|

Blogspot ဆိုတာ

Blogspot ဆိုတာ

ဆိုပါစို့ အွန်လိုင်း အင်တာနက် ပေါ်မှာအခမဲ့ ရယူနိုင်တဲ့ ဆားဗစ် (Services) တွေကလည်း အသီးသီး ပေါ်လာပြန်တယ် ဂျီမေးလ်၊ နောက်ထပ် ရာဟူးမက် ဆင်ဂျာတို့ စကိုက်ပ်တို့၊ပြီးတော့  ဂျီမေးလ်ကို  အခြေခံပြီး သုံးနိုင်တဲ့ ဘလောဂ့်စပေါ့ တို့  ဖရီး ဟိုစတင်တွေ ဖရီးဝက်ဘ်ဆိုဒ် တွေ စသဖြင့် များပြား လှသသကိုး။

ဒီတပါတ်ပြောချင်တာကတော့ google ကအခမဲ့ပေးထားတဲ့ဆားဗစ်တွေထဲက ဘလောဂ့်စပေါ့  ကိုသုံးတဲ့နည်းတွေပါ။

အဆင့်(၁)က ကိုယ့်မှာရှိပြီးသား ဂျီမေးလ်အကောင့် ကိုဖွင့်ထားပြီး blogger.com ကိုဖွင့်လိုက်တာနဲ့ ကိုယ့်ရဲ့ဘလော့ဂ် တခုလုပ်ဖို့ အဆင်သင့်ဖြစ် နေပါပြီ။ဘလော့ဂ် ဆိုတာနဲ့ ၀က်ဘ်ဆိုက်ဒ် ကဘာကွာခြားလဲ ဆိုတော့ ဘလော့ဂ်က သူပေးထားတဲ့ subject နဲ့နေရာ ကန့်သတ်ထားမှု၊ လုပ်ပိုင်ခွင့် ကန့်သတ်ထားမှုတွေနဲ့ လက်သင်စ web developer တွေ နဲ့ web development နည်းနာတွေ နားမလည် သော်လည်း ၀က်ပေ့ခ်ျ စာမျက်နှာတွေ ဖန်တီးချင်သူတွေအတွက် ဂူဂဲလ် ကအခမဲ့ပေးထားတဲ့ နေရာလေးတခုပါ။ဝက်ဆိုဒ်ကတော့ ဖရီးဆိုယင်တော့ ဘလော့ဂ်ထက်နဲနဲပဲသာပါတယ်။ နှစ်စဉ်ကြေး ပေးပြီးဝယ်ထားတဲ့ ၀က်ဘ်ဆိုဒ်တွေကတော့ အဲဒါတွေထက် ပိုတဲ့လုပ်ပိုင်ခွင့်နဲ့  အကျယ်အ၀န်းရှိပါတယ်။

ကဲ ဘလော့ဂါဒေါ့ကွန်းကို ဖွင့်လိုက်တာနဲ့Create a blog ကိုနှိပ် ပြီးယင် ဘလော့ဂ် ခေါင်းစဉ်ကိုရိုက်ထဲ့ .blogspot.com နဲ့အဆုံးသတ်မယ့် နံမည်တခုခု ကိုရွေးပြီး ရနိုင်သေးလား သူများယူသွားပြီလား ဆိုတာကို စစ်ကြည့်လိုက်ပြီး ရတယ်ဆိုယင် word verification မှာ စာလုံးတွေရိုက်ထဲ့  ကိုတင်ညွှန့်(continue)နှိပ်ပြီး ဆက်သွားလိုက်ယင် ကိုယ်ကြိုက်တဲ့  Template ကိုရွေးလိုက်ယုံပါပဲ။ Template ဆိုတာက ကိုယ့်ဘလော့ဂ်ရဲ့ မျက်နှာဖွင့် အပြင်အဆင်  ဒီဇိုင်းပါပဲ။ Template ကိုရွေးပြီးယင်တော့  စတင်ပြီး post တွေတင်လို့ရပါပြီ  ဒါမှမဟုတ်ယင်လည်း post မတင်မီ စိတ်ကြိုက်ပြင်ဆင်လို့ ရပါသေးတယ်။ customize how your blog looks ကိုနှိပ်လိုက်ရုံပါပဲ၊ အဲဒီနေရာမှာ  template နဲ့ Background အပြင် ဘယ်နှကော်လံထားမယ် ဆိုတာတွေရွေးနိုင်ပါ သေးတယ် အဲဒါဆိုယင် Design အောက်ထဲက Template Designer ထဲကိုပြန်ရောက် သွားပါလိမ့်မယ်။ ကျနော်ကတော့  Start blogging ကိုနှိပ်ပြီးမှပဲ  ကိုယ့်စိတ်ကြိုက်ပြန်ပြင် ပါတယ်။

Dash Board

Blog Editor တယောက်အနေနဲ့ ကိုယ့်ရဲ့ DashBoard ကနေပြီးတော့  စောစောကပြောသလို Edit လုပ်နိုင်ပါတယ်။ Dash Board ဆိုတာကတော့  ဒီဘလော့ဂ်ကိုစီစဉ်တည်း ဖြတ်ရမယ့် အလုပ်စားပွဲ ကိုခေါ်တာပါ။ ၀က်ဘ်ဆိုက်ဒ်မှာ လည်းဒီလိုပဲ သုံးနှုန်းပါတယ်။

Dash Board ကနေသွားနိုင်တာ တွေကတော့  Posting, Setting,Design နဲ့  Monetize တို့ပဲဖြစ်ပါတယ်။ ဒီဇိုင်း အောက်ထဲက  Page element မှာတော့ ဘေးကော်လံမှာ ပါဝင်မယ့် Widget တွေကို ရွေးချယ်ထည့်သွင်းနိုင်ပြီး မလိုတဲ့ widget  တွေကိုလည်း ဖျက်ပစ်နိုင်ပါတယ်။ ခေါင်းစီးစာသား တွေပြင်နိုင်တယ်။ Header မှာWidget  ထည့်ချင် ယင်ထည့်လို့ ရပါသေးတယ်။ Gadget ခေါ် Widget ဆိုတာကတော့ အောက်ခြေကော်လံ၊ ဘေးကော် လံမှာ ဒါမှမဟုတ် ခေါင်းစီးကော်လံ မှာတွေ့ရတတ်တဲ့နေရာအကန့်လေးတွေကိုပြောတာပါ။

ဥပမာ။ ပြက္ခဒိန်အကွက်တွေ၊ နာရီလေးတွေ၊ Category အစုအဝေးတွေ၊ ဒါ့အပြင် စီဘောက် လို အကွက်တွေ၊ အကန့်တွေကို ပြောတာပါ။ Gadget အကွက်လေးတွေကို မောက်စ် နဲ့ အလွယ်တကူ ဖိဆွဲပြီး လိုတဲ့နေရာကို ရွှေ့နိုင်ပါတယ်။လိုချင်တဲ့  Gadget တွေကိုလည်း Gadget Gallery ထဲမှာရှာဖွေရ ယူနိုင်ပါတယ်။

Design ထဲက  edit HTML  ဆိုတဲ့အထဲမှာတော့  HTML  လို့ခေါ်တဲ့  Hyper Text Markup Language နဲ့ရေးထားတဲ့  Code တွေရှိပါတယ်၊ ကဲ… ဒါဆိုယင်တော့ ဒီကုတ်ဒ် တွေကိုလေ့လာထားတဲ့ သူတွေအနေနဲ့ ကောင်းကောင်း ကလိလို့ရပြီပေါ့။ တခုတော့ သတိထားဗျို့ မကလိခင် နဲနဲတော့  ကော်ပီလေးကူးထား၊ notepad  ပေါ်တင်ထားပေါ့၊ မတော်လို့မှားသွားယင်  ခေါင်းမူးလောက်အောင် ရေးထားတဲ့ ကုတ်ဒ်တွေ ကောက်ရိုးပုံထဲ  အပ်ပျောက်ရှာ ပုံတော် ဖွင့်စရာမလို တော့ဘူး။ ပြန်ကူးပြီးတော့ ထည့်လိုက်ရုံပါပဲ။ ဟဲဟဲ…ဆိုးဘူးဗျ..နော်။

နောက်တခုထပ်လာမှာကတော့  Post တင်တာပါပဲ ပုံမှာပြထားတဲ့အတိုင်း ခေါင်းစဉ်ထည့်၊ စာကိုယ်ထည့်၊ Labels ဆိုတဲ့နေရာမှာ  အခန်းကဏ္ဍ အမည်ထဲ့ပြီးတဲ့ အပြင် စာဖတ်သူရဲ့ ဝေဖန်မှုကိုလက်ခံမယ်၊ လက်မခံဘူး စတာတွေ ရွေးမယ်ဆိုယင်လည်း Reader Comments  အောက်မှာ allow နဲ့  Don't Allow  မှာအမှတ်ထဲ့၊ Post Date and Time  အောက်မှာ Automatic ကိုရွေးထားယင် ပုံမှန်အချိန်တို့ ရက်စွဲတို့ကို ထည့်ပေးမှာဖြစ်ပြီး  လာမယ့်ရက်ပိုင်းကျမှ သူ့အလိုအလျာက်တင်စေ ချင်တာမျိုး ဒါမှမဟုတ် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တင်ရမယ့်  Post ကို Back Date  နဲ့ပြန်တင်စေချင်တာမျိုးကို Shcheduled at ကိုရွေးချယ်ပြီး လုပ်နိုင်သေးတယ်ဗျို့၊ ဒါပေမယ့် Template တိုင်းမှာ တော့မရဘူးဗျို့။

post option

Edit HTML Line Breaks  ဆိုတာကတော့ စာပိုဒ်ထဲမှာ စာကြောင်းခြား ချင်တဲ့အခါ Enter key ကိုနှိပ်ဖို့  သို့မဟုတ် ညာဖက်အပေါ်နားလေးက  Compose နဲ့ HTML အကွက်၂ ခုထဲက  HTML အကွက်ထဲက HTML Code တွေထဲမှာ ကိုယ်လိုင်းခြား ချင်တဲ့နေရာကိုရှာပြီး  HTML Tag တခုဖြစ်တဲ့ <br/> ကို ထည့်ဖို့ ရွေးချယ်နိုင်ပါတယ်။  Compose Setting ထဲမှာတော့ HTML Code တွေကို ရေးတဲ့အခါ Code ကိုဘာသာပြန်ပြီး မြင်ကွင်းမှာ ဖေါ်ပြမလား၊Code တွေအတိုင်းပဲ ဖေါ်ပြမလားဆိုတဲ့  ရွေးချယ်စရာ နေရာပါပဲ။

Setting ထဲမှာ ၀င်ပြီးတော့ လည်း ကိုယ်လုပ်ထားတဲ့ တခြားဘလော့ဂ် တခုခုကို လွှဲပြောင်းရယူဖို့နဲ့ ကိုယ့်ဘလော့ဂ်ကို တခြားကိုယ်ပိုင်တဲ့  ဘလော့ဂ်တခုဆီ  လွှဲပြောင်းပို့လွှတ်ဖို့ import blog နဲ့ export blog ဆိုတာတွေ လည်းရှိပြီး၊ နောင်အချိန် မှာ ကိုယ်ပိုင်ဒိုမိန်းနိမ်း ၀ယ်ပြီး အဲဒီဒိုမိန်းကို လွှဲပြီးတင်ဖို့  Publishing အောက်မှာ  custom domain  ဆိုတဲ့နေရာကနေ အသစ်ဝယ်တာ ပဲဖြစ်ဖြစ် ၀ယ်ပြီးသား ဒိုမိန်းနဲ့ ချိတ်ဆက်တာ ပဲ ဖြစ်ဖြစ် လုပ်ဆောင်နိုင် ပါသေးတယ်။


Posted by Unknown on 8:14 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response