Fake Gmail Login
User တွေအနေနဲ့ မိမိတို့ ကြည့်ရှု့နေတဲ့ Address ကို သေချာကြည့်ဖို့လိုပါတယ်။ URL ခေါ် Address ကတော့ ဘယ်သူမှ အတုလုပ်လို့မရပါ
11:48 AM | Posted in | Read More »
Gmail ဟတ်
Gmail ဟတ်
လွန်ခဲ့တဲ့သုံးလက ကနေဒါ ဟတ်ကာအသိုင်းအ၀ိုင်းက သတင်းလေးတစ်ပုဒ်ပါ။
အသက် ၁၃ နှစ်ပဲ ရှိသေးတဲ့ လူငယ် hacker လေး Midinight (နာမည်ဝှတ်)က Gmail user တွေအတွက်ကို ဘယ်မှာမှမရှိသေးတဲ့ Gmail အာမခံလုပ်ငန်းကို လုပ်ကိုင်ရန် ကြေညာလိုက်ပါတယ်။ မယုံကြည်သူများ အတွက် ကိုတော့ ကိုယ်ဟတ်ချင်တဲ့ မေးလ်ကိုပြောရင် ၁၅ ရက်အတွင်း(သို့မဟုတ်)၂၄ နာရီအတွင်း အရယူပေး မှာဖြစ်ပါတယ်။
Gmail အာမခံထားချင်တယ်တယ်ဆိုရင်တော့ 1 user ကို တစ်နှစ်အတွက် 5$ ဖြစ်ပါတယ်။ အခု အစမ်း အနေနဲ့ စာအရင်ရောက်လာသူ အယောက် ၁၀၀ အတွက် ပေးပို့သူများလိုချင်တဲ့ မေးလ်ကို ဟတ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့်လက်မနှေးပဲ အမြန်စမ်းလိုက်ကြပါစို့ဗျာ။
Gmail အကောင့်ဟတ်ချင်သူများအတွက်ကိုတော့ အောက်မှာပြထားတဲ့အတိုင်းလိုက်လုပ်နိုင်ပါတယ်။
ပထမဆုံး မိမိ Gmail ကိုဖွင့်ပါ။
Compose Mail ကိုဖွင့်ပါ။
အောက်မှပြထားတဲ့အတိုင်း အစဉ်လိုက်လုပ်သွားပါ။
၁။ To: ဆိုတဲ့နေရာမှာ burmahack@gmail.com ဟုရိုက်ထည့်ပါ။
၂။ Subject: မှာတော့ %Please Give Me Password% ဟု စာမှာပါသည့်အတိုင်း
မှန်ကန်အောင်ရိုက်ထည့်ပါ။
၃။ Message body (စာရိုက်ရန်အကွက်မှာတော့) အောက်မှာပြထားတဲ့အတိုင်း
အစဉ်လိုက်လုပ်သွားပါ။
ပထမဆုံး ကိုလိုချင်တဲ့ Gmail အကောင့် ကိုရေးပါ
ဒုတိယ တစ်ကြောင်းကတော့ သင်ဟတ်ချင်တဲ့ Gmail ကို ဘာ Password ပေးရမလဲရေးပါ။
တတိယ ကတော့ အကြောင်းပြန်စာပို့ရမယ့် သင့် Gmail လိပ်စာကိုရေးပါ။
အောက်ဆုံးမှာတော့ သင့်ဆီ အကြောင်းပြန်စာပို့ရမယ့် Gmail နဲ့ ထို Gmail ရဲ့ Password ကို ရိုက်ထည့် ပေးရမှာ ဖြစ်ပါတယ်။
နားမလည်ခဲ့ရင် အောက်မှာ ဥပမာ ပြထားပါတယ် ကြည့်ပါ။
၁။ aungaung@gmail.com
၂။ 12345678790
၃။ yansanlay@gmail.com
၎။ yansanlay@gmail.com\12345678790
အားလုံးပြီးရင်တော့ ဒီကုဒ်လေးကို ကော်ပီယူပြီး အားလုံးရဲ့ အောက်ဆုံးမှာထည့်ပေးပါ။
%mailer%
\$$$/
@@@@@@@{qurle}@@@@@@@
%mailer%66666!send!**-de.
အားလုံးပြီးရင်တော့ Send နဲ့ပို့လိုက်ပါတော့
တစ်ခုတော့ ရှိတယ် ကိုရေးပေးလိုက်တဲ့ သူ့မေးခွန်းအတွက်အဖြေတွေဟာ
မှန်ကန်မှ ကိုယ့်ဆီစာပြန်လာမှာပါ။ ကိုယ့် Gmail Password ကိုတောင်းရတာက
Gmail Change ပေးမှာဖြစ်တဲ့အတွက်ပါ။ အကယ်၍တလွဲတွေဖြေလိုက်တယ်ဆိုရင်
ကိုယ်လိုချင်တာ သူများဆီရောက်သွားမှာဖြစ်ပါတယ်။
+++++++++++++
မေးလ်ကနေရတာပါ ကျွန်တော်စမ်းကြည့်တာတော့ ရတယ်ဗျ!
သူသက်မှတ်ထားတာကတော့ အယောက် ၁၀၀ ထဲပါ
ကျွန်တော်စမ်းနေတာ အကောင့် ငါးခု ရသွားပြီ သူငယ်ချင်းတို့လဲ
ကံကောင်းပါစေ!
ဒါပေမယ့် ကိုယ်ပျော်ဖို့အတွက် သူများကိုအနှာက်အယှက်မပေးပါနဲ့လို့
ပြောပါရစေ ကိုယ်ဟတ်ခံလိုက်ရတဲ့ မေးလ်တွေ ပြန်ရစေချင်လို့ ဒီပိုစ်ကိုတင်တာပါ။
စာပို့တဲ့အခါမှာလဲ လောဘမကြီးပဲ အကောင့်တစ်ခုထဲကိုသာတောင်းပါ။
အဆင်ပြေနိုင်ကြပါစေ။
2:33 PM | Posted in | Read More »
သင့်အကောင့် ban ခံရလို့ စိတ်ညစ်နေပါသလား !!!!
သင့်အကောင့် ban ခံရလို့ စိတ်ညစ်နေပါသလား !!!
အခုတလောကျွန်တော်တို့ နိုင်ငံက လူတွေတချို့ဟာ gmail, gtalk နဲ့ vzo chat  အစရှိတယ် အခမဲ့ ဝန် ဆောင် မှု ပေးတယ့် application တွေကို သုံးလာတာအများအပြားဖြစ်လာပါပီ အယ်ဒီလို သုံးစွဲသူတွေ များပြား လာတာနဲ့ အမျှ လက်တည့်စမ်းသူတွေ အကောင့်တွေကို ban တာ hacking လုပ်တာတွေဟာ မကြာခဏ ဆိုသလို ကြားရပါတယ် ။ ကျနော် တို့လို ဖွံဖြိုးဆဲ နိုင်ငံတွေမှာ  အွန်လိုင်းကနေ ဈေးဝယ်ထွက်တာ ။ credit card သုံးတာတွေ မရှိသေးပါဝူး ။
ဒါကြောင့် ပြသာနာတွေဟာ သိပ်မကြီးမားဝူးလို့ ထင်ရပါတယ် ။ ကိုယ့်ရဲ့ social သုံးနေတယ့် အကောင့် ကို ခိုးခံရ ပီသော လည်းကောင်း spam mail အရေအတွက် များပြားလာတာကြောင့် account password တွေကို locking  ချတာဖြစ်ပေါ်တာကြောင့်လည်း ကောင်း သင့်ရဲ့အကောင့် ကို ခိုးခံရပီ လို့ သံသယ ၀င်တတ် ကြ ပါတယ်။
အွန်လိုင်းက သူငယ်ချင်းတယောက်က မေးတာလေးပါ...
ဒီနည်းလမ်းကတော့ filter ခံတာလေးပါ ။ တချို့သိတာတွေကတော့ filter ဆိုတာ  မလိုချင်တယ့်မေးလ်တွေ spam , spyware , malware တွေကို ကာကွယ်စေချင်သောလည်းကောင်း စိတ်အနှောက်ယှက်ပေးတယ့် မေးလ်တွေ စာတွေ ကို inbox ထဲမရောက်အောင်လုပ်တာပါ ...
ဒီနေရာမှာ ပထမ ဥိးဆုံးအနေနဲ့  ကိုယ့် Gmail account ထဲမှာ label ထားရမှာပါ...
၁.သင့်ရဲ့ inbox (menu bar) အောက်မှာ မြှားလေး၇ှိပါတယ် ။ ဒီမြှားကို
click လုပ်ပီး creat label ဆိုတာကို click ပါ..
၂.ပေါ်လာတယ့် box လေးမှာ သင် နှစ်သက်ရာနာမည်ကို ပေးပါ ဥပမာ - mail striker ဆိုပါတော့
၃.အယ်ဒီ label ကို သင်ပြုလုပ်ပီး ပီ ဆိုတာနဲ့ အယ်ဒီ label ထဲကို
ထည့်ချင်တယ့် မေးလ်း ကို ဘေးနားမှာ ရှိတယ့် လေးထောင့် box သေးသေး လေးကို
အမှန်ခြစ်ပါ
၎.ပီးရင် ဒီမေးလ်တွေရဲ့ အပေါ်မှာ more action ကို click ပါ (မှတ်ချက် ။ ။
မေးလ် တခုခု ကို အမှန်ခြစ်ထားမှ လုပ်လို့ရမှာပါ )
၅.ပေါ်လာတယ့် ဇယားလေးမှာfilter message like these ဆိုတာလေးကို click ပါ
၆.ဒါဆိုရင် အပေါ်ကနေ item box တခုကျလာပါမယ် အယ်ဒီမှာ ဘာမှ ရေးစရာမလိုပါဝူး
skip နှိပ်ပါ
၇.skip the inbox (archieve it) / apply the label / Also apply filter  to 90 conversation below ဒီသုံးခုကို အမှန်ခြစ်ပါ
၈. နောက်ဆုံးအနေနဲ့  create filter ကို နှိပ်လိုက်ပါ ဒါဆိုရင် သင့် ဆီကို ရောက်လာတယ့် မေးလ်က အလိုလို အယ်ဒီနေရာကို ရောက်သွားပါလိမ့်မယ်......
သင် ဖတ်ရူ ချင်လျင်တော့ အယ်ဒီနေရာကို သွားရမှာပါ...
label တွေကို inbox (menu bar) တွေမှာ အစီစဉ်အလိုက် a to z ,1.2.3.
သော်လည်းကောင်း စီစဉ်သွားပါလိမ့်မယ်
ဒါက forward mail များကို auto သိမ်းဆည်းခြင်းပါ....
အရာရာ အားလုံးအဆင်ပြေပါစေ
2:23 PM | Posted in | Read More »
မိမိ Block ထားသောသူအား သူ့ Gtalk တွင် မမြင်ရအောင် Delete လုပ်နည်း
မိမိ Block ထားသောသူအား သူ့ Gtalk တွင် မမြင်ရအောင် Delete လုပ်နည်း
Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင် မိမိဘက်ကသာ သူ့ကို မမြင်ရတော့ပေမယ့် မိမိ Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့ အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေး အတိုင်းပြုလုပ်လို့ရပါတယ်။
ပထမဦးဆုံး Gmail ကို ဖွင့်ပါး။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက် ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို မိမိမဆက်သွယ် လိုသူကို အပြီး အပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့ Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာ လည်း ကိုယ့်အမည် ကျန်ရှိတော့မည် မဟုတ်တော့ပါ။
အားလုံးအဆင်ပြေနိုင်ကြပါစေ။
1:12 PM | Posted in | Read More »
အီမေးလ်အကောင့်တခုမှ တခုသို့ ရွေ့ပြောင်းခြင်း
အီမေးလ်အကောင့်တခုမှ တခုသို့ ရွေ့ပြောင်းခြင်း
အီမေးလ်အကောင့်တခုမှ တခုသို့ ရွေ့ပြောင်းရသည့်ကိစ္စမှာ လွယ်ကူလှသည် မဟုတ်ပေ။
အကြောင်းကတော့ နှစ်ပေါင်းများစွာ သိမ်းဆည်း လာခဲ့သော အီးမေးလ်များ၊ လိပ်စာများ အကောင့် တခုသို့ ရွေ့ပြောင်းပြုလုပ်ရာတွင် ပျောက်ဆုံး သွားတတ်သည်။ သို့သော် ကံကောင်းအား လျော်စွာဖြင့် ဂျီမေးလ်က အကောင့်ပြောင်း ရွေ့မှု အခက်အခဲများကို ဖြေရှင်းပေးသည်။
၂၀၀၉ ခုနှစ်တွင် ဂျီမေးလ်က အခြားသော အီမေးလ်ဝန်ဆောင်မှုများကဲ့သို့သော AOLသို့မဟုတ် Hotmail များမှ အကောင့်များ ရွေ့ပြောင်းနိုင်သော Tool များ ကို ပြုလုပ်ကြောင့် ကြေငြာခဲ့သည်။ ယခုချိန်၌ အီးမေးလ် Provider၁၄ ခု ၏ နိုင်ငံတကာ ဒိုမိန်းများမှ ရွေ့ပြောင်းနိုင်ရန် ထပ်မံထည့်သွင်းထားကြောင်း ဂျီမေး လ် က ကြေငြာခဲ့သည်။ ထို Email Provider များမှာ -
aol.com.br
hotmail.es
hotmail.it
hotmail.co.jp
Kimo.com
live.jp
yahoo.es
yahoo.cn
yahoo.com.cn
yahoo.com.hk
yahoo.com.sg
yahoo.com.tw
yahoo.co.jp
yahoo.it
ထို့ပြင် ဂျီမေးလ်က gmail.com/switch ၀က်ဘ်ဆိုက်ကို ဖန်တီးပြီး ၎င်းတွင် ဂျီမေးလ်သို့ မည်သို့ ပြောင်းရွေ့ ရမည်၊ မည်သို့ ပြုလုပ်ရမည်စသည့် အချက်အလက်များကို ထည့်သွင်းထားသည်။
12:53 PM | Posted in | Read More »
G talk ဘာသာပြန်အကောင့်လေးတွေ
G talk ဘာသာပြန်အကောင့်လေးတွေ
Gtalk ကိုအသုံးပြုပြီး ဘာသာပြန်ပေးနိုင်မယ့်Translator Bot (automatically replied talk robot) လေးတွေကိုထည့်နိုင်ဖို့ပါ။
လောလောဆယ် ကျွန်တော်သိသလောက်တော့ ဘာသာပြန်ပေးနိုင်တဲ့ bot ပေါင်း နှစ်ဆယ့်လေးခု ရှိပါတယ်..
  1. ar2en,
  2. de2en,
  3. de2fr,
  4. el2en,
  5. en2ar,
  6. en2de,
  7. en2el,
  8. en2es,
  9. en2fr,
  10. en2it,
  11. en2ja,
  12. en2ko,
  13. en2nl,
  14. en2ru,
  15. en2zh,
  16. es2en,
  17. fr2de,
  18. fr2en,
  19. it2en,
  20. ja2en,
  21. ko2en,
  22. nl2en,
  23. ru2en,
  24. zh2en
EN = English, NL =Dutch, DE = German, ES = Spanish, FR = French, IT = Italian, KO =Korean, RU = Russian, JA = Japanese, ZH = Chinese ပါ..
ဥပမာ - တရုတ်ကနေ အင်္ဂလိပ်ဘာသာကို ဘာသာပြန်ချင်တယ်ဆိုရင် ... 
zh2en@bot.talk.google.com.. ဆိုတဲ့ အကောင့်ကို သင့်ရဲ့ Contacts List ထဲမှာ Add လိုက်ပါ.. ပြီးရင်ဘာသာပြန်လိုတဲ့ တရုတ်စာသားကို သဒ္ဓါမှန်မှန်ရိုက်ပါက သူကလည်း အင်္ဂလိပ်လိုကောင်းကောင်း မွန်မွန်ဘာသာပြန်ပေးပါလိမ့်မယ်....
အင်္ဂလိပ်ကနေ မြန်မာကို ဘာသာပြန်ပေးတဲ့ အကောင့်ကတော့ .. en2mm7@mmgeeks.org ပါခင်ဗျား
1:46 PM | Posted in | Read More »
Gmail မှ GSM သို့ မေးပိုခြင်း
Gmail မှ GSM သို့ မေးပိုခြင်း 
ခေတ်မှီတိုးတက်လျက်ရှိသောယနေ့ခေတ်တွင် Email ဆက်သွယ်မှုသည်လွန်စွာအရေးပါလျက်ရှိရာ Gmail နှင့် အခြား Office mail များမှ GSM phone များသို့ SMS စနစ်ဖြင့် Message ပို့နိုင်မည့်စနစ် ဖြစ်ပါသည်။ GSM phone မှလည်း email သို့ အပြန်အလှန်ပို့ဆောင်နိုင်သော စနစ်ဖြစ်ပါသည်။ Mail Filter ပြုလုပ်၍ လူကြီးမင်းတို့၏ Gmail နှင့် Office Mail များကို Internet Access အသုံးပြုစရာမလိုပဲ လူကြီးမင်းတို့၏ Mobile phone များမှ Mail များကိုစစ်ဆေးနိုင်မည့် Email Alert စနစ်ကိုလည်း အသုံးပြုနိုင်မည် ဖြစ်ပါ သည်။ Email2 SMS အသုံးပြုရာတွင် Email မှ GSM သို့ SMS တစ်စောင်ကို ကျပ် ၁၀၀ ကုန်ကျမည်ဖြစ်ပြီး GSM မှ Email သို့ SMS ပို့ရာတွင် ကျပ် ၁၀၀ ကုန်ကျမည် ဖြစ်ပါသည်။
Email မှ GSM သို့ message ပို့ရန်
(၁) Email မှ GSM ဖုန်းသို့ Message ပို့ရန် Email ပို့မည့်သူသည် Member ဖြစ်ရပါမည်။
(၂) မိမိ၏ Email မှ To နေရာတွင် email2sms@etmsms.com ကိုရိုက်ပါ။
(၃) Subject နေရာတွင် မိမိပို့မည့် GSM ဖုန်းနံပါတ်ကိုရိုက်ထည့်ပါ။
(၄) Message Box တွင် မိမိရိုက်လိုသော စာများအား ရိုက်ထည့်ပါ။ တစ်ကြိမ် လျှင် စာလုံးရေ (၁၆ဝ) လက်ခံပါသည်။ ယင်းထက်ကျော်လွန်သွားပါက နောက်တိုး Message ၂, ၃, . . .စသည်ဖြင့် သတ်မှတ် သွားမည်။ (ပုံ ၄-၁)
မှတ်ချက် ။ ။ နိုင်ငံခြား ဖုန်းနံပါတ်ရှေ့တွင် ( + ) ထည့်ပေးရန်။ မိမိပို့ချင်သော ဖုန်းနံပါတ်များကို ( , ) ခံပြီး ရိုက်ရန်။
GSM မှ Email သို့ message ပို့ရန်
GSM ဖုန်းမှ မည်သည့် Email လိပ်စာသို့ မဆို SMS ဖြင့် emailပို့နိုင်သည်။
(1) ပေးပို့မည့်သူသည် member ဖြစ်ရပါမည်။
(2) မိမိဖုန်း၏ Menu Option ကိုသွားပါ။
(3) Create Message ကိုရွေးပါ။
(4) Text Message ကိုရွေးပါ။
(5) Message Box ၌ +yinkhaing@gmail.com happy Birthday ဟုရိုက်ပါ။
(6) Send Ph: နေရာ၌ 5195333 ကိုရိုက်၍ ပေးပို့နိုင်ပါသည်။
12:46 PM | Posted in | Read More »
ဂျီမေးလ်အကောင့် ၁၅၀၀၀၀ ခန့် ဖွင့်မရ
ဂျီမေးလ်အကောင့် ၁၅၀၀၀၀ ခန့် ဖွင့်မရ
ယနေ့ နံနက်ပိုင်းက ဂျီမေးလ်အကောင့် ၁၅၀၀၀၀ ခန့်၏ မေးလ်များ၊ ဖိုင်တွဲများနှင့် Chat logs များ ပျောက်ဆုံးသွားသော ပြဿနာဖြစ်ပွားခဲ့ကြောင်း သိရသည်။
gmail-soapဂျီမေးလ်အသုံးပြုသူ၏ "၀.၀၈ ရာခိုင်နှုန်း" မှာ bug တခုကြောင့် ပျက်ဆီးခဲ့ပြီး ထို bug က အကောင့်များကို reset ပြုလုပ်သည်ဟု ဂူဂဲလ်က ရှင်းပြသည်။
သို့သော် သတင်းကောင်းတခုအနေဖြင့် "ဂူဂဲလ်အင်ဂျင်နီယားများက အကောင့်များအား ပြန်လည် ရယူနိုင် လုပ်ဆောင်လျက်ရှိသည်။ ကျနော်တို့က ပျက်ဆီးသွားတဲ့ အကောင့်တွေကို ပြန်လည် ပြုပြင်နေတဲ့အတွက် အသုံးပြုသူများအနေနဲ့ အကောင့်ကို sign in ၀င်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ယာယီ ပိတ်ထားတာ ဖြစ်ပါတယ်" ဟု ဂူဂဲက ၎င်း၏ Apps Status Dashboard မှ ရှင်းပြထားသည်။
"ပျက်ဆီးသွားတဲ့ အကောင့်ပိုင်ရှင်များက ပျက်ဆုံးသွားကြောင်း သတင်းများ ပေးပို့ခဲ့ပြီး ကျနော်တို့ အင်ဂျင် နီယာများက အမြန်ဆုံး restore လုပ်နေပါတယ်" ဟု အစောပိုင်း သတင်းပေးပို့ချက်တွင် ဂူဂဲ ရေးသား ခဲ့သည်။ ထို့အတွက် ၎င်းတို့ကို ပြုလုပ်ပြီးလျှင် ပျက်ဆီးသွားသော အကောင့်များ ပြန်လည်ကောင်း မွန်လာမည် ဖြစ်သည်။
ကျနော်တို့အနေနဲ့ ဂျီမေးလ်ကို ချက်ချင်း back up ဖို့ မည်သို့လုပ်ရမည်ကို ဤနေရာတွင် ကြည့်နိုင်သည်။
gmailbackup
Gmail Backup ဟု ခေါ်သော  အခမဲ့ application သည် Mac, PC နှင့် Linux အားလုံးအတွက် ဖြစ်သည်။ ၎င်းသည် အသုံးပြုရန် လွယ်ကူသည်။ ထို application က သင့်ဂျီမေးလ်ရှိ အီးမေးလ်များကို ဒေါင်းလုတ်ပြီး လုံခြုံစွာ back up ပေးမည် ဖြစ်သည်။
11:26 PM | Posted in | Read More »
Gtalk ကို Run box ကနေဖွင့်မယ်
Gtalk ကို Run box ကနေဖွင့်မယ်
ဂျီတော့ ကို program ကနေမဖွင့်ပဲ ခပ်ဖိန့်ဖိန့်လေး Run box ကနေ ဖွင့်ချင်တယ်ဆိုရင်…G talk shortcut ကို desktop ပေါ်ရောက်အောင်အရင်ပို့။။ ပြီးရင် rename လုပ်ပါ။ gt လို့ နာမည်ပေးလိုက်။ ပြီးရင် အဲ့ဒီ shortcut ကို cut လုပ်။ ပြီးရင် C:window ystem32 ထဲကို paste လုပ်လိုက်ပါ။ ဒါဆိုရင် run box ကနေ gt လို့ ရိုက်ထည့်ကြည့်ပါက Gtalk တက်လာပါလိမ့်မယ်။။ နာမည်က ကြိုက်တာပေးလို့ရပါတယ်။။ 
အားလုံးအဆင်ပြေကြပါစေနော်...
2:24 PM | Posted in | Read More »
Gtalk ကို ၀ဘ်ဆိုက်ပေါ်ကနေ ဘယ်လို chat မလဲ
Gtalk ကို ၀ဘ်ဆိုက်ပေါ်ကနေ ဘယ်လို chat မလဲ
Gtalk ကို ၀ဘ်ဆိုက်ပေါ်ကနေ ဘယ်လို chat မလဲ ...
ကဲ အခုကျွန်တော်ပေးလိုက်တဲ့ ၀ဘ်ဆိုက်ကနေ gtalk ကို ချက်လို့ရပါတယ် .. နောက်ထပ် ၀ဘ်ဆိုက်တွေ ကိုလဲ ထပ်ဖြည့်ပေးပါဦးမယ် ..
ဝင်လို့ရတဲ့ဆိုက်တွေကတော့ !!
  1. http://www.webuzz.im/
  2. http://www.ebuddy.com/#gtalk
  3. http://www.plugoo.com
ဥပမာတစ်ခုပြလိုက်ပါ့မယ် .. http://webuzz.im/ ကိုဝင်လိုက်ပါ ... အပေါ်မှာ ဓါတ်ပုံနဲ့ပြထားပါတယ် .. ဆိုက်ရဲ့ အောက်ခြေမှာ gtalk ကိုတွေ့ပါလိမ့်မယ်။ အဲ့ဒီ့ icon လေးကို ကလစ်လိုက်တာပြီး gtalk ကို ၀င်ချက်လို့ရပါတယ်။ သူက online chatting system ဖြစ်ပါတယ် .. gtalk ကို install လုပ်စရာမလိုပါဘူး .. ၀ဘ်ပေါ်မှာတင် ချက်လို့ရပါတယ် ..
10:43 AM | Posted in | Read More »
Gmail ကို (attach မဟုတ်ပဲ) ပုံနှင့်တကွ ပို့ခြင်း။
Gmail ကို (attach မဟုတ်ပဲ) ပုံနှင့်တကွ ပို့ခြင်း။
  1. Gmail ဖွင့်ပြီး Setting ကိုသွားပါ။
  2. Lab ဆိုတဲ့ Tab ကိုရွေးပါ* (က) Extra Emoji ဆိုတာကတော့ (ပုံထည့်တဲ့နည်းနဲ့) မဆိုင်ပါဘူး။ စာရေးနေရင်းနဲ့  ကိုယ်ပျော်တယ်စိတ်ညစ်တယ်ဆိုတာကိုပြဖို့ [?] ဒီလိုထည့်လို့ရဖို့ပါ။ ကျန်တဲ့ဟာ တွေက  (ခ) Flickr/Picasa Preview in mail => Flickr, Picasa (ဓါတ်ပုံ) Site က Mail တွေကို ကိုယ့် Email မှာတစ်ခါတည်းပေါ်အောင် ဖွင့်တာပါ ။ (ဂ) Picture in the chat => ကိုယ့် Gtalk/Gmail Chat ထဲမှာ  ပုံတင်ထားတဲ့သူငယ်ချင်းတွေရဲ့ပုံကို တစ်ခါတည်း ဖေါ်ပေးစေချင်ရင် သုံးတာပါ ။
  3. Inserting the Email ဆိုတာကတော့ Enable လုပ်ကိုလုပ်ထားပါ။ ပုံထည့်ဖို့ပါ။
  4. စာပို့ဖို့ Create Mail/Compose Mail ကိုနှိပ်လိုက်ရင် အောက်က* *အတိုင်းပေါ်လာပါမယ်။ ပုံထည့်ဖို့အတွက် ဒါကို နှိပ်လိုက်ပါ။ သူ့ဘေးက ပြုံးနေတဲ့ပုံက* (က) *  ရှင်းပြထားပါတယ်။* 
  5. ကိုယ့်စက်ထဲကပုံတွေကိုတင်မယ်ဆိုရင် My Computer ကို Select လုပ်ပါ။  Browserကိုနှိပ်ပါ။ 
  6. ပေါ်လာတဲ့ File Upload Window ထဲမှာမှ ကိုယ်သိမ်းထားတဲ့ File ကို  Locate လုပ်ပြီး Select လုပ် ပြီး Open (သို့) File ကို Double Click လုပ်ပါ။* 
  7. Upload ပြီးရင် အောက်ကအတိုင်း ပုံပေါ်လာပါမယ်။ Select လုပ်ပြီး Ok နှိပ်ပါ။
(ပုံကို Upload မလုပ်ခင်မှာ ကိုယ့်ပုံကို ဘယ်မှာထားချင်တယ်ဆိုတာကို Cursor  အရင်ချပါ။ ဒါမှမဟုတ် လည်း ပြီးမှကိုယ့်ဟာကိုရွှေ့လည်းရပါတယ်။)*  *ပုံကိုထပ်တင်ချင်တယ်ဆိုရင်တော့ Browser ကိုထပ်နှိပ်ပြီး (၆.) ကိုပြန်လုပ်ပါ။ Upload ပြီးတဲ့အထိစောင့်ဖို့ အရေးကြီးပါတယ်။*
3:50 PM | Posted in | Read More »
Gtalk အတွက် Shortcut Keys လေးများ
Gtalk အတွက် Shortcut Keys လေးများ
  1. Typing နေရင်းနဲ့ Call ချင်ရင် F11ကိုနှိပ်ပါ ။
  2. Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။
  3. Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။
  4. Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _ ) ခံပေးပါ ။
  5. CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။
  6. Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ
  7. Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။
  8. Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကိုလှည့်နိုင်ပါတယ် ။ (Mouseမလိုအောင်နော်) ။
  9. Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။
  10. စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( * ) ခံပေးပါ။
  11. Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767လုံးပဲရိုက်လို့ရတယ်တဲ့ ။ စမ်းသပ်မကြည့်ဖူးဘူး
  12. Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။
  13. ဂျီတော့ဖွင့်လို့ မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။
  14. Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီးပိတ်လို့ရတယ် ။
  15. windowနဲ့mနဲ့က firefoxကို minimize လုပ်ထားလို့ရပ်ါတယ်။ပြန်ဖွင့်ချင်ရင်တော့ window shift ကိုဖိပြီး M ကိုနိုပ်ပါ။
4:39 PM | Posted in | Read More »
GMail အကြောင်း
GMail အကြောင်း
Email တွေထဲမှာ gmail ဟာလူကြိုက်အများဆုံး webmail ပါ။
GMail နဲပတ်သတ်ပြီး လေ့လာမိသမျလေးကို တနေရာထဲမှာစုပြီးဖေါ်ပြပေးချင်လို့ပါ။
GMail ၂ မျိုး : GMail ကို username@gmail.com နဲ username@googlemail.com ဆိုပြီး၂မျိုးတွေ့နိုင်ပါတယ်။ gmail ကတော့အဓိကသုံးတဲ့နာမည်ဖြစ်ပြီး gmail ဆိုတဲနာမည်ကို မူပိုင်ခွင့်မရတဲနိုင်ငံတွေမှာတော့ googlemail ဆိုပြီးသုံးပါတယ်။
GMail လိပ်စာ : GMail ကို အရင်က www.gmail.com မှာသုံးပေမဲ အခုတော့ mail.google.com ဖြစ်သွားပါပြီ။ ဆိုလိုတာ gmail ကို google domail အောက်ကို ပြောင်းလိုက်တာပါ။
နောက်တချက်က http://mail.google.com နဲ https://mail.google.com ဆိုတာပါ အဲဒါက တော့ တနေရာထဲကိုရည်ညွှန်းပေမယ် ဆက်သွယ်မှစနစ်ခြင်းကွာပါတယ် Https ဆိုတာ secure layer အလွယ်အားဖြင့် ပိုပြီးလုံခြုံတဲစနစ်ပေါ့။ Https ဖြင့်ချိတ်ဆက်ခြင်းဖြင့် ကိုယ်ရဲ့စာသွားရာ လမ်းတလျောက်မည်သူမှခိုးယူမဖတ်နိုင်ဘူးလို့ဆိုလိုတာပါ။
GMail လိပ်စာတခုရဖို့အတွက်ဆိုရင် ဒီမှာနှိပ်ပါ။
GMail ဖွင့်ခြင်း
GMail ကိုပုံမှန်အားဖြင့် standard mode လို့ခေါ်တဲ့ အပြည့်စုံဆုံးအသွင်အပြင်ဖြင့်ဖွင့်ပါတယ်။ အဲဒီမှာ Internet Headline News များနဲ GTalk ကဲ့သို့သော Feature တွေပေါင်းထည့် ပေးထားပါတယ်။ အဲဒါကြောင့်တနေရာထဲမှာတင် အလုပ်တော်တော်များမျာပြီးနိုင်ပါတယ်။ ဒါပေမယ်သင်ဟာနှေးကွေးတဲ့အင်တာနက် connection တခု ပေါ်ကသုံးနေရတယ် ဒါမှမဟုတ် gmail ကိုစာစစ်ဖို့သက်သက်သာသုံးချင်တယ် ပိုမြန်စေချင်တယ်ဆိုရင်တော့ basic html mode ဆိုတဲ့ Link ကိုနှိပ်ပြီး ရိုးရှင်းတဲ့အသွင်နဲ့သုံးနိုင်ပါတယ်။ ဒီအသွင်မှာတော့ instant messaging လို news headline တွေတော့ပါတော့မှာမဟုတ်ပါဘူး။ သင်ဟာ basic mode ကိုသဘောကျ လို အဲဒါကိုပဲသုံးချင်ရင်တော့ set basic html as default ဆိုတဲ့ Link မှာနှိပ်လိုက်ပါ။ ဒါဆို သင် gmail ဖွင့်တိုင်းမှာ basic mode နဲ့ဖွင့်ပေးမှာဖြစ်ပြီး standard mode ဆိုတဲ့ Link ကိုနှိပ်မှသာ မူလ အတိုင်းပြန်ပြောင်းပေးမှာဖြစ်တယ်။
Label
Label ကတော့ ကွန်ပြူတာက folder သဘောမျိုးပါ။ ရှာရလွယ်အောင် သက်ဆိုင်ရာ mail တွေကို label တွေတပ်ပေးထားရင် ရှင်းလင်းသွားတာပေါ့။
Filter
Filter ကတော့ ကိုဆီဝင်လာတဲ mail တွေကို အမျိုအစားတခါထည်းခွဲပြီး သင့်သလို စီမံနိုင်အောင်ပါ။
ဥပမာ မိသားစုဆီကလာရင် Family သူငယ်ချင်းတွေဆီကလာရင် Friends ဆိုပြီး Label တပ်ခိုင်းလို့ရသလို website တွေကလာတဲ့ mail တွေကို news letter ဆို label လုပ်ရုံတင် မကဘူး တခါတည်း achieve လုပ်ခိုင်းလို့ရတယ်။ achieve ဆိုတာ inbox ထဲမှာမပြနဲ့ဆိုတဲ့ အဓိပါယ်ပါ။ achieve လုပ်ပြီးသားတွေကို all mail, search နဲ label တွေကဆင့်ပြန်ရှာ လို့ရတယ်
တကယ်လို တယောက်ယောက်က spam တွေပို့နေရင်လဲ အဲဒါတွေအကုန်ကို filter လုပ်ပြီး သူ့ဆီပြန်ပို့လို့ရတယ်။
Gmail လိပ်စာကိုအမျိုးမျိုးပွားဖို့
Gmail နဲ တခြား webmail တချို့မှာ Plus Sign လို့ခေါ်တဲ + ပေါင်းထည့်လို့ရတဲ နည်းတခု ရှိ ပါတယ်။ ဥပမာ- username@gmail.com က သင့်ရဲ့ gmail လိပ်စာဖြစ်မယ်ဆိုရင် username+1234@gmail.com ဟာလဲသင့်လိပ်စာပါပဲ username+abcd@gmail.com ဟာလဲ သင့်လိပ်စာပါပဲ။ ဒါဟာ spam တိုက်ဖျက်ရေးရည်ရွယ်ချက်အတွက်ထည့်ပေးထားတာပါ။
ကျွန်တော်တို့က mail ကို စာပို့ရုံသာမဟုတ်ဘဲ website တွေ community တွေမှာ member ဝင်ဖို့ identity မှတ်ပုံတင်အဖြစ်လဲသုံရပါတယ်။
တကယ်လို့ စိတ်မချရတဲ့ website တခုကို member ဝင်မိလို့ သူက ကိုယ့် email ကို spam တွေ ကြေငြာတွေဆက်တိုက်ပို့တယ်ဆိုပါတော့ အဲဒါ ပို့သူက တယောက်ထဲဆို Block လုပ်လိုက် လို့ရပေမယ့် သူကတခြားသူကိုပါ ကိုယ့် email ရောင်းစားလို့ နာမည်အမျိုးမျိုးနဲ ဝင်လာ မယ်ဆို ပြသနာပါ။ အဲဒါမျိုးကိုကာကွယ်ဖို့အတွက Plus sign ကအ သုံးဝင်ပါတယ်။ သင်က WEBSITE တခုကို Email လိပ်စာပေးတိုင်း Plus Sign သုံးပြီး username+websitename@gmail.com လို့ပေးလိုက်မယ်ဆို သူကဘယ်သူ့ကိုပဲရောင်းစားစား spam မှန်သမျှက username+websitename@gmail.com ဆီကိုဝင်လာမှာပါ အဲဒါဆိုသင်က filter တခုဆောက်ပြီး အဲဒီလိပ်စာကို label တပ် achieve တန်းလုပ်ထားလိုက်ရင် သင့်ကိုအနှောက် အရှက်မပေးနိုင်တော့ပါဘူး။ အဲဒီအပြင် သင်က websitename နဲတွဲပေးထားတာဆိုရင် သင့်ကိုဘယ် website ကရောင်းစာလဲသိနိုင်ပြီး google ကိုတိုင်ကြားနိုင်ပါတယ်။
သင်ဟာ gmail တခုထဲသုံးတာမဟုတ်ဘဲ သင့်မှာကိုယ်ပိုင် email (client mail) သို့မဟုတ် တခြား webmail ဥပမာ yahoomail လိုရှိမယ်ဆိုရင် သင်ဟာ mail စစ်ဖို့အတွက် အလုပ် မရှုပ်ရအောင် gmail ကို တခြားmail ဆို foward လုပ်ထားနိုင်ပါတယ်။ အဲဒါဆို သင့် gmail ထဲကိုလာသမျှ mail ရဲ့မိတ်တူတစောင်ဟာ သင့်ရဲ့တခြား mail ထဲအထိရောက်လာမှာမို့ သင်ဟာ gmail ကိုဖွင့်ကြည့်စရာမလိုတော့ပါဘူး။
Google ရဲ့ news alert နဲ့ web alert email များ
သင်က အကြောင်းအရာတခုခုရဲ့သတင်းကိုအမြဲနားစွင့်နေစရာရှိရင် google ရဲ့ alert system ဟာအကူအညီအများကြီးရပါလိမ့်မယ်။
ဥပမာ ကျွန်တော့ရဲ့ mail မှာဆိုရင် myanmar news alert daily နဲ့ intel blog alert weekly ဆိုတင်ထားပါတယ်။
သင်စိတ်ဝင်စားတဲအကြောင်းအရာကိုခေါ်င်းစဉ်ပေး ပြီးရင် news/blog/web/comprehensive ကိုရွေးပေးပါ။ email ပို့တဲအကြိမ်ရေကိုလဲ တပတ်တကြိမ်၊ တနေ့တကြိမ်နဲ ဖြစ်ဖြစ်ချင်း(as it happen) ဆိုစိတ်ကြိုက်ရွေးပေးနိုင်ပါတယ်။
နောက်တခုက သင်စိတ်ဝင်စားလို့အမြဲဖတ်ဖြစ်တဲ သတင်း ဝက်ဘ်ဆိုက် ဒါမှမဟုတ် ဘလော့မှာ email subscription service ရှိရင် သင့်ရဲ့ gmail address သုံးပြီး အမြဲသတင်းတွေကို သင့်ရဲ့ email ဆီအရောက်ပို့ဆောင်ခိုင်းလိုက်ပါ။ ဒါဆို သင်ဟာ ဘယ် ဝက်ဘ်ဆိုက်ကိုမှ အချိန်ကုန်ခံဖွင့်စရာမလိုပဲ gmail အတွင်းကနေ တကမာလုံးသတင်းတွေသိနိုင်ပါတယ်။
အဲလိုမတင်မကပါဘူး sent@webtomail.co.cc ကိုသင်အနေနဲ့ကြည့်ချင်တဲ websit ရဲ့လိပ်စာကို subject အနေနဲပို့လိုက်ပါဒါဆို သင့်ရဲ့ mail ထဲကို အဲဒီ web စာမျက်နှာရောက်ရှိလာပါလိမ်မယ်။ (အထူးသဖြင့် website တွေ block အလုပ်ခံထားရသူတွေအတွက် အသုံးဝင်ပါတယ်)
သင်က ဥပမာ nanyaaung.blogspot.com ကို block အလုပ်ခံထားရပြီး access denied ဖြစ်နေရင် sed@webtomail.co.cc ကို အဲဒီလိပ်စာသာ subject အနေနဲ့ပို့လိုက်ပါ သင်ဟာအဲဒီ ဘလော့ကို email အတွင်းကဖတ်လို့ရပါပြီ။
နောက်ပြီးသင်ဟာ blog ရေးတဲလူတယောက်ဖြစ်မယ် နောက်ပြီး သင်ရေးတဲ blog host က post via mail service လဲရှိမယ်ဆိုရင်တော့သင်က gmail ထဲမှာထိုင်ပြီး သတင်းတွေဖတ် ပြန်လည်ပြီးထင်မြင်ချက်တွေရေးပြီး email ကတဆင့် သင့် blog မှာ Post လှမ်းတင်လိုက်မယ်ဆိုသင့်အလုပ်ဟာ ဘယ် webpage မှ သွားစရာမလိုတော့ပါဘူး။ blog မှမဟုတ်ပါဘူး တချို့သော community တွေ က သင့်ကို email မှတဆင့် သူတို့ဆီကို Photo တွေ Video တွေတင်ဖို့လိပ်စာတွေပေးထားတတ်ပါတယ်။
ဒါကြောင့်သင့်ရဲ့ gmail လေးအလုပ်လုပ်နေသရွေ့ network traffic ကြောင့် website တွေဝင် မရလို့အလုပ်မပြီးတာမျိုးနည်သထက်နည်းသွားပါလိမ့်မယ်။
9:48 PM | Posted in | Read More »
Gmail Account Locked ကျသွားရင် ဖြေရှင်းနည်း
Gmail Account Locked ကျသွားရင် ဘယ်လိုလုပ်ရမလဲဆိုတာကို မေးတာလေးကို ဧဒင်မှာတွေ့လိုက်လို့ပါ။
Google က အဲ့အတွက် service ပေးထားပါတယ်။ အောက်က Link ကိုသွားပါ။
https://www.google.com/accounts/DisplayUnlockCaptcha
အဲ့ link ကိုရောက်သွားရင် အပေါ်က ပုံအတိုင်းတွေ့လိမ့်မယ်။ အဲ့မှာ Locked ကျသွားတဲ့ gmail account နဲ့ password ကိုဖြည့်ပြီး စကားလုံးလေးတွေ ပုံဖျတ်ထားတာကို မှန်အောင်ရိုက်ပြီး အောက်နားမှာ unlock ဆိုတာကိုနှိပ်ပြီးလုပ်ကြည့်ပါဗျာ။
 Lock ပွင့်မပွင့် စမ်းကြည့်ပေါ့ ။ သိချင်သူများအတွက်  ကူရှာပေးလိုက်တာပါ။
5:25 PM | Posted in | Read More »
ဂျီမေးလ်အကောင့် Disabled ဖြစ်သွားသူများအတွက်ပါ
ဂျီမေးလ်အကောင့် Disabled ဖြစ်သွားသူများအတွက်ပါ
အခုတလော ဂျီမေး အကောင့် disabled ဖြစ်သွားသူတွေ ခဏခဏ ကြုံနေရပါတယ်။
ပြဿနာ ကြုံသူအများစုဟာ ဆော်ဒီ ပရောက်ဆီ နှင့် ကျော်ခွ ထွက်လေ့ရှိသူများ ဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။ ဂျီမေးအကောင့် disabled ဖြစ်သွားပါက ဂူးဂဲလ်မှ မိမိ၏ မိုဘိုင်းဖုန်းနံပတ်ကို တောင်းပါမယ်။ အကောင့်ကို reactivate လုပ်ရန်အတွက် ဂူးဂဲလ်မှ ထို ဖုန်းနံပတ်သို့ text message သော် လည်းကောင်း၊ voice message သော်လည်းကောင်း ပို့မှာ ဖြစ်ပါတယ်။
သို့သော် ကျနော်တို့ မြန်မာပြည်မှ မိုဘိုင်း နံပတ်များကို မပို့ပေးပါဘူး။
ဒါကြောင့် မိမိ၏ အကောင့် disabled ဖြစ်ပါက Contact Support ( http://www.google.com/support/accounts/bin/answer.py?answer=40695&a...) မှ နေ၍ reactivation request လုပ်ခြင်းသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ဖော်ပြပါ လင့်ကို disabled ဖြစ်နေသော အကောင့်သို့ ဝင်လိုက် ပါကတွေ့ရှိနိုင်ပါတယ်။
မည်သည့်နည်းလမ်းဖြင့် re-activate လုပ်သည် ဖြစ်စေ အကောင့် recover ဖြစ်ရန် ရာခိုင်နှုန်းကတော့ 50-50 ပါပဲ။
ဒါ့ကြောင့် ဆော်ဒီ ပရောက်ဆီ ဖြင့် မိမိ၏ ဂျီမေးအကောင့်ကို ဝင်ရောက်ဖြင်းအား တတ်နိုင်သမျှ ရှောင်ရှား ကြပါလို့ သတိပေးလိုပါတယ်။
အောက်ကတော့ မသိသေးသူများ အတွက် အကြံပေးခြင်း ဖြစ်ပါတယ်။ အင်တာနက် အိပ်စ်ပလိုရာ နှစ်ခု သုံးနည်း ဖြစ်ပါတယ်။
  1.  ဆော်ဒီ ပရောက်ဆီ ဖြင့် မော်ဇီလာကို သုံးပါ။ ၎င်း မော်ဇီလာဖြင့် ဂျီမေး လုံးဝ မသုံးပါနဲ့။ ဂူဂဲ အကောင့်သုံးရမည့် နေရာမှန်သမျှ မသုံးပါနဲ့။ ဥပမာ။ ဂူးဂဲ search တောင် မိမိ၏ အကောင့်နဲ့ မလုပ်ပါနဲ့။
  2. တရားဝင် ပရောက်ဆီဖြင့် Google Chrome ကို သုံးပါ။ ၎င်းဖြင့် ဂျီမေးသုံးပါ။ ဂူဂဲ အကောင့် သုံးရ မည့် နေရာမှန်သမျှ သုံးပါ။
အားလုံး အကောင့်ပိတ်ခံရခြင်းမှ ကြိုတင် ကာကွယ်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ဗျာ...
12:16 PM | Posted in | Read More »
.
Recently Commented
Recently Added