|

အာရှ၏ ပထမဆုံးဒီလှိုင်းအားသုံး ဓာတ်အားစက်ရုံ အိန္ဒိယတွင် တည်ဆောက်မည်

အာရှ၏ ပထမဆုံးဒီလှိုင်းအားသုံး ဓာတ်အားစက်ရုံ အိန္ဒိယတွင် တည်ဆောက်မည်

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် အာရှတိုက်၏ ပထမဆုံး စီးပွားဖြစ် ဒီလှိုင်းအင်အားသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရည် စီစဉ်လျက်ရှိကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်ဆန်းပိုင်းမှ စတင် တည်ဆောက်မည့် ယင်းစက်ရုံကို အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းခြေ ကွတ်ပင်လယ်ကွေ့အတွင်းတွင် အတ္တလန္တိစ်ရီဆိုစ့် ကုမ္ပဏီက တည်ဆောက်မည်ဖြစ်သည်။ ၄င်းစက်ရုံက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀ စတင်ထုတ်လုပ်မည်ဖြစ်ပြီး မဂ္ဂါဝပ် ၂၀၀ ကျော်အထိ တိုးချဲ့ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ထားသည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဒီလှိုင်းအင်အားသုံး လျှပ်စစ်ဓာတ်အားပေးစက်ကို ပြင်သစ်တွင် တည်ဆောက် လျက် ရှိပြီး မဂ္ဂါဝပ် ၂၄၀ ထုတ်ပေးနိုင်မည်ဖြစ်သည်။ (အင်တာနက်)

Posted by Unknown on 5:02 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response
.

Recently Commented

Recently Added

Popular Posts