window 7 မှာ တစ်ချို့ Program တွေ install လုပ်မရရင်

Window 7 မှာ တစ်ချို့ Program တွေ install လုပ်မရရင် 

ကိုလိုချင်တဲ့ program ကို copy ကူးပြီး စက်ထဲခဏထည့်ထား ပြီးတာနဲ့ အောက်က အဆင့်အတိုင်း လုပ်ပါ

(၁) program ကို copy ကူးပြီး စက်ထဲထည့်
(၂) program ကို right click နှိပ်ပြီး properties ထဲကို ၀င်ပါ
(၃) compatbility ကို ရွေးပေးလိုက်ပြီး Run this program in compatibility mode for ဆိုတဲ့ စာတန်းအောက်မှာ ရှိတဲ့ အထဲကနေ window xp sp2 (or) window xp sp3 တစ်ခုခုကိုရွေးပေးပြီးတော့ Install လုပ်ပါ

ကဲ ခုနက မရတဲ့ program Install လုပ်လို့ရသွားမှာပါ ...

4:19 PM | Posted in | Read More »

Telnet အား Windows 7 တွင် အသုံးပြုခြင်း


Telnet အား Windows 7 တွင် အသုံးပြုခြင်း

 
Telnet ဆိုတာ Remote Computer များအား သုံးတဲ့နေရာမှာ အရေးပါတဲ့ network protocol တစ်ခု လည်း ဖြစ်ပါတယ်။ Windows 7 မှာတော့ Telnet သုံးမယ်ဆိုရင် ထပ်မံထည့်သွင်းပေးရပါတယ်။ အကယ်၍ သင်က Windows 7 မှာ Telnet ကို စတင်အသုံးမည်ဆိုရင် Windows Features ထဲကိုသွားရောက်ပြီး ထည့်သွင်း ရပါတယ်။ 

 
Windows 7 ရဲ့ Start Menu ကိုသွားပါ

 


(Programs and Features in Classic View)




Turn Windows Features on or off ကိုနိုပ်လိုက်ပါ
ဒါဆိုရင် Windows 7 မှာ Telnet ကို အသုံးပြုလို့ရပါပြီ။
Start Menu မှ Control Panel ကိုသွားပါ
Control Panel ထဲတွင် Programs ကိုသွားပါ။

10:59 AM | Posted in | Read More »

7 မှာ Folder တွေ ဖွင့်တဲ့အခါမှာ ကြာနေလာ

Windows 7 မှာ Folder တွေ ဖွင့်တဲ့အခါမှာ ကြာနေလာ

ကျွန်တော်တို့ Windows 7 သုံးတဲ့ သူငယ်ချင်းတွေ သိတဲ့ အတိုင်း folder တွေ ဖွင့်တဲ့ အခါမှာ Windows 7 မှာ အတော်အတန့် ကြာပါတယ်။ XP လို ချက်ခြင်း တက်မလာပါဘူး။ အောက်မှာ တင်ပြ ထားတဲ့ ပုံအတိုင်း ဖြေးဖြေးခြင်းမှ တက်လာပါတယ်။ အဲဒီလို မဖြစ်ရအောင် လုပ်လို့ရတဲ့ နည်းဖြစ်ပါတယ်။ Windows XP နဲ့ Windows 7 အကြောင်းသာ တင်ပြ နေပေမဲ့ ဒီနည်းက Windows Vista မှာလည်း အသုံးဝင်ပါတယ်။ Windows 7 နဲ့ Windows Vista က ဆင်တူသလောက် ရှိပါတယ်။ အခုနောက် ပိုင်းတော့ ကျွန်တော်အထင် Windows Vista သုံးမည့်အစား Windows 7 ကိုသာ သုံးကြမယ်လို့ ထင်ပါတယ်။ ရှည်နေပြီ။ မဆိုင်တာတွေ ပြောနေတာနဲ့ Windows 7 မှာ Folder တွေ အတက်မြန် စေချင်ရင်အောက်က နည်းများကို အသုံးသာချလိုက် မြန်လာမလား စမ်းကြည့် ကိုယ်တိုင်းသိမည်။ (တင်ပြပေးထားတဲ့ နည်းအားလုံး လုပ်ဆောင်ပါ။)


နည်းလမ်း (၁)
Windows Search ကို Disabled ပေးခြင်း
1. Start >> Run (Win Key +R) >> Services.msc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
2. အောက်ပါအတိုင်း ကျလာတဲ့ Properties Box မှ Windows Search ကို ရှာလိုက်ပါ။ Windows Search ပေါ်မှာ Double click ပေးလိုက်ပါ။ General Tab မှ Startup Type မှာ Disabled ရွေးပြီး Apply ကိုနိုပ်ပြီး OK ပေးလိုက်ပါ။


နည်းလမ်း (၂)

Disable Thumbnail Preview

1.ကြိုက်သစ်နှက်ရာ Folder တစ်ခုကို ဖွင့်ပြီး Organize >> Folder and Search Option ကို click လိုက်ပါ။ ( control pannel >> Folder Option ကို ဖွင့်လဲ ရပါတယ်။ )အောက်ကပုံကိုကြည့်ပါ။

2. အောက်ပါအတိုင်းကျလာတဲ့ Box မှ View ကနေ Advanced Settings မှာ Always Show icons, never Thumbnails ကို အမှန်ခြစ် ပေးလိုက်ပါ။ ပြီရင် Apply ကိုနိုပ်ပြီး OK ကို ပေးလိုက်ပါ။


8:09 PM | Posted in | Read More »

CMD ကိုပိတ်ထားရင် ( Windows 7 )

CMD ကိုပိတ်ထားရင် ( Windows 7 )

ကျွန်တော်တို့ အင်တာနက်ဆိုင်တွေ၊ ရုံးတွေ၊ကျောင်းတွေမှာ Cmd ကိုဖွင့်လို့မရအောင် ပိတ်ထားရင်ပဲ ဖြစ်ဖြစ်၊ မိမိရဲ့ စက်မှာ Cmd ကို ပိတ်ထားချင်တဲ့ အခါမျိုးမှာ ပဲဖြစ်ဖြစ် အဆင်ပြေစေမယ့် နည်းလမ်းလေး ပါ။ ပထမဆုံး Windows7 မှာ Cmd ကိုပိတ်တဲ့ နည်းလေးကို အရင်ဆုံး တင်ပြချင်ပါတယ်။ 

နည်းလမ်း(၁)
1. ပထမဆုံး Start ကနေ Regedit လို့ ရိုက်ပီး Registry ထဲကို ၀င်လိုက်ပါ။
2. Registry ထဲရောက်တာနဲ့ HKEY_CURRENT_USER >> System ကိုသွားလိုက်ပါ။
3. System ကို Right Click ထောက်ပီး NEW ကနေ DWORD (32bit) Value ကို Click လိုက်ပါ။
4. Click ပေးလိုက်လို့ ကျလာတဲ့ Name ရဲ့အောက်က Box ထဲမှာ အသစ်ပေါ်လာတဲ့ Newကို DisableCMD လို့ Rename အတိအကျ ပြောင်းပေးလိုက်ပါ။

5. ပြောင်းပြီးသွားတာနဲ့ ရလာတဲ့ DisableCMD ကို Click နှစ်ချက်လောက် နှိပ်လိုက်ရင် Box လေးတစ်ခု ထပ်ကျလာပါလိမ့်မယ်။ ကျလာတဲ့ Box လေးထဲက Value Data ကို 2 ဆိုပြီး သတ်မှတ် ပေးလိုက်ပါ။ ဒါဆိုရင် Cmd ကို Start ကနေ ဖွင့်လို့မရတော့ပါဘူး။ တကယ်လို့ မိမိက ပြန်ဖွင့်ပေးချင်တယ်ဆိုရင် ခုနက ValueData 2 နေရာမှာ 0 ဆိုပြီး ပြောင်းပေးလိုက်တာနဲ့ Cmd ပြန်ပွင့် သွားပါပြီ။ ဒါကတော့ မိမိစက်ကို စိတ်ကြိုက် သတ်မှတ်ပေးနဲ့ နည်းပါ။
နောက်တစ်နည်းကတော့ ဘယ်စက်မှာမဆို Cmd ကိုပိတ်ထားရင် မိမိဖွင့်ချင်ရင် ဖွင့်လို့ရအောင် လုပ်တဲ့ နည်းပါ။ 

နည်းလမ်း(၂)
1. အောက်မှာပေးထားတဲ့ စာတွေကို Text File တစ်ခုခုမှာ ရိုက်ထည့်ပြီး File name နေရာမှာ .Bat နဲ့ Save as Type ဆိုတဲ့နေရာမှာ AllFile လို့ပြောင်း ပြီး Save လိုက်ပါ။

@echo off
       Command
       @echo on
File name:cmd.bat
Save as type: All Files

2. ရလာတဲ့ bat File လေးကို Run လိုက်တာနဲ့ Cmd လေးပေါ်လာပါ လိမ့်မယ်။ အားလုံး အဆင်ပြေ ကြပါစေ။

5:12 PM | Posted in | Read More »

window 7 မှာ တစ်ချို့ Program တွေ install လုပ်မရရင်

window 7 မှာ တစ်ချို့ Program တွေ install လုပ်မရရင်

ကိုလိုချင်တဲ့ program ကို copy ကူးပြီး စက်ထဲခဏထည့်ထား ပြီးတာနဲ့ အောက်က အဆင့်အတိုင်း လုပ်ပါ

(၁) program ကို copy ကူးပြီး စက်ထဲထည့်
(၂) program ကို right click နှိပ်ပြီး properties ထဲကို ၀င်ပါ
(၃) compatbility ကို ရွေးပေးလိုက်ပြီး Run this program in compatibility mode for ဆိုတဲ့ စာတန်းအောက်မှာ ရှိတဲ့ အထဲကနေ window xp sp2 (or) window xp sp3 တစ်ခုခုကိုရွေးပေးပြီးတော့ Install လုပ်ပါ

ကဲ ခုနက မရတဲ့ program Install လုပ်လို့ရသွားပြီမဟုတ်လား .

11:23 PM | Posted in | Read More »

Windows 7 ရဲ့start menu ကနေ Internet ပေါ်က ရှာချင်တာကို တိုက်ရိုက်ရှာကြမယ်

Windows 7 ရဲ့start menu ကနေ Internet ပေါ်က ရှာချင်တာကို တိုက်ရိုက်ရှာကြမယ်

Vista နဲ့ Windows 7 မှာ Desktop search feature ဟာ တော်တော်လေးအသုံးဝင်ပါတယ် ၊ Windows 7 မှာတော့ ပိုကောင်းလာတာပေါ့ ၊ ကျနော်တို့ရဲ့ ကွန်ပြူတာထဲက application တွေ ၊ control item တွေ စသည်ဖြင့် တော်တော်များများကို search bar မှာ key word စာလုံးရေ နည်းနည်းပဲ ရိုက်ပြီး အလွယ်ရှာဖွေ သုံးနိုင်တဲ့ feature လေးတစ်ခုပါ ။ ရလေ လိုလေ အိုတစ္ဆေ ဆိုသလိုပါပဲ ၊ ဒီလောက်ထိ ရပြီး ပြန်တော့လည်း ဒီထက်ပိုပြီး သုံးချင်လာပြန်တယ် ၊ ဒါကြောင့်မို့ အခုတစ်ခါမှာတော့ အဲဒီ Windows ရဲ့ search bar ကနေပြီးတော့ပဲ Internet ပေါ်က ရှာချင်တာတွေကို တစ်ခါတည်း စာရိုက်ပြီး ရှာလို့ရအောင် လုပ်တဲ့ နည်းလေးကို တင်ဆက်ပေးပါမယ် ။ ဒီလိုလုပ်ထားခြင်းအားဖြင့် အင်တာနက် browser ကို ဖွင့်ရတဲ့ အလုပ်တစ်ခု သက်သာသွားတာကို တွေ့ရပါလိမ့်မယ် ။ လူဆိုတာ ကိုယ့်မှာရှိနေတာကို ပိုပြီး တိုးတက် ကောင်းမွန်လာအောင် ပြုပြင်နေသင့်တယ် မဟုတ်ပါလားဗျာ ။

အဲဒီနည်းလေးကတော့ Group Policy Editor ကို ဖွင့်ပြီး Feature လေးကို Enable လုပ်ရတဲ့ နည်းလေး ဖြစ်ပါတယ် ၊ Windows 7 နဲ့ Windows server 2008 R2 တို့မှာသာ လုပ်လို့ရနိုင်ပါတယ် ။ ကဲ စလိုက်ကြပါစို့

၁. Strart menu ရဲ့ Search box မှာ gpedit.msc လို့ရိုက်ပြီး Enter ခေါက်လိုက်တဲ့အခါ Group Policy Editor ထဲကိုရောက်သွားပြီပေါ့

၂. ဘယ်ဖက်ကော်လံမှာ ရှိတဲ့ User Configuration ပြီးတော့ Administrative Templates ပြီးတဲ့အခါ Start Menu and Taskbar တို့ကို ကလစ်လုပ်သွားပါ

၃. ညာဖက်ကော်လံကိုကြည့်လိုက်ပြီး Add Search Internet link to Start Menu ပေါ်မှာ double click လုပ်ပါ

ဒီပုံကိုကြည့်ပါ

၎. Window လေးတစ်ခုပွင့်လာမယ် ၊ အပေါ်ဘယ်ထောင့်နားမှာရှိတဲ့ Enable ကို select ပေးလိုက်ပါ ၊ OK နှိပ်ပြီးတာနဲ့ အားလုံးကိုပြန်ပိတ်လိုက်ပါ ၊ feature လေးကို add လိုက်တာ ပြီးသွားပါပြီ ။



အင်တာနက်ပေါ်က တစ်ခုခုကို ရှာချင်ပြီ ဆိုပါစို့ Start Menu မှာပဲ ရှာချင်တာကို ရိုက်လိုက်ပါ ၊ ပထမ စာလုံးတစ်လုံးရိုက်လိုက်တာနဲ့ search bar လေးရဲ့ အပေါ်ကပ်လျက်မှာ search the internet ဆိုတဲ့ option menu လေးတစ်ခုကို မြင်ရပါလိမ့်မယ် ၊ ကိုယ်စာရိုက်တာ ပြီးဆုံးသွားတာနဲ့ အဲဒီအပေါ်ကပ် လျက်မှာရှိနေတဲ့ search the internet ပေါ်ကို click လုပ်လိုက်ပါ ၊ ကျနော်တို့ default လုပ်ထားတဲ့ browser ကနေ ရှာပေးပါလိမ့်မယ် ။ ရှာတာလည်းပြီးသွားပြီ ။ ဒါပေမယ့် နည်းနည်းတော့ ရှည်လိုက် ချင်သေးတယ် ( လျှာပါ ) ။

Default browser ကို မကြိုက်ဘူးဆိုရင် ပြောင်းလို့ရသေးတယ် ၊ ပြောင်းလိုက်ချင်တယ်ဆိုရင် Start menu နှိပ်ပါ ၊ ပြီးရင် default program ကိုနှိပ်ပါ window လေးတစ်ခုပေါ်လာမယ် အပေါ်ဆုံးမှာရှိတဲ့ Set your default programs ကိုထပ်နှိပ်ပြီး ခဏစောင့်ပါ ၊ default လုပ်လို့ရမယ့် program တွေကို icon တွေနဲ့အတူ မြင်ရတဲ့ window တစ်ခု ထပ်ပေါ်လာမယ် ၊ ဘယ်ဖက်ကော်လံမှာရှိတဲ့ ထားချင်တဲ့ program ပေါ်ကို ကလစ်တစ်ချက်နှိပ်ပါ ၊ ပြီးရင် ညာဖက်ကော်လံမှာရှိတဲ့ Set this program as default ကို ဆက်နှိပ်ပါ ၊ OK ပေးပြီး ပိတ်လိုက်လို့ရပါပြီ ၊ ရှာချင်တဲ့အခါ အထက်မှာအတိုင်းပဲ search bar မှာ တစ်ခုခုရိုက်လိုက်တာနဲ့ search the internet ဆိုတဲ့ option မှာ default browser ပြောင်းလဲသွားတာကို icon ကိုကြည့်ပြီး သိနိုင်ပါတယ် ၊ ရှာကြည့်ရင်လည်း search resault တွေရဲ့ ပုံစံပြောင်းသွားတာကို တွေ့ရပါလိမ့်မယ် ။ ကဲ ဒါဆိုရင်တော့ စိတ်တိုင်းကျ လုပ်လို့ရပြီ ထင်ပါရဲ့ ။
(Written by ၀င်းနိုင်ဦး)

3:57 PM | Posted in | Read More »

Windows 7 နဲ့ Vista ရဲ့ login screen မှာ Text message ရေးမယ်

Windows 7 နဲ့ Vista ရဲ့ login screen မှာ Text message ရေးမယ်


ကျွန်တော်တို့ရဲ့ကွန်ပြူတာကို တစ်ခါတရံမှာ သူငယ်ချင်းတွေကလည်း ၀င်သုံးတတ်တာမျိုး ၊ ရုံးတို့ဆိုင်တို့ လိုမျိုးမှာ ကွန်ပြူတာကို လူတော်တော်များများက သုံးနေတာမျိုးတွေ ရှိခဲ့ရင် Windows ကို စဖွင့် ဖွင့်ချင်း မှာတွေ့ရမယ့် Login Screen မှာ သုံးစွဲသူတွေ အတွက် သတိပေးချက် ၊ မေတ္တာရပ်ခံချက် စတဲ့ ဘာညာ သာရကာ စာတန်းလေးတွေ ရေးချင်တာမျိုး ရှိတတ်ပါတယ် ။ အဲဒါမျိုးရေးချင်ခဲ့ရင်..

  1. Start menu လေးကို click လုပ်ပြီး search box မှာ regedit လို့ရိုက်ပါ ၊ registry editor ကိုသွား မှာပါ ။ ပြီးရင် enter ခေါက်ပါ ။
  2. registry editor ရဲ့ main menu ကိုရောက်သွားရင် ဒီအတိုင်းဆက်ဖွင့်ပြီး ၀င်သွားပါ။ HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\System 
  3. ရောက်ပြီဆိုရင်ညာဖက်ကော်လံမှာရှိတဲ့ legalnoticecaption ဆိုတာကို ရှာပြီး double click လုပ်ပါ ။ Value data ဆိုတဲ့ ဖြည့်ရမယ့် အကွက်နဲ့ box လေးပေါ်လာမယ် ကြိုက်ရာစာသား တစ်ခုကို ရေးလိုက်ပါ ၊ သူကခပ်ကြီးကြီးပေါ်မှာပါ ၊ ခေါင်းစဉ်လိုမျိုးပေါ့ ၊ အင်္ဂလိပ်လိုရေးရမှာပါ ၊ မြန်မာ ဖောင့်က Windows registry ထဲမှာမရသေးဘူးလေ ၊ ပြီးရင် ok နှိပ်လိုက်ပါ ။
  4. နောက်ထပ် အောက်ကနေ စာကြောင်းတွေ များများရေးချင်သေးရင် ၊ ခုနတုန်းက legalnoticecaption ရဲ့အောက်နားကပ်လျက်မှာရှိတဲ့ legalnoticetext ပေါ်ကိုdouble click လုပ်ပါဦး ၊ အဲဒီက value data မှာလည်း ကြိုက်ရာရေးပါ ၊ သူက စာလုံးနည်းနည်းသေးပါတယ် ၊ ဒါပေမယ့် အများကြီးရေးလို့ရပါတယ် ၊ ရေးလို့ဝပြီဆိုရင် ok ပေးလိုက်ပါ ။
 
နောက်တစ်ခါ ကွန်ပြူတာကို ဖွင့်တဲ့အခါ login မလုပ်ခင်မှာ စာတန်းတွေက စောင့်ကြိုနေပါလိမ့်မယ် ။

6:48 PM | Posted in | Read More »

Windows 7 (all in one)

Windows 7 (all in one)

Windows 7 (32-bit) ဖြစ်ပါတယ်… all in one ဆိုတဲ့ အတိုင်း Starter, Home Basic, Home Premium, Professional, Ultimate အစုံအလင် ပါပါတယ် ခင်ဗျာ… ပုံမှန် အတိုင်းဆိုရင် windows 7 ultimate က ဈေးအကြီးဆုံးနဲ့ အကောင်းဆုံး version ပါ… windows 7 compare မှာ သွား ရောက် လေ့လာနိုင်ပါတယ်… ဒါဆိုရင် ဘာလို့ windows 7 တခြား version တွေကို သုံးကြမလဲ… ဒီလိုပါ… ကျွန်တော်တို့ Laptop တွေ ဝယ်တဲ့ အခါမှာ ပါလာတဲ့ Windows 7 တခြား version တွေ ရှိပါတယ်… Ultimate ကတော်တော်လေး ရှားပါ တယ်… အဲဒီ အတွက် Laptop ကို အကြောင်း အမျိုးမျိုးကြောင့် Windows ပြန်တင်မယ်ဆိုပါစို့… တကယ်လို့ များ မိမိဝယ်ထားတဲ့ Laptop က Windows 7 Ultimate အတွက် Driver တွေက အစုံ မပေးထားဘူး… တခြား version က Driver တွနဲ့လည်း Ultimate အတွက် တင်လို့ မရဘူး ဆိုပါစို့… အဲဒီအခါ မိမိ ပါလာတဲ့ Windows 7 version ပဲ ပြန်တင်တာ အဆင်အပြေဆုံး ဖြစ်မှာပါ… Desktop တွေ အတွက်ကတော့ Windows 7 က Driver အထူးအထွေ တင်စရာမလိုပါဘူး… အခု တင်ပေးထားတဲ့ Windows ခွေက version အစုံပါလို့ အဆင်ပြေပါ… Activate ကတော့ ဒီနေရာလေးမှာ တင်ပေး ထားပါတယ်…

Download(MediaFire)

Part 1

Part 2

Part 3

Part 4

Part 5

Part 6

Part 7

Part 8

Part 9

Part 10

Part 11

အဆင်ပြေပါစေဗျာ… 

6:37 PM | Posted in | Read More »

.

Recently Commented

Recently Added