|

ကမ္ဘာ့အသေးငယ်ဆုံးကွန်ပျူတာ မိတ်ဆက်ပြသ


ကမ္ဘာ့အသေးငယ်ဆုံးကွန်ပျူတာ မိတ်ဆက်ပြသ

မျက်စိရေတိမ် ရောဂါသည်များအား ကုသရာတွင် အထောက်အကူ ပေးနိုင်မည့် ယင်းကွန်ပျူတာလေးသည် တစ်စတုရန်း မီလီမီတာ အရွယ်သာရှိသည်။ယင်းကွန်ပျူတာငယ်သည် ဖိအားကို ဖော်ပြနိုင်ပြီး လူတစ်ဦး၏ မျက်လုံးထဲတွင် ထည့်သွင်းတပ်ဆင်ထားနိုင်


ကမ္ဘာ့အသေးငယ်ဆုံးကွန်ပျူတာ မိတ်ဆက်ပြသ

သိပ္ပံပညာရှင်များက ကမ္ဘာ့အသေးငယ်ဆုံး ကွန်ပျူတာကို မိတ်ဆက်ပြသလိုက်ကြောင်း သိရသည်။ မျက်စိရေတိမ် ရောဂါသည်များအား ကုသရာတွင် အထောက်အကူ ပေးနိုင်မည့် ယင်းကွန်ပျူတာလေးသည် တစ်စတုရန်း မီလီမီတာ အရွယ်သာရှိသည်။ယင်းကွန်ပျူတာငယ်သည် ဖိအားကို ဖော်ပြနိုင်ပြီး လူတစ်ဦး၏ မျက်လုံးထဲတွင် ထည့်သွင်းတပ်ဆင်ထားနိုင်သည်။ သေးငယ်သော်လည်း ကြံ့ခိုင်မှု ကောင်းမွန်ပြီး ပါဝါသုံးစွဲမှု အလွန်နည်းပါးသည့် သေးငယ်သော Microprocessorတစ်ခု ပါဝင်သော ကွန်ပျူတာငယ်သည် ဖိအားအာရုံခံ ကိရိယာ၊ မှတ်ဥာဏ် Memoryနှင့် သေးသွယ်သောဘက်ထရီတို့ ပါဝင်သည်။

world's smallest computer

(အမေရိကန်သိပ္ပံပညာရှင်များ မိတ်ဆက်ပြသလိုက်သည့် ကမ္ဘာ့အသေးငယ်ဆုံး ကွန်ပျူတာ)

ယင်းဘက်ထရီသည် ဆိုလာဆဲလ် တစ်ခုဖြစ်ပြီး ကြိုးမဲ့ရေဒီယိုစနစ်သုံး အင်တင်နာတစ်ခုမှတဆင့် အချက်အလက်များကို မျက်လုံး၏ အပြင်ဖက်ရှိ ထိန်းချုပ်စက်သို့ ပို့ဆောင်ပေးနိုင်သည်။ အမေရိကန်နိုင်ငံ၊ မစ်ချီဂန်တက္ကသိုလ်မှ ပညာရှင်များက ယင်းကွန်ပျူတာစနစ်ကို အမည်မပေးရသေးကြောင်း ပြောကြားခဲ့သည်။ ကွန်ပျူတာ စနစ်ကို တီထွင်သူများဖြစ်သည့် ပါမောက္ခ ဒင်းနစ်ဆီလ်ဗက်စတာ၊ ဒေးဗစ်ဘလာဝူနှင့် ဒေးဗစ်ဝန့်ဇ်လော့ဖ်တို့က ကွန်ပျူတာတွင် ပါဝင်သည့် ရေဒီယိုစနစ်သည် Frequencyအမှန် ရရှိရေး လိုက်လံချိန်ဆရန် မလိုဘဲ ကြိုးမဲ့ကွန်ရက်မှတဆင့် ပြင်ပကွန်ပျူတာများကို တိုက်ရိုက်ချိတ်ဆက်နိုင်ကြောင်း ရှင်းပြခဲ့သည်။ ကွန်ပျူတာငယ်သည် (၁၅)မိနစ်လျင်တစ်ကြိမ် အလိုအလျောက် အလုပ်လုပ်ကာ (၅.၃)နာနိုဝပ်နှုန်းဖြင့် ကွန်ပျူတာသို့ ချိတ်ဆက်မည်ဖြစ်သည်။

world's smallet computer

(ကမ္ဘာ့အသေးငယ်ဆုံး ကွန်ပျူတာကို လူ့မျက်လုံးတွင် ထည့်သွင်းတပ်ဆင်နိုင်ပြီး

မျက်စိရေတိမ်ရောဂါသည်မျာအား ကုသရာတွင် အထောက်အကူ ပေးနိုင်မည်ဖြစ်သည်)


ဘက်ထရီမှာ အားပြန်ဖြည့်ရန် လိုအပ်သောကြောင့် အိမ်တွင်းအပူချိန်တွင် (၁၀)နာရီမျှဖြစ်စေ၊ နေရောင်ခြည် တိုက်ရိုက်ထိတွေ့သည့် နေရာတွင် (၁)နာရီခွဲခန့်ဖြစ်စေ နေပေးရမည်ဖြစ်ပြီး နေရောင်ခြည်မှတဆင့် စွမ်းအင်ကို သိုလှောင်ရယူထားမည်ဖြစ်သည်။ တစ်ကြိမ်အားသွင်းထားပြီးလျင်မူ သီတင်းပတ် တစ်ခုစာမျှ သုံးစွဲနိုင်သည့် စွမ်းအင်ပမာဏကို ရရှိထားမည်ဟုဆိုသည်။ ပါမောက္ခ ဆီလ်ဗက်စတာက "ဒါဟာ မီလီမီတာ ယူနစ်နဲ့ တိုင်းတာနိုင်တဲ့ ပထမဆုံးကွန်ပျူတာပါ။ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းတစ်ခုကို ပြည့်ပြည့်၀၀ တာဝန်ယူနိုင်တဲ့ ကွန်ပျူတာစနစ် တစ်ခုနဲ့ လိုအပ်တဲ့ တခြားအစိတ်အပိုင်းတွေကို ဖန်တီးနိုင်ခဲ့တာလို့ ယုံကြည်ပါတယ်။ အရမ်းနည်းတဲ့ စွမ်းအင်ကို အသုံးပြုပြီး အချက်အလက်တွေ စုဆောင်းတာ၊ သိုလှောင်တာ၊ ပို့လွှတ်တာတွေ လုပ်ပြနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။ ထို့အပြင် ယခုမျှ သေးငယ်သော ကွန်ပျူတာလေးအတွက် Applicationပေါင်း မြောက်မြားစွာကို တီထွင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ယင်းက ဆက်လက်ပြောဆိုသွားသည်။

Source: DailyMail


Posted by Unknown on 10:57 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added