နစက အရာရှိကို ဘင်္ဂလီတစ်ဦး ဓါးဖြင့် ခုတ်သောကြောင့် သေနတ်ပစ်ဖမ်းဆီး

" အခုတ်ခံရတာက နစကအရာရှိ ဗိုလ်ဖြိုးဝေအောင် ပါ။ တရားခံ ဘင်္ဂလီ ကတော့ အဲဒီ ကုန်တန်းကျေးရွာက ဆော်လီမူလာ ဖြစ်ပါတယ်။ သူ့အဖေ က ချောင်းမ်ချူးဟုတ်က်၊ အသက်က ၄၅ နှစ်ဖြစ်ပါတယ်။ အဲဒီ ဆော်လီမူ လာဟာ နတလရွာကို မီးရှို့တာမှာ ဦးဆောင်သူ တစ်ဦး ဖြစ်ပြီး မီးရှို့ ထွက်ပြေးသွားရာကနေ အိမ်ကိုပြန်လာတဲ့ အတွက် ကျေးရွာ အုပ်ချုပ်ရေး မှူးက သတင်းပေးပို့တဲ့အတွက် နစက အရာရှိက သွားဖမ်းတာ။ အဲဒါ ကို ဆော်လီမူလာက ဓါးနဲ့လိုက်ခုတ်တော့ အဲဒီဗိုလ်ကြီးရဲ့ ဘယ်ဖက် လက်မောင်းမှာ နှစ်လက္မလောက် ဒဏ်ရာရသွားပါတယ်။ ဒါကြောင့် ပါလာတဲ့ ရဲဘော်တွေကလဲ သေနတ်နဲ့ ခြိမ်းခြောက်ပစ်ပြီး ဖမ်းရတာ ဖြစ်ပါတယ်။ သေနတ် ဒဏ်ရာကတော့ လမ်မောင်းမှာ အနည်းငယ်ထိသွားပါတယ်။ " ဟု အမည်မဖေါ်လိုသူ နစက တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
နစက အရာရှိ ဗိုလ်ဖြိုးဝေအောင်နှင့် တရားခံ ဆော်လီမူလာတို့မှာ နစကနယ်မြေ(၈)၊ စခန်း(၁၇)၊ နယ်မြေ ဆေးခန်း၌ ဆေးဝါးကုသမှုခံယူနေရကြောင်း၊ ၄င်း သတင်းမှာ ဘင်္ဂလီများအကြား ပြန့်သွားသဖြင့် ညနေ ၅ နာရီအချိန်လောက်တွင် ဆူပူအော်ဟစ်မူများပြုလုပ်ပြီး အကြမ်းဖက်ရန် ကြံရွယ်ခဲ့ကြောင်း အာဏာပိုင်များမှ လာသော သတင်းအရသိရသည်။
မောင်တောမြို့ရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် နတလကျေးရွာမှ ဗမာလူမျိုးများမှာ ဘင်္ဂလီတို့၏ မမျှော်လင့်ဘဲ ပေါ်ပေါက်လာနိုင်သော အန္တရာယ်များကို စိုးရိမ်လျှက်ရှိကြောင်း သိရသည်။