ဖျက်လို့မရတဲ့ ဖိုလ်ဒါ ဆောက်ကြည့်ရအောင်

ဖျက်လို့မရတဲ့ ဖိုလ်ဒါ ဆောက်ကြည့်ရအောင်

NTFS စနစ်အသုံးပြုတဲ့ Windows XP, Win2000, Win7 နဲ့ Vistaတွေမှာ ဖိုင်နဲ့ ဖိုလ်ဒါတွေကို နာမည် ပေးတဲ့အခါ ကန့်သတ်ချက်တွေ ရှိပါတယ်။ Windows API ခေါ်တဲ့ ကွန်ပျူတာပရိုဂရမ်ရေးသားမှု အကန့် အသတ်တွေကြောင့် ဖိုလ်ဒါနဲ့ ဖိုင်တွေကို AUX, CON, NUL, COM1, LPT1 စတဲ့ အမည်တွေ အလွယ် တကူ ပေးလို့မရပါဘူး။

ဥပမာ-ကွန်ပျူတာမှာ ဖိုင်(သို့မဟုတ်)ဖိုလ်ဒါတစ်ခုကို AUX အမည်ပေးပြီး တည်ဆောက်ကြည့်ပါ၊ လုပ်လို့ မရတာတွေ့ရပါမယ်။

ဒီကန့်သတ်ချက်ကို အသုံးပြုပြီးတော့ ဖိုင်နဲ့ ဖိုလ်ဒါတွေတည်ဆောက်ထားနိုင်မယ်ဆိုရင် ၎င်းဖိုလ်ဒါနဲ့ဖိုင်တွေ ကို ဖျက်ပစ်လို့မရနိုင် တော့ပါ။

အထက်ကဖော်ပြခဲ့တဲ့ အမည်တွေနဲ့ ဖိုင်တွေ၊ ဖိုလ်ဒါတွေတည်ဆောက်မယ်ဆိုရင်တော့ DOS Command ကို အသုံးပြုပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။

Command prompt မှာ C:\>md C:AUX လို့ ဖိုလ်ဒါဆောက်ကြည့်မယ်ဆိုရင် Directory name is invalid. ဆိုပြီး AUX ဖိုလ်ဒါကို တည်ဆောက်မရကြောင်း ဖော်ပြပါလိမ့်မယ်။

အောက်ဖော်ပြပါအတိုင်း တည်ဆောက်ကြည့်မယ်ဆိုရင်တော့ တည်ဆောက်လို့ ရရှိသွားပါလိမ့်မယ်။

C:\>md \\.\C:AUX လို့ Command Prompt မှာ ရိုက်ပြီး Enterခေါက် လိုက်ပါ။ AUX ဖိုလ်ဒါကို တည်ဆောက်လို့ ရသွားမှာဖြစ် ပါတယ်။ နောက်ပြီး တည်ဆောက်ထားတဲ့ ဖိုလ်ဒါကို ဖျက်ကြည့်ပါ။ ဖျက်လို့ မရတာကို တွေ့ရပါလိမ့်မယ်။ AUX ဖိုလ်ဒါထဲကို တခြား ဖိုင်တွေကူးထည့်ကြည့်ပါ။ ကူးထည့်လို့ရတာတွေ့ ပါလိမ့်မယ်။

၎င်း AUX ဖိုလ်ဒါကို ဖျက်ချင်ရင်တော့ C:\>rd \\.\C:AUX ဆိုပြီး Command Prompt ကနေ ရိုက်ထည့်ပြီး ဖျက်ရမှာဖြစ်ပါတယ်။

အထက်ဖော်ပြပါနည်းနဲ့ ဖိုလ်ဒါတစ်ခုတည်ဆောက်ထားမယ်ဆိုရင် မျက်စိမှောက်ပြီး ဖိုလ်ဒါဖျက်ပစ်မိတဲ့ အမှားက ကင်းလွတ်နိုင် ပါကြောင်း.....

5:44 PM | Posted in | Read More »

မြန်မာပြက္ခဒိန် ကုဒ်ဒင်းအသစ် ဒီမှာယူပါ...

မြန်မာပြက္ခဒိန် ကုဒ်ဒင်းအသစ် ဒီမှာယူပါ...

မြန်မာပြက္ခဒိန် အွန်လိုင်းမှာ တောနင်းရှာဖွေရာက ကိုစိုးမင်း ပြန်ပြင်ရေးပေးထားတဲ့ Javascript လေးကို တွေ့ပါတယ်။ ပြန်ပြီး Sharing လုပ်လိုက်ပါတယ်။ Date တွေ တိုက်ကြည့်တော့ မှန်ပါတယ်။ ဒီကုဒ်ဒင်း လေးတွေကို ယူလိုက်ပါ။

ဘလော့ဂ်မှာ ဘယ်လိုထည့်ရမလဲဆိုရင်တော့ Layout ကိုသွားပါ။ Add a gadget ကိုသွားပါ. HTML/Javascript ကိုယူပါ။ ပြီးရင်တော့ ဒီအောက်က ကုဒ်ဒင်းလေးတွေကို ကော်ပီပေ့စ်လုပ်လိုက်ပါ. ဒါပါပဲ။

<script src="http://soemin.googlecode.com/svn/scripts/myanmar_calendar.js" type="text/javascript"></script>

မိမိတို့မှာ ရှိနေတဲ့ ပြက္ခဒိန် ကုဒ်ဒင်းလေးတွေကို ဒါလေးနဲ့ ပြန်အစားသွင်းလိုက်ရင် အဆင်ပြေသွားမှာပါ. ပိုပြီးတော့ အဆင်ပြေချင်ရင်တော့ ဒီ JS ဖိုင်လေးကို ဒေါင်းလုပ်ချလိုက်ပါ. ပြီးတော့ ကိုယ့်ဖာသာ အဆင်ပြေမယ့် Hosting site တစ်ခုခုမှာ ကိုယ့်ဖာသာပဲ Hosting လုပ်ပြီး လင့်ခ်လေးကို ထုတ်ယူလိုက်ပါ. ဒါဆိုရင် အများကြီးက ၀ိုင်းဆွဲလို့ Bandwidth Limit ကျော်သွားတာမျိုး မဖြစ်နိုင်တော့ပါဘူး.

ဒီမှာ ဒေါင်းလုပ်ချပါ။

File Hosting ဘယ်လိုလုပ်ရလဲဆိုတာ မသိသူများကတော့ ဒီတိုင်းပဲ သုံးချင်လည်းသုံးပါ. ဒါမှမဟုတ် ကိုယ်တိုင်ကိုယ်ကျ လုပ်ကြည့်ချင်ပါတယ်။ လေ့လာချင်ပါတယ်ဆိုရင်တော့ ဒီနေရာမှာ အပြည့်အစုံ ဆွေးနွေးရှင်းပြထားပါတယ်...

ဒီကုဒ်ဒင်းလေးကို Develop လုပ်ပေးတဲ့ မာ့ခ် (ခ) ကိုစိုးမင်းကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

10:04 AM | Posted in | Read More »

.

Recently Commented

Recently Added