ပြန်ကြားရေး ဝဘ်ဆိုဒ်တွင် ဟက်ကာတို့ ခြိမ်းခြောက်စာ ဝင်ရေးသွား
ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် ဝဘ်ဆိုက် စာမျက်နှာအား အင်္ဂါနေ့နံနက်မှ စတင်၍ ဟက်ကာ များက ဝင်ရောက်တိုက်ခိုက်ကာ ခြိမ်းခြောက်စာများ ရေးသားခဲ့ပြီး ဝက်ဆိုဒ်မှာ နာရီအတော်ကြာ ဝင်ရောက်ကြည့်ရှုမရဘဲ ဖြစ်သွားခဲ့ရသည်။
မြန်မာအစိုးရထံသို့ သတင်းစကား ဟူ၍ “ဒီမူဆလင် တွေဟာ ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက် သတင်းစကားတခု ရှိပေမယ့် သင်တို့ကတော့ သူတို့ကို သတ်ပစ် လိုက်တယ်… မူဆလင်များကို ဆက်လက် သတ်ဖြတ်နေပါက ကမ္ဘာပေါ်ရှိ မည်သည့်နေရာက ဗုဒ္ဓဘာသာ ဝင်များကို ကျွန်ုပ်တို့ ပစ်မှတ်ထားမည်… သင်တို့နိုင်ငံ ငရဲတွင်း ဖြစ်သွားစေမည်” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားသွားသည်ကိုလည်း တွေ့ရသည်။
အခြား မြန်မာ အင်တာနက် ဝဘ်ဆိုဒ်တခုဖြစ်သော www.planet.com.mm ကိုလည်း ဇူလိုင်လ ၂၆ ရက်နေ့က Akincilar အမည်ခံ ဟက်ကာတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး “ရက်စက်မှုများရပ်ပါ” နှင့် “မူဆလင် ဘာသာဝင်များကို ဖိနှိပ်မှုများ ဆက်လက်ပြုလုပ်နေပါက ခင်ဗျားတို့ system တွေ အားလုံးကို ဖျက်ဆီးပစ်မည်” ဟုလည်း ရေးသွားသည်။
 Posted by Unknown 
										 on 8:10 PM. Filed under 
										 
Technology News
.
										 You can follow any responses to this entry through the RSS 2.0.
										 Feel free to leave a response
		
										 Posted by Unknown 
										 on 8:10 PM. Filed under 
										 
Technology News
.
										 You can follow any responses to this entry through the RSS 2.0.
										 Feel free to leave a response
										 
