပေါ်မှ မြစ်တစ်စင်းထဲတွင် အလွန်ကြီးမားသော မြွေကြီးတစ်ကောင် ကူးခတ်သွားနေပုံကို မြင်တွေ့ရသည်။ (Photoshop ဖြင့် ဖန်တီးထားခြင်းပေလား)။

(၅) ပိုလန်မှ ဧရာမသတ္တ၀ါကြီး
ပိုလန်နိုင်ငံသားတစ်ဦးသည် တောင်တက်နေရင်းမှ ဧရာမသတ္တ၀ါကြီးအား တွေ့ရှိခဲ့သဖြင့် ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်သည်။

(၆) ဘုရားကျောင်းနံရံပေါ်မှ နာဆာအာကာသယာဉ်မှူး
လွန်ခဲ့သော နှစ်ပေါင်း ၁၁၀၀ မှ ဘုရားရှိခိုးကျောင်းနံရံပေါ်တွင် အာကာသယဉ်မှူးပုံ ထွင်းထုထားခြင်းအား တွေ့မြင်ရသည်။

(၇) လေတွင်မြောက်နေသော ကားတစ်စီး
၂၀၀၆ ခုနှစ် ဇန်န၀ါရီလတွင် Google Earth တွင် ကားတစ်စီး လေတွင် မြောက်တက်နေပုံအား တွေ့ရသည်။

(၈) အိမ်နံရံပေါ်မှ ဂြိုဟ်သား ပုံရိပ်များ
ကနေဒါနိုင်ငံတောင်ပိုင်းမှ အိမ်တစ်လုံး၏ နံရံပေါ်တွင် ဂြိုဟ်သားနှစ်ဦးပုံ ထင်နေခြင်းအားတွေ့ရသည်။

(၉) တောင်တက်သမားများ ထူးဆန်းစွာသေဆုံးသွားခြင်း
၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ညက တောင်တက်သမား (၉)ဦး ၄င်းတို့၏ ရွက်ဖျင်တဲထဲတွင် ထူးဆန်းစွာသေဆုံးသွားခဲ့ကြသည်။ (၆)ဦးမှာ အအေးဒဏ်ကြောင့် သေဆုံးသွားခြင်းဖြစ်သည်။ တစ်ဦးမှာ ဦးခေါင်းတွင် ပြင်းထန်စွာထိခိုက်မိကာ သေဆုံးခြင်းဖြစ်သည်။ ကျန်နှစ်ဦးမှာ အမျိုးအမည်မသိ ပြင်းထန် သော အားတစ်ခုကြောင့် ရင်ဘတ်နံရိုးများ ကျိုးကြေကာ သေဆုံးသွားခြင်းဖြစ်သည်။ ကိုယ်ခန္ဓာများ ပေါ်တွင် ရေဒီယိုဓာတ်ကြွမှုများကို စမ်းသပ်တွေ့ရှိရသည်။ ဘေးပါတ်ဝန်းကျင်တွင် ၄င်းတို့၏ခြေရာများ သာရှိသည်။

(၁၀) လယ်သမားတစ်ဦးမှ ဂြိုဟ်သားပေါက်စလေးတစ်ကောင်ကို တွေ့ရှိခြင်း
၂၀၀၇ ခုနှစ်၊ မေလတွင် မက္ကစီကိုမှ လယ်သမားတစ်ဦးသည် ၄င်း၏လယ်ကွင်းထဲတွင် ဂြိုဟ်သားပေါက်စ လေးတစ်ကောင်ကို တွေ့ရှိခဲ့သည်။ လယ်သမားသည် ကြောက်ရွံ့သဖြင့် ၄င်းဂြိုဟ်သားလေးကို ချောင်းထဲ တွင်ရေနှစ်ကာ သတ်ပစ်ခဲ့သည်။ စမ်းသပ်မှုများအရ အရိုးအဆစ်များမှာ အိမ်မြှောင်ကဲ့သို့ဖြစ်ကြောင်း တွေ့ရသည်။

Ref: FunkyDowntown.com
