ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်ကို နာခံမည်
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲအရှိန်များ လျှော့ချနိုင်ရန်အတွက်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က
နိုင်ငံတော်သမ္မတကြီး၏အမိန့်ကို
နာခံရန် ကတိပေးထားကြောင်း
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ
ဝန်ကြီး ဦးအောင်မင်း က တရားဝင်ပြောကြားသည်။
ယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်နေ့ ရွှေလီမြို့
ရှိJING CHENG ဟိုတယ် ၌ ဒေသ စံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်တွင် စတင်
ကျင်းပခဲ့ပြီးနောက် အထက်ပါ အတိုင်းပြောဆို လိုက်ခြင်း ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် စစ် ဘက်ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ကိစ္စရပ် များ
ဆွေးနွေးမည်ဟု ဆိုသော် လည်း ကေအိုင်အေ (ကချင်လွတ်လပ်ရေး တပ်မတော်)
ဒုတိယ စစ်ဦး စီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား
တက်ရောက်လာမည့် ဒုတိယ ဗိုလ်ချုပ် ကြီး မြင့်စိုးတို့ တက်ရောက် လာခြင်း
မရှိကြောင်း တွေ့ရသည်။
The Voice Weekly
