|

ရဲချုပ် ယောက်ဖ အရေးယူပေးစေလို

နိရဉ္စရာ
ရဲတပ်ရင်းများ ကွပ်ကဲရေး (၃) မန္တလေး မှ ရဲမှူးကြီး ခင်မောင်ဝင်းက ကျွန်တော်တို့ ရဲတပ်ရင်း (၄) မှမြေများ ကို၎င်း၏ကိုယ်ကျိုးစီးပွါးအ တွက် ရောင်းစားနေပါသည်။

ရဲမှူးကြီး ခင်မောင်ဝင်းက သူ့ကိုယ်သူ ရဲချုပ်၏ယောက်ဖ ဟု ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် အမြဲ ပြောလေ့ ရှိပါသည်။ ထို သို့ပြောရုံနှင့်အားမရဘဲ ရဲ ချုပ်ကို တိုင်လိုက်မယ် ဟု ဆို ကာ ကျွန်တော်တို့ကို အမြဲ ခြိမ်းခြောက်လျက်ရှိပါသည်။ လက် အောက်ငယ်သားများကိုလည်း လူမဆန်စွာ ဆဲဆို အုပ်ချုပ် လျက်ရှိပါသည်။

(၁၀) တန်းပင် မအောင်သော ရဲချုပ်၏ ယောက်ဖက တပ်ရင်းမှူးများ၏ အကြီးအကဲလုပ်ကာ ငါတ ကော-ကော လျက်ရှိပါသည်။ ကျွန်တော်တို့သည် တပ်တွင်း အကြမ်းဖက်မှု သာမကတပ်ရင်း(၄)မှ မြေများကို ၄င်း၏ အကျိုးစီးပွါး အ တွက်ပါ ရောင်းချစားသော တပ်တွင်း အမြတ်ထုတ် မှု များကိုပါ တစ်ပြိုင်နက် ခံစားနေရပါသည်။

အဆိုပါမြေများသည် တပ်ရင်း(၄)၏ အနောက်ဘက် ကြက်ခြံဘေးမှ မြေများဖြစ်ပါသည်။ ထိုမြေများကို တူးယူ ရာတွင် အရိပ်ရသော သစ် ပင် ကြီးများကိုပါ ခုတ်လှဲပစ်လျက် ရှိပါသည်။ ထိုမြေများကို အားကစားကွင်းဆောက် လုပ်သောနေရာမှ ဒါရိုက်တာကို ရောင်းစားနေခြင်း ဖြစ်ပါ သည်။

တပ်ရင်း(၄)သို့ မြေကားကြီးများ နေ့စဉ် ဥဒဟိုသွားလာ မြေသယ်လျက်ရှိပါသည်။ တပ်ရင်းမှူးကို လည်း ရဲမှူးကြီးခင်မောင်ဝင်းကသူ့ကိုယ် သူ ရဲချုပ်ယောက်ဖဟူသော အရှိန်ဖြင့် ပါးစပ်ပိတ် ခေါင်းငြိမ့် လုပ်ခိုင်း နေ ပါသဖြင့် တပ်ရင်းမှူး လည်း သိသိကြီးနှင့် ငြိမ်ခံနေရပါသည်။

ကျွန်တော်တို့ လက်အောက်ငယ်သားများ ငတ်ပြတ်နေချိန်တွင် ရဲချုပ်ယောက်ဖ ဦးခင်မောင်ဝင်းက တပ်ပိုင်မြေ များကို သူ့ကိုယ်ကျိုး အ တွက် ရောင်းစားနေပါသည်။

သို့ပါ၍ နိုင်ငံတော်သမ္မတကြီး နှင့် ပြည်ထဲရေးဝန်ကြီးတို့မှ ကျွန်တော်တို့ ငယ်သားများအပေါ် စာနာသော အားဖြင့် ရဲမှူးကြီး ခင်မောင် လွင်၏ အကြမ်းဖက်မှု၊ အမြတ်ထုတ်မှု များကို အချိန်မီ ရပ်တန့်ပေးပါရန် လေးလေး စားစွာဖြင့် တောင်းဆိုလိုက်ရပါသည်

(စာကြွင်း။ ။ ငယ်သားများကိုလည်း ရဲချုပ် ယောက်ဖက တိရစ္ဆာန်တွေလို သဘော ထားပြီး နှိပ်စက် နေ ပါတယ်။ မြေတွေကို လည်း ကိုယ်ကျိုး အတွက် တကယ် ရောင်းစားနေတာပါ။ အားကစား ကွင်းနေရာနဲ့ တပ်ရင်း (၄)ရွှေစာရံ နေရာကို သွားကြည့်ရင် သိနိုင်ပါတယ်။)

တိုင်းပြည်ချစ်တဲ့ ရဲတပ်ဖွဲ့ဝင်များ

Posted by Anonymous on 4:56 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response