|

Firefox မှာ ဆိုဒ်တွေဖွင့်လို့မရဘဲ Error ပြနေလား

Firefox မှာ ဆိုဒ်တွေဖွင့်လို့မရဘဲ Error ပြနေလား
ကျွန်တော်သူငယ်ချင်းမှာဖြစ်ခဲ့တဲ့ ပြဿနာလေးကို ကျွန်တော် တင်ပြပေးပါအုံးမယ်။ သူ့စက်မှာ Firefox Browser က ဖွင့်လိုက်တဲ့အချိန်တိုင်းမှာ Error ဘဲပြနေတယ်။ ဘာဆိုဒ်မှ ဖွင့်လို့မရဘူး။ နောက်ပြီ Firefox ကိုဖြုတ်ပြီး ပြန် Run လိုက်တဲ့ အခါမှာလည် အဆင်မပြေဘူး။ ဒါပေမဲ့ Internet Explorer ကတော့ ဖွင့်လို့ရတယ်။ ဒါနဲ့ ဘာပြဿနာလည်ပေါ့။ ဒါပေမဲ့ ကျွန်တော် Add-On တွေ ပြန်စစ်တယ်။ တစ်ခုချင်ဆီ ပြန်စစ်တော့လည် အဆင်မပြေဘူး။ Firefox က Network မှာ ၀င်စစ်လိုက်တော့မှ သွားတွေ့တော့တယ်။ Proxy Code တွေ ခံထားတာ သွားတွေ့ရတယ်။ ဘယ်လို လုပ်ဆောင်ထား လဲတော့ မသိဘူး။ Firefox ကို Uninstalled လုပ်ပြီး ပြန်တင်တာတောင် ဒီ Proxy က ပြုတ်မသွားဘူး။ Code တွေကို စစ်ဆေးကြည့်တော့လည် အမေရိကန် Proxy တွေဖြစ်နေတယ်။ စဉ်းတော့ စဉ်းစား စရာ ဖြစ်နေတယ်။ သူက HTTP Proxy,FTP Proxy,Gopher Proxy ဆိုဒ်တွေကို ပိတ်ထားတော့ ဘယ်ဖွင့် လို့ရမလဲ။ ကျွန်တော် တက်သလောက် မှတ်သလောက်နဲ့ ကြိုစားကြည့်ပေမဲ့ အဖြေက ကောင်တာ လိုက်လို့ မရဘူး။ ကျွန်တော်အထင် Firefox Add-On တစ်ခုခုက ပါလာတာဖြစ်နိုင်သလို Software တွေက ပါလာတာလဲ ဖြစ်နိုင်တယ်။ ထားတော့ အခုလို ဖွင့်မရ တဲ့ ပြဿနာကို အောက်ပါအတိုင်း လုပ်ဆောင်လိုက်ပါ အဆင်ပြေသွားပါမည်။ အောက်က ပုံကိုကြည့်လိုက်ပါ။ Proxy Code တွေ ထည့်ခံ ထားရတာဖြစ်ပါတယ်။ အဲဒါကြောင့် ဖွင့်လို့အဆင်မပြေဖြစ်နေတာပါ.။ No Proxy ပေးလိုက်ရင်တော့ အားလုံး ပြန်ဖွင့်လို့ရပါတယ်။

a3.png


ဖြေရှင်းနည်း
1.Firefox >> Tools >> Options ကို click လိုက်ပါ.။
a1.png




2.Options ကို click ပြီရင် အောက်ပါအတိုင်းကျလာပါမည်။ Advanced >> Network >> Setting ကို click လိုက်ပါ။
a2.png

3.ကျလာတဲ့ BOX မှာ No Proxy ကို အမှန်ခြစ်ပေးပြီး OK ပေးပြီ Apply ကို နိုပ်လိုက်ပါ။ အားလုံး ပြန်ဖွင့်လို့ရသွားပါမည်.။ ကျေးဇူးတင်ပါတယ်။
a4.png


Posted by Unknown on 5:35 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response