Huawei U-8836 ဟန်းဆက်တစ်မျိုး ဈေးကွက်အတွင်း ဝင်ရောက်လာ
နေပြည်တော် ဈေးကွက်အတွင်း တရုတ်နိုင်ငံလုပ် Huawei အမှတ်တံဆိပ် ဟန်းဆက်များ အရောင်း သွက်လျက် ရှိရာ Touch Screen အမျိုးအစား ဟန်းဆက်ဖြစ်သော U-8836 မော်ဒယ်သစ် ဟန်းဆက် တစ်မျိုး ဝင်ရောက်လာပါ တယ်။ Display ကို ၄.၃ လက်မ qHD ကို အသုံးပြုထားပြီး Dual Sim စနစ် 3G အမျိုးအစား ဖုန်းဖြစ်တဲ့ အတွက် GSM ရော WCDMA ပါ တစ်ခါတည်း ထည့်သုံးလို့ ရပါတယ်။ Network ပိုင်းက GSM 850/ 900/1800/1900 MHz နဲ့ WCDMA 900/2100 MHz တွေကို အသုံးပြုနိုင် ပါတယ်။
Android Version 4.0 OS ကို အသုံးပြု ထားပြီး CPU ကတော့ 1GHz ဖြစ်ပါတယ်။ Ram Memory ကတော့ 1GB ရှိပါတယ်။ Rom Memory ပိုင်းအနေနဲ့ 4GB ပါဝင်ပြီး 32GB အထိ တိုးမြှင့် အသုံးပြုနိုင် မယ်လို့ သိရ ပါတယ်။ ဟန်းဆက် ဝယ်ယူတဲ့အခါ 4GB ပမာဏရှိတဲ့ Memory ကတ်တစ်ခုကို လက်ဆောင်အဖြစ် ထည့်သွင်း ပေးသွားမယ်လို့ သိရပါတယ်။ Double Flash (LED ) ပါတဲ့ 2.0 Megapixel ရှိတဲ့ နောက်ကင်မရာ ပါဝင် ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအတွက် BT3.0, HS BT 4.0, Wifi 802.11 a/b/g/n စတဲ့ စနစ်တွေ ပါဝင် ပါတယ်။ 1930 AMP ရှိတဲ့ ဘက်ထရီကို အသုံးပြုထားတာကြောင့် အားအပြည့် သွင်းထားရင် နာရီပေါင်း ၂၀၀ ကနေ ၃၀၀ အထိ Stand by အသုံးပြုနိုင်ပြီး ဆက်တိုက် စကားပြောမယ် ဆိုရင်တော့ ၃ နာရီကနေ ၅ နာရီ အထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အဆိုပါ ဟန်းဆက်ကို နေပြည်တော် ပျဉ်းမနား၊ ပေါင်းလောင်းရပ်ရှိ Dr.G Mobile ဖုန်း-၀၉၅၃၅၁၅၁၃ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။