|

Windows Phone 7 အသုံးပြု ဖုန်းတစ်လုံး ဖြစ်သော HTC HD 7

HTC’s Windows Phone 7 Shines: Hands-On with the HD7

Windows Phone 7 အသုံးပြု ဖုန်းတစ်လုံး ဖြစ်သော HTC HD 7



Windows Phone 7 ကို တရားဝင် ထုတ်လုပ် လိုက်ပြီး သည့် နောက်ပိုင်း အဆိုပါ mobile OS ကို အသုံးပြု ၍ ပထမဦး ဆုံး ထုတ်လုပ် လိုက်သော ဖုန်းမှာ T-Mobile အတွက် ထုတ်လုပ်ပေးထားတဲ့ HTC ၏ HD7 ပဲ ဖြစ်ပါတယ်။ 

HD 7 မှာ သုံးစွဲသူများ ကို အဓိက စွဲဆောင် သွားမှာ ကတော့ Windows Phone 7 ပင် ဖြစ်ပြီး နောက်ထပ် စိတ် ၀င်စားစရာ ကောင်းတာ တွေကတော့ Snapdragon processor 2nd generation 1 GHz ကို အသုံးပြု ပေးထားပြီး ၊ 5 mega pixel ရှိ ကင်မရာ နှင့် 3.4 လက်မရှိတဲ့ WVGA display တို့ပါဝင် လာခြင်း ပဲ ဖြစ်ပါတယ်။ HD 7 ဟာ နဂို ထုတ်လုပ်ပြီး သားဖြစ်တဲ့ HD 2 ၏ စွဲမက်ဖွယ် အပြင်အဆင် အတိုင်း ထုတ်လုပ် ထား ခြင်း ဖြစ်ပြီး မတူတာ ကတော့ HD 2 ဟာ Windows 6.5 ကို သာ အသုံးပြု ထားခြင်း ဖြစ်ပါတယ်။ HD 7 ဟာ HD 2 ရဲ့ အသွင်အပြင်ကို ယူထား တယ်ဆိုပေမယ့် လဲ အခု အခါ မှာတော့ နဂို hardware ခလုတ်များ ကို Touch စနစ်ဖြင့် အစားထိုး ထားပြီး HTC 4G EVO ကဲ့သို့ပင် မျက်နှာအသွင်အပြင်နှင့် ဘေးဘက်ရှိ ခလုတ်များကို အသုံးပြုရ လွယ်ကူအောင် ပြုလုပ်ထား ပါတယ်။ HD 7 တွင် Video များ ကြည့်ရှုရ အဆင်ပြေ စေရန် အတွက် Kick Stand တစ်ခု ကိုလည်း ထည့်သွင်းပေး သွားမှာ ဖြစ်တဲ့ အကြောင်း သိရှိ ရပါတယ်။
EVO 4G အသွင်အပြင် ကိုလဲ အနည်းငယ် ယူထားသည့် အတွက် အရှေ့ဘက်တွင် camera ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့် ထူးခြား တာ ကတော့ 5 mega pixel ရှိတဲ့ camera တွင် dual-LED Flash ပါဝင်ပြီး Windows Phone 7 ရဲ့ on-screen display ဟာ ကင်မရာ ရိုက်ကူးရာ တွင် တော့ အသုံးပြု သူများကို အခက်တွေ့စေမှာ ဖြစ်ပါတယ်။ ၄င်း၏ touch screen ခလုတ်များ မှာ အလွန်သေးငယ်ပြီး အခြား feature များကို link ချိတ်ဆက်ရာ တွင် လည်း အနည်းငယ် အခက်တွေ့ စေကြောင်း သိရှိရပါတယ်။
HD 7 ရဲ့ နောက်ထပ် အားနည်းတဲ့ အချက် ကတော့ HD 2 မှာ Web Page များနှင့် download speed တွေကို လျှင်လျှင် မြန်မြန် ၀န်ဆောင်မှုပေး သော T Mobile ၏ HSPA + ကိုအထောက်အပံ့ ပေးနိုင်ချိန်တွင် HD 7 က တော့ လုံးဝ အထောက် အပံ့ မပေးထားတဲ့ အတွက် web page များ ကို ကြည့်ရှုရာ မှာ နှေးကွေးနေတဲ့ အကြောင်း သိရှိရပါတယ်။
HD 7 ရဲ့အားအသာ ဆုံးအချက် လို့ဆိုနိုင်တဲ့ feature ကတော့ အသုံးပြုသူ အနေနဲ့ Touch ပြုလုပ်ရာမှာ အလွန် လျှင်မြန်ပြီး application တစ်ခုမှ တစ်ခုသို့ ကူးပြောင်း ကြည့်ရှု ရာမှာလည်း တစ်ခြား ဖုန်းများထက် သာလွန် ခြင်းပဲ ဖြစ်ပါတယ်။ တစ်ခြား နာမည်ကြီး application များဖြစ်တဲ့ Movie Streaming ၀န်ဆောင်မှု တစ်ခု ဖြစ်တဲ့ Netflix နှင့် Slaker ဟုခေါ်သော radio application လဲ ပါဝင်လာမှာ ဖြစ်ပါတယ်။ Windows Phone 7 တွင် တစ်ပါတည်း ပါဝင်လာမည့် တေးသီချင်းများ နားထောင်နိုင်မည့် Zune Player နှင့် Xbox Live တို့မှာလည်း HD 7 တွင် တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်လာမှာ ဖြစ်ပြီး ထိုကဲ့သို့ Entertainment application အများအပြားပါဝင်သော HD 7 ၏ onboard memory ဟာလဲ 16 GB ဖြစ်တဲ့ အတွက် လုံလောက်တဲ့ memory ပမာဏ လို့ဆိုနိုင်တဲ့ အကြောင်း တင်ပြ လိုက်ရပါတယ်။



Posted by Unknown on 5:08 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response