မြန်မာနိုင်ငံ၏ ရေနံလုပ်ကွက်များတွင် ဥရောပကုမ္ပဏီများ ပါဝင်လျှောက်ထားမည်

အမေရိကန်က မြန်မာနိုင်ငံပေါ်ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများ ဖြေလျော့ပေးပြီး ကတည်း က မြန်မာနိုင်ငံ သည် ပထမဆုံးအကြိမ်အဖြစ် ရေနံရှာဖွေရေးအတွက် လိုင်စင်ချထားပေးရန် စီစဉ် လျက် ရှိသည်။ ပြည်တွင်း ရေနံ ကုမ္ပဏီတစ်ခုဖြစ်သော Parami Energy မှ အကြီးအကဲ ဦးကံထွန်း၏ အဆိုအရ ဥရောပကုမ္ပဏီများ သည် သေချာပေါက် စိတ်ဝင်စားမည်ဖြစ်ပြီး ပါဝင်ကြလိမ့် မည်ဖြစ်ကြောင်း သိရသည်။ သို့သော် အမေရိကန် ကုမ္ပဏီများသည် စိတ်ဝင်စားသော်လည်း ဥရောပကုမ္ပဏီ များနည်းတူ ပါဝင်လိမ့်မည် ဟုမဆိုနိုင် ဘဲ နောက် ထပ်ပြုပြင်ပြောင်း လဲမှုများ စောင့်ကြည့်ဖွယ် ရှိနေသည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ၏တင်ဒါခေါ်ယူမှုတွင် အနောက်နိုင်ငံမှ ကုမ္ပဏီတစ်ခုသာပါဝင်ခဲ့ရာ ဂျာမနီမှ Geopetrol ပါဝင်ခဲ့သည်။ ၎င်းသည် လုပ်ကွက်တစ်ခုကို လုပ်ကိုင်ခွင့်ရခဲ့ပြီး ကျန်လုပ်ကွက်များကို အာရှ ကုမ္ပဏီများမှ ရရှိခဲ့သည်။

ယခု ၂၀၁၂ တွင်မူ လုပ်ကွက်သစ် ၆ ခုနှင့် ယခင်နှစ်မှပြန်လာသော အကြမ်းဖျင်း(၁၀)ခု ပြန်လည် ပါဝင် မည်ဟု မျှော်လင့်ရသည်။

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များသည် အာမခံရှိသော လက္ခဏာဖြစ်သော်လည်း၊ အချို့ အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု(Corruption)မှာ ကျယ်ကျယ်ပြန့်ပြန့် နေရာ ယူနေသောကြောင့်
မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အများဆုံး နိုင်ငံများစာရင်းတွင် ရှိနေသည်။ မြန်မာနိုင်ငံ၏ နာမည်ကြီးနိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားကုမ္ပဏီများသည် အစိုးရပိုင်မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)အနေဖြင့် ၎င်း၏ စီးပွားရေးလုပ်ထုံး လုပ်နည်းများ တိုးတက်မှုမရှိမချင်း MOGE နှင့် ဖက်စပ်မလုပ်ကိုင်ရန် ပြောဆိုခဲ့သည်။ MOGE သည် ၎င်းတို့နှင့်  အတူ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက်တိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ပူးတွဲလုပ်ကိုင်ရမည်ဟု သတ်မှတ်ထားသည်။

အကယ်၍ အမေရိကန်အခြေစိုက်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ဒေါ်လာ(၅)သိန်းနှင့်အထက် ရင်းနှီးမြှုပ်နှံမည်ဆိုပါက နှစ်စဉ်လူ့အခွင့်အရေး၊ လုပ်သားများ အခွင့်အရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများပါဝင်သော နှစ်စဉ်အစီရင်ခံစာတင်ရန် လိုအပ်မည် ဖြစ်သည်။

(25 July 2012ရက်စွဲပါ Burma Campaign in Myanmar block auction ဆောင်းပါးကို ဘာသာပြန် ဆိုသည်)

6:27 PM | Posted in | Read More »

ကနေဒါ ကုန်သွယ်ရေးဝန်ကြီး စက်တင်ဘာလတွင်မြန်မာနိုင်ငံသို့သွားရောက်မည်

မြန်မာနိုင်ငံတွင် အဓိကပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် ကနေဒါနိုင်ငံသည် စီးပွားရေး အခွင့်အလမ်းများ၌ လက်ဦးမူ ရရှိရန် အလျင်အမြန် လှုပ်ရှားလျက်ရှိသည်။

ကနေဒါကုန်သွယ်ရေးဝန်ကြီး Mr.Fast ဗုဒ္ဓဟူးနေ့ က ပြောကြားရာတွင် ၎င်းသည် ကနေဒါကုန် သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် တံခါးဖွင့်ရာတွင် ကူညီနိုင်ရန် စက်တင်ဘာလတွင် မြန်မာနိုင်ငံ သို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါခရီးစဉ်သည် ကနေဒါအစိုးရ က မြန် မာနိုင်ငံတွင် သံရုံးဖွင့်ရန် စီစဉ်နေကြောင်းကြေညာပြီး နှစ်ပတ်မရှိမီအချိန်တွင် ထွက်ပေါ် လာခြင်းဖြစ်သည်။

Mr.Fast က အဆိုပါကြေညာချက်ကို တိုရန်တိုတွင်ကျေညာခဲ့ပြီး မြန်မာနိုင်ငံသို့သွားရောက်မည့် ကနေဒါ၏ ပထမဆုံးကုန်သွယ်ရေးဝန်ကြီး ဖြစ်လာတော့မည် ဖြစ်သည်။

Mr.Fast ပြောကြားရာတွင် ၎င်းနှင့်အတူ ကနေဒါစီးပွားရေးလုပ်ငန်းရှင်များနှင့် ဥာဏ်ကြီးရှင်အဖွဲ့(Think Tank)များလည်း ပါဝင်မည်ဖြစ်ပြီး၊ ကနေဒါကုမ္မဏီများ၏ အခွင့်အလမ်းများကိုဆွေးနွေးမည်ဟု ဆိုသည်။

ကနေဒါသည် မြန်မာနိုင်ငံကပြုလုပ်လျက်ရှိသော ပြောင်းလဲမှုများကိုအားတက်ပုံရပြီး၊ ကနေဒါ၏ သတိထား ၍ ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများကို ဆက်လက်ပြုလုပ်ရန်နှင့် ခိုင်မြဲရန် အထောက်အကူပြုမည်ဟု အစိုးရကယုံကြည်ကြောင်း ၎င်းကပြောသည်။

ကနေဒါသည် မြန်မာနိုင်ငံ၏ အိုဟောင်းနေသော အခြေခံအဆောက်အဦးများ ကို ခေတ်မီ ပြုပြင်ပေးခြင်းဖြင့်
မြန်မာနိုင်ငံမှ အလားအလာ ရှိသော ဈေးကွက်မှ အကျိုးအမြတ် ရရှိမည်ဟု မျော်လင့်လျက် ရှိသည်။ မြန်မာ နိုင်ငံမှ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတွင်းစသော သဘာဝ သယံဇာတများသည် ကနေဒါကုမ္မဏီများ အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများကို ဆွဲဆောင်မှုပေးသည်။

ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောအရေးယူမူအများစုကို ဧပြီလက ယာယီရုတ် သိမ်းပေးခဲ့သည်။ ကနေဒါ၏ ရှေးယခင်က ကုန်သွယ်ဖက်နိုင်ငံများဖြစ်သော အနောက်နိုင်ငံများ၏ စီးပွားရေး သည် နှေးကွေးလျက် ရှိခြင်းကြောင့် ဝန်ကြီးချုပ် Stephen Harper ၏ ကွန်စာဗေးတစ် အစိုးရ၏ အာရှ၏ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် တွန်းအားပေးခြင်း ကိုလည်း ဖော်ဆောင်ရာရောက် မည်ဖြစ်သည်။ ကနေဒါ၏ ပို့ကုန်လေးပုံသုံးပုံသည် အမေရိကန်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။

(25 July 2012ရက်စွဲပါ Wall Strut Journal မှ Nirmala Myanmar in September ရေးသားသော Canada Trade Minister To Visit Myanmar in September ကိုဘာသာပြန်ဆိုသည်။)

5:04 PM | Posted in , | Read More »