ရွှေတိဂုံစေတီတော်ပေါ်တွင် Wi-Fi အင်တာနက် အသုံးပြုလို့ရပြီ
မြန်မာနိုင်ငံတွင် နိုင်ငံခြား သားဧည့်သည် လာ ရောက်မှု အများဆုံးနေရာများအား WiFi အင်တာ နက်တပ်ဆင်ပေးလျက်ရှိ ရာ ယခုတွင်လည်း ရွှေတိဂုံ စေတီ တော်အား လာရောက်ဖူးမျှော်ကြ သော နိုင်ငံခြားသား ဧည့်သည် များအား အသုံးပြု နိုင် ရန်အတွက် WiFi အင်တာနက်စနစ်အား ၂၀၁၂ ခုနှစ် သြဂုတ်လ ဒုတိယ အပတ်အတွင်း အသုံးပြု နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့မှ သိ ရသည်။ ““နိုင်ငံခြားသား တစ်ဦး ကို မိနစ်သုံးဆယ် အခမဲ့သုံးလို့ရမယ်။ မြန်မာ နိုင်ငံသားကတော့ သုံးလို့ မရပါဘူး။
နိုင်ငံခြားသားဆိုရင် လည်း မိနစ်သုံးဆယ် အခမဲ့သုံး လို့ ပြည့်သွားရင် သူ့အလိုလို ပိတ် သွားမှာပါ ထပ်ပြီးသုံး လိုရင်တော့ ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှာ ရှိတဲ့ FEC ကောင်တာမှာ အသုံး ပြုခွင့်ကတ်ကို ၀ယ်ယူ ရမှာဖြစ်ပါ တယ်””ဟု ရွှေတိဂုံဘုရား ဂေါပက အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြော ကြားခဲ့သည်။ မြန်မာနိုင်ငံ၏ မြို့တော် တော်တော်များများတွင် WiFi အင်တာနက်အား ချိတ်ဆက် ထားပြီး နိုင်ငံခြားသားလာရောက် မှု အများဆုံး ပုဂံညောင်းဦးမြို့များ တွင်လည်း WiFi အင်တာနက်အား စေတီဘုရားများတွင် တပ်ဆင် ထားပြီး မည်သည့်အချိန်မဆို သုံးစွဲလို့ရကြောင်း အချိန်အကန့် အသတ်မရှိကြောင်း ငွေရေး ကောက်ခံမှုလည်း မရှိကြောင်း သိရသည်။
