ဝန်ကြီး နှစ်ဦးမှ ရှစ်လေးလုံးအခမ်းအနားအတွက် ဆယ်သိန်းလှူ
'' ၀န်ကြီး နှစ်ဦးမှ ရှစ်လေးလုံးအခမ်းအနားအတွက် ဆယ်သိန်းလှူ ''
ယနေ့( သြဂုတ်လ ၇ ရက်)ညနေ ၄း၃၀ နာရီ က ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ် လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင် နေချိန် တွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ကြသော စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် မီးရထား ပို့ ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီးဦးအောင်မင်း တို့ သည် အခမ်းအနား ကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာ ရာမဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိ လာကြ ကာ ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာ တွေ့ဆုံ ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် မနက်ဖြန်ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိ လာ ကြခြင်းဖြစ်ကြောင်း၊
ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာ ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊
ဒါကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြု လိုက်ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်။
အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့သည်။
ညနေ ၅း၂၀ ခန့်တွင် ၀န်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်မှ ပြန်လည်ထွက်ခွာ သွားခဲ့ကြသည်။
PopularNews
