ရှစ်လေးလုံး ၂၄ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား
ရန်ကုန်မြို့တွင် ကျင်းပနေသော ရှစ်လေးလုံး ၂၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို အမျိုး သား ပြန် လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့ အခွင့်အရေးငြိမ်းချမ်းရေး လိုလားသူများက ဦးဆောင် ပြီးပြု လုပ်ခဲ့ပြီးရွှေဂုံတိုင် ရှိ တော် ၀င်နှင်းဆီ ၌ ကျင်းပခဲ့ကြောင်း သိရှိရပါ သည်။ အဆိုပါ အခမ်းအနား သို့လည်း လူတစ်ထောင်ကျော် ခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ထိုအခမ်း အနားတွင် ၀ါဆို သင်္ကန်း ကပ်လှူ ပူဇော်မှုကို ပြုလုပ်ခဲ့ကြောင်းနှင့်အခမ်းအနာသို့ ပေးပို့လာသော သ၀ဏ် လွှာများကို ဖတ်ကြားခြင်းများ ပြုလုပ် ခဲ့ပါသည်။
ရန်ကုန်မြို့တော်ဝင်နှင်းဆီ တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သော ရှစ်လေးလုံး ၂၄ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးအားတွေ့ရစဉ်
ရန်ကုန်မြို့တော်ဝင်နှင်းဆီ တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သော ရှစ်လေးလုံး ၂၄ နှစ်ပြည့်အထိမ်း အမှတ် အခမ်းအနား မြင်ကွင်း
